ဟုတ်ကဲ့။ သိပ်ပြီးမျှော်လင့်နေသူအတွက် နှစ်သုည တစ်သုည ဆိုတဲ့ (၂၀၁၀) ရောက်လာပါပြီ။ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ထဲက လို ဘာလုပ်ကြမှာလဲ ............။.......ကဲ ...............ဘာလုပ်ကြမှာလဲ။..........ပြော.......။ ဆိုတော့ ဘယ်သူက ဘာလုပ်မှာတဲ့လဲ။ဝေးပါသေးတယ် ဘာလုပ်မယ်ဆိုတဲ့ အခြေအနေအတွက် ဘယ်လို စဉ်းစားမှာလဲ။ဟုတ်ကဲ့ ကျုပ်ကြားဖူးတဲ့ နောင်တော်ရဲ့ စာအုပ်ထဲက စာတစ်ပိုဒ်ကို သတိရမိတယ်။
ဘာလဲဆိုတော့.......မြေပျော့လျှင် ခြေရာထင်လွယ်၏ ။စိတ်ထားမပြည့်ဝသူသည် အမှတ်သညာ
ကြီးတက်သည်။........တဲ့။ကျုပ်စိတ်ထဲမှာ အမှတ်သညာကြီးခဲ့ရင် ကျုပ်ဟာ စိတ်ထားမပြည့်ဝသူ လို့သာ မှတ်လိုက်တော့။
ဘယ်သူ့ကို ဘယ်လို အပြစ်ဖွဲ့ရမှန်းမသိဘူး။ဘာလို့လဲဆိုတော့ စိတ်ထဲမှာ နာအောင်ဘယ်သူမှ မလုပ်ခဲ့ပါဘူး။ ဘယ်သူမှ မလုပ်ခဲ့ပါဘူး။သာသာလေးပဲ ကျုပ်အနေနဲ့ ရှောင်ထွက်ခဲ့တာပါ။ယှဉ်ပြီးဘယ်တော့မှ မကိုက်ခဲ့ပါဘူး။ဘာလို့လဲ ဆိုတော့ သွားတော့ကျုပ်မှာ ပါတယ်။ ဒါပေမယ့် သွေးထွက်အောင် မကိုက်တက်လို့။ဘယ်သူု့ကိုမှ ဒဏ်ရာရအောင် မလုပ်ခဲ့တော့ ကျုပ်လဲ ဘယ်တော့မှ ဒဏ်ရာဆိုတာ မရခဲ့ဘူး။ဒါတောင်မှ လူတွေက သိပ်ပြီးအနိုင်ယူတက်တဲ့ အကျင့်အရ ငယ်ငယ်က ရှုံးခဲ့လေတော့ အရာရာမှာ နိုင်တယ်ဆိုတဲ့ စဉ်ခြင်နိုင်စွမ်းမရှိခဲ့လေတော့ သူ့တို့ကို သူတို့ နိုင်တယ်ဆိုတဲ့ အမာရွက်သေးသေးလေးရှိခဲ့ကြတော့ အရှုံ သူတို့ဘဝမှာ အမြဲရှုံးခဲ့တဲ့ အရှုံးကို ဒီလို သေးသေးလေး နဲ့ အစားထိုးခဲ့ကြတယ်။
သိပ်ပြီး စကားလုံးကြီးကြီးတွေကို ကျုပ်လည်း ငယ်ငယ်ကတော့ ပြောခဲ့ဘူးတယ်။ကျုပ်ကိုယ်တိုင် ဘာဖြစ်ခဲ့လဲဆိုရင် ခုချိန်ထိ သာမန်လူတစ်ယောက်ထက် မပိုခဲ့ပါဘူး။သူရဲကောင်းလို့ ခေါ်ရလောက်အောင် လည်း ကျုပ်မှာ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့။ကိုယ့်မှာ အားငယ်တက်တဲ့ စိတ်ကမရှိခဲ့လေတော့ ဘယ်လိုပုံစံမျိုးနဲ့ သူများကိုအနိုင်ယူရမှန်းတောင်မသိဘူး။
