မင်္ဂလာပါ......

Saturday 5 September 2009

သင်ဘယ်လို လူမျိုးလဲ

လောကမှာ သတ္တဝါလေးမျိုးရှိတယ်။ဘာတွေလဲ ဆိုတော့.....
(၁) ကုန်းပေါ်မှာ သိပ်ပြီးအပြေးသန်တဲ့ အပြေးနိုင်ဆုံး ပြိုင်ဘက်ကင်းဆိုတဲ့ မြင်း။
(၂) ကောင်းကင်မှာ သိပ်ပြီး ပျံဝဲနိုင် ရှာဖွေနိုင်စွန်းရှိတဲ့ ကောင်းကင်ယံထက်က သိန်းငှတ်။
(၃) ရေထဲမှာ လှပ ပိုင်နိုင်စွာ ကြာရှည်နေနိုင်စွမ်းရှိတဲ့ ရေယဉ်ထက်သွားတဲ့ ငါး။
(၄) ကုန်းပေါ်မှာရော ရေထဲမှာရော လေပြင်မှာပင် နဲ နဲစီ ဟိုမဟုတ် ဒီမဟုတ် သိပ်အသုံးမဝင် ပဲများတဲ့ ငန်းဘဲ တို့ဖြစ်ကြတယ်။
ကဲ ဒီတော့ သတ္တဝါ လေးမျိုးတော့ ပေါ်လွင်ပါပြီ။ဟိုနေ့က ရေးစရာ တင်စရာကုန်ကြမ်းတွေက နဲနဲ အလုပ်မလုပ်တော့လို့ သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောရင်း နဲ့ ဆွေးနွေးဖြစ်တယ်။လူတွေ အကြောင်း အရောင်အသွေးတွေ အကြောင်းရယ်ပါ။ကိုယ့်ကိုကိုယ်တောင်မှ မစဉ်းစားဖြစ်တဲ့အရာ စဉ်းစားဖြစ်သွားတယ်။ ငါဘယ်လို မျိုးသတ္တဝါမျိုးဖြစ်နေပြီ လဲ လို့ပါ။အင်း ဒါနဲ့ အပေါ်မှာ ဖေါ်ပြထားတဲ့ လေးမျိုးကို ပြန်ကြည့်ရင် သူ့နေရာနဲ့သူတော့ ဘုရင်တွေချည်းပါပဲ။နောက်ဆုံးဖြစ်တဲ့ ငန်းဘဲကို ပဲ ကျုပ်အားမရတာပါ။ရေထဲမှာလဲ သူကောင်းကောင်းမကျွမ်းကျင် ငါးတစ်ကောင်လောက် မဟုတ်။ကုန်းပေါ်မှာဆိုရင် လဲ မြင်းလောက်မပြောပါ နဲ့ သွားပုံလာပုံတို့က စပြီး အဆင်မပြေတာပါ။လေထဲမှာ ဆိုရင်လဲ သူက ပျံလိုက်သေးတာပါပဲ။သူမတက်တဲ့ နေရာ သူမတက်တဲ့ ပညာဘာမှ မရှိပါဘူး။ဒါပေသိ ဘယ်နေရာမှာမှ သူဟာ Expert မဖြစ်ပါဘူး။
နံပါတ် ၁ ။ဖြစ်တဲ့ မြင်းကိုလဲ ကြည့်လို့ရပါတယ်။မြင်းသတ္တဝါက လည်း သူက ကုန်းပေါ်မှာသာ ဘုရင်တစ်ဆူ လောက် ပိုင်နိုင်စွာ ပြေးနိုင်တာပါ။ရေထဲမှာ ငါးလိုမျိုး စွမ်းရည် မရှိပါဘူး။အဝေးကြီးပါပဲ။ရေထဲရောက်ရင် သူ့အသက် စတေးရတာပါပဲ။သိန်းငှတ်တစ်ကောင်လောက် ကောင်းကင်ကို ပျံတက်နိုင်စွမ်း တောင်ပံတွေလဲ သူ့မှာ မရှိပါဘူး။
နောက်ပြီး ရေထဲမှာ သိပ်ပြီး ဘုရင် လုပ်တဲ့ ငါးကို ကြည့်ပါ။ကုန်းပေါ်ရောက်ရင် သူ့အသက်သေတော့တာပါပဲ။အကြာကြီး မခံပါဘူး။ ကောင်းကင် ယံကို တက်ဖို့ဆိုတာတော့ အဝေးကြီးပါပဲ။ ဒါပေသိ သူတို့ သူကောင်လုံး သူ့နေရာ နဲ့သူတော့တကယ့်ကို Expert ဖြစ်ကြပါတယ်။
လူတွေမှာလဲ ဒီလိုပါပဲ။သူ့နေရာ နဲ့သူ သိပ်ပြီး Expert ဖြစ်တဲ့သူတွေ ရှိကြပါတယ်။ပညာ ရပ်တွေ အများကြီး တက်ထားဖို့မလိုအပ်ပါဘူး။ဒါက လဲ ကိုယ့်ရဲ့ ညာဏ်ရည်ညာဏ်သွေး အပေါ်မှာ မူတည်ပါတယ်။ကိုယ်က လိုက်နိုင်တယ်ဆိုရင် တော့ သိပ်ပြီး တန်ဖိုးကြီးလှပါတယ်။ဒီလိုမှ မဟုတ်ရင်တော့ ကုန်းပေါ်မှာလဲ မဟုတ်
ရေထဲမှာလဲ မစွမ်း ဝေဟင်မှာပါ သုံးမဝင်တဲ့ ဟိုလိုလို ဒီလိုလို ငန်းဘဲ နဲ့တူသွားပါမယ်။
ကဲ ဒီတော့ ကျုပ်တို့တွေ ဘာအတွက် ဘာကိုလုပ်နေကြတာလဲ။တိကျမှုရှိတဲ့ ရည်မှန်းချက် ပန်းတိုင်ဆိုတာ ရှိကို ရှိရပါမယ်။ငယ်စဉ်အခါမှာကတည်းက တစ်ခုတည်းကို တကယ်ဇောက်ချပြီး အမှန်တကယ်ကို ပိုင်နိုင် ဖို့
လိုအပ်ပါတယ်။ငယ်ရွယ်စဉ် အချိန်က အရွယ်မှာ သိပ်ပြီးအရေးကြီးပါတယ်။အမှန်တကယ်တော့ ကျုပ် အသက်ကြီးလာတဲ့ လူမှန်သမျှရဲ့ အသက်က လူငယ်တွေရဲ့ လက်ထဲမှာ ၇ှိတယ်ဆိုတဲ့ ဆရာအောင်သင်း ရဲ့ ဟောပြောပွဲထဲက စာသားတွေလိုသေချာပါတယ်။လူငယ်တွေ မိုက်ရိုင်းသွားရင် လူမိုက်စိတ်ဝင်ပြီး လုပ်ချင်ရာ လုပ်ကြရင် သွားပါပြီ။ ဒါကြောင့် ယဉ်ကျေးမှုရှိဖို့အတွက် အထိန်းအကွပ်ဖြစ်တဲ့ ဘာသာရေးဆိုတာ လိုအပ်လာပါတယ်။ဒါဟာလဲ လိုအပ်သလောက်ပဲ ကောင်းပါတယ်။ အရာရာကို ကြောက်တက်တဲ့စိတ်ဝင်သွားရင်လဲ ကလေးရဲ့ စိတ်ထဲမှာ တွေ့သမျှ မြင်သမျှ ကို မလုပ်ရဲ မကိုင်ရဲ ကြောက်ရွံ့နေတက်ပါတယ်။ ဒါဟာ အစိုးဆုံးသော စိတ်ရဲ့အခြေအနေမှာ ရှိပါတယ်။ စိတ်ကို မြင့်သည်ထက် မြင့်အောင် တက်သည်ထက် တက်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။နိမ့်သည်ထက် နိမ့်အောင် လုပ်ပေး နေကြရင်တော့ဖြင့် ကျုပ်တို့ ခင်ဗျားတို့ အနာဂတ် မစဉ်းစားနေပါနဲ့။ အချိန်ကုန်ပါတယ်။သင်ဘယ်လို လူမျိုးလဲဆိုတဲ့ မေးခွန်းအတွက် ငါဘယ်လိုလူမျိုးဆိုတာကို ဖြေပြီးရင် ကိုယ့်လူမှာ လုပ်စရာအလုပ် ဆုံးဖြတ်ချက် ချစရာတွေ အများကြီးနဲ့ မနက်ဖန်များစွာ အနာဂတ်များစွာကို လက်ခမောင်းခက် စိန်ခေါ်လိုက်ပေတော့ ။ အချိန်မရှိဘူး ကောင်မလေးတို့ ကောင်လေးတို့ ဆိုပြီး လက်တို့လိုက်မယ်။

0 comments:

Post a Comment