မင်္ဂလာပါ......

Showing posts with label တောင်တန်း ညများ. Show all posts
Showing posts with label တောင်တန်း ညများ. Show all posts

Friday, 25 September 2009

တောင်တန်းပေါ်က တစ်ည


ကျုပ်တို့သူငယ်ချင်းတစ်စု ရွာလေးတစ်ရွာသို့လေ့လာရေးရောက်ရှိသွားတယ်။သူငယ်ချင်းရဲ့ဖိတ်ခေါ်မှုလဲ ပါတာပေါ့။ရွာကိုသွားမယ်ဆိုတာနဲ့အပျိုတော်များနဲ့ အကြိုတော်လွှတ်ရတဲ့ သူ့ဒုက္ခက လဲ မသေးငယ်လှပါ။ မိုးတွေ တစ်ဖွဲဖွဲ လေတွေတဝုန်းဝုန်း ဘယ်ကိုပဲကြည့်ကြည့်တောင်တန်းတွေကိုပဲမြင်နေရတယ်။ တောင်တန်းတွေပေါ်မှာကြည့်ရင်း တောင်တန်းတွေကို ဖျတ်လျှောက်ရတာ ပျော်စရာကောင်းသလို လွမ်းစရာလဲသိပ်ပြီးကောင်းလွန်းတယ်။ဘယ်လွမ်းရမှန်း မသိမှုများနှင့် တော်တော်လေးလွမ်းတက်လာတယ်။ သူတို့မှာရှိတဲ့ ယဉ်ကျေးမှုကို အစွမ်းကုန် ပြသကြတဲ့ ရိုးသားမှုလောက်ချစ်စရာကောင်းတာမရှိဘူး။ ဒါက ပညာမတက်တဲ့ လူတန်းစားတစ်ချို့အတွက်ရယ်ပါ။ကျုပ်တို့တစ်ဖွဲ့ကြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွား လမ်းမှာ ဟားတိုက်လို့ ရယ်လိုက်ကြ စ လိုက်ကြ နောက်လိုက်ကြ ပြောင်လိုက်ကြ တကယ်ကို ပျော်စရာကောင်းခဲ့ပါတယ်။ဘာမှန်းမသိသေးတဲ့ ရိုးရာ ယဉ်ကျေးမှုအတွက် ကျုပ်တို့တွေ ခရီးတစ်ခုမှာ မျှော်တလင့်လင့်လေးပါပဲ။ရောက်တော့မှာ ရောက်တော့မှာဆိုတဲ့ အသံလေးကိုပဲ အင်အားပြု ဂရုထား ကျန်တာ ဘာကိုမှ အမှုမထား ဂရုမထား ။
ဒီအတက်ပြီး ရင် အဆင်းမရှိတော့ပါဘူးဆိုတာ အဲဒီက ရခဲ့တာပါ။ဘဝက ဒီလိုပါပဲ ဘာတက်နိုင်မှာလဲတဲ့ ။ ကျုပ်တို့ကတော့ ကျုပ်တို့စိတ်ထဲရှိတဲ့အတိုင်းပေါ့ ။အင်းလေ သူတို့ကလည်း သူတို့စိတ်ထဲရှိတဲ့အတိုင်း တကယ်ကို ရိုးရိုးသားသား ပါပဲ ကြေလို့ ၊ နပ်လို့ သူတို့ဘဝနဲ့သူတို့ပြောပါတယ်။ရွာကို မြင်နေရပါပြီ ဟိုးဝေးဝေးက မှုံမှုံလေးက ကျုပ်တို့သွားနေတဲ့ ရွာပဲ တဲ့။အား ပါးပါး မှားပြီ မှားပြီ လိုက်ခဲ့မိတာမှာပြီ။ကိုယ်ပေါ်မှာရှိနေသမျှ အရာအားလုံးကို ပစ်ချလိုက်တယ်။ကိုယ့်ခြေထောက်ကို သော်မှ မသယ်ချင်တော့တဲ့ အဖြစ်ကို ရောက်သွားတယ်။သူတို့ တိုင်းရင်းသူတွေက တော့ ပုံမှန်ပါပဲ။နုားလဲ မနားဘူး နောက်ပြီး မြန်မြန်လဲ မသွားဘူး။ ကျုပ်တို့ကတော့ မဟုတ်ဘူး။မြန်မြန် ရောက်ချင်လို့ သွားလေလေ ဖြေးဖြေး ရောက်နေလေ ဖြစ်နေတယ်ဗျာ။ဒါနဲ့ ပဲ နောက်ဆုံးကို ကျန်ခဲ့ရတယ်။
