Showing posts with label တကယ့် ခဏများ... Show all posts
Showing posts with label တကယ့် ခဏများ... Show all posts
Sunday, 25 October 2009
သတိတရ များ (၁)
အတိတ်ကို ပြန်လည်ကြည့်ပြန်တော့ ခြေရာဖွဖွလေးများ အမှတ်မရနိုင်တဲ့ အနမ်းများ လူတွေရဲ့ တရားမပါတဲ့ အတွေများ မပြောင်းလဲသေးတဲ့ ပြောင်းလဲမှုများ တကယ်ဆိုရင် ဒီလို မဟုတ်ပြန်ဘူး။ ဖြစ်ချင်တာ နဲ့ဖြစ်သင့်တာ နေရာလွဲနေတော့ လူအတော်တော်များဖြစ်ကြ ပျက်ကြ။လွဲချင်ပြီဆိုမှဖြင့်ဘယ်လောက်ကြာအောင်စောင့်စောင့် လွဲနေမှာ ပါ။တည့်ချင်ပြီဆိုရင် လဲ ခဏလေးနဲ့တင်တည့်သွားတက်တယ်ဆိုတာ တကယ်ဖြစ်ခဲ့တာပါ။ကံဆိုးချင်းနဲ့ ကံကောင်းချင်းကို သရုပ်မခွဲသေးခင် ကိုယ်တိုင်ကောင်းတာတွေ လုပ်ဖို့လိုအပ်တယ်။သူများတွေ ရဲ့ဆိုးကွက် ဟာကွက်တွေကြည့်နေမယ့်အစား ကောင်းကွက်ကို ရှာဖွေခြင်းအတက်ပညာ ဟာကွက်ကို မေ့ထားတက်ဖို့ဆိုတာ လွယ်တဲ့အရာတော့မဟုတ်ဘူး။စာအုပ်ရဲ့ ကျေးကျွန်မဟုတ်တောင်မှ တစ်ခုခုရဲ့ တစ်ခုခု တော့ ဖြစ်နေမှာပါ။ဒီနေ့ နည်းပညာသည် မနေ့က နည်းပညာထက်သာမည်။ နက်ဖန်နည်းပညာသည် ဒီနေ့နည်းပညာထက်သာမည်။ကဲ ခင်ဗျားက ဘာလုပ်ချင်သေးလို့လဲ။ သိမ်ငယ်တဲ့စိတ်တွေကျုပ်လာမပြောနဲ့။ကြီးကျယ်ခမ်းနားခြင်းတွေကို သိပ်ကြိုက်ပါတယ်ဆိုတဲ့ ခင်ဗျားအတွက် သိပ်ပြီးသိမ်ငယ်ချင်းတွေပဲ ရမယ်ဆိုတာ မှတ်ထားပါ။ဟန်ဆောင်မှုတွေက မိတ်ဆွေအဖြစ်နဲ့ ဝင်လာတက်လို့ သတိထားနေရတယ်။
Labels:
တကယ့် ခဏများ..
Sunday, 11 October 2009
ခဏလေးမှာပါ
အဖြစ်အပျက်က မြန်ဆန်လွန်းတယ် ။ခဏလေးတွေ ဘယ်လောက်ကြာသွားတယ်ဆိုတာကိုတောင် မမှတ်မိလိုက်ဘူး။နောက်ပြီး ကိုယ့်ကိုကိုယ်အသက်ရှူနေမိသလားဆိုတာတောင် မသိလိုက်ဘူး။တကယ်ပါ။အဖြစ်က မြန်ဆန်လွန်းသလို အပျက်က မြန်လွန်းတယ်။အဖြစ် နဲ့ အပျက်များကြား ကျုပ်က အသက်ရှူဖို့ မေ့နေတယ်။ရုတ်တရက် ကားတိုက်မှုတစ်ခုပါ။သီဟိုဠ်ကျွန်းလေးပေါ်မှာဖြစ်တာပါ။ခရီးတစ်ခုက အပြန်မှာ ဖြစ်တာပါ ဖြစ်ပုံက ဒီလိုပါ။သုံးလမ်းသွား ကားလမ်းမ ပေါ်မှာ ကလေးများ အုပ်စု ငါးယောက်ခြောက်ယောက်ခန့်ရှိမယ် ထင်တယ်။အဖြစ်အပျက်ဖြစ်တဲ့ နေရာမှာ မီးပွိုင့်မရှိပါဘူး။နောက်ပြီး လူကူးမျဉ်းကြားမရှိဘူး။ကလေးတွေက တစ်ယောက်ကို တစ်ယောက် လက်ချင်းယှက်နေကြတယ်။တစ်ယောက်ကို တစ်ယောက်လဲ မကူးကြဖို့ တားနေကြတယ်။ကျုပ်တို့ ကားသမားကလည်း ဟွန်းကို အဆက်မပျက်အသံပေးနေပါရဲ့။ဒါပေမယ့် ဖြစ်ချင်တော့ ကလေးတွေ တားနေတဲ့ကြားက ကလေးတစ်ယောက်က ဇွတ်ထွက်လာပါတယ်။ပြီးတော့ ကားနဲ့ ဝင်ပြီးတိုက်တော့တာပါပဲ။တကယ်ပါ ကိုယ်ရှေ့မှာ ဖြစ်တာပါ။လမ်းဘေးမှ ကုလားများ ဝိုင်းအုံပြီးလာကြပါတယ်။ ကားသမားက တည်တည်ငြိမ်ငြိမ်လေးရယ်ပါပဲ။တုန်လှုပ်မှုမရှိပါဘူး။နောက်ပြီး ဘယ်သူ့ကိုမှ ဘာမှ လဲ မပြောပါဘူး။နောက်ပြီး တောင်ပန်မှုတွေ ဘာတွေ လဲ မလုပ်ပါဘူး။ကလေးကို ပွေ့ချီလို့လာပါတယ်။ကားခေါင်းထဲမှာ ဒဏ်ရာရနေတဲ့ ကလေးကို တင်လိုက်ပါတယ်။နောက်ပြီး ..အနီးအနားရှိ လူကြီးတစ်ယောက်ကို ခေါ်ခဲ့ပါတယ်။ဆေးရုံ အနီးဆုံးဆေးရုံကိုသာ အမြန်ဆုံးမောင်းနှင်ပါတော့တယ်။သိပ်ပြီး သင်ခန်းစာ ယူစရာကောင်းပါတယ်။အရေးကြီးလာရင် ငါဘာလုပ်ရမယ်ဆိုတာ သိပ်ပြီးအရေးကြီးပါတယ်။နောက်ပြီး တော်တော် လေး ပေါ့ပေါ့ဆဆ နေခဲ့မိတဲ့ ကိုယ့်အဖြစ်ကို ပြန်ပြီးသတိပေးနေသလိုပါပဲ။ဟုတ်တယ် ခုတစ်လော ဘာဖြစ်နေမှန်းမသိဘူး။ရာသီအလိုက် ရူးသွပ်မှုလို့ပြောရအောင်ကလည်း မဖြစ် ။နွေရာသီဆန်လာတဲ့ နှလုံးသားက တစ်ခုခုကို တောင်းဆိုနေရင် ဘာမှ ထည့်မရဘူး။သေချာတယ်။စာအုပ်တွေ ဖတ်ချင်နေတာ ကြာပေါ့။စိတ်ထွက်ပေါက်တစ်ခုအတွက်စိတ်ကို အဆာကြွေးရမယ်။
ခဏလေး အတွင်းမှာ ဖြစ်သွားတဲ့ ကား နဲ့ လူ တိုက်မှုကိုကြည့်ပြီး အင်း ငါဘာလုပ်သင့်တယ် ဆိုတာ စိတ်ထဲမှာ သဘောပေါက်လိုက်တယ်။လူတိုင်း ဖြစ်နိုင်တယ်။ဘယ်အရာမဆိုပေါ့။ခဏလေးအတွင်းမှာ အရာရာဟာ ရေးကြီးသုတ်ပြာဖြစ်သွားနိုင်တယ်။လူဆန်တဲ့ လူသားဆန်မှုအတွက် ကျုပ်တို့ လူတွေကို ချစ်တက်ရမယ်။အရေးကြီးတဲ့ အချိန်ဆိုတာ သတ်မှတ်ချက်မရှိပါဘူး။ကိုယ့်ရဲ့ ဦးတည်ချက်အပေါ်မှာ ပဲ မူတည်မယ်လို့ထင်တယ်။ကလေးလေး ကားတိုက်ခံရတဲ့ ကလေးလေးဘာမှ မဖြစ်နိုင်ဘူး။မသေနိုင်ဘူး။ဦးဏှောက်ပိုင်းဆိုင်ရာ နဲနဲတော့ ဒဏ်ရာရသွားမယ် ထင်တယ်။စကားတွေ အများကြီးပြောပြီး ငြင်းခုန်မနေကြပါဘူး။ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။တကယ်လဲ အထိရောက်ဆုံးပါ။လူသား အားလုံးသက်ရှိ သတ္တဝါ အားလုံး ဘေး အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။နောက်ပြီး သူများမထိခိုက်ဘဲ ကူညီမှုများစွာပေးနိုင်ပါစေ။ အစဉ်အမြဲ မိမိကိုယ်ကို သတိထားနိုင်ကြပါစေ။ကိုယ်ဖြစ်မှ ကိုယ်နာတယ် မထင်ပါနဲ့။သူများဖြစ်လဲ နာတက်ရတယ် ။ကိုယ်ချင်းစာတရားဆိုတာ ဒါကို ပြောတာပါ။တကယ်လက်တွေဆန်သော အလုပ်များ တကယ်ကူညီမှုပေးနိုင်သော အလုပ်များ နဲ့သာ ပျော်ရွှင်ကြပါစေ။