မင်္ဂလာပါ......

Showing posts with label ညများနဲ့ စကားပြောခြင်း. Show all posts
Showing posts with label ညများနဲ့ စကားပြောခြင်း. Show all posts

Thursday, 31 December 2009

ဒီည...... ဒီည ပေါ့.... ညီမ ရယ်


ကိုယ့်ကိုကိုယ်သတိရကြည့်မိတယ်
သိပ်ပြီး မဟုတ်ပြန်ဘူး။
ဒါနဲ့ ပဲ ကိုယ့်အမျိုးတွေကို သတိရကြည့်မိတယ်
ပိုပြီး မဟုတ်သေးတယ်။
ငယ်ငယ်က စကားကို ကြားရောင်မိတယ်။
ဘာလဲဆိုတော့
ကိုယ့်လူ တဲ့ သူစိမ်းတွေ ကောင်းတယ်ဆိုတာ
ကိုယ့်မိဘ မကောင်းတာလောက်ဘဲ ရှိတယ် တဲ့။

ဒါနဲ့ ပဲ
ကျုပ်လည်း အပေါ်ကို မော့ကြည့်မိတယ်။
ဟာ ကြည့်စမ်း ချစ်စရာကောင်းလိုက်တာ....
ဘာလဲ ဆိုတာ သိချင်ရင် ခင်ဗျားတို့ အခမ်းအပြင်ကို ထွက်ပြီး
မော့ကြည့်လိုက်လေ ညသန်းခေါင်းအချိန်
ဘာရှိမလဲ ဆိုတာ သိချင်ရင်။

ဒါနဲ့ ကျုပ် ဒီညမှာ
ဒီလို ညမျိုးမှာ ဘယ်သူ့ကို သတိရ ရမှန်းမသိဘူး။
မှတ်မှတ်ရရ ကျုပ်အမေနဲ့ ညီမလေးကို တွေ့ရင်
ပြောရအုံးမယ် ဒီည အကြောင်း............။

သူငယ်ချင်းက ပြောတယ်
ကိုယ့်လူရယ်တဲ့ ကိုယ်က အသိအမှတ်မပြုလဲ
နှစ်သစ်ဆိုတာ သူ့ဖာသာသူ ကူးသွားမှာပဲတဲ့။
ုဟုတ်တော့ ဟုတ်ပါတယ်။
တကယ်ကို ဟုတ်ပါတယ်။
ကျုပ်စိတ်ထဲမှာ ထင်ထင်မှတ်မှတ် ကျန်နေတာတော့
ကျုပ်ပဲ သိတယ် ဒါကို အမေနဲ့ ညီမလေးကိုပဲ ပြောမယ်။

ဒါက ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာလို့ပြောရင်
ခင်ဗျား ဘယ်လိုထင်မလဲ။
မတက်နိုင်တာကို ကျုပ်ဘာတက်နိုင်မှာလဲဗျာ။
ဒီည............. ဟောဒီည...........တကယ့်ည .......
ကျုပ်သိမ်းထားစမ်းပါရစေ။
ချစ်စရာကောင်းတဲ့ ဒီကျွန်းလေးပေါ်မှာ
ချစ်တဲ့သူ ..........မုန်းတဲ့သူများကို
ကျုပ်ဘယ်လို မေ့လို့ရပါ့မလဲ။
သေချာတာကတော့ ကျုပ်တို့ ခင်ဗျားတို့
ခင်ဗျားတို့ ကျုပ်တို့ အတော်လေးလိုအပ်နေတယ်ဆိုတာ
ဒီလိုညမျိုးမှာ ခင်ဗျားခံစားတက်ရင် ခံယူတက်ရင် သိမှာပါ။
ဒီည............ဒီညပေါ့ ညီမရယ် ........................။
အမေ့ကို ဘယ်လိုပြောရမှန်းတောင်မသိဘူး။
အားလုံးပျော်ရွှင်ပြီး ချမ်းမြေ့ကြပါစေ။