ရောက်ပါပြီ တကယ်ရောက်ပါပြီ ။အဲဒီရွာလေးကို ဘယ်လိုရောက်ချင်မှန်းမသိဘူး မောပန်းနေလို့နဲ့ တူတယ်။အဲဒီအချိန်ခါက ရယ်ပါ။လမ်းခရီး နန်ပုတ်ချောင်းကို ဖြတ်ကြတော့ လုပ်ပြီးသားဖောင်လေးက ပျက်နေတယ် ။ ဖောင်လုပ်ကြမယ်ဆိုပြီး ဝါးတွေ ခုပ် ကြိုးတွေ ရှာ တကယ်မလွယ်တာပါ။စာဖတ်သူ ဖောင်ဆိုတာ သိမှာပါ။တစ်ဖက်ကမ်းကိုကူးသွားဖို့ကို ပြောတာလေ။ရှိသမျှ အစွမ်းကုန်ထုပ် လုပ်ကြ ကိုင်ကြ လှုပ်ရှားလိုက်ကြတာ ဘယ်မှာရလို့လဲ ဖောင်မပြောပါနဲ့ ရှိသမျှဝါးတွေ ဆုံးတော့တာပါပဲ။တစ်ဖက်ကမ်းကို ကူးဖို့အရေးတော်တော်ခက်ခဲတယ်ဆိုတာကို သဘောပေါက်လိုက်မိတယ်။ ရေစီးကလဲ တော်တော်သန်တယ်။မတက်နိုင်ကြဘူး ဘယ်လိုမှကို မတက်နိုင်ကြတာ။တောင်ကြချောင်းရေဆိုတာ သိတယ်မလား ။သူမထင်ရင် ချက်ချင်းရေတွေက ကြီးလာတယ်။ဘာနဲ့မှ တားစီးလို့မရဘူး။ဒီ လိုနဲ့ပဲ နန်ပုတ်ချောင်းကလေးကျော်ဖို့ တော်တော်အခက်တွေ့နေတယ်။သူတို့တွေကတော့ အသာလေးပဲ ကူးသွားကြတယ်။လက်မှာလဲ အထုပ်တွေ အပိုးတွေနဲ့ အားပါးပါး ကြည့်ပြီး ကြောက်လာတယ်။လွယ်လွယ်ကူကူပါပဲ။ကြောက်နေတဲ့ ကျုပ်တို့အတွက် ဒီတောင်ကျ ချောင်းကို ဘယ်လိုကျော်လွားကြမလဲမလွယ်ဘူးနော်။ဒါနဲ့ မထူးပါဘူး ဒီတိုင်းနေရင် တော့ ဘာမှဖြစ်မလာဘူးပေါ့။ ရေတိမ်ရာကို ရှာဖွေကြတယ်။ကံကောင်းချင်တော့ ဟိုဘက်ကမ်း နဲ့ ဒီဘက်ကမ်းကို သဘာဝအရ ပေါင်းကူးပေးထာတဲ့ နွယ်ပင်ကြီးကြီးကို တွေ့ကြတယ်။ဟာ မဆိုးဘူးဆိုပြီး လွယ်လွယ်ကူကူ ပဲကူးသွားကြတယ်။အဲဒီတွေမှာ အားလုံး လယ်ဘယ်တူတွေချည်းပဲ ဘယ်သူမှ ဆရာဆိုတာ မရှိဘူး။ခေါင်းဆောင်ဆိုတာ မထားဘူး။ဖြစ်လာရင် အကုန်ဝိုင်းပြီး ဖြေရှင်းလိုက်ကြတယ်။ ရွာတစ်ရွာကို ခဏ ဝင်နုားကြသေးတယ်။ရွာရဲ့အကြီးဆုံးစော်ဘွားက ပြောတယ်။ဘာပြောလဲ ဆိုတော့ ကျုပ်တို့တွေ ထမင်းစားလို့အပြီး ဒီမှာ မိတ်ဆွေတို့ မင်းတို့ မြေပြန့်လာကြတယ်နော်။တို့စီမှာရွှေတွေ ငွေတွေပါလာစရာမလိုဘူး။ တို့စားသလို မင်းတို့စားနိုင်ရင် တစ်ဝမ်း တစ်ခါးအတွက်တော့ နေလို့ရတယ်။အဲလိုမှ မင်းတို့မစားနိုင်ရင် အသက်တိုမယ်။တဲ့ .......