မင်္ဂလာပါ......

Tuesday 8 September 2009

ခေါ်လို့မရတဲ့ အသံ

ဒီနေ့ ဘာဖြစ်နေမှန်းမသိဘူး။ဘာလုပ်လုပ် ဘာတွေးတွေး ဘာရေးရေး ဘာဖြစ်နေမှန်းကိုမသိတာ ။
ဘယ်သူ့ကို အပြစ်ဖို့ရမှန်းမသိဘူး။ဘယ်သူ့ကို ရန်စရမှန်းလဲ မသိဘူး။ဘယ်သူ့အပြစ်ကိုမှ မပြောချင်သလို
ဘယ်သူ့ ကောင်းကြောင်းကိုမှ လည်း စိတ်မဝင်စားဖြစ်ဘူး။ အပြစ်နဲ့ ဂုဏ် ဂုဏ် နဲ့ အပြစ်ဘာကိုမှလဲ မစီဆစ်ချင်
တော့ဘူး။ဘာမှ မသေချာတဲ့ အခြေအနေမှာ ကျုပ်တို့က စိတ်ကူးယဉ်ပြီးရူးချင်နေကြတယ် တဲ့။
ည ကအိပ်မက်ထဲမှာ မဟုတ်တာရော ဟုတ်တာတွေပါ မက်နေတာ ကောင်မလေး နဲ့ ဆိုင်တယ်။ လူ့ ဘဝရဲ့
သုံးပုံ တစ်ပုံမှာ ကျုပ်ယှဉ်သန်ခဲ့ပြီးပြီ။နေမြင့်လေ အရူးရင်လေ လို့ ပြောရအောင်ကလဲ မိုးတိမ်တွေ နဲ့ပြည့်နှပ်
မိုးမရွာသေးပေမယ့် မိုးအုန့်နေတယ်။ မိုးမထစ်ချုန်းပေမယ့် လျှပ်စီးလပ်နေတယ်။ဝုန်း ဒိုင်း ဆိုပြီးဝင်ရောက်မလာ
သေးခင် ကျုပ်တို့ တစ်ခုခု ဆုံးဖြတ်မှ ရမယ် ။ဘာကိုမှ မကြားချင်တော့သလို ဘာကိုမှ မပြောချင်ဘူး။အားလုံးပြီးဆုံးသွားချင်းအတွက် ကိုယ့်ကိုကိုယ်မြေကြီးထဲမှာ စီးဝင်ရအုံးမယ်။ပင်လယ်ကို တူးပြီး
မထုတ်နိုင်သေးတဲ့ ရတနာများအတွက် ကျုပ်တို့အများကြီးရှာဖွေရအုံးမယ်။
တကယ့်သဘာဝရဲ့အရင်းအမြစ်တွေကို ရှာဖွေရအုံးမယ်။
ရွာပြန်ပြီး လူတွေနဲ့ စကားပြောရအုံးမယ်။ သက်သာရာ သက်သာကြောင်းတွေ ရှာဖွေရအုံးမယ်။
ကျုပ်တို့ ရွာသူ ရွာသားတွေ အတွက်ပါ။ ဘာကိုမှ တန်ဖိုးမထားချင်ဘူး (တစ်ခါ တစ်ရံရယ်ပါ)။
အမြဲတမ်း တန်ဖိုးရှိနေတဲ့ အရာဆိုတာ ဘာဖြစ်မလဲ။ အမြဲတမ်း တန်ဖိုးမဲ့နေတာက ရော။
တွေးကြည့်မိတာပါ။ ပင်လယ်ကို အော်ဆဲပြီး ရန်စ ရမလား။ကောင်းကင်ကို ရေပတ်ပြီး ရန်စ ရမလား။
တိုက်နေတဲ့ လေကို တစ်ဝကြီး ရှူရှိုက်ပြီး တအား အော် ပစ်ချင်တဲ့ အသံက ထွက်မလာဘူး။
ဘယ်လိုမှ ကို ခေါ်လို့ အော်လို့ မရတဲ့ အသံလေး ရယ်ပါ။

0 comments:

Post a Comment