မင်္ဂလာပါ......

Showing posts with label ကိုယ့်စိတ်ကူး. Show all posts
Showing posts with label ကိုယ့်စိတ်ကူး. Show all posts

Monday, 14 September 2009

အိမ်လည်ထွက်ရင်း ပေါ်တဲ့စိတ်ကူး


အရိုးသားဆုံးဆိုတာ တစ်ခါတစ်ရံအဆန်းပြားဆုံးဖြစ်နေတက်တယ်။အထူးဆန်းဆုံးဆိုတာလဲ တစ်ခုပြီးတစ်ခုပေါ်နေသလို သူငယ်ချင်းပြောသလို အလုပ်မရှိ တန်းပလိတ်ပြင်နေရတာပဲ။ နေရောင်ခြည်နုနုလေးရဲ့ အနုညံ့ဆုံးအတွေ့ တစ်ရက်မှ မတွေ့ရသလို သဘာဝအလင်းရောင်ရဲ့ သဘာဝနဲ့ ဝေးနေခဲ့တော့ သဘာဝတရားရဲ့ သဘာဝကို ကျုပ်တော်လှန်နေမိသလားထင်မိတယ်။တစ်နေ့ထက်တစ်နေ့ အွန်လိုင်းနဲ့တင် အချိန်ကုန် တစ်နေ့ ထက်တစ်နေ့ နေမြင့်လေ အရူးရင့်လေများ ဖြစ်နေမလား မသိတော့။
ဘာမှ မသိချင်တော့သလို သိတဲ့အရာတွေက လဲတစ်ခါတစ်ရံ အရသာ မဲ့ မဲ့လာတယ်။လက်တွေ့ကျင့်ကြံမှု အစိတ်အပိုင်းမှာ ငါတစ်ယောက်အားနဲ နေခဲ့တာများလား။ သေချာတော့ အမှန်တရားတွေက စာလို့မရတော့ တဲ့ ခါးသီးတဲ့အရသာတွေလို ဖြစ်ဖြစ်လာတယ်။ ရှောင်လို့မရတဲ့ လမ်းမှာတွေ့ခဲ့ပြီးမှတော့ ဘာလို့ရှောင်ထွက်ပြေးမှာလဲ။ကျုပ်ဘကြီး သိရင် ကျုပ်ကိုခွင့်လွှတ်မှာမဟုတ်ဘူး။ ကလေးအတွေးတွေ တွေးခေါ်တက်တဲ့ ကျုပ်စိတ်ကို ကျုပ်မုန်းနေမိတယ်။ကလေးဆန်တဲ့ ကောင်မလေးကို ချစ်ခဲ့ပြီးမှ ကိုယ်တိုင်ကလေးဆန်လို့သွားတယ်လား။မဟုတ်ပါဘူး။ဘာမှ မဝေးတော့တဲ့ ကာလတစ်ခုကို ရောက်တော့မှာပဲ ဘာလို့ ဒါတွေ တွေးနေရတာ။ကိုယ့်လမ်းကို ကိုယ်တိုင်ရွေးခြယ်ခဲ့တာပဲ။ဘာဖြစ်ဖြစ် နောက်မဆုတ်ခဲ့ပါဘူး။သူများအိမ်တွေကို လည်ရင်း မိတ်ဆွေ ဘယ်လိုအတွေးများ ပေါ်ခဲ့ပါလိမ့်။ကျုပ်တော့ ပြောင်းလဲချင်စိတ်တွေ ပေါ်ခဲ့တယ်။နည်းပညာများနောက် လိုက်ရင်းနဲ့ မျက်လုံးမမြင်နိုင်ဘဲ အမှန်တရားကို ရှာဖွေသူတွေလိုဖြစ်နေပြီလား မသိဘူး။တကယ်ဆို ကိုယ်မြင်တဲ့အတိုင်းပြောတာက ရိုးရှင်းလွန်းပါတယ်။ ဒါဆို ရင် ကျုပ်တို့တွေ ပေါ်လာတဲ့ စိတ်ကူးအပေါ်မှာ ဘောင်ကန့်ပြီးမထားဘဲ အပွင့်လင်းဆုံးထုပ်ပြခွင့်ရှိတာပေါ့။
ဘဝက လုပ်သလိုမဖြစ်ရင် ဖြစ်သလိုပဲရေစုန်မျှောကြမလား။မရောက်လာသေးတဲ့ အလင်းရောင်အတွက် မျှော်တလင့်လင့် နေရင်း ဘဝကို ပြီးဆုံးပစ်ကြမလား။ရေစီးအားသန်လွန်းတဲ့ မြစ်ထဲမှာမှ ရောက်သွားခဲ့မိတာပဲ။ပြောင်းပြန်စီးတဲ့မြစ်မဟုတ်တဲ့ ပုံမှန်စီးမြစ်ထဲမှာပြောင်းပြန်ကူးချင်တဲ့ကျုပ်တို့ရဲ့စိတ်တွေ သိပ်ပြီးပင်ပန်းမယ်ဆိုတာ ကမ်းပေါ်မှာ ရပ်ကြည့်နေတဲ့ သူတွေ ကောင်းကောင်းမြင်မှာပါ။အိမ်လည်ထွက်တယ်ဆိုတာ လိုအပ်လို့ထွက်ခဲ့တာပါ။သမရိုးကျ ဖြစ် ၊ တည် ၊ ပျက်ဆိုတဲ့ အစဉ်လာအရ ဖြစ်မယ်ဆိုတာ သိတာပေါ့။
ကိုယ့်ကိုကိုယ်ကြေနပ်နိုင်တဲ့ စိတ်မှ မရှိတာ။ဘယ်သူကိုမှ အပြစ်ပြောစရာ မရှိပါဘူး။တကယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ရပ်တည်နေခဲ့ရတဲ့အချိန်တွေက ပျော်ရွှင်နေရတဲ့ ကာလတွေက မရေတွက်နိုင်ပါဘူး။ ဟိုးရှေးစဉ်အခါက လို ပညာသင်ပြန်လာရင် ရှင်ဘုရင်တန်းပြီးဖြစ်ရတဲ့ခေတ်မဟုတ်ခဲ့လေတော့ သင်ခဲ့ရတဲ့ ပညာရပ်တွေလဲ ဘယ်တူနိုင်ပါ့မလဲ။ ဘာသာရပ်အပေါ်မှာ ကျုပ်တို့ တက်မက်နေဖို့မလိုပါဘူး။ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အပေါ်မှာ အကြွင်းမဲ့မုန်းနေရင် ကိုယ့်အပေါ်မှာ မုန်းနေမယ့်သူ ဘယ်နှစ်ယောက်ရှိမယ်ဆိုတာ မစဉ်းစားဖြစ်တာ ကြာပါပြီ။ ဟုတ်ကဲ့ ဆက်လက်ပြီး အိမ်လည်ထွက်ပါရစေ။ပေါ်လာတဲ့ စိတ်ကူးနဲ့ ရူးနေပါရစေ။