။အရိုးသားဆုံးသူပြောသွားတာပါ။ဒီလိုနဲ့ စားသောက်ပြီးကြတော့ ဆေးလိပ်တွေ ကွမ်း (သူတို့ရိုးရာ ကွမ်း)တွေ နှင့်ဧည့်ခံနေသေးတယ်။ပြီးတော့ လမ်းမှာစားဖို့ ကြက်ဥတွေ ပြုတ်ပေး။အစုံပါပဲ တကယ့်ကို အစုံလုပ်ပေးလိုက်တာပါ။ခုပဲ တွေ တာ သူက ခင်မင်တက်လိုက်တာ ကြည့်စမ်း ဘာမျှော်လင့်ချက်မှလဲ မရှိဘူး။ရွာကို ဖြတ်သွားရုံလေးပါပဲ နုားခိုစရာ အိမ်မရှိတော့လို့ ခဏလေးဝင်နုားလိုက်တာပါပဲ။ဒါတင်မကသေးပါဘူး လမ်းမှာ အစောင့်နှစ်ယောက်ထည့်ပေးလိုက်ပါသေးတယ်။ဒီလို နဲ့ နန်ပုတ်ချောင်း တောင်တက်ကို အလွန် ကျုပ်တို့တွေ သွားနေတဲ့ ရွာလေးကို ရောက်တော့တာပါပဲ။ ည ........ ည..........ရောက်တဲ့ ညတုန်းကပေါ့.............သိပ်ပြီးထူးဆန်းခဲ့သော မျှော်လင့်မထားခဲ့သော အတွေ့အကြုံများ ..............ဟုတ်ကဲ့ ခဏနားပြီး ပြန်လည်တွေးနေပါရစေ။ဆက်လက်ရေးပါမည်......။

Monday, 24 August 2009

တောက်တန်းရဲ့ ပဌမဆုံး ည


(၄)
အား.........................။ချမ်းလိုက်တာ။အမေ...............။ပထမဆုံး ငြီးမိတာက အမေတဲ့။မှတ်မိသေးတယ်။ ထက် ပြီးမစဉ်းစားဘူး။ဒီဘဝမှာ အမေဆိုတာ တစ်ယောက်တည်း။အင်း အိပ်တော့ အိပ်တော့ ကိုယ့်ဖာသာကို နှစ်သိမ့် တေးဆို ချမ်းလိုက်တာ။ဘေးနားက စောင်ကို ဆွဲပြီး ခြုံပစ်လိုက်တယ်။မတက်နိုင်ဘူး။တရား၏ မတရား၏ မတွေး နိုင်။နွေးထွေးသွားဖို့ လိုတယ်။ အော် အိပ်စက်နေချိန်မို့ပါ။ကိုယ်တစ်ယောက်တည်း ချမ်းနေတာလား ရှိသမျှအအေးဓါတ် ငါ့စီကိုပဲ လာနေတာလား။အေးလိုက်တာ။ငယ်ငယ်က သိပ်ချမ်းနေတဲ့အခါ ဘယ်သူက ဘယ်လို လုပ်ပေးပါလိမ့်။ အော် ငါ့အဖြစ်နှယ်နော်။ဖြစ်ရမယ် ဖြစ်ကို ဖြစ်ရမယ်။မိသားစု မိသားစု နဲနဲ သဘောပေါက်လိုက်တယ်။ လူဆိုတာ အသိုက်အဝန်း နဲ့နေရတာ။ခုတော့ ငါ့မှာ တစ်ယောက်တည်း ငါ့မှာ တကယ်တစ်ယောက်တည်း။ ကလေးတွေ ကလေးလေးတွေ ဘယ်လိုအိပ်ကြပါလိမ့်။အင်း သူတို့လဲ အေးကြမှာပဲ။ အော် ....... ချမ်းလိုက်တာ။ အား .................အေးလိုက်တာ။ဒီလို နဲ့တင် ည .............ည ..............ည .........................ချစ်လိုက်ပြီ ။
(၅)
ချမ်းအေးသော ည...................။တိတ်ဆိတ်သော ည......................။ချစ်စရာကောင်းသော ည .............။
တရားသူကြီး ။ဒေါတ်တာ ။ လမ်းဗိုလ် ။သူငယ်ချင်းများ.....................။ဘယ်လိုမှကို မနိုးချင်သော ည........။ ဘယ်နဲ့မှ မလဲနိုင်သော ည...............။ချစ်တက်သူအတွက် ချစ်စရာကောင်းတဲ့ ည...............။ငါ့အတွက် ပဌမ ည။ငါ့အကြောင်း ကောင်းကောင်းသိခဲ့တဲ့ ည............။လုံးဝကို မနိုးထချင်သော ညလေးတစ်ည။ အိပ်ချင်ယောင်ဆောင်လို့ မရသော ည...........။မနက်ရောက်လို့မှ နံနက်ခင်းမှန်း မသိရသော ည.............။ အာရုဏ်ဘယ်အချိန်တက်ပါလိမ့်။ ဟိုး.............ရှေးရှေး အတွေး။ဘာမှ အရေးမကြီးမှန်း မသိခဲ့ဘူး။ တောင်တန်း ည။တကယ့်ကို တောင်တန်းက ည။ရောက်ဖူးသူတိုင်း သိကြပါလိမ့်။ဘာနဲ့မှ တိုင်းတာလို့မရအောင် ချစ်တက်ခဲ့ပါတယ်။သဘာဝ အလှတရားကို ရယ်ပါ။နံနက်ခင်း ၁၀ နာရီထိုးပြီ တဲ့။ နားထဲမှာ ကြားနေရတယ်။စောင်ခြုံကို မဖွင့်ရဲဘူး။ အနွေးဓါတ်လေး ပျောက်သွားမှာစိုးလို့။ကိုယ့်စီက ရတဲ့ အနွေးဓါတ်လေးရယ်ပါ။ ဒါနဲ့တင် မရ မက ထ ပစ်လိုက်တယ်။မျက်လုံးကို တအားဖွင့်လိုက်တယ်။အား.......... အလင်းရောင် .............အလင်းရောင်.........ကြောက်နေတယ်။နားထဲမှာ ကြားလိုက်ရတယ်။
(၆)
ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို အလေးပြုနေကြတယ်။ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီးများကိုအလေးပြုနေကြတယ်။နိုင်ငံတော် သီချင်းကို သံပြိုင်သီဆိုနေကြတယ်။မြန်မာ့ ကျောင်းသား သီချင်းကို ပီပြင်စွာ သီဆိုနေကြတယ်။မထချင်သေးဘူး။နိုးထ သွားမှာကို ကြောက်တယ်။ အဲဒီသီချင်းလေးတွေကို နားထောင်ရတာ အရသာ ရှိလို့။ဘယ်အရာ နဲ့မှ မလဲနိုင်လို့။လူ့ဘဝဆိုတာ မသေချာသလို နောက်ဘဝမှာ ဒီအသံလေးတွေ မကြားရမှာ စိုးရိမ်လို့နေတယ်။အော် ...........ငါ့နှယ်နော်။
ခပ်တည်းတည်ပဲ အဲဒီသီချင်းသံကြားရင် သိတယ်မလား။ကျုပ်စိတ်ကို ပြောပါတယ်။ခပ်တည်တည်ပဲ။ကျောင်းသူ ကျောင်းသားတွေကြား ဆရာမတွေကြား ဖြတ်လျှောက်ပစ်လိုက်တယ်။ခပ်တည်တည်ပဲပေါ့။ဒါနဲ့ပဲ ဆရာမ တစ်ယောက်ရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်။ Good Morning ........ တဲ့။ဟုတ်ပြီပေါ့။ကျုပ်လဲ ဘာပြန်ပြောရမှန်းမသိဘူး။ဒါနဲ့တင် ဘာမှ ပြန်မပြောလိုက်ဘူး။သူက ပဲ စ ပြီး နှုတ်ဆက်စကားပြောပေးပါတယ် သူက ဘယ်သူ ပေါ့ ဘယ်ဝါပေါ့။ကျောင်းသူ ကျောင်းသားတွေရဲ့ မျက်လုံးမှာလဲ သူလို ကိုယ်လို ဘုမသိ ဘမသိ။ ကိုယ်လဲ သူတို့လိုပါပဲ ဘုမသိ ဘမသိ။ရောက်လာမှတော့ မတက်နိုင်ဘူး။အင်း ဘာတွေ ဆက်ဖြစ်မှာလဲ ငါရဲ့တစ်သီး ပုဂ္ဂလ တာဝန်တွေက ဘာတွေလဲ ။ဘယ်အတွက် ငါရောက်လာတာလဲ။ ဘယ်စီကို ငါဆက်သွားရမှာလဲ။ တကယ်ပျော်စရာ ကောင်းတဲ့ နံနက်ခင်းလေးရယ်ပါ။အားလုံးကို ဆရာမ နည်းတူ ပါပဲ။ Good morning ....................လို့မိတ်ဆက်လိုက်ပါတယ်။ဆက်ရေးပါမည် မိတ်ဆက်ခွင့်ပြုပါ။

Sunday, 23 August 2009

လွမ်းချင်စဖွယ် တောင်တန်းညများ


(၁)
စမ်းတဝါးဝါး ရှာဖွေရင်းနဲ့ဟောင်းနွမ်းပြီဖြစ်တဲ့နေရာဟောင်းကြီးကို ရောက်ခဲ့တာပါ။အစီစဉ်တကျမဟုတ်ခဲ့ဘူး။ ဘဝလမ်းညွှန်ဆိုတာလဲ အသက်(၂၀)ကျော်ရင် ပြီးဆုံးတဲ့ဓလေ့အတိုင်းယူခဲ့ရ။အများကြီးပါပဲ။တကယ်ကို အများကြီးပါ။ကြုံရင် ကြုံသလိုထည့်ခဲ့ရတဲ့ ဥဏှောက်ကိုပဲခွန်အားဖြည့်စာပေများနဲ့ ကြွေးမွေးပြုစု စောင်မခဲ့ရ။ နေရမည့်သက်တမ်း သေရမည့်နေ့ တကယ်ကိုမသိခဲ့တာ ငယ်ငယ်က ပြောပါတယ်။ထားပါတော့ အချိန်တန်ရင်ကိုယ့်လမ်း ကိုယ်တိုင်ရှောက်ရမှာနော် ဆိုတဲ့ အမေ့စကားစိမ်းကားလွန်းတယ်ထင်ခဲ့တာ။ တကယ်တော့ ဟုတ်တယ် အဲဒီစကားသိပ်မှန်တယ်။ဘဝဆိုတာကို ပေါ့ပေါ့လေးထင်ခဲ့ကြတာ လူငယ်တွေရဲ့ သဘာဝတစ်ခုဆိုတာ ကြီးလာမှ ယုံသွားတယ်။ဒီလိုပဲ ပေါ့ပေါ့လေး နေချင်လို့ ရေကြည်ရာ မျက်နုရာကို အများနည်းတူ ရှာဖွေခဲ့တာပါ။စိတ်ထဲမှာ ကူးပြီး ယဉ်ခဲ့ ရူးခဲ့ဖူးတာတွေ တကယ်ဖြစ်လာတယ်ဗျ။ ဒါကြောင့်ထင်ပါရဲ့ (If there is wish , there is way.) ဆန္ဒသာ ရှိပါ ၊ လမ်းတွေ က ရှိပါတယ်။လျှောက်လှမ်းဖို့ဆိုတာတော့ ကိုယ့်တာဝန်ပေါ့။လျှောက်ခဲ့ပါတယ်။တကယ်ကို အသက်ရှူမှု မရပ်မနားဘဲ။အော် ဒီလိုနဲ့ နေရာဟောင်းကြီး မှာ သူငယ်ချင်း ကျောင်းသား( နယ်စုံပေါ့)တွေနဲ့ တပျော် တပါး။
(၂)
