မင်္ဂလာပါ......

Sunday 6 September 2009

အစွဲလမ်းကြီးတဲ့ ကျုပ်တို့အမျိုး

ဟုတ်ကဲ့ သတင်းနဲ့ နည်းပညာခေတ်ကြီးမှာ သတင်းတွေက အမျိုးမျိုး နည်းပညာတွေက အဖုံဖုံ တကယ်ကို ရှေးလူကြီးတွေ အတွက်တော့ မျက်စိရှုပ်စရာကြီးပါဗျာ။ခေတ်အလိုက် ခေတ်အကြိုက်ဆိုတာ သူတို့နဲ့ မဆိုင်။ ခေတ်အတွေးခေတ်အရေးဆိုတာ သူတို့အလုပ်မဟုတ်။ ယနေ့ခေတ် ဖျော်ဖြေရေးတွေ မည်မျှပင် ပေါများနေပါစေ သူတို့စိတ်မဝင်စား။ မနေ့ကမှ ပေါ်လာတဲ့ ကိုရီးယားကားတွေကို ရွှေဘတို့ ခေတ်ကများကွာ ဆိုပြီး အားရပါးရ ပြောတက်တဲ့ ကျုပ်ဘကြီးကိုပြေးပြီးသတိရလိုက်တာ။ နန်းတော်ရှေ့ဆရာတင် တို့ရေးခဲ့တဲ့ သီချင်းတွေကို သေချာနားထောင်စမ်း ဆိုပြီး ဘကြီးပြောတဲ့စကားတွေ ယနေ့ခေတ်ရဲ့ ပေါ်ပင်တေးကြို ကိုက်ကြတဲ့ ဘကြီးရဲ့မြေးတွေတောင် အလွတ်ရကုန်ပြီ ဘကြီးရေ ......လို့ ပြောလိုက်ချင်တယ်။ လူတွေ ပြောင်းလဲတက်တာကို ဘကြီးကောင်းကောင်းသိပါတယ်။ ခေတ်အဆက်ဆက်ကို မှီခဲ့တဲ့ကျုပ်ဘကြီးက ဘယ်အရာမဆို နှိုင်းယှဉ်ပြီး ပြောတက်တယ်။ သိပ္ပံပညာကို သူမသင်ခဲ့ဘူးပေမယ့် ဒီနှစ်ရာသီဥတု အခြေအနေကို သူကောင်းကောင်းခန့်မှန်းနိုင်တယ်။ ရွာရဲ့တောင်ဘက်မှာ နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ အင်းကြီးရဲ့ အနာဂတ်ဖြစ်နိုင်ဖွယ်အခြေအနေကို သူနဲနဲပါးပါး တီးမိ ခေါက်မိရှိတယ်။ ဒါပေမယ့် တော်တော်နဲ့ သူက စကားသိပ်ပြောတမဟုတ်တော့ သူ့ကို လူအ ကြီး လူအေးကြီးလို့ ထင်ကြတာများတယ်။ လူများရင် ကျုပ်ဘကြီးက သိပ်ပြီးစကားမပြောဘူး။ဝေးဝေးက ရှောင်တက်တယ်။ ဟောဒီ လက်နှစ်သစ်ကျော်လောက် ရှိတဲ့လျှာက လူတွေကို သိပ်ပြီးဒုက္ခပေးလွန်းတယ်တဲ့။ငယ်ငယ်က ကောင်းကောင်းနားမလည်ပါဘူး။ နဲ နဲ စာလေး ဘာလေးဖတ်လာမှ သင်ယူပြီးမှ နဲနဲ သဘောမိလာပါတယ်။ ငယ်ငယ်က ဘကြီးပြောတဲ့ပုံပြင်တွေ ခုတော့ ကောင်းကောင်းမမှတ်မိတော့ပါဘူး။အတော်လေးများပါတယ်။ ဟိုး.....ရှေးရှေးတုန်းက ဆိုပြီးသူအစချီလိုက်ရင် တော်တော်နဲ့မပြီးတော့ဘူး။အဲဒီည အဲဒီနေရာမှာတင်အိပ်ဖို့သာ စဉ်းစားထားပေတော့ ။ ကလေးမှန်သမျှကို ချစ်တက်တဲ့ ကျုပ်တို့ဘကြီးက ကလေးတွေကို ချော့သိပ်တက်တဲ့ပုံပြင်တွေနဲ့ တကယ့်မှတ်သားလောက်စရာ သူတို့ဂျပန်ခေတ်က အတွေ့အကြုံတွေကို ကျုပ်တို့ကိုပြောပြတက်ပြီး အိမ်တိုင်ယာရောက်လိုက်ပြီးပို့ အိပ်စေတက်တာသူ့ဝသီကိုးဗျ။ ကျုပ်တို့ အမျိုးက အစွဲလမ်းကြီးပါတယ်ဆို။