အမေက ကျုပ်အမေက ခပ် အ အ နေခိုင်းထားခဲ့လို့ နေခဲ့တယ်ဆိုတာ သူတို့မသိကြဘူး။ဘယ်သူတွေ ကိုယ့်အပေါ်မှာ ဘယ်လိုမြင်မြင် ကိုယ်တိုင်စိတ်ရှင်းဖို့လိုတယ်.......တဲ့။ပစ္စုပ္ပန်တိုင်းမှာ စိတ်ကောင်းရှိဖို့လိုတယ် တဲ့။လုပ်မိတဲ့ အရာတစ်ခုဟာ တွေးမိရင် နောင်တရတက်တယ်ဆိုရင် အဲဒီအလုပ်ကို ဘယ်တော့မှ မလုပ်နဲ့တဲ့။ပြီးခဲ့တဲ့အရာတွေအတွက်စဉ်းစားဖို့လိုသေးလား။ခင်ဗျားတို့ ကျုပ်တို့ ဘာလို့ ဆင်းဆင်းရဲရဲ ခုချိန်ထိယှဉ်သန်နေကြတာလဲ။ဒါကို.........ခင်ဗျားစဉ်းစားမိရင် ကိုယ့်ကိုကိုယ်သတ်သေမိမှာသေချာတယ်။ဒါပေမယ့် ကျုပ်တို့မှာ ဆင်ခြင်တုံတရား ထိမ်းချုပ်နိုင်စွမ်းရှိရမယ်လေ။လုပ်ချင်တာတွေ အကုန်လုပ်ကြမယ်ဆိုရင် တိရစ္ဆာန်နဲ့တူကုန်မှာပေါ့။
ကျုပ်ကိုယ်ကျုပ် စဉ်းစားကြည့်တာပါ။ခင်ဗျားတို့ကော ဘယ်လိုရယ်မသိ....................။
Showing posts with label ကိုယ့်အတွေး. Show all posts
Showing posts with label ကိုယ့်အတွေး. Show all posts
Saturday, 2 January 2010
Wednesday, 30 December 2009
နှစ်သစ်ကို ဘယ်လိုကြိုဆိုကြမလဲ

ရာသီအလိုက် ပို့လာသော ပို့နေကြသော လူမှုရေးဆုတောင်းများ၊ ဘာသာရေး ဆုတောင်းများ၊ အချစ်ရေးရာ ဆုတောင်းများ၊ သူငယ်ချင်း ဆုတောင်းများ မိသားစု ဆုတောင်းများ ဟုတ်ကဲ့ ဆုတောင်းသံအမျိုးမျိုးတွေ့ရ ကြုံရပါတယ်။အယူအဆတွေကတော့ မတူတက်ကြပါဘူး။တစ်ချို့က ဒီလိုမျိုးဆုတောင်းလေးတွေကို မျှော်လင့် ကြတယ်။တစ်ချို့ကြပြန်တော့ ဒီလို မဟုတ်ပြန် ကိုယ်လုပ်သင့်တာကိုပဲ နှစ်သစ်သည် ဖြစ်စေ နှစ်ဟောင်းသည်ဖြစ်စေ တစ်စိုက်မက်မက် လုပ်သွားကြပါတယ်။အယူသီးလွန်းတဲ့ ကျုပ်တို့လူမျိုးကြပြန်တော့ ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အားနာတက်တဲ့ မွေးရာပါ ဗီဇက ရှိနေလေတော့ သူများတွေရဲ့ နှစ်သစ်ဆိုလဲ သစ်လိုက်ကြတာပါပဲ။ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန်နဲ့ နှစ်သစ်ဆိုရင်လည်း သစ်လိုက်ကြတာပါပဲ။ဘာပဲ ဖြစ်နေဖြစ်နေပါ ကိုယ့်ရဲ့ နေ့တိုင်းလုပ်နေကြ ကံသုံးပါလုံး ကောင်းနေမယ် ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်ဘူးဆိုရင် နေ့သစ်တွေ ဖြစ်နေပြီး အချိန်သစ်တွေမှာ ကိုယ်ဟာ မင်္ဂလာရှိတဲ့လူသားတစ်ယောက်ဖြစ်လာမှာသေချာပါတယ်။
