မင်္ဂလာပါ......

Tuesday 1 September 2009

နာရီမလို တဲ့ ကောင်လေးတစ်ယောက်

(၁)
ခရီးက နဲ နဲဝေးတယ်။နောက်ပြီး တော်တော်လေး ကြမ်းတမ်းတယ်။ပြီးတော့ တစ်ယောက်တည်းသွားလို့လဲမဖြစ်။ ကောင်လေးတစ်ယောက်ပါ။ယောင်မှားပြီး ရောက်ခဲ့တာတဲ့သူ့သူငယ်ချင်းတွေက ပြောတယ်။ ဒါတွေက မထူးဆန်းဘူး တဲ့။အမျိုးမျိုး ပြောပေမယ့် ကောင်လေးက ဘယ်တော့မှ မျက်နှာမပြ အရှုံမပေးဘူးပေါ့။ ဝုန်းဒိုင်းကြဲပြီး ဝင်ရောက်လာမယ့် သဘာဝ မုန်တိုင်းတစ်ခုကို ပဲသူက ကြောက်တက်တာ။ကျန်တာတွေ အတွက် လုံးဝကို မကြောက်တက်တဲ့ကောင်လေး တစ်နေ့ဘာဖြစ်မယ်ဆိုတာ မသိသေးဘူး။ သူသိပ်ချစ်တဲ့ ကောင်မလေးအတွက်ဆို သူ့အသက်ကိုတောင် စတေးရဲတယ်ဆိုတဲ့ အနေအထားမှာရှိတယ်။ချစ်ခြင်း မေတ္တာတရားမှာ သင်္ကေတတွေ မလိုဘူး။ဝေါဟာရတွေ မလိုဘူးလို့ သူငယ်ချင်းတွေ ပြောဘူးတယ်။ ကောင်လေး နဲ့ ကောင်မလေးအတွက်တော့ လိုအပ်တယ်။နှစ်ယောက်လုံးက တကယ်ကို ချစ်ခြင်းမေတ္တာမွတ်သိပ်နေကြတယ်။ နားလည်မှုဆိုတဲ့ ပေတံ နဲ့သူတို့ချစ်နေကြတာ။မျှော်လင့်ချက်ကိုယ်စီ ရှိကြမယ်။အိပ်မက်ကိုယ်စီရှိကြမယ်။နောက်ပြီး ဖောက်ထွင်းလို့ မယူနိုင်တဲ့ အတွေးဝတ်ရည်တွေ ရှိကြတယ်။သူတို့ကို သူတို့ သိပ်ပြီးယုံကြည်ကြတယ်။ တစ်ခုပဲ ရှိတယ်။ ကောင်လေးမှာ ဟန်ဆောင်မှုတွေ မပါဘူး။ ကောင်မလေးလဲ ကောင်လေးလိုပဲ သူတို့ တစ်သွေးတည်း တစ်သားတည်းလို ချစ်ကြတယ်။
(၂)
ကောင်လေး နဲ့ ကောင်မလေးစကားတွေ ပြောရင် ပေါ့ပျက်ပျက်တွေ မပါဘူး။တွေးမရ တဲ့ လေးနက်မှုတွေလဲ မပါဘူး။ပြီးတော့ အဲဒီကောင်လေး နဲ့ ကောင်မလေးမှာ လူတွေ မမြင်နိုင်တဲ့ ဝေါဟာရ သင်္ကေတတွေ လုံးဝမရှိဘူး။သူတို့နှစ်ယောက်က တောထဲမှာ ရွာထဲမှာလို အရာရာမှာကို ထင်မှတ်နေကြတယ်။ဘဝမရှိပေမယ့် အလှရှိနေတဲ့အဲဒီလိုမျိုးတွေအတွက် စိတ်ကူးယဉ်ဆန်တဲ့ ဒဏ္ဍာရီဆန်တဲ့ မင်းသားလေးနဲ့ မင်းသမီးလေးလိုမျိုး ဖြစ်နေကြတယ်လေ။ဒီနေ့ ကမ္ဘာမှာ ဘာတွေဖြစ်တယ်ဆိုတာ သူတို့နဲ့မဆိုင်ဘူး.။ ဒီနေ့ ကောင်းကင်မှာ လထွက်ခြင်း လ မထွက်ခြင်း နဲ့ပဲ သူတို့နဲ့ ဆိုင်တယ်။ကောင်လေးက ကောင်မလေးကို ဘာတွေ ပြောနေလဲဆိုတာ ကောင်လေးကိုယ်တိုင်တစ်ခါ တစ်ရံ တွေးမရအောင်ဖြစ်ခဲ့ ရတယ်။အင်တာနက်မရှိတဲ့ နေရာတွေမှာ ကွန်ပြူတာ မရှိတဲ့ နေရာတွေမှာ အလင်းရောင်မရှိတဲ့ နေရာတွေမှာ ကောင်လေးနဲ့ ကောင်မလေး ဘာတွေ ဆက်ဖြစ်ကြမလဲ။ဘယ်လိုတွေ ရင်ဆိုင်ကြမလဲ။ကောင်လေး နဲ့ ကောင်မလေးဘယ်လိုတွေပြင်ဆင်ထားကြမလဲ တစ်ယောက်ကို တစ်ယောက်ချစ်နေကြတာကိုတော့ ဘာနဲ့ ဘယ်လိုပြသမလဲဆိုတာကိုလဲ ကောင်လေး နဲ့ ကောင်မလေး မသိကြဘူး။ကောင်လေးနဲ့ ကောင်မလေး သဘာဝကို မလွန်ဆန်နိုင်ကြဘူး။သူတို့နှစ်ယောက်ရဲ့ နားလည်မှုကို သူတို့နှစ်ယောက်ပဲ ဘာသာပြန်နိုင်ကြမယ်လို့ထင်တယ်။ ကောင်မလေးက ကောင်လေးကို နာရီခဏ ခဏကြည့်ခိုင်းတယ်။ကောင်မလေးက အချိန်နဲ့အမျှကြိုးစားဖို့ ကောင်လေးကို တဖွဖွ ပြောနေပေမယ့် ကောင်လေးက နာရီတွေကို သိပ်ပြီးမုန်းနေတယ် တဲ့လေ။
(၃)
အရာရာမှာပြောင်းလဲခြင်းတွေ ရှိတယ်။ကောင်မလေးက ကောင်လေးကို ပြောတယ်။သူမ ရဲ့အလှတွေရိုးသွားမယ်လို့မထင်ဘူးလား တဲ့။ကောင်လေးက ခေါင်းပဲခါတယ်။ ချစ်ခြင်းတရား လွင့်နေတဲ့ မြူးနေတဲ့အချိန်မှာ ကောင်လေး နဲ့ ကောင်မလေး တစ်ယောက်ကိုတစ်ယောက်မခွဲရက် မခွါနိုင်။ယနေ့ အပြိုင်အဆိုင်ခေတ်ကြီးထဲမှာ စီးပွါးရေး ပညာရေး လူမှုရေးတွေ ရှုပ်ယှက်ခပ်နေတဲ့အကြောင်း အရာရာမှာ ငြိမ်းချမ်းမှုကို ဖြစ်စေချင်တဲ့ အကြောင်း ကောင်မလေးက သာသာ ဖွဖွလေးရယ် ကောင်လေးကို ပြောနေတယ်။ သတ်မှတ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ မျက်မှောက်ခေတ်ကြီးထဲမှာ သူတို့ကို သူတို့ ဘယ်လိုသတ်မှတ်ရမှန်း မသိကြဘူး။နောက်ပြီး သူတို့က သိပ်ပြီးကျဉ်းမြောင်းသွားမှာကို သိပ်ပြီးမလိုလားကြဘူး။ဖြစ်နိုင်ရင် သူတို့နှစ်ယောက်က ပင်လယ်ကို သိပ်ပြီးချစ်ကြတယ်။ မိုးကောင်းကင်ကို သိပ်ပြီး ခင်တွယ်ကြတယ်။ပင်လယ်ကြီးနဲ့ မိုးကောင်းကင်လို သူတို့ရဲ့စိတ်တွေ သူတို့ရဲ့ နှလုံးသားတွေက နားလည်မှု ချစ်ခြင်းမေတ္တာတွေ သိပ်ပြီး နက်ရှိုင်း ကျယ်ပြောချင်ကြတယ်။ဘဝကို ရင်ဆိုင်ကြရမှာ သိပ်ပြီးကြောက်နေတဲ့ ကောင်မလေးကို ကောင်လေးကသိပ်ပြီးအားမရဘူး။ကောင်မလေးက ကောင်လေးကို လူ့ဘဝအကြောင်း ခဏ ခဏပြောပြတယ်။ခက်တာက နာရီမလိုတဲ့ ကောင်လေးတစ်ယောက်ကို ကောင်မလေးဘယ်တော့နားလည်မှု တွေပေးနိုင်မလဲ။ ကောင်လေးရဲ့ လိုအပ်ချက်တွေ ကောင်မလေးရဲ့ လိုအပ်ချက်တွေကို နှစ်ယောက်လုံး နားလည်တဲ့ နေ့ရောက်ရင် ကောင်လေးလဲ နာရီတွေကို ချစ်တက်လာမှာပါ။ လမသာတဲ့ ကောင်လေးရဲ့ လပြည့်ည ဆိုတာ ကောင်မလေး နဲ့တွေ့တဲ့အချိန်လေးတွေ ရယ်ပါ။ ခုထိ ချစ်နေကြပါတယ်။ဆက်လက်ပြီး ချစ်နေကြအုံးမှာပါ။ကောင်လေး နဲ့ ကောင်မလေး ပျော်ရွှင်ပါစေ။ နေရု...................

0 comments:

Post a Comment