မခွဲချင်ဘဲ ခွဲခဲ့ရ မခွါချင်ဘဲ ခွါခဲ့ရ။အော် လူ့ဘဝရဲ့ဓမ္မတာတစ်ခုထင်ပါရဲ့။သူတို့သတ်မှတ်ချက်အတိုင်း နေထိုင်ပေးရတဲ့အဲဒီကာလ တကယ်မမေ့ခဲ့ပါဘူး။ခေတ်သစ်ပညာရေးစနစ်ရဲ့ စီးမျောမှုအောက်မှာ ဟိုနားစပ် စပ် ဒီနားစပ်စပ် အင်းဒီကာလတွေမှာတော့ ဘာမှ မကျန်သလိုပါပဲ။နောက်မှ ပြန်လည်တွေးကြည့်မိတယ်။ ဟာ အများကြီး ရလိုက်တာပဲလို့။ဒီလိုနဲ့တင် ကျုပ်တို့ဘော်ဒါတစ်သုတ် ဟုတ်ဟုတ်ငြားငြား ငုတ်တုတ်ကြီး လေဟုန်စီးကာ တောင်တန်းမြို့လေးတစ်မြို့ ရောက်ရှိလိုသွားခဲ့တယ်။လမ်းခရီးလွယ်မယ်မထင်နဲ့။ အခုပြန်တွေး အခုမျက်ရည်ကျလောက်တယ်။အော် ဒီလိုပါ ဒုက္ခ ရဲ့သဘောနားမလည်သေးလို့ထင်ပါရဲ့။ မတွေ့ရသေးတဲ့ နယ်စိမ်းပယ်စိမ်း နယ်မြေသစ်မှာ ဘာတွေ တွေ့မလဲဆိုတဲ့ ရင်ခုန်သံကို ကိုယ်စီနားစဉ်ရင် ကားများစွာပေါ်မှာလိုက်ပါခဲ့ကြပေါ့။တကယ်စွန့်စားမှုဆိုတာ အဲဒီတုန်းကမှ ကြုံခဲ့ရတာ။ အရိုးကွဲမတက် အေးတယ်ဆိုတာကိုလည်း ခံစားဖူးခဲ့ပြီ။လမ်းခရီးမှာတင်ကတည်းက ပါ။လမ်းခရီး တက်သမျှ မှတ်သမျှ တစ်လုံးတစ်ပါဒ မကျန်အကုန်ဝါးစား မျိုချ အင်းလှမ်းလို့မြင်နေရပါပြီ။ဟိုး.......အရှေ့ကလှမ်းမြင်နေရတဲ့ မြို့လေးပါပဲတဲ့။ အော် သူမနေရမယ့်အတိုင်း ။ အင်းလေ ဟုတ်ပါတယ်။သူကလည်း သူ ငါကလည်း ငါကိုး။မြေပြန့်မှာ တွေ့ခဲ့ရသမျှ သနားစရာသတ္တဝါ အဖြစ်နဲ့သာ ကြည့်ကြ။သူတို့မျက်လုံးတွေကို ပြောပါတယ်။ကျုပ်အတွက်လား ဝေးသေး ပြန်တောင် သနားမိတယ်။ရောက်ပြီ ရောက်ပြီ။ဆင်းကြတော့ တဲ့။
(၃)
အားပါးပါး .....................။လှ ပ လွန်းလိုက်တဲ့မြို့တော်လေး။ချစ်စရာကောင်းလိုက်တဲ့ လူတွေ ။ ကိုယ်နဲ့မဆိုင်သလိုမျက်လုံးအစုံလိုက်တွေကို ခပ်တည်တည်ပဲ မျက်စောင်းထိုးပစ်လိုက်တယ်။လုပ်စရာ ရှိသည်များ လုပ် ။ဖြည့်စရာ ရှိသည်များဖြည့်။အားလုံးကို သင်ယူ လေ့လာဖို့ ကျုပ်တို့ ရောက်ရှိပါတယ်ပေါ့။ ရောက်ခါစ မလည်မဝယ် ကျောင်းသားလေးများလို..........။ကျောင်းသူ ကျောင်းသားလေးများ ဆရာ ဆရာမများ အပြုံးကိုယ်စီနဲ့ပါ။အော် ငါတို့အဖြစ်က အိပ်မက်လိုပါပဲလား။ သူငယ်ချင်းများနဲ့ စကားဝိုင်းမှာ ညတိုင်းပြောဖြစ်ကြ။သူတို့လည်း သူတို့နေရာသို့ မသွားကြသေး။ကိုယ်လည်း ကိုယ့်နေရာမှာ နေရာတကျ နေသားတကျ မဖြစ်သေး။အော် .............လွမ်းစရာ တေင်တန်းညများ လွမ်းစရာ တောင်တန်းညများ..................................................ဆက်လက်ရေးသားပါမည်။ ခဏတော့ လွမ်းခွင့်ပြုပါ။