ဒီလိုမှ မဟုတ်ဘူးဆိုရင် ကျုပ်တို့တွေ ဘယ်လောက်ပဲ သစ်သစ် အဟောင်းတွေကိုပဲ မျှော်တလင့်လင့် ဖြစ်နေကြမှာပါ။လောက ရဲ့ သဘောကိုက အားလုံးကို တန်းတူ ရည်တူ အခွင့်အရေးပေးပြီးသားပါ။ယူတာ မယူတာက ကိုယ့်အပေါ်မှာမူတည်ပါတယ်။အရာရာလုပ်သမျှ ကံကိုချည်းပဲ ပုံချနေလို့ မရပါဘူး။နှစ်သစ်သည် ဖြစ်စေ နှစ်ဟောင်းသည်ဖြစ်စေ ကျုပ်တို့တွေ လုပ်စရာရှိတာကို မလျှော့သောဇွဲနဲ့ ပြီးဆုံးသည်အထိ လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။အသေးအဖွဲ ကိစ္စလေးတွေအတွက် သိပ်ပြီးထည့်စဉ်းစားနေရင် သိပ်ပြီး မဟုတ်တော့ဘူး။ဒါက တစ်ဖတ်က ပါ။နောက်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း များထဲမှာ ကြားဖူးပါတယ်။ခြင်္သေ့မင်းတို့မည်သည်မှာ သားကောင်းငယ်တာ ကြီးတာကို ပဓာန မထားဘဲ စွမ်းအား အညီအမျှသုံးပြီး ပြုလေ့ရှိတယ်လို့ ဆိုပါတယ်။ဒါလေးက မပြောပ လောက်ပါဘူးကွာဆိုပြီး လုပ်တက်တဲ့ အကျင့် ကျုပ်တို့မှာရှိပါတယ်။ဒါဟာ မဖြစ်သင့်ပါဘူး။ဆန့်ကျင်ဘက်အတွေးများကို ကျုပ်တို့ မေ့ထားလို့မရပါဘူး။ဒါငါနဲ့ မဆိုင်ပါဘူးကွာဆိုပြီး လုပ်နေရင် ငါဟာလည်း ဘယ်သူနဲ့မှ ဆိုင်မှာ မဟုတ်တော့ပါဘူး။သေတော့မှ သေပေါ့ မသေခင်မှာ ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ကူးလေးတွေထားပြီး.......ဟုတ်ကဲ့ နှစ်သစ်မှာ အယူအဆသစ် ၊ ပုံစံ အသစ် ၊ မိတ်သစ်များနဲ့ ပျော်ရွှင်သော အနာဂတ်များဖန်တီးနိုင်ကြပါစေ
Labels:
ကိုယ့်အတွေး
Thursday, 22 October 2009
ညီမဖတ်ဖို့ (၁)

အခြေအနေအရ တဲ့ ညီမ
ဘယ်လို လုပ်ကြမလဲ..........။
လူတွေ ရဲ့ တန်ဖိုး နည်းပညာရဲ့ တန်ဖိုး
နောက်ဆုံး ကိုယ့်ရဲ့တန်ဖိုး
ဘာတွေလဲ ဘယ်လိုတွေလဲ ဘာအတွက်လဲ။
အချစ်ဆိုတာကို ညီမ တကယ်ရောနားလည်ရဲ့လား
ကိုယ်တိုင်ရော နားလည်ရဲ့လား
ကိုယ်တိုင်မေးခွန်းထုပ်
အရှုပ်များနဲ့သာ အလုပ်များနဲ့သာ
ညတွေကို နှုတ်ဆက်ခဲ့ရ။
ဘယ်လို ပကာသနမှ မပါတဲ့အရာတွေကို မှ
ချစ်တက်ခဲ့လေတော့
နားလည်မှုဆိုတာ ကိုယ်တို့ကြားမှာ ပါးပါးလေး။
နုညံ့တဲ့ အရာတွေရယ်ပါတဲ့
ဘယ်လိုပြောကြမလဲ
ဘာတွေ လုပ်ကြမလဲ
ဘယ်အတွက်လဲ မေးခွန်းများသာ
အလျားလိုက်ထွက်လာ
တစ်ဆစ်စာလောက် အခွင့်အရေးအတွက်
ဘယ်မှာလဲ ကျုပ်တို့ရဲ့ အနံ
ဘယ်မှာလဲ ကျုပ်တို့ရဲ့ ရှင်သန်မှု။
လူပီသဖို့အတွက် လူတွေကို ဗဟိုရ်ပြု
အနတ္တကြီးစိုးရေးအတွက် အတ္တကို ဗဟိုရ်ပြု
ငြိမ်းချမ်းရေးအတွက် စစ်ရေးကို ဗဟိုရ်ပြု
အားလုံးလွဲနေရင် ကျုပ်လဲ လွဲကြည့်ချင်တယ်။