Saturday, 1 August 2009

လ မသာတဲ့ည


ညတော့ ညပါ။တကယ် ညပီသတဲ့ ညပါ။
လပြည့်ည တဲ့။
နေရောင်ခြည်နဲ့ မတွေ့ရ၊လမင်းရဲ့ ဝန်းဝိုင်းတဲ့ပုံရိပ်ကိုမတွေ့ရ။
အဆိုးဆုံးလို့ ထင်ခဲ့ဘူးတဲ့အရာတွေက အကောင်းဆုံးဖြစ်တက်တယ်တဲ့။
ကျုပ်ရင်ထဲမှာ လမသာပဲ နေမထွက်ဘဲ နေတာ အတော်ကြာပြီ။
သဘာဝ အရသာကိုတောင် ဖန်တီးပြီး စားသုံးနေရတာ ကောင်းသတဲ့လား။
အဲဒီ နေ့တွေ ညတွေကို ရွှေချထားချင်တယ်ဆိုတဲ့ စကားမှန်တယ်။
လွမ်းစရာကောင်းလောက်အောင်ဖြစ်ခဲ့ရင် လွမ်းမှာပဲ
နာကျင်စရာ ဖြစ်ခဲ့ရင် နာကျင်မှာပဲ။
ဘယ်သူမှ တားလို့မရနိုင်ပါဘူး။
သူများစကားသွားပြီးနာယောင်မိခဲ့တာလား။
ကိုယ့်စိတ်နဲ့ကို ကူးခဲ့တာလား။
ဘာ နဲ့ စ ခဲ့လို့ ဘာနဲ့ဆုံးရမှာလဲ
ငါ ......... ဘာအတွက်ရှင်သန်နေတာလဲ။
ည ပေါ့ ။အဲဒီ ညကျုပ်အတွက်အလှဆုံး ညပေါ့။
ဘယ်သူမှ မလာလဲ နေပေါ့။ကျုပ်စိတ်ကူနဲ့ ကျုပ်ရူးသွပ်နေရတာပဲ
ကျုပ်ဘာကို ခံစားနေရမှာလဲ။
နေရောင်ခြည်ရယ် .......... နေခြည်နုနုလေးရယ်...
မင်းအမြန်လာပါတော့။
လရောင်လေးရယ် မှုံဝါးနေရင် နေပါစေ။
ငါ့ရင်ထဲကို ခဏဖြစ်ဖြစ်အရောက်သာလာခဲ့ပါ။
ငါလေ လ မသာရင်မနေတက်လို့ပါ။
နေရောင်ခြည် အနွေးဓါတ်လိုအပ်တယ်
အေးမြတဲ့ ညရဲ့ အလင်း လ ရောင် ကြယ်ရောင်ရောပေါ့
အော်........... သဘာဝတရားနဲ့ ကင်းကွာနေရင် ရေရှည်မှာ
မလွယ်ဘူး ဆိုတာ ငါသိတယ်။
ငါအမြန်ဆုံး အိမ်ပြန်ချင်တယ်။
ငါ့ကို မျှော်လင့်နေကြမယ့် ဆာလောင်မှုတွေကို
ငါ အတက်နိုင်ဆုံး အကုန်ပေးမယ်။
ငါကိုယ်တိုင် အလင်းရောင်ဖြစ်ချင်တယ်။
ငါကိုယ်တိုင် အလင်းဓါတ်ပေးချင်တယ်။
သေးသေးလေး ဖြစ်ပါစေ။ပေးစပ်သူသာဖြစ်ပါရစေ။
ငါ့အပေါ်မှာ ပုံရိပ်တွေထင်ကျန်ခဲ့တဲ့ စွန်းထင်းမှုတို့ကို
ပြန်လည်ပေးစပ်ရင်း ခွါချပါရစေ။
ဘာစွန်းထင်းမှုမှ မရှိချင်ဘူး။
ကိုယ်ပိုင်ဆိုင်တဲ့အရာနဲ့ပဲ ပြန်လည်ပေးစပ်ချင်တယ်။
အော်
ဒီည ငါရင်ထဲမှာ လ သာပါစေ။
လ တစ်စင်းတည်းပဲ သာပါစေ။
မှောင်နေတဲ့ ငါ့အတွက် မမိုက်သေးခင် လင်းပေးပါ။
ငါ့ ရင်ထဲမှာ တောင့်တနေလို့ရယ်ပါ။
လ မသာတဲ့ည ဘယ်သူမှ မကြုံတွေ့ပါစေနဲ့။
အလင်းရောင် ကိုယ်စီဖြင့် အချင်းချင်း အကျိုးဖြစ်ထွန်းပါစေ။
ပင်လယ်ကြီးလိုမျိုး လပြည့်ည လိုမျိုး
စိတ်ကူးတွေနဲ့ ငါရွက်လွှင့်နေပါရစေ။
ငါ့ရင်ထဲမှာ တစ်ခုခု လုပ်ချင်နေသလိုမျိုး ဖြစ်နေတယ်။
လ မသာတဲ့ ညမှာ ကျုပ်အတွေးတွေက လ ရောင်ဖြစ်ပါစေ။
နေရု (ရေခါး)