လူတွေရဲ့သဘော အမျိုးသမီးတွေရဲ့သဘော တော်တော်များများသူပြောပြခဲ့တာ မှတ်မိသလောက်ဆိုရင် သူက မဃဒေဝလင်္ကာကို အာဂုံနီးပါးရတယ်ထင်တယ်။သူရွက်ပြသမျှ နောက်မှ ဖတ်ကြည့်တော့ကွက်တိ ဖြစ်နေတယ်။အံ့သြမိပါတယ်။တကယ်ပါ။ လူတွေသေပြီဆိုရင် ငယ်ငယ်ကတည်းက မကြောက်ဖို့ မလန့်ဖို့ အမြဲပြောခဲ့ပါတယ်။သေသွားတဲ့ ရုပ်ကောင်ကြီးက ဘာမှမလုပ်နိုင်ဘူးဆိုပြီး လူသေတဲ့အိမ်ကိုကျုပ်တို့တပ်ဖွဲ့ကိုခေါ်သွားပြီး လူသေကောင်ဘေးမှာ စကားတွေ ပုံပြင်တွေ ပြောပြခဲ့ဘူးပါတယ်။ ဘကြီးအားကိုးနဲ့မို့ ငယ်ငယ်က လုံးဝကို မကြောက်ခဲ့တာပါ။ နောက်ပြီး သုဿာနတစ်စပြင်ထိအောင် ညမှောင်မှောင်တွေမှာဆို တစ်ယောက်တည်းလဲ မကြောက်မရွံ့သွားခဲ့တဲ့ဘကြီးရယ်ပါ။ ကလေးတွေကို သိပ်ချစ်တက်တဲ့ ဘကြီးက ကလေးတွေ ကြောက်လန့်အောင်ခြောက်တက်သူတွေကို သိပ်ပြီးမုန်းပါတယ်။ စိတ်ဓါတ်ခွန်အား သတ္တိတွေရှိအောင် အမြဲလုပ်ပေးလေ့ရှိပါတယ်။ နောက်ပြီး ရွာမှာ အားငယ်သူများ အနှိမ်ခံလူတစ်ချို့ကို ဘကြီးက အမြဲကိုယ်တိုင်သွားပြီးအားပေးတက်ပါတယ်။ပိုက်စံတွေ ဘာတွေထုပ်ပေးပြီး အမြဲအားပေတက်ပါတယ်။ဘကြီးမှာချမ်းသာသလားဆိုရင် မချမ်းသာပါဘူး။်ထမင်းတစ်နပ်စာတောင်မှ ကြုံရာမှာစားတက်တာပါ။ဝတ်စရာ အဝတ်အတွက်လည်း သိပ်ပြီးဇီဇာကြောင်တက်တဲ့သဘောမရှိပါဘူး။ သူသိထားတဲ့ သူလေ့လာထားသမျှအထွေထွေ ဗဟုဿုတ ပေးဖို့အတွက်ကိုပဲသူက စိတ်သန်တာပါ။ ဗေဒင်စသည် ကြယ်တာရာတွေကြည့်ပြီး သူအမြဲပြောတက်ပါတယ်။ ကျုပ်တို့တော့ မမှတ်မိပါဘူး။ကောင်းကင်မှာ ရှိတဲ့ ကြယ်တွေကို ကြည့်ပြီး အမြဲကောက်ချက်ချတက်ပါတယ်။ ကျုပ်တို့တော့ ဘုမသိ ဘမသိကလေးတွေပါပဲ။တကယ်ပါ။ကျုပ်တို့ဘကြီးသာရှိသေးရင် နိုင်ငံခြားမှာလာပြီး ပိုက်စံအကုန်ခံကာပညာသင်စရာမလိုပါဘူး။ ဒါဆို ကျုပ်ဘကြီးမရှိလို့ပေါ့လို့ မေးစရာတော့ ရှိတာပေါ့။ တိကျတဲ့ အဖြေတော့မရှိပါဘူး။ ကျုပ်တို့အမျိုးတွေက အစွဲလမ်းကြီးပါတယ်ဆိုမှ။
ဟုတ်ပါတယ်။လူတွေက တော်တော်များများ အနီးမှာရှိရင် တန်ဖိုးမထားချင်တက်ပါဘူး။ကိုယ့်ခေါင်းထဲမှာရှိတဲ့ ဦးဏှောက်ကို ဦးဏှောက်လို့မထင်တက်ပါဘူး။ကိုယ်သိထားတဲ့ အသိကို အသိလို့မထင်တက်ပါဘူး။ယနေ့ခေတ်မှာပါ။သုတေသနသမား တော်တော်များများဟာ သူတို့အချိန်တွေကိုရင်းနှီးပြီး သူတို့လိုချင်တဲ့အဖြေအတွက်မဖြစ်မနေ ရှာဖွေတက်ကြပါတယ်။ နေရာအနှံ့ကိုသွားကြတာပါ။အရှေက အနောက် ၊ အနောက်က အရှေ့ ၊ တောင်က မြောက် ၊ မြောက်က တောင် ဥဒဟိုသွားလာနေကြတာပါ။သူတို့ ညာဏ်ရှိသလောက်တော့ ရသွားကြတာချည်းပါပဲ။ ရွာက ကျုပ်ဘကြီးက အဲလိုမျိုးမသွားခဲ့ပါဘူး။ ဒါပေသိ ရွာထဲမှာနေပြီး လူတွေနဲ့စကားပြော လူတွေနဲ့ ပေါင်းသင်း လူတွေကို ကူညီ လူမှုဒုက္ခများနဲ့ ပျော်မွေ့ဆိုတော့ အင်း ဘကြီးလဲ ဘကြီးရဲ့ ညာဏ်ရှိသလောက်တော့ ရသွားမှာပါပဲ ဒါကြောင့်ပြောတာပေါ့ ကျုပ်တို့အမျိုးက အစွဲအလမ်းကြီးပါတယ်ဆို။

0 comments:

Post a Comment