မင်္ဂလာပါ......

Monday 31 August 2009

ညီမကို ပြောဖြစ်တဲ့ ညအကြောင်း


(၁)
တိုက်ဆိုင်မှုဆိုတာကို ကြုံဖူးသလား။တစ်ခါ နှစ်ခါ သုံးခါ လောက်ထိပေါ့။အင်း..............ကြုံဖူးတယ်လို့ ပြောကြမှာတွေချည်းပါပဲ။ဘာလို့လဲတော့ မသိဘူး။အဲဒါ ခဏ ခဏ ကြုံရတယ်။ထပ်ခါ ထပ်ခါ ကြုံရတယ်။ ကံကြမ္မာ ရဲ့ ဆန်းကြယ်မှုလို့ ပြောရလောက်အောင်လဲ ကျုပ်တို့က ကံတရာကို အမှီပြုပြီးအသက်မွေး ဝမ်းကျောင်းပြုနေကြတာမဟုတ်။ကံဆိုတာ စေတနာ ပဲဆိုတဲ့ အယူအဆအရ အရာရာကို စေတနာထားပြီး လုပ်နေကြတာလဲ မဟုတ်။ကျုပ်ကိုယ်တိုင် ကြုံခဲ့တဲ့ အဲဒီလမ်းခရီးအသွားက တောင်တန်းညကို တကယ်ကို ရင်ခုန်ခဲ့တာပါ။ဘယ်လောက်ထိ ခုန်ခဲ့တာလဲဆိုရင် လမ်းဘေး ပြုတ်ကျလောက်သည်ထိကို ခုန်ခဲ့တာပါ။ ဘာပြုတ်ကျသလဲတော့ မတွေးနဲ့ မမေးနဲ့။ ည အကြောင်းပြောနေတော့ ညတွေပဲ ပြုတ်ကျမှာပေါ့။ နော့ ကွာ။ ကျုပ်ညီမကို ပဲ ပြောတာပါ။အဲဒီည လေးရဲ့အကြောင်းကို သူငယ်ချင်းတွေ ပဲ သိတယ်။ စခဲ့မိတဲ့ ဇာတ်လမ်း ကခဲ့မိတဲ့ အခမ်း ပြခဲ့မိတဲ့ မေတ္တာတရား စီးဆင်းခဲ့မိတဲ့ လှေငယ်တစ်စင်း လှော်ခပ်မိတဲ့ တက်သွား လွှင့်ခဲ့မိတဲ့ ရွက်များ အော် ငါ့ရဲ့ ညများ ညီမကို ပြောခဲ့တဲ့ ညများ.......။
(၂)
အဲဒီ ညမှာ အင်တာနက်မရှိဘူး။ကွန်ပြူတာ မရှိဘူး။ လျှပ်စစ်မရှိဘူး။ မြို့ပြဆန်မှုတွေ မရှိဘူး။ သံစုံ တီးဝိုင်းတွေ မရှိဘူး။လူတွေ ကြိုက်တက်တဲ့ လူတွေမရှိဘူး။ ရနံ့ဆိုးဆိုး ဝါးဝါးတွေမရှိဘူး။ကောက်ကျစ်တဲ့ မြေခွေးတွေမရှိဘူး။ သိုးမဲတွေ မရှိဘူး။ အမှန်တရားကို ရှာဖွေတဲ့ သူတော်စင်တွေ မရှိဘူး။သမိုင်းကို ထုတ်ဖေါ်တဲ့ သုတေသနသမားတွေ နားခိုမနေဘူး။အနာတွေကို လိုက်ပြီး ကုတ်ဖဲ့တက်တဲ့ လူမိုက်တွေ မရှိဘူး။ဘဝကို အသာလေး ရေစုန်မျှောလိုက်မဲ့သူတွေ ရေသာခိုသမားတွေ မရှိဘူး။ လမ်းဘေးမှာ တောင်းရမ်းစားသောက်နေတဲ့ သူတောင်းစားတွေမရှိဘူး။မှုံဝါးဝါး လေးသာမြင်ရတဲ့ လမင်းလေးကို လိုက်ပြီးခိုကြည့်တက်တဲ့ ကောင်းလေးတွေ ရှိတယ်။ တိမ်ဖုံးမည့်အန္တရာယ်မရှိပဲ လမင်းက ဘာလို့ ကြောက်နေရပါလိမ့်။မိုးကလည်း လုံးဝမရွာနိုင်ဘူး။ အမြဲတမ်း နှင်းကျနေတယ်လေ။တောကြီး မျက်မဲ တကယ်ကို တောကြီးပါပဲ။တိတ်ဆိတ်မှုကို