မင်္ဂလာပါ......

Friday 25 September 2009

တောင်တန်းပေါ်က တစ်ည


ကျုပ်တို့သူငယ်ချင်းတစ်စု ရွာလေးတစ်ရွာသို့လေ့လာရေးရောက်ရှိသွားတယ်။သူငယ်ချင်းရဲ့ဖိတ်ခေါ်မှုလဲ ပါတာပေါ့။ရွာကိုသွားမယ်ဆိုတာနဲ့အပျိုတော်များနဲ့ အကြိုတော်လွှတ်ရတဲ့ သူ့ဒုက္ခက လဲ မသေးငယ်လှပါ။ မိုးတွေ တစ်ဖွဲဖွဲ လေတွေတဝုန်းဝုန်း ဘယ်ကိုပဲကြည့်ကြည့်တောင်တန်းတွေကိုပဲမြင်နေရတယ်။ တောင်တန်းတွေပေါ်မှာကြည့်ရင်း တောင်တန်းတွေကို ဖျတ်လျှောက်ရတာ ပျော်စရာကောင်းသလို လွမ်းစရာလဲသိပ်ပြီးကောင်းလွန်းတယ်။ဘယ်လွမ်းရမှန်း မသိမှုများနှင့် တော်တော်လေးလွမ်းတက်လာတယ်။ သူတို့မှာရှိတဲ့ ယဉ်ကျေးမှုကို အစွမ်းကုန် ပြသကြတဲ့ ရိုးသားမှုလောက်ချစ်စရာကောင်းတာမရှိဘူး။ ဒါက ပညာမတက်တဲ့ လူတန်းစားတစ်ချို့အတွက်ရယ်ပါ။ကျုပ်တို့တစ်ဖွဲ့ကြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား လမ်းမှာ ဟားတိုက်လို့ ရယ်လိုက်ကြ စ လိုက်ကြ နောက်လိုက်ကြ ပြောင်လိုက်ကြ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။ဘာမှန်းမသိသေးတဲ့ ရိုးရာ ယဉ်ကျေးမှုအတွက် ကျုပ်တို့တွေ ခရီးတစ်ခုမှာ မျှော်တလင့်လင့်လေးပါပဲ။ရောက်တော့မှာ ရောက်တော့မှာဆိုတဲ့ အသံလေးကိုပဲ အင်အားပြု ဂရုထား ကျန်တာ ဘာကိုမှ အမှုမထား ဂရုမထား ။
ဒီအတက်ပြီး ရင် အဆင်းမရှိတော့ပါဘူးဆိုတာ အဲဒီက ရခဲ့တာပါ။ဘဝက ဒီလိုပါပဲ ဘာတက်နိုင်မှာလဲတဲ့ ။ ကျုပ်တို့ကတော့ ကျုပ်တို့စိတ်ထဲရှိတဲ့အတိုင်းပေါ့ ။အင်းလေ သူတို့ကလည်း သူတို့စိတ်ထဲရှိတဲ့အတိုင်း တကယ်ကို ရိုးရိုးသားသား ပါပဲ ကြေလို့ ၊ နပ်လို့ သူတို့ဘဝနဲ့သူတို့ပြောပါတယ်။ရွာကို မြင်နေရပါပြီ ဟိုးဝေးဝေးက မှုံမှုံလေးက ကျုပ်တို့သွားနေတဲ့ ရွာပဲ တဲ့။အား ပါးပါး မှားပြီ မှားပြီ လိုက်ခဲ့မိတာမှာပြီ။ကိုယ်ပေါ်မှာရှိနေသမျှ အရာအားလုံးကို ပစ်ချလိုက်တယ်။ကိုယ့်ခြေထောက်ကို သော်မှ မသယ်ချင်တော့တဲ့ အဖြစ်ကို ရောက်သွားတယ်။သူတို့ တိုင်းရင်းသူတွေက တော့ ပုံမှန်ပါပဲ။နုားလဲ မနားဘူး နောက်ပြီး မြန်မြန်လဲ မသွားဘူး။ ကျုပ်တို့ကတော့ မဟုတ်ဘူး။မြန်မြန် ရောက်ချင်လို့ သွားလေလေ ဖြေးဖြေး ရောက်နေလေ ဖြစ်နေတယ်ဗျာ။ဒါနဲ့ ပဲ နောက်ဆုံးကို ကျန်ခဲ့ရတယ်။
ရောက်ပါပြီ တကယ်ရောက်ပါပြီ ။အဲဒီရွာလေးကို ဘယ်လိုရောက်ချင်မှန်းမသိဘူး မောပန်းနေလို့နဲ့ တူတယ်။အဲဒီအချိန်ခါက ရယ်ပါ။လမ်းခရီး နန်ပုတ်ချောင်းကို ဖြတ်ကြတော့ လုပ်ပြီးသားဖောင်လေးက ပျက်နေတယ် ။ ဖောင်လုပ်ကြမယ်ဆိုပြီး ဝါးတွေ ခုပ် ကြိုးတွေ ရှာ တကယ်မလွယ်တာပါ။စာဖတ်သူ ဖောင်ဆိုတာ သိမှာပါ။တစ်ဖက်ကမ်းကိုကူးသွားဖို့ကို ပြောတာလေ။ရှိသမျှ အစွမ်းကုန်ထုပ် လုပ်ကြ ကိုင်ကြ လှုပ်ရှားလိုက်ကြတာ ဘယ်မှာရလို့လဲ ဖောင်မပြောပါနဲ့ ရှိသမျှဝါးတွေ ဆုံးတော့တာပါပဲ။တစ်ဖက်ကမ်းကို ကူးဖို့အရေးတော်တော်ခက်ခဲတယ်ဆိုတာကို သဘောပေါက်လိုက်မိတယ်။ ရေစီးကလဲ တော်တော်သန်တယ်။မတက်နိုင်ကြဘူး ဘယ်လိုမှကို မတက်နိုင်ကြတာ။တောင်ကြချောင်းရေဆိုတာ သိတယ်မလား ။သူမထင်ရင် ချက်ချင်းရေတွေက ကြီးလာတယ်။ဘာနဲ့မှ တားစီးလို့မရဘူး။ဒီ လိုနဲ့ပဲ နန်ပုတ်ချောင်းကလေးကျော်ဖို့ တော်တော်အခက်တွေ့နေတယ်။သူတို့တွေကတော့ အသာလေးပဲ ကူးသွားကြတယ်။လက်မှာလဲ အထုပ်တွေ အပိုးတွေနဲ့ အားပါးပါး ကြည့်ပြီး ကြောက်လာတယ်။လွယ်လွယ်ကူကူပါပဲ။ကြောက်နေတဲ့ ကျုပ်တို့အတွက် ဒီတောင်ကျ ချောင်းကို ဘယ်လိုကျော်လွားကြမလဲမလွယ်ဘူးနော်။ဒါနဲ့ မထူးပါဘူး ဒီတိုင်းနေရင် တော့ ဘာမှဖြစ်မလာဘူးပေါ့။ ရေတိမ်ရာကို ရှာဖွေကြတယ်။ကံကောင်းချင်တော့ ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်းကို သဘာဝအရ ပေါင်းကူးပေးထာတဲ့ နွယ်ပင်ကြီးကြီးကို တွေ့ကြတယ်။ဟာ မဆိုးဘူးဆိုပြီး လွယ်လွယ်ကူကူ ပဲကူးသွားကြတယ်။အဲဒီတွေမှာ အားလုံး လယ်ဘယ်တူတွေချည်းပဲ ဘယ်သူမှ ဆရာဆိုတာ မရှိဘူး။ခေါင်းဆောင်ဆိုတာ မထားဘူး။ဖြစ်လာရင် အကုန်ဝိုင်းပြီး ဖြေရှင်းလိုက်ကြတယ်။ ရွာတစ်ရွာကို ခဏ ဝင်နုားကြသေးတယ်။ရွာရဲ့အကြီးဆုံးစော်ဘွားက ပြောတယ်။ဘာပြောလဲ ဆိုတော့ ကျုပ်တို့တွေ ထမင်းစားလို့အပြီး ဒီမှာ မိတ်ဆွေတို့ မင်းတို့ မြေပြန့်လာကြတယ်နော်။တို့စီမှာရွှေတွေ ငွေတွေပါလာစရာမလိုဘူး။ တို့စားသလို မင်းတို့စားနိုင်ရင် တစ်ဝမ်း တစ်ခါးအတွက်တော့ နေလို့ရတယ်။အဲလိုမှ မင်းတို့မစားနိုင်ရင် အသက်တိုမယ်။တဲ့ .......။အရိုးသားဆုံးသူပြောသွားတာပါ။ဒီလိုနဲ့ စားသောက်ပြီးကြတော့ ဆေးလိပ်တွေ ကွမ်း (သူတို့ရိုးရာ ကွမ်း)တွေ နှင့်ဧည့်ခံနေသေးတယ်။ပြီးတော့ လမ်းမှာစားဖို့ ကြက်ဥတွေ ပြုတ်ပေး။အစုံပါပဲ တကယ့်ကို အစုံလုပ်ပေးလိုက်တာပါ။ခုပဲ တွေ တာ သူက ခင်မင်တက်လိုက်တာ ကြည့်စမ်း ဘာမျှော်လင့်ချက်မှလဲ မရှိဘူး။ရွာကို ဖြတ်သွားရုံလေးပါပဲ နုားခိုစရာ အိမ်မရှိတော့လို့ ခဏလေးဝင်နုားလိုက်တာပါပဲ။ဒါတင်မကသေးပါဘူး လမ်းမှာ အစောင့်နှစ်ယောက်ထည့်ပေးလိုက်ပါသေးတယ်။ဒီလို နဲ့ နန်ပုတ်ချောင်း တောင်တက်ကို အလွန် ကျုပ်တို့တွေ သွားနေတဲ့ ရွာလေးကို ရောက်တော့တာပါပဲ။ ည ........ ည..........ရောက်တဲ့ ညတုန်းကပေါ့.............သိပ်ပြီးထူးဆန်းခဲ့သော မျှော်လင့်မထားခဲ့သော အတွေ့အကြုံများ ..............ဟုတ်ကဲ့ ခဏနားပြီး ပြန်လည်တွေးနေပါရစေ။ဆက်လက်ရေးပါမည်......။

0 comments:

Post a Comment