ခဏလောက်ဖြစ်ဖြစ် အကြာကြီးဖြစ်ဖြစ်
ညီမလေးရဲ့ အနားမှာ တိတ်တိတ်လေး နေကြည့်မယ်။
ဘဝဆိုတာ အလှကြည့်နေဖို့မှ မဟုတ်တာ။
တစ်ခုတည်းရှိတဲ့ အကောင်းဆုံးဆိုတာ
ခင်ဗျားကိုယ်တိုင်မကောင်းသေးရင်
မမျှော်လင့်ပါနဲ့ ။
တန်ရာ တန်ရာတော့ ရမှာပေါ့ မဟုတ်ဘူးလား ညီမရယ်.....။
ကိုယ်စိတ်တိုင်းကျ မရေွးချယ်သေးခင်
ကိုယ့်ဖာသာကို သဟဇာတဖြစ်အောင် လုပ်ကြတာပေါ့။
မီးလျှံ နဲ့ ပဲ နှိုင်းယှဉ် နှိုင်းယှဉ်
ရေအယဉ် နဲ့ ပဲ ယှဉ်ယှဉ်
ဘဝမှန်ရင် အမြဲ စီးမျောနေဖို့ လိုအပ်ပါတယ်။
ပုံမှန် စီးမျောမှုက သွေဖယ်သွားတဲ့ အရာတိုင်း
ပုံမှန်မဟုတ်တာ သေချာရင်
သေချာပြီ ညီမ.....။
ကိုယ်တို့လည်း တစ်ခုခုကို ဗဟိုရ်ပြု
ခရီးဆက်ကြစို့ ရဲ့.....။
Labels:
ကိုယ့်အတွေး
Thursday, 17 September 2009
ကိုယ်တိုင်ရွေးတဲ့လမ်း

(၁)
မလျှောက်လှမ်းချင်ခဲ့ဘူး
တကယ်ပြောတာ ကျုပ် စိတ်ထဲမှာ
မရေရာတဲ့ မသေချာတဲ့ခြေရာတွေကို
မလွမ်းနိုင်လို့ပါ။
ကမ်းခြေမှာ ထားခဲ့မိလို့လား
ဒါမှမဟုတ် ရင်......
တလိမ့်လိမ့်တက်လာတဲ့ လှိုင်းတွေကြောင့်လား။
သဲမှုံလေးတွေ ကျုပ်လက်ကြားက သဲမှုံလေးတွေမှာ
တကယ်အပြစ်မရှိကြပါဘူး။
ကျုပ်အပေါ်မှာ ငြိကပ်မှုမရှိခဲ့ရင်
တစ်စုံတစ်ယောက်အပေါ်မှာ ရှိမှာပါ။
ရှိခဲ့ဘူးတဲ့ ကျုပ်မမြင်ရတဲ့ စီးဆင်းမှုကို
ကျုပ်မလိုချင်ဘူး။
(၂)
ဘဝဆိုတာ ဘာမှမဟုတ်မှန်းကျုပ်သိတယ်။
ဒါပေမယ့် ကျုပ်ရဲ့ ကျန်ခဲ့တဲ့ ခြေရာတွေအတွက်
တစ်ခုခုတော့ ပြောခဲ့ချင်တယ်။
ပင်လယ်ကို ချစ်ခဲ့မိသူအတွက်
ကျန်တဲ့အပိုင်း အစလောက်တော့
ကောင်းကောင်းကြီးသိတာပေါ့။
သဘာဝတရားရယ်.......
ဘာလို့ ကျုပ်ကို ဟန်ဆောင်ခဲ့တာလဲ။
(၃)
ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းအတွက်
ကိုယ်တိုင်ကြေနပ်မှုရှိပါတယ်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
ကျုပ်မမှုပါဘူး။
မဖြစ်စလောက် အမာရွက်လေးအတွက်
ဘာလို့ ပင်လယ်ရေနဲ့ဆေးချင်ရတာပါလိမ့်။
ကျုပ်ကိုယ်တိုင် ကျုပ်ရဲ့ကိုယ်တိုင်ပုံတူရေးဆွဲချင်ခဲ့တာဆိုတာ
အချိန်တန်ရင် သူကိုယ်တိုင်သိပါစေ။
ကဲ ဆက်ပြီးလျှောက်ကြမယ်။
မသေမချင်း ဘာမဆိုဖြစ်ခွင့်ရှိတယ်။
ယုံတမ်းစကားတွေ မပြောတက်ဘူး။
မပြောတက်တဲ့ စကားအတွက် မယုံရင်လဲ
ဟိုး.......ရှေးရှေးတုန်းက လို့ပဲ ..............