သူကြောက်နေတာ ဖြစ်မယ်။ အစဉ်အလာရဲ့ သားကောင်တွေလို့ ယူဆထားတဲ့ တာဝန်သမားများ တစ်ယောက်ကို တစ်ယောက်မျက်စိ မှိတ်အချက်ပေးကြပြီ။သိပ်ပြီး လှပလွန်းတဲ့ ညကိုမှ သူတို့က ဖျက်ဆီးချင်သတဲ့လေ။ လခမျှာ လမင်းလေးခမျှာ သနားစရာ တကယ်ကို သနားစရာ။ အဲဒီည တုန်းက လမင်းလေးကို ပြောပါတယ်။ကျုပ်နဲ့ တွေ့တုန်းက လမင်းလေးကို ပြောပါတယ်။ တကယ်ဆိုရင် အဲဒီ ညမှာပဲ ကျုပ်မျက်ရည်ကျရမှာ ပါ။ နှင်းတွေကို အားနာလို့ မငိုခဲ့ရဘူး။တကယ့်ကို ဒီဇင်ဘာ လလေးမှာပါ။ အဲဒီ လ နဲ့ အဲဒီ ည တကယ်လိုက်ဖတ်တယ်။အဲဒီ ညကို အခုပြေးပြီးတွေ့လိုက်ချင်တယ်။ သိပ်လှလို့ သိပ်ပြီး လှလွန်းလို့ပါ။
(၃)
လေတစ်ချက် အဝှေ့မှာဆိုရင် ညရဲ့ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလာတယ်။တော တောင် ကြေးငှတ်သာရကာ နန်ပုတ်ချောင်းက ရေစီးသံ တဝေါဝေါ နဲ့ ညထဲမှာ လမင်းလေးရော ကျုပ်တို့ပါ အတွေးကိုယ်စီ နဲ့ ရွက်လွှင့်နေကြတယ်။ကိုယ့်အတွေး နဲ့ ကိုယ့်မို့ပါ။အသာလေး ဖွဖွလေးပဲ လွှင့်နေပါရစေ။ မိုးတိမ်တွေ ငြို့လာလို့ထင်တယ် လမင်းလေး ခိုက်ခိုက်တုန် ချမ်းနေမည်။ အဲဒီညလေး လဲ သွေးခဲမတက်အေးနေမည်။တစ်ယောက်ကို တစ်ယောက် ည နဲ့ လမင်း ကျစ်နေအောင် ဖတ်ထားကြတယ်။ဘာသံမှ မထွက်ဘူး။ကြယ်တာရာတွေ သိရင် ငိုကြွေကြလိမ့်မယ် တဲ့။ကြည့်စမ်း ဘယ်လောက် လှသလဲ။ကြယ်ကြွေ ညကို ကျုပ်မစောင့်ဖြစ်တာ ကြာခဲ့ပါပြီ။အယုံအကြည်မရှိတာလဲ ပါတာပေါ့။ တောကောင်တွေ ဟောက်သံ ဟိန်းသံ တွေကြားမှာ တစ်ယောက်ကို တစ်ယောက်ဖတ်ထားလိုက်ကြတာ ခင်ဗျားတွေ့ရင် လန့်သွားမယ်။မနက်ဖန် နေမထွက်ပါတဲ့။ကြေငြာသံ အပြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ညထဲကို ကျုပ်တို့ ပြေးဝင်လိုက်ကြတယ်။အဲဒီ ညအကြောင်းရယ်ပါ။နောက်ပြီး တစ်စုံတစ်ယောက်က နားထောင်ချင်တယ်ဆိုလို့ ပြန်လည်ပြီး ခံစားကြည့်တာပါ။ မှတ်မှတ် ရရ ညလေးပါပဲ။အဲဒီညတုန်းက သူမက ပြောခဲ့သေးတယ်။တောခြောက်တဲ့ အသံတွေ အရသာတွေက ချစ်စရာကောင်းတယ်တဲ့ အော် တကယ့် ည တကယ့် ည ပါလား။ ည ရဲ့လျှို့ဝှက်ချက်ထဲက ထမင်းသိုး ဟင်းသိုးတွေ အကြောင်း ညီမလေးကို ပြောပြရအုံးမယ်။

0 comments:

Post a Comment