မင်္ဂလာပါ......

Showing posts with label စိတ်စမ်းချောင်း. Show all posts
Showing posts with label စိတ်စမ်းချောင်း. Show all posts

Thursday, 10 September 2009

စိတ်ဆိုသော စမ်းချောင်း



တစ်
ဘယ်ဝယ်ဘယ်စီကနေပြီး
စီးဆင်းလာခဲ့သည်မသိရသော
ဘယ်ထိအောင်စီဆင်းလိမ့်ဦးမည်မသိရသော
ခု ဘယ်စီသို့ စီးဆင်းနေမည်မသိသော
စိတ်စမ်းချောင်းလေးသို့...........
နှစ်
အမြဲစိမ်းလန်းနေစေချင်ခဲ့ပါတယ်။
အမြဲစီးဆင်းနေစေချင်ခဲ့ပါတယ်။
အမြဲပြောင်းလဲ နေစေချင်ခဲ့ပါတယ်။
အမြဲရှင်သန်နေစေချင်ခဲ့ပါတယ်။
စိတ်ဆိုသော စမ်းချောင်းလေး ရယ်...။
သုံး
စိတ်ဆိုတဲ့ လှေလေးပေါ်မှာ
စိတ်တွေတစ်ခိုကြီး နဲ့ စိတ်မိတ်ဆွေများနဲ့
အာရုံရဲ့ခေါ်ဆောင်ရာ
သူကိုယ်တိုင် ဦးဆောင်မှုရယူရင်း
စိတ်တွေ ကျုပ်တို့စိတ်တွေ ဆက်လက်ပြီး ဆက်လက်ပြီး....
စိမ်းလန်းနေမည်။စီးဆင်းနေမည်။
ပြောင်းလဲ နေမည်။ရှင်သန်နေမည်။
စိတ်ဆိုသော စမ်းချောင်းလေးရဲ့နံဘေး
စိတ်တွေရှိနေမှာပါ။
ကြည့်နေတဲ့ စိတ်တွေအကြား
အာရုံတွေ ဗျာမများသေးခင်
ကဲ စိတ်စမ်းချောင်းလေး နဲ့ အတူ
ကောင်းကင်ကို မကြည့်ပဲဆက်လက်စီးဆင်းကြမယ်။
စိတ်တစ်ခုတည်း ရဲ့ စိတ်တွေကို ထိမ်းသိမ်းကြပ်မက်ကြရင်း
စိတ်ဆိုသော စမ်းချောင်းလေးရဲ့ ခေါ်ဆောင်ရာသို့
အာရုံရှုမျှော်ခင်းတွေနဲ့အကြာကြီးစီးဆင်းကြပါစို့။
မရေတွက်နိုင်အောင် စီးဆင်းကြပါစို့...............။
နေရု (စစ်ကိုင်း)