ဟိုး.......ရှေးရှေးတုန်းက လို့ပဲ......................။
မလျှောက်လှမ်းချင်ခဲ့ဘူး
တကယ်ပြောတာ ကျုပ် စိတ်ထဲမှာ
မရေရာတဲ့ မသေချာတဲ့ခြေရာတွေကို
မလွမ်းနိုင်လို့ပါ။
ကမ်းခြေမှာ ထားခဲ့မိလို့လား
ဒါမှမဟုတ် ရင်......
တလိမ့်လိမ့်တက်လာတဲ့ လှိုင်းတွေကြောင့်လား။
သဲမှုံလေးတွေ ကျုပ်လက်ကြားက သဲမှုံလေးတွေမှာ
တကယ်အပြစ်မရှိကြပါဘူး။
ကျုပ်အပေါ်မှာ ငြိကပ်မှုမရှိခဲ့ရင်
တစ်စုံတစ်ယောက်အပေါ်မှာ ရှိမှာပါ။
ရှိခဲ့ဘူးတဲ့ ကျုပ်မမြင်ရတဲ့ စီးဆင်းမှုကို
ကျုပ်မလိုချင်ဘူး။
(၂)
ဘဝဆိုတာ ဘာမှမဟုတ်မှန်းကျုပ်သိတယ်။
ဒါပေမယ့် ကျုပ်ရဲ့ ကျန်ခဲ့တဲ့ ခြေရာတွေအတွက်
တစ်ခုခုတော့ ပြောခဲ့ချင်တယ်။
ပင်လယ်ကို ချစ်ခဲ့မိသူအတွက်
ကျန်တဲ့အပိုင်း အစလောက်တော့
ကောင်းကောင်းကြီးသိတာပေါ့။
သဘာဝတရားရယ်.......
ဘာလို့ ကျုပ်ကို ဟန်ဆောင်ခဲ့တာလဲ။
(၃)
ကိုယ်တိုင်ရွေးခဲ့တဲ့လမ်းအတွက်
ကိုယ်တိုင်ကြေနပ်မှုရှိပါတယ်။
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
ကျုပ်မမှုပါဘူး။
မဖြစ်စလောက် အမာရွက်လေးအတွက်
ဘာလို့ ပင်လယ်ရေနဲ့ဆေးချင်ရတာပါလိမ့်။
ကျုပ်ကိုယ်တိုင် ကျုပ်ရဲ့ကိုယ်တိုင်ပုံတူရေးဆွဲချင်ခဲ့တာဆိုတာ
အချိန်တန်ရင် သူကိုယ်တိုင်သိပါစေ။
ကဲ ဆက်ပြီးလျှောက်ကြမယ်။
မသေမချင်း ဘာမဆိုဖြစ်ခွင့်ရှိတယ်။
ယုံတမ်းစကားတွေ မပြောတက်ဘူး။
မပြောတက်တဲ့ စကားအတွက် မယုံရင်လဲ
ဟိုး.......ရှေးရှေးတုန်းက လို့ပဲ ..............
