မင်္ဂလာပါ......

Tuesday 8 September 2009

ငါမျှားထွက်သူများ

ငယ်ငယ်ကတည်းက ပင်လည်နားကြီးလာသူအတွက် ဒီရေ ကျချိန် ဒီရေ တက်ချိန်တို့ သိသော်ငြားလည်း ကျုပ်တို့လို အညာသားတစ်ယောက်အဖို့ ဒီရေအတက် အကျဆိုတာကို စာတွေထဲမှာပဲ ဖတ်ဖူး ကြားဖူးတာပါ။ လူတွေကလဲ ခက်သားလားဗျာ။ သူဖာသာနေတဲ့ငါးတွေကို ဘာလို့ ပုံစံအမျိုးမျိုးနဲ့ လိုက်ပြီးမျှားနေကြပါလိမ့်။ အင်းအိုင်လေးတွေမှာ တစ်ချို့က မျှားနေကြတယ်။ တစ်ချို့ ကျပြန်တော့ မြစ်တွေ ချောင်းကျယ်ကြီးတွေမှာ မျှားကြတယ်။ပင်လယ်ဘက်ကို ထွက်ပြီး သင်္ဘောကြီးတွေနဲ့ မျှားနေကြတဲ့သူတွေဆိုရင် ဒု နဲ့ ဒေး ပါပဲ။ အင်း တစ်ချို့ကြပြန်တော့ သမုဒ္ဒရာဘက်ထွက်ပြီး ကမ်းမမြင် လမ်းမမြင် ထွက်ကြပြန်တယ်လေ။မနက်ဖန်အကြောင်း မတွေးကြဘူး။ဒီနေ့ဆိုတာကိုပဲ စိတ်ပါလက်ပါ လုပ်ကြတယ်။ငါးမျှားတာချင်း တူတူ အကုသိုလ် အနဲ အများ ပြိုင်နေကြလေ ရဲ့။ရေ မျက်နှာပြင်ရဲ့ အတိမ် အနက်ကို ကျုပ်တို့ တွေးစရာမလိုအပ်ပါဘူး။ပင်လယ်ထဲက ရေ ပင်လယ်ထဲက လာတယ်ဆိုတဲ့ သံသရာအကြောင်းကို ညီမလေးကို မပြောဖြစ်တာ ကြာခဲ့ပြီ။ အိမ်အပြန်လမ်းမှာ စောင့်ကြိုနေမယ့် ဆာလောက်သူတွေကို ငါသနားတယ်။ တစ်ချို့က ငါးမျှားရင် ငါးက ကိုယ့်ကိုပြန်မျှားသွားတယ်တဲ့ ကြားဖူးတာလေးပါ။ကြုံတောင့် ကြုံခဲလေးတွေပါ။


သတိရခြင်းဆိုတာ

လွတ်လပ်တယ်၊
တိကျသေချာတယ်၊
သိုဝှက်ဟန်ဆောင်မှု ကင်းတယ်၊
ကျယ်ဝန်းတယ်၊ နက်ရှိုင်းတယ်၊
အနှောင့်အယှက် ကင်းတယ်၊
လုံခြုံတယ်၊
အချက်အလက် ပြည့်စုံတယ်၊
ဒါပေမယ့်....
အထီးကျန်ဆန်တယ်၊
ဝမ်းနည်းစရာ ကောင်းတယ်၊
မရေရာတဲ့ မျှော်လင့်ချက်ရှိတတ်တယ်၊

အဆိုးဆုံးကတော့၊......
တစ်ဖက်သတ်ဆန်တယ်၊၊

အယ်ဖြူ



ကြိုက်မိလို့ပါ ခံစားမိလို့ပါ။ဂုဏ်သိက္ခာတွေ ကြေမွပြီး စီးထားတဲ့ ဖိနပ်အောက်အမှန်တရားတွေ မှောက်ကျသွားတဲ့အခါဘ၀ဆိုတာ ကောလဟလပါပဲ။ရာဇဝင်မလိုအပ်တဲ့ တံငါသမားတစ်ယောက်အတွက် ဘဝဆိုတာ သူ့အတွက် ပေါ့ပေါ့လေး ဖြစ်နေရမှာပါ။ခုတော့ ဗျာ ကြည့်ပါအုံး။အိမ်အပြန်မှာ ငါးပါခြင်း မပါခြင်းက သူအတွက် အရေးမကြီးဘူး။သူဟာ ငါးမျှားသူ ပီသနေဖို့ပဲ လိုအပ်တာပါ။ ကမ်းပေါ်ကနေပြီး ပင်လယ်ထဲ လက်ပစ်ကူးရုံနဲ့ တော့ တစ်ဖက်ကမ်းဆိုတာ အဝေးကြီး ရယ်။ စိတ်ကူးမယဉ်ချင်ပါနဲ့။ကိုယ့်စိတ်ကူးနဲ့ ကိုယ်ပဲ ရူးချင် ရူး။ရိုင်းချင်ရင် ရိုင်းပေါ့။မဖြစ်စလောက် အနားလေးအတွက် ဒေါက်တာတွေ ဘာတွေ ဖြစ်နေဖို့မလိုအပ်ပါဘူး။ကိုယ့်ရဲ့ အိမ်တွင်းရေးတွေကို ကိုယ့်ဖာသာရှင်းရမှာပါ။မရှင်းနိုင် ရင် အိမ်ထဲမှာ နေစရာကိုမလိုအပ်ဘူး။ပင်လယ်ထဲမှာ သွားနေပေါ့။ခုတော့ အဲလိုမဟုတ် ငါးစာရှာရင်းနဲ့ လူက ငါးစာဖြစ်ရသတဲ့လေ။တစ်ဖက်သက်ဆန်တဲ့ အဲဒီကမ်းပြင်ကို ငါမုန်းတယ်။ ငါ့ရဲ့ မုန်းတီးခြင်းကို ငါပိုင်သလို ငါ့ရဲ့ ချစ်ခြင်းကိုလဲ ငါပိုင်တယ်။ လူမဆန်တဲ့ အတ္တသမားတွေ အတွက် ကမ္