မင်္ဂလာပါ......

Showing posts with label စိတ်ဓါတ်ခွန်အားဖြည့်ကော်ပီ. Show all posts
Showing posts with label စိတ်ဓါတ်ခွန်အားဖြည့်ကော်ပီ. Show all posts

Sunday, 3 January 2010

ငှက်ကလေးများအားကယ်တင်သူ

?ui=2&view=att&th=1259c48f088fcbe3&attid=0.1&disp=attd&realattid=ii_1259c48f088fcbe3&zw

ဆောင်းဦးရာသီရဲ့ သာယာလှတဲ့မနက်ခင်းလေးမှာ လူလေးယောက်ဟာ
မြင်းကိုယ်စီနဲ့တောလမ်းလေးတလျှောက်စီးလာခဲ့တယ်။ သူတို့အားလုံးဟာ
ဆောင်းဦးရာသီရဲ့ သာယာလှတဲ့မနက်ခင်းလေးမှာ လူလေးယောက်ဟာ
မြင်းကိုယ်စီနဲ့တောလမ်းလေးတလျှောက်စီးလာခဲ့တယ်။ သူတို့အားလုံးဟာ
ရှေ့နေတွေဖြစ်ကြပြီးတော့ သူတို့ဦးတည်သွားနေတာကတော့ ဒီတောလမ်းလေး
ကျော်ရင်ရောက်တော့မယ့် မြို့ကလေးရဲ့ တရားရုံးတစ်ခုမှာအမှုကြားနာဘို့အတွက်ပေါ့။


မိုးရွာထားလို့ တောလမ်းလေးတလျှောက်မှာ ဗွက်တွေ ရွှံ့တွေနဲ့ စိုစိုစိစိနဲ့ပေါ့။
သစ်ရွက်လေးတွေမှာစီရရီတွဲလွဲခိုနေတဲ့ လက်ကျန်မိုးပေါက်လေးတွေကလည်း
သစ်ပင်ပေါ်ကနေ တစက်စက်နဲ့ကျနေတော့ မြက်ပင်လေးတွေကလည်း စိုစွတ်

နေတော့တာပေါ့။

ရှေ့နေလေးယောက်လုံးဟာ ရွှံ့တွေနဲ့ပေကျံစိုစွတ်နေတဲ့လမ်းကျဉ်းလေးတစ်လျှောက်
ရှေ့ဆင့်နောက်ဆင့်မြင်းကိုယ်စီ
စီးနင်း လို့ပေါ့။ သူတို့အားလုံးဟာရယ်မောစရာတွေ
ရှာကြံပြောရင်း လမ်းတလျှောက်တဖြေးဖြေးစီးနင်းလိုက်ပါလာကြတယ်။


သစ်ပင်လေးတွေအစီအရီပေါက်နေတဲ့တောအုပ်လေးတစ်ခုကိုဖြတ်သန်းလာချိန်မှာတော့
သူတို့ရဲ့ဦးခေါင်းပေါ်က ငှက်တစ်ကောင်ရဲ့တောင်ပံတဖြတ်ဖြတ်ရိုက်ခတ်သံနဲ့အတူ
လမ်းတဖက် မြက်ပင်တွေကြားက တခြားငှက်ငယ်လေးတွေရဲ့ တိုးညှင်းစွာညည်းတွား
နေသံကို ကြားလိုက်ရတယ်။


ကျလိ...ကျလိ...ကျလိ..ဆိုတဲ့ စီစီညံနေတဲ့အသံစူးစူးလေးတစ်သံက သစ်ရွက်တွေ
အုံ့ဆိုင်းနေတဲ့အပင်ပေါ်ကနေပေါ်ထွက်လာတယ်။


တချိန်ထဲမှာပဲ...

ကျလိ...ကျလိ..ကျလိ...ဆိုတဲ့ သနားစဖွယ်အသံတိုးတိုးလေးတွေကလည်း စိုစွတ်နေတဲ့
မြက်ပင်တွေကြားကဟိုတစ်စ ဒီတစ်စ ပေါ်ထွက်လာတယ်။


"ဟေ့..သနားစရာလေးပါလားကွ " ....စပိဒ် လိုအမည်ရတဲ့ ရှေ့ဆုံးကရှေ့နေက
မြင်းပေါ်ကနေလှမ်းပြောလိုက်တယ်။ ဟာဒင်လို့အမည်ရတဲ့ ဒုတိယရှေ့နေက .
." သပိတ်လွယ်ငှက်တွေ နေမှာပေါ့ကွာ ..ကြည့်ရတာ မုန်တိုင်းစာမိပြီး အသိုက်ထဲကနေ
လွှင့်ကြလာပုံရတယ်..မွေးကာစ အတောင်မစုံသေးတဲ့အရွယ်တွေဆိုတော
မပျံနိုင်ဖြစ်နေတော့တာပေါ့..ကြည့်ပါလား အမေငှက်မကြီးက စိတ်ပူပြီးပျာယာခတ်နေတာ.."
လို့ ပြောလိုက်တယ်။


အမည်မဖော်ပြနိုင်တော့တဲ့ တတိယရှေ့နေက..
." သနားစရာကွာ...ဒီအတိုင်းဆို မြက်ခင်းစိုစိုထဲမှာ အားလုံးသေကုန်ကြတော့မှာဘဲ "...လို့ပြောပြန်တယ်။


ဒီအခါ ရှေ့နေဟာဒင်က..
" ထားလိုက်ပါကွာ..ငှက်တွေဘဲဟာ.. အရေးမကြီးလှပါဘူး.. ဒုက္ခရှာမနေပါနဲ့တော့.." ..လို့ ပြောတယ်။

"အေးလေ..ဟုတ်သားဘဲ.."..လို့ ရှေ့နေ စပိဒ်ကလည်းထောက်ခံလိုက်တယ်။

သူတို့ သုံးယောက်သား ငှက်အမေကြီး ပူဆွေးစွာနဲ့ယောက်ယက်ခတ်အော်မြည်နေသံကိုရော
အတောင်တဖျတ်ဖျတ်ရိုက်ပြီး အော်မြည်နေတဲ့ မြက်တောစိုစိုထဲကငှက်ပေါက်စလေးတွေကိုပါ
ကျောခိုင်းပြီးခရီးဆက်လက်ထွက်ခဲ့ကြတယ်.။


သိပ်မကြာခင်မိနစ်ပိုင်းအတွင်းမှာဘဲ သူတို့၃ယောက်သားဟာ ခုနကလိုဘဲ
ရယ်မောပျော်ရွှင်စရာတွေကိုပြောလာကြတယ်။ အချိန်ပိုင်းအတွင်းမှာ
ငှက်ကလေးတွေကိုသူတို့လုံးဝမေ့လျှော့သွားကြပြီပေါ့။


ဒါပေမယ့် စတုထ္ထမြောက် ရှေ့နေ..သူကတော့ မြင်းကိုရုတ်ချည်းတုန့်ကနဲရပ်လိုက်တယ်။
မြင်းပေါ်ကချက်ခြင်းဆိုသလို ဆင်းလာပြီးနောက် သူ့ရဲ့ကြီးမားတဲ့လက်အစုံနဲ့မြက်ခင်းထဲက
ငှက်ငယ်လေးတွေကိုတယုတယယူငင်လိုက်တယ်။


ငှက်ကလေးတွေက ခုနကမြက်ခင်းထဲမှာလိုကြောက်လန့်ပုံမပြတော့ပါဘူး။
သူတို့လုံခြုံမှုရသွားပြီဆိုတာသိတဲ့ပုံနဲ့ ချစ်စဖွယ်ကျလိ..ကျလိနဲ့ တိုးတိုးလေးသာအော်မြည်နေတော့တယ်..။


"ငှက်ကလေးတို့ရေ..စိတ်မပူပါနဲ့တော့...မင်းတို့ရဲ့ အသိုက်လေးထဲကို..ငါအရောက်ပို့ပေးပါ့မယ်.."
..လို့ သူက ပြောလိုက်တယ်။


အဲ့ဒီနောက်..သူက ငှက်ကလေးတွေ..အသိုက်ရဲ့ဘယ်နေရာကများပြုတ်ကျလာနိုင်သလည်း
ဆိုတာရှာဖွေကြည့်မိတယ်။ ငှက်ကလေးတွေရဲ့ အသိုက်က လက်လှမ်းမမှီနိုင်လောက်အောင်
မြင့်လွန်းနေတာမျိုးလည်းဖြစ်နိုင်တယ်လေ။ ဒါပေမယ့် သူက စိတ်မပျက်ပါဘူး.။
သူသစ်ပင်ကောင်းကောင်းတက်တတ်တာပေါ့။ သူကလေးဘ၀တုန်းက သစ်ပင်တော်တော်များများကိုတက်ခဲ့ သူလေ။
သူကငှက်ကလေးတွေတစ်ကောင်စီကိုစိတ်ရှည်လက်ရှည်နဲ့ သူတို့ရဲ့သစ်ပင်ပေါ်က အသိုက်အိမ်လေးထဲကို အသာအယာ
ထည့်ပေးလိုက်တယ်။ တစ်ကြိမ်မှာ အဆော့သန်တဲ့ ငှက်ကလေးနှစ်ကောင်ကြောင့် သူရော ငှက်ကလေးတွေပါ
သစ်ပင်ပေါ်က ထပ်ပြုတ်ကျရသေးတယ်..။ ငှက်ကလေးတွေပျော်နေတယ်လို့ သူထင်နေမိတယ်။
သူလည်း ငှက်ကလေးတွေနဲ့အတူပျော်ရွှင် နေမိတော့တယ်။ သူ ပြန်လူးလဲထပြီး ငှက်ကလေးကို အသိုက်ထဲထည့်ပေးပြန်တယ်။


အရှေ့ကထွက်သွားနှင့်တဲ့ ရှေ့နေ သုံးယောက် တစ်နေရာအရောက်မှာ သူတို့မြင်းတွေကိုအနားပေးရေသောက်စေတယ်။
သူတို့လည်းအနားယူရင်းပေါ့။ ဒီတော့မှ စတုထ္ထရှေ့နေဟာ သူတို့နဲ့အတူပါမလာတာတွေ့ရတယ်။
သူတို့သုံးယောက်လုံး အံ့သြသွားတယ်။ ဒီလူဘယ်မှာကျန်ခဲ့ပါလိမ့်ပေါ့။


အဲ့ဒီမှာ ရှေ့နေ စပိဒ် ကပြောတယ်.." ခင်ဗျားတို့ ငှက်တွေကိုမှတ်မိတယ်မဟုတ်လား ..
.သေခြာတာကတော့ ဒီလူတော့ အဲ့ဒီငှက်တွေကို ကူညီဘို့ကျန်ခဲ့ပုံဘဲ"...


မိနစ်အနည်းငယ်အကြာမှာတော့ စတုထ္ထရှေ့နေဟာသူတို့ဆီကိုမှီလာတယ်။
သူ့ရူးဖိနပ်အစုံမှာလည်းရွှံ့တွေပေလူးလို့ပေါ့။ ဆူးခြုံပင်က ဆူးတွေကလည်း သူ့ ကုတ်အိကျီ င်္မှာညိတွယ်လို့။
"ဟေး..ခင်ဗျားဘယ်မှာကျန်ခဲ့တာလည်း"..လို့ ရှေ့နေဟာဒင်က သူ့ကိုမေးလိုက်တယ်။


" ကျွန်တော်ငှက်ငယ်လေးတွေကိုသူတို့ရဲ့မိခင်စီအရောက်ပို့ပေးနေလို့ပါခင်ဗျာ.." လို့
စတုထ္ထရှေ့နေကပြုံးရွှင်စွာပြောတယ်။


"ကောင်းပါ့ဗျာ..ဒါကြောင့်ကျုပ်တို့အားလုံးအမြဲတွေးနေမိတယ်..ခင်ဗျားဟာ ဘာလို့စံပြပုဂ္ဂိုလ်တစ်ယောက်
ဖြစ်နေသလဲ ဆိုတာကို..ခုတော့သိပါပြီ..."..လို့ ရှေ့နေ စပိဒ်က..ခနဲ့တဲ့တဲ့ပြောတယ်။


အဲ့ဒီနောက် သူတို့ သုံးယောက်သား အူလှိုက်သဲလှိုက်ရယ်မောကြတယ်။ ဒီလူတော်တော်မိုက်မဲတာဘဲ..
ဘာမှမဟုတ်တဲ့ ဒီငှက်ကလေးတွေအတွက် သူလို လူသန်သန်မာမာကြီးက ခုလိုမျိုး ဒုက္ခ္ခခံခဲ့ရတယ်လို့။


အဲ့ဒီအခါမှာ စတုထ္ထရှေ့နေကခုလိုပြောလိုက်တယ်..

"အစ်ကိုတို့ ခင်ဗျား.. ဒီသနားစဖွယ်သပိတ်လွယ်ငှက်ငယ်လေးတွေကိုမကူညီဘဲထားခဲ့ရလို့ .
သူတို့သာဒီမြက်ပင်စိုစို တွေကြား ထဲမှာသေဆုံးသွားခဲ့ကြမယ်ဆိုရင်..
ကျွန်တော်တော့ဘယ်လိုမှအိပ်ပျော်နိုင်တော့မယ် မထင်ပါဘူးခင်ဗျာ"


အဲ့ဒီ သပိတ်လွယ်ငှက်ကလေးတွေကို ကြင်နာစွာနဲ့ကယ်တင်ခဲ့တဲ့ စတုထ္ထမြောက်ရှေ့နေက သိပ်မကြာခင်ကာလမှာဘဲ အမေရိကန်နိုင်ငံရဲ့အလွန်ကြော်ကြားတဲ့ရှေ့နေတစ်ဦးဖြစ်ယုံသာမကဘဲ အောင်မြင်တဲ့အမတ်တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနောက် သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အဖြစ်ရွေးချယ်ခံခဲ့ရတယ်။
အမေရိကန်ရဲ့ သမိုင်းမှာတော့ သူဟာ အောင်မြင်ထင်ရှားတဲ့ သမ္မတတစ်ဦးအဖြစ်ရပ်တည်ခွင့်ရခဲ့ပါတယ်။
သူကတော့ " သမ္မတ အေဗရာဟမ်လင်ကွန်း " ပါဘဲ။

?ui=2&view=att&th=1259c496bbb26371&attid=0.1&disp=attd&realattid=ii_1259c496bbb26371&zw
မေးလ်ထဲမှာ ရောက်လာသော ကော်ပီကို နှစ်သစ်မှာ ဖတ်စေချင်လို့ ကော်ပီကူး တင်လိုက်ပါသည်။

Wednesday, 23 September 2009

နုပျိုအောင် ဘယ်လိုနေမလဲ. . .


1. အရေးမပါတာတွေကို ဘေးဖယ်ထားလိုက်ပါ။ အဲဒီ အရေးမပါတာတွေဆိုတဲ့

အရာတွေထဲမှာ အသက်ရယ်၊ ကိုယ်အလေးချိန်ရယ်၊ အရပ်အမြင့်ရယ်လည်းပဲ

ပါဝင်ပါတယ်။ ဆရာဝန်တွေရှိတာပဲ။ ဒီကိစ္စအတွက် ပူနေစရာ မလိုပါဘူးဗျာ။

ဒါကြောင့်လည်း ဆရာဝန်တွေကို များများလေးပေးရတာပေါ့လေ။



2. ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေနဲ့ပဲ ပေါင်းပါ။ တစ်ချိန်လုံး

ညည်းညူနေခြင်းက သင့်ကိုဖျက်ဆီးနေရာ ရောက်ပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း

ညည်းညူနေတတ်သူတစ်ဦး ဖြစ်ခဲ့ရင်တော့ ဒီအချက်ကလေးကို သတိရလိုက်ပါနော်။







3. အမြဲတမ်း သင်ယူလေ့လာနေပါ။ ကွန်ပျူတာအကြောင်း၊

ဥယျာဉ်စိုက်ပျိုးခြင်းအကြောင်း၊ လက်မှုပညာအကြောင်း၊ ဘာကိုပဲ ဖြစ်ဖြစ်

သင်ယူလေ့လာနေဖို့ လိုအပ်ပါတယ်။ ဦးနှောက်ကို ဘယ်တော့မှ အနားမပေးပါနဲ့။

စကားပုံတောင် ရှိသေးတယ် မဟုတ်လား.. ဘာတဲ့ An idle mind is the devil's

workshop တဲ့ နောက်ဆက်တွဲအနေနဲ့ကတော့ The devil's name is Alzheimer's!

ပဲပေါ့



4. ရိုးရိုးလေးတွေနဲ့ပဲ နေတတ်အောင်ကြိုးစားကြည့်ပါ။



5. ရယ်မောပါ၊ အကြာကြီး ကျယ်ကျယ်လောင်လောင်ကို ရယ်မောပလိုက်ပါ။

ရယ်လွန်းလို့ ပင့်သက်ရှိုက်ရတဲ့အထိကိုပေါ့။ သင့်မှာ သင့်ကို

ရယ်မောပျော်ရွှင်အောင် လုပ်တတ်တဲ့ သူငယ်ချင်း တစ်ယောက်သာရှိမယ်ဆိုရင်

သူနဲ့ပဲ အချိန်ဖြုန်းနေလိုက်တာ အကောင်းဆုံးပါပဲ။







6. သင်ချစ်တတ်တဲ့ အရာတွေသင့်အနားမှာ ရှိနေပါစေ။ သင့်မိသားစု၊ သင်ချစ်တဲ့

တိရစ္ဆာန်၊ သင်ဝါသနာပါတဲ့အလုပ်၊ သင်နှစ်သက်တဲ့ သီချင်းတွေ ဘာပဲဖြစ်နေ

ဖြစ်နေ ဒါတွေနဲ့အတူ ရှိနေဖို့ လိုအပ်ပါတယ်။ သင်နားခိုဖို့ နေရာတစ်နေရလည်း

ရှိနေရမယ်နော်။ နောက်ပြီး ဘုရားသခင်နဲ့လည်း တည့်အောင်နေပေါ့ဗျာ။



7. မျက်ရည်ကျလောက်တဲ့ အဖြစ်မျိုးတွေ ကြုံလာခဲ့ရင်.. ကြံ့ကြံ့ခံပါ၊

ဝမ်းနည်းပူဆွေးနေလိုက်ပါ၊ ပြီးရင်တော့ စိတ်ထဲကနေ ထုတ်လိုက်ပါတော့။

ဘ၀တစ်လျှောက်လုံး ကိုယ်နဲ့အတူရှိနေမှာက ကိုယ်ကိုယ်တိုင်ပဲလေ။ ဒီတော့

ကိုယ်အသက်ရှင်နေစဉ်အတွင်းမှာ ရှင်သန်အောင် နေထိုင်ပါ။



8. ကိုယ့်အသက်ကိုယ် တန်ဘိုးထား မြတ်နိုးပါ။ ကျန်းမာရေး မကောင်းရင်

ကာကွယ်စောင့်ရှောက်ရမှာပေါ့။ မကြာခဏနေမကောင်း ဖြစ်နေရင်လည်း

ပိုကောင်းအောင် လုပ်တတ်ရမယ်လေ။ အင်း.. ကိုယ်ကိုယ်တိုင် ဘယ်လိုမှ

မကယ်နိုင်တဲ့ အဆုံးတော့ တစ်ခြားသူတွေရဲ့ အကူအညီကို ယူရတော့မှာပါပဲ။



9. မသွားချင်တဲ့ ခရီးတွေကို မသွားနဲ့လေ။ မောလ်တွေကို ရှော့ပင်ထွက်ပါ။

အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ပါ။ နောက်.. တစ်ခြားသော နိုင်ငံခြား

တိုင်းပြည်တွေထိတောင် ရှော့ပင်ထွက်လိုက်ပါအုံး။ ဒါပေမယ့်.. စိတ်လွတ်

ကိုယ်လွတ်မဟုတ်တဲ့.. စနိုးစနောင့် ခရီးမျိုးတော့ မဖြစ်ဖို့ လိုအပ်တယ်လေ။





10. ကိုယ်ချစ်တဲ့ သူတွေကို အသက်ရှင်နေတုန်း၊ အခွင့်အရေးရတုန်းမှာ

ချစ်တယ်လို့ ဖွင့်ပြောလိုက်ပါ။

ဖိုးသူတော်ကြီး ပြောပြတဲ့ပုံပြင် . . .

ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒီလိုပါ။


တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း
နေထိုင်ကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ခက်တာက သူတို့နေတဲ့အိမ်မှာ ချက်ပြုတ် စားသောက်ဖို့ မီးဖိုတစ်လုံးမှ
မရှိဘူး။ ဒါကြောင့် သိပ္ပံပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကြရင်
ဟိုအိမ်ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစား ရတယ်ဆိုပဲ။

တစ်နေ့လဲမဟုတ်၊ နှစ်နေ့လဲမဟုတ် နေ့တိုင်းနေ့တိုင်း မနက်စာတောင်းလိုက်
ညစာတောင်းလိုက်နဲ့ ဆိုတော့ ပေးရတဲ့ အိမ်တွေကလဲ ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ၊ တစ်သက်လုံး ဒီလိုပဲ တောင်းစား နေတော့မှာလား။ ကိုယ့်ဖါသာ
ကိုယ်လည်း ချက်စားကြ ဦးမှပေါ့”
“ချက်တော့ ချက်စားချင်ပါတယ်ဗျာ။ ဒါပေမဲ့ မီးဖို မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျ။ ဒါမှမဟုတ် ခင်ဗျားတို့လဲ သိပ္ပံပညာရှင် တွေပဲ…
ကိုယ့်ဖါသာကိုယ် မီးဖိုလေးတစ်လုံး တောင် ဖြစ်အောင် မလုပ်တတ် ကြဘူးလား”
ဒီလို အပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီး…
“ငါတို့ အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်ကြတယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး
တည်ဆောက် ကြမယ်ပေါ့။ ဒီလိုနဲက အားလုံးသဘောတူ လိုက်ကြတယ်။
အဲဒါနဲ့… မီးဖိုကြီးတစ်လုံး စပြီး တည်ဆောက် ဖြစ်ကြရော ဆိုပါတော့ …။
မီးဖိုကြီး မပြီးခင်မှာ ပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့ လုပ်တဲ့ မီးဖိုက သိပ်ပြီး ကြီးနေတော့ တစ်နေရာက တစ်နေရာကို
ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်မှာ ဘီးတွေ တပ်ဖြစ်သွားတယ်။ အဲဒီမှာတင်
နောက်တစ်ယောက်က
“ဘီးတွေကြီးပဲရှိရင် ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး
ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေ တပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“စက်လဲ တတ်ပြီးပြီ၊ ဘီးတွေလဲ ရှိပြီ၊ မောင်းလို့လဲ ရနေပြီဆိုတော့… တစ်ခါတည်း
လူတွေပါ လိုက်စီးလို့ ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ ရတဲ့ ယာဉ်ကြီး ဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခု ဆောက်နေတယ် ကြားလို့ လာကြည့်ကြတဲ့ လူတစ်ယောက်က
အဲဒီမီးဖိုကိုလည်း မြင်ရော ရင်သပ်ရှုမော ဖြစ်သွားပြီး…
“အို… အံမခန်း လက်ရာပဲ”
လို့ ချီးကျူးတယ်။ အဲဒီလူက စပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူ မှန်သမျှ
မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါလေရော… တဲ့။
ကြည့်တဲ့သူတိုင်း ကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံ
ကြားလေလေ သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရ လာလေလေ… သူတို့
လက်စွမ်းပြ ချင်လာလေလေ ပေါ့။
ဒါနဲ့ သိပ္ပံပညာရှင် တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲ တပ်ပြီး ရေချိုးခန်း၊
ဧည့်ခန်းတွေ၊ အိမ်သာတွေ ကိုပါ အလိုအလျှောက် စနစ်နဲ့ ဖွဲစည်း ပြောင်းလဲ
လို့ရအောင် တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံး စနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ်
ပျံလို့ရအောင် လုပ်တယ်။ မီးဖိုကြီးက မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေး
နိုင်တယ်။
တတိယသိပ္ပံပညာရှင် ကတော့ မီးဖိုကြီး အတွင်းမှာ ကွန်ပြူတာ တစ်လုံး
တပ်ဆင်လိုက်တယ်။ သိချင်တဲ့ ပြသနာ မှန်သမျှကို အဲဒီ ကွန်ပြူတာ
ဖြေရှင်းပေးနိုင်တယ် ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက
မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲ ထည့်လိုက်ရင် ကွန်ပြူတာက
ဗေဒင် ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ဗေဒင်ဟာ သိပ်မှန်တာပဲ လို့ချီးမွမ်းကြတယ်။
နောက်ဆုံးတော့ မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာ
အထူးခြား အဆန်းသစ်ဆုံး အပြည့်အစုံဆုံး မီးဖိုကြီးပါ။ ချွတ်ယွင်းချက်လေး တစ်ခုပဲ
ရှိတယ်။
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး…တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ၊ ဟင်းတွေ လိုက်တောင်းစား
နေရတာပါပဲတဲ့။

ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး လျှောက်စဉ်းစား နေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ ဘာတွေကို တည်ဆောက် နေခဲ့ ကြပါလိမ့်…” လို့။

— မင်းခိုက်စိုးစံ ၏ ကတ်သီးကပ်သတ်မှ —

Wednesday, 16 September 2009

ကူးခတ်ခဲ့သော ပင်လယ်တစ်စင်းအကြောင်း

တစ်ချို့က ဇနကမင်းသားရဲ့ အားမာန်နဲ့ဇွဲကို အားကျ တတ်တာမျိုး ရှိသလို၊ အချို့ကတော့ ကိုယ့်ဒုက္ခကို ကူညီစောင်မ ပေးမယ့် မဏိမေခလာများ ပေါ်လာလေ မလားဆိုတဲ့ သူတစ်ပါးကို မှီခိုချင်တဲ့ စိတ်ကလေးတွေ ရှိတတ်ကြပါတယ်။

ဒါပေမယ့် ”အတုယူ” တယ်ဆိုတာ ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်ဆိုတာလေးတွေကို လူတော်တော်များများက မေ့ထားတတ်ကြပါတယ်။ အခု အကျဉ်းချုပ်ပြောမယ့် ဇာတ်တော်လေးကို ဖတ်ပြီး ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်ဆိုတာကို တွေးကြည့်ကြရအောင်ပါ။

တစ်ခါက မိထိလာပြည်ကို အုပ်ချုပ်နေတဲ့ မဟာဇနက မင်းကြီးမှာ သားတော်နှစ်ယောက် ရှိတယ်။ မင်းကြီးနတ်ရွာလားတော့ အစ်ကိုကြီးက ဘုရင်လုပ်ပြီး ညီဖြစ်သူက အိမ်ရှေ့မင်းသားဖြစ်လာတယ်။ တစ်နေ့တော့ ညီတော် ထီးနန်းလုဖို့ ကြံစည်နေတဲ့အကြောင်း ကုန်းတိုက်စကားကြားရတော့ နောင်တော်မင်းကြီးဟာ သူ့ညီအိမ်ရှေ့မင်းသားကို ဖမ်းဆီးချုပ်နှောင် ထားခိုင်းလိုက်တယ်။

ဒါနဲ့ ညီတော်အိမ်ရှေ့မင်းသားဟာ အကျဉ်းထောင်ထဲမှာ အချုပ်ခံထားရတော့ သူတကယ် နောင်တော်မင်းကြီးဆီက ထီးနန်းလုပ်ဖို့ မကြံပါဘူး ဆိုတာ သစ္စာဆိုပြီး တိုင်တယ်ခဲ့လို့ သူ့ကို ချည်နှောင် ထားသမျှအားလုံး အလိုလို ဖြေလျော့သွားပါရောတဲ့။ အချုပ်အနှောင်တွေ အားလုံး ပြေကုန်ပြီ ဆိုတော့ ညီတော်မင်းသားဟာ အစွန်းအဖျားတောရွားလေးတွေဆီ သွားပြီး ပုန်းခိုနေပါတယ်။ ပုန်းခိုနေရင်းနဲ့ပဲ လူသူပရိသတ်တွေ စုဆည်းပြီး အစ်ကို့ဆီက နန်းတော်ကို သိမ်းဖို့ ပြန်လာတဲ့အခါ နောင်တော်မင်းကြီးဟာ နောက်လိုက်စစ်မက်အင်အားများတဲ့ ညီတော်ကို ပြန်လည်မခုခံနိုင်ဘဲ ဘုရင့်ရာထူးကနေ ဖယ်ပေးလိုက်ရပါတယ်။

နောင်တော်မင်းကြီး ထီးနန်းအသိမ်းမခံရ ခင်မှာ ကိုယ်ဝန်အရင့်မာရှိနေတဲ့ မိဖုရားခေါင်ကြီးကို မှာချင်တာတွေ သေချာမှာပြီး ထွက်ပြေးခိုင်းခဲ့တဲ့အတွက် မိဖုရားခေါ်ကြီးဟာ အဖိုးတန်ရတနာတွေ ယူပြီး ဆင်းရဲသားအသွင်နဲ့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ မိဖုရားခေါင်ကြီးလည်း မောင်တော်ဘုရင်မှာတဲ့ အတိုင်း ကိုယ်ဝန်ကို သေချာစောင့်ရှောက်ပြီး မွေးလာတဲ့အခါ သားလေးကို အဘိုးရဲ့ နာမည်အတိုင်း ”မဟာဇနက”လို့ မှည့်ခေါ်လိုက်တာ ပေါ့။ ဇနကမင်းသားလေး ကြီးပျင်းလာတဲ့အခါ ကစားဖော်တွေက မုဆိုးမသားလို့ ခေါ်ခံရတော့ မကြာခဏ အပေါင်းအသင်းတွေနဲ့ ရန်ဖြစ်လေ့ရှိပါတယ်။

တစ်နေ့တော့ မင်းသားလေးဟာ သူ့ဘ၀ဇာတ်ကြောင်းအကုန်အစင် သိသွားပြီးတာနဲ့ အမျိုးဂုဏ်ကို ထိန်းတဲ့အနေနဲ့ အရင်ကလို့ မုဆိုးမသားလို့ခေါ်တဲ့ သူငယ်ချင်းတွေအပေါ် သည်းခံပြီး အဆင်ပြေအောင် နေထိုင်လာပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ သူ့ဘ၀ကို အမြဲတမ်းပြန်တွေးပြီး ဆရာ့ဆီက တတ်သင့်တဲ့ပညာမှန်သမျှ ကြိုးကြိုးစားစား သင်ယူနေပါတော့တယ်။

ဒီထက် ပိုအရေးကြီးတာက ကိုယ့်မိခင်ကိုတောင် ဖွင့်ပြောမထားတဲ့ ရည်ရွယ်ချက်အတွက် မမေ့အောင် အောင်မြင်နိုင်မယ့်နည်းလမ်း တွေကို အမြဲတမ်းစဉ်းစားနေလေ့ရှိတာပေါ့။
နောက်တော့ မိခင်ကြီးထံ ခွင့်ပန်ပြီး မိထိလာပြည်ကို သင်္ဘောနဲ့ခရီးစတင် ထွက်ခဲ့ပါတော့ တယ်။ စာဖတ်သူအများ သိကြတော်မူတဲ့အတိုင်း ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး ပင်လယ်ထဲမှာ မျောနေတုန်း မဏိမေခလာနတ်သမီး ကယ်တင်လို့ အသက်ရှင်သွားရတာပေါ့။ ဒီနေရာမှာ စာဖတ်သူများ သတိပြုသင့်တာက ဇနကမင်းသားရဲ့ စိတ်ဓာတ်ပါ။

ယောက်ျားကောင်း တစ်ယောက်ဖြစ်ဖို့ ကမ်းမမြင်တဲ့ ပင်လယ်ပြင်ကို ကူးခတ်တာဖြစ်ပြီး တစ်စုံတစ်ယောက်က လာကယ်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကူးနေတာမဟုတ်ဘူးဆိုတဲ့ အချက်ကိုပါ။

အလုပ်တစ်ခုလုပ်တဲ့ နေရာမှာ မျှော်လင့်ချက်နဲ့ လုပ်တဲ့အလုပ်ထက် ယုံကြည်ချက်နဲ့ လုပ်တဲ့အလုပ်က ပိုပြီး ပြီးတာမြန်ဆန်သလိုပဲ ပိုပြီး ကြည်နူးပျောက်ရွှင်စိတ်နဲ့ လုပ်ခွင့်ရတတ်ပါတယ်။ဆိုတော့။ ဇနက မင်းသားဟာ မေခလာနတ်သမီးရဲ့ ကယ်မမှုကြောင့် အသက်ချမ်းသာရာ ရပြီး မိထိလာပြည် ဥယျာဉ်ထဲ မျောနေတဲ့အချိန်မှာ မင်းလောင်းရှာနေတဲ့ ဖုဿရထားဟာ သူ့ဆီကို တန်းတန်းမတ်မတ် ရောက်လာပါရော လား။

ဒါနဲ့ အလောင်းတော် ဇနကမင်းသားဟာ နတ်ရွာစံသွားတဲ့ ဘုရင့်ရဲ့သမီးတော် သီဝလိဒေ၀ီ မင်းသမီးကို မိဖုရားမြှောက်ပြီး မိထိလာပြည်ဘုရင်အဖြစ်ကို သိမ်းပိုက်တော်မူလိုက်ပါတယ်။ နှစ်အတန်ကြာတော့ ဒီဃာဝုဆိုတဲ့ သားတစ်ယောက် ဖွားပြီး မကြာခင်မှာပဲ ဥယျဉ်ထဲက သရက်ပင်နှစ်ပင်ကို ဥပမာယူပြီး ရသေ့ရဟန်း ၀တ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ မိဖုရားကြီးနဲ့ မူးမတ်တွေ တိုင်းသူပြည်သား တွေ ဘယ်လိုပဲ ငိုယိုတောင်းပန် တောင်းပန် ထွေးပြီးသား တံတွေးကို ပြန်မမြိုတော့သလိုပဲ စွန့်ပစ်ထားခဲ့တဲ့ နန်တော်စည်းစိမ်တွေကို လုံးဝမငဲ့ဘဲ ရသေ့ရဟန်းဘ၀မှာပဲ အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွား ပါရောတဲ့။

တစ်ခု ကျန်ခဲ့တာက သီဝလိဒေ၀ီ မိဖုရားကြီးကိုယ်တိုင်လည်း ရသေ့မအသွင်နဲ့ ဥယျာဉ်တော်မှာပဲ အသက်ထက်ဆုံးနေထိုင် သွားတယ်ဆိုတာပါပဲ။ ကဲ မိတ်ဆွေအနေနဲ့ ဒီဇာတ်တော်အကျဉ်းလေးကို ဖတ်ပြီးတယ်ဆိုရင်ပဲ အခုလို ယူသင့်တဲ့အတုနဲ့ မယူသင့်တဲ့ အစစ်တွေကို တွေ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်လေ။

၁။အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက် ဇွဲနပဲ(ကြိုးစားအားထုတ်မှု) ကြီးခြင်း(၀ီရိယပါရမီ)
၂။ကြီးမားခမ်းနားတဲ့ မင်းစည်းစိမ်နဲ့ တိုင်းပြည်ကိုသော်မှ မငဲ့ကွက်ဘဲတောထွက် ရသေ့ရဟန်းပြုခြင်း (နေက္ခမ္မပါရမီ)
၃။ကိုယ့်ကိုယ်ကို မင်းမျိုးမှန်း သိသည်နှင့် တစ်ပြိုင်နက် အမျိုးဇာတ်ကို စောင့်ထိန်းသော အားဖြင့် အနေအထိုင် ပြင်ဆင်ခြင်း။
၎။ကိုယ့်ရဲ့ ပစ်မှတ်ပန်းတိုင်ကို သေသေချာချာ သိသလို စနစ်တကျ ပြင်ဆင်ပြီးမှ နေထိုင်ဖြတ်သန်းခြင်း။
၅။ မျှော်လင့်ချက် မဲ့တော့မည့် အချိန်ရောက် နေတာတောင် မည်သူ့ကိုမှ မှီခိုအားထားစိတ် မထားဘဲ ယောက်ျာကောင်း ပီးသစွာ ကြိုးစား အားထုတ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။


အဲ မယူသင့်တဲ့အစစ်ဆိုတာက မိမိတို့ဘ၀မှာ အကြောင်းကြောင်းကြောင့် အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အခြားသူဆီက အကူအညီကို မျှော်လင့်အားကိုးမနေသင့်ဘူးဆိုတဲ့ အချက်ပါပဲ။ ကိုယ်စွမ်းနိုင်သမျှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အခက်အခဲတွေကို ကျော်လွှားလိုက်ကြဖို့ပါ။

ဇာတ်တော်ဟောချိန်နှင့် ဟောသည့်နေရာ။ ။မဟာသက္ကရာဇ် ၁၁၇ ခု၊တန်ဆောင်မုန်းလဆန်း(၁)ရက် သောကြာနေ့ည။ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်။

Friday, 21 August 2009

သိမ်းငှက်တစ်ကောင်ရဲ့ Decision ချမှုနှင့်အကြိုးဆက်များ


သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။
အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့ Feather တွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို အပြစ်ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိခံစားနိုင်ကြမှာပါ။

ဒီဘ၀သစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။

တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။

အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။

ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး
"Secrets of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။
"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."
သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။
အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့ Feather တွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို အပြစ်ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိခံစားနိုင်ကြမှာပါ။

ဒီဘ၀သစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။

တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။

အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။

ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး
"Secrets of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။
"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."
မှတ်ချက်။ ။HYDEGROUP မှကူးယူဖေါ်ပြသည်။သူငယ်ချင်းများဖတ်စေချင်လို့ပါ။ နေရု ( ရေခါး)