ဟိုး.......ရှေးရှေးတုန်းက လို့ပဲ......................။
Labels:
ကိုယ့်အတွေး
Tuesday, 8 September 2009
ခေါ်လို့မရတဲ့ အသံ
ဒီနေ့ ဘာဖြစ်နေမှန်းမသိဘူး။ဘာလုပ်လုပ် ဘာတွေးတွေး ဘာရေးရေး ဘာဖြစ်နေမှန်းကိုမသိတာ ။
ဘယ်သူ့ကို အပြစ်ဖို့ရမှန်းမသိဘူး။ဘယ်သူ့ကို ရန်စရမှန်းလဲ မသိဘူး။ဘယ်သူ့အပြစ်ကိုမှ မပြောချင်သလို
ဘယ်သူ့ ကောင်းကြောင်းကိုမှ လည်း စိတ်မဝင်စားဖြစ်ဘူး။ အပြစ်နဲ့ ဂုဏ် ဂုဏ် နဲ့ အပြစ်ဘာကိုမှလဲ မစီဆစ်ချင်
တော့ဘူး။ဘာမှ မသေချာတဲ့ အခြေအနေမှာ ကျုပ်တို့က စိတ်ကူးယဉ်ပြီးရူးချင်နေကြတယ် တဲ့။
ည ကအိပ်မက်ထဲမှာ မဟုတ်တာရော ဟုတ်တာတွေပါ မက်နေတာ ကောင်မလေး နဲ့ ဆိုင်တယ်။ လူ့ ဘဝရဲ့
သုံးပုံ တစ်ပုံမှာ ကျုပ်ယှဉ်သန်ခဲ့ပြီးပြီ။နေမြင့်လေ အရူးရင်လေ လို့ ပြောရအောင်ကလဲ မိုးတိမ်တွေ နဲ့ပြည့်နှပ်
မိုးမရွာသေးပေမယ့် မိုးအုန့်နေတယ်။ မိုးမထစ်ချုန်းပေမယ့် လျှပ်စီးလပ်နေတယ်။ဝုန်း ဒိုင်း ဆိုပြီးဝင်ရောက်မလာ
သေးခင် ကျုပ်တို့ တစ်ခုခု ဆုံးဖြတ်မှ ရမယ် ။ဘာကိုမှ မကြားချင်တော့သလို ဘာကိုမှ မပြောချင်ဘူး။အားလုံးပြီးဆုံးသွားချင်းအတွက် ကိုယ့်ကိုကိုယ်မြေကြီးထဲမှာ စီးဝင်ရအုံးမယ်။ပင်လယ်ကို တူးပြီး
မထုတ်နိုင်သေးတဲ့ ရတနာများအတွက် ကျုပ်တို့အများကြီးရှာဖွေရအုံးမယ်။
တကယ့်သဘာဝရဲ့အရင်းအမြစ်တွေကို ရှာဖွေရအုံးမယ်။
ရွာပြန်ပြီး လူတွေနဲ့ စကားပြောရအုံးမယ်။ သက်သာရာ သက်သာကြောင်းတွေ ရှာဖွေရအုံးမယ်။
ကျုပ်တို့ ရွာသူ ရွာသားတွေ အတွက်ပါ။ ဘာကိုမှ တန်ဖိုးမထားချင်ဘူး (တစ်ခါ တစ်ရံရယ်ပါ)။
အမြဲတမ်း တန်ဖိုးရှိနေတဲ့ အရာဆိုတာ ဘာဖြစ်မလဲ။ အမြဲတမ်း တန်ဖိုးမဲ့နေတာက ရော။
တွေးကြည့်မိတာပါ။ ပင်လယ်ကို အော်ဆဲပြီး ရန်စ ရမလား။ကောင်းကင်ကို ရေပတ်ပြီး ရန်စ ရမလား။
တိုက်နေတဲ့ လေကို တစ်ဝကြီး ရှူရှိုက်ပြီး တအား အော် ပစ်ချင်တဲ့ အသံက ထွက်မလာဘူး။
ဘယ်လိုမှ ကို ခေါ်လို့ အော်လို့ မရတဲ့ အသံလေး ရယ်ပါ။
ဘယ်သူ့ကို အပြစ်ဖို့ရမှန်းမသိဘူး။ဘယ်သူ့ကို ရန်စရမှန်းလဲ မသိဘူး။ဘယ်သူ့အပြစ်ကိုမှ မပြောချင်သလို
ဘယ်သူ့ ကောင်းကြောင်းကိုမှ လည်း စိတ်မဝင်စားဖြစ်ဘူး။ အပြစ်နဲ့ ဂုဏ် ဂုဏ် နဲ့ အပြစ်ဘာကိုမှလဲ မစီဆစ်ချင်
တော့ဘူး။ဘာမှ မသေချာတဲ့ အခြေအနေမှာ ကျုပ်တို့က စိတ်ကူးယဉ်ပြီးရူးချင်နေကြတယ် တဲ့။
ည ကအိပ်မက်ထဲမှာ မဟုတ်တာရော ဟုတ်တာတွေပါ မက်နေတာ ကောင်မလေး နဲ့ ဆိုင်တယ်။ လူ့ ဘဝရဲ့
သုံးပုံ တစ်ပုံမှာ ကျုပ်ယှဉ်သန်ခဲ့ပြီးပြီ။နေမြင့်လေ အရူးရင်လေ လို့ ပြောရအောင်ကလဲ မိုးတိမ်တွေ နဲ့ပြည့်နှပ်
မိုးမရွာသေးပေမယ့် မိုးအုန့်နေတယ်။ မိုးမထစ်ချုန်းပေမယ့် လျှပ်စီးလပ်နေတယ်။ဝုန်း ဒိုင်း ဆိုပြီးဝင်ရောက်မလာ
သေးခင် ကျုပ်တို့ တစ်ခုခု ဆုံးဖြတ်မှ ရမယ် ။ဘာကိုမှ မကြားချင်တော့သလို ဘာကိုမှ မပြောချင်ဘူး။အားလုံးပြီးဆုံးသွားချင်းအတွက် ကိုယ့်ကိုကိုယ်မြေကြီးထဲမှာ စီးဝင်ရအုံးမယ်။ပင်လယ်ကို တူးပြီး
မထုတ်နိုင်သေးတဲ့ ရတနာများအတွက် ကျုပ်တို့အများကြီးရှာဖွေရအုံးမယ်။
တကယ့်သဘာဝရဲ့အရင်းအမြစ်တွေကို ရှာဖွေရအုံးမယ်။
ရွာပြန်ပြီး လူတွေနဲ့ စကားပြောရအုံးမယ်။ သက်သာရာ သက်သာကြောင်းတွေ ရှာဖွေရအုံးမယ်။
ကျုပ်တို့ ရွာသူ ရွာသားတွေ အတွက်ပါ။ ဘာကိုမှ တန်ဖိုးမထားချင်ဘူး (တစ်ခါ တစ်ရံရယ်ပါ)။
အမြဲတမ်း တန်ဖိုးရှိနေတဲ့ အရာဆိုတာ ဘာဖြစ်မလဲ။ အမြဲတမ်း တန်ဖိုးမဲ့နေတာက ရော။
တွေးကြည့်မိတာပါ။ ပင်လယ်ကို အော်ဆဲပြီး ရန်စ ရမလား။ကောင်းကင်ကို ရေပတ်ပြီး ရန်စ ရမလား။
တိုက်နေတဲ့ လေကို တစ်ဝကြီး ရှူရှိုက်ပြီး တအား အော် ပစ်ချင်တဲ့ အသံက ထွက်မလာဘူး။
ဘယ်လိုမှ ကို ခေါ်လို့ အော်လို့ မရတဲ့ အသံလေး ရယ်ပါ။
Labels:
ကိုယ့်အတွေး
Monday, 3 August 2009
အချိန်နှင့်အမျှ ပြောင်းလဲခြင်း

ဟုတ်ကဲ့။လူရယ်လို့ဖြစ်လာခဲ့ပြီးပြီပဲ။ပြောင်းလဲခြင်းကို ကျုပ်တို့လက်သင့်ခံရမှာပေါ့။အသက် (၂၀)လောက်က နောင်တော် အသင်္ခယာသျှင်ထွေး မိန့်ကြားဘူးတယ်။အသက် ၁၀ နှစ်လောက်က တွေးခဲ့ ရေးခဲ့တဲ့ အရာများ အသက် (၂၀) လောက်ရောက်ရင် ဘာမှမဟုတ်သလို ရီစရာကောင်းတယ်တဲ့။အသက် (၂၀) လောက်က ရေးခဲ့ တွေးခဲ့တဲ့ သဘောတရား အသက် (၃၀)လောက်ပြန်ရင်လဲ မဟုတ်တက်ပြန်သလို ဘယ်လိုမှန်းမသိဘူးတဲ့ ။နေ့စဉ်စာရေးခဲ့ဘူးတဲ့အကျင့် နေ့စဉ်မှတ်တမ်းရေးခဲ့တဲ့အကျင့်ကို ပိုပြီး တန်ဖိုးထားတက်လာတယ်။ဘယ်နေ ရာရောက်ရောက် အများအားဖြင့်တော့ ရေးခဲ့တာပါပဲ။ဟုတ်တယ်။နောင်တော်ကြီးပြောတာ မှန်တယ်။ကျုပ်ငယ် ငယ်ကရေးခဲ့တဲ့ စာတို စာစ တစ်ချို့ ပြန်လည်ဖတ်ကြည့်တော့ ကိုယ်နဲ့ ဘာမှမဆိုင်သလိုပဲ နောက်ပြီး ရီချင်စရာ သဘောသက်ရောက်လာတယ်။လူတွေ ဟာ အတိတ်က ဆင်းရဲခံခဲ့ရတာတွေကို အသက်အရွယ်ကြီးလာတော့ ရီစရာအဖြစ်နဲ့ ပြန်လည်ပြောပြတက်ပါတယ်။ကျုပ်တို့ အရွယ်ရောက်လို့ စစ်ကိုင်းတောင်ပေါ်မှာ ည ည ဘုရား စောင့်ကြတော့အမေရဲ့ အကိုတော်စပ်သူ ဦးကြီးဘညွန့် က ပြောပြဘူးတယ်။သူတို့ ဂျပန်အုပ်ချုပ်စဉ်က တွေ ကြုံခဲ့တဲ့ အတွေ့အကြုံများပေါ့။ပြောလဲ ပြောတယ်။နောက်ပြောပြီးရင် ပြောသေးတယ် အောင်မလေး အဲဒီတုန်းကများ ရီစရာကြီး ဆိုတဲ့ စကားအမြဲပါတယ်။ကျုပ်က သူပြောတာ နားထောင်ရင် စဉ်းစားမိတာပါ။ အော် သူတို့တကယ်ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန် ဘယ်ကလာရီနိုင်မလဲ။ကိုယ့်အသက်ကို မသေအောင် မနဲလုပြေးလွှားနေရတာ။တကယ်လဲ လွန်မြောက်လာရော ဆင်းရဲဒုက္ခ ရောက်တဲ့ အချိန်တုန်းက အဖြစ်ပျက်တွေက ရီစရာဖြစ်ကုန်ရော။ကျုပ်တို့လို ဘုမသိ ဘမသိ ကလေးတွေအတွက် ရီးစရာပုံပြင်တစ်ပုဒ်လို့ သူစိတ်ထဲမယ် ထင်လို့လားမသိပါ။ဦးကြီးရဲ့ စိတ်သဘောကိုတော့ ဦးကြီးပဲ သိပါလိမ့်။မိမိကိုယ့်မိမိလဲ ပြန်လည်တွေးကြည့်မိပါတယ်။ငယ်ငယ် အခက်ခဲကြုံလာခဲ့တဲ့ အကြောင်းအရာများစွာပြန်လည်စဉ်းစားကြည့် ပြန်တော့ ဟုတ်တယ်။ဦးကြီးပြောသလိုပါပဲ။အခု အဆင်ပြေနေလို့လား ဆိုတော့ မပြေလည်ပါ။ဒါကြောင့် နောင်တော်ကြီးပြောခဲ့ဘူးတဲ့ စာရေးခြင်း မိမိအတွေးများကို မှတ်တမ်းတင်ခြင်းဆိုသောအလုပ်ကို တန်ဖိုးထား ခဲ့မိပါတယ်။ယနေ့ထိပါပဲ။ဆရာမြသန်းတင့် ရဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ဘာသာပြန်စာအုပ် ဖတ်ခဲ့စဉ်က လဲ အဲဒီအတွေးမျိုးဝင်ခဲ့ပါတယ်။အရာရာ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ကျုပ်တို့အတွေးတွေ အယူအဆတွေ ငယ်ငယ်တုန်းက တွေးခဲ့တဲ့ အတိုင်းပဲ ဆိုရင်တော့ သိပ်မဟုတ်သေးတာ သေချာတယ်။အချိန်နှင့် တပြေးညီ ပြောင်းလဲ ပြီး တိုးတက်နေရမယ်။အသက်သာ ကြီးသွားတယ် ကိုယ်ပိုင်အတွေးအခေါ်အယူအဆတွေက ဒီအတိုင်းပဲဆိုရင် တော့ အသက်ကြီးလာခြင်းဟာ ဘာမှမဟုတ်နိုင်။ ကျုပ်တို့တွေ ရဲ့ကိုယ်ပိုင်ဘဝ အတွေ့မကြုံများကို ကျုပ်တို့သိတဲ့အသိနဲ့မျှတ အောင်အသုံးချနိုင်မယ်ဆိုရင် အသက်ကြီးလာလေလေ အဓိပါယ် ရှိလာလေလေဖြစ်မယ်ဆိုတာ ပြောရင် အချိန်နှင့်အမျှပြောင်းလဲခြင်းကို ကျုပ် ဖွင့်အန်လိုက်ပါတယ်။အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ ။ နေရု (ရေခါး)
Labels:
ကိုယ့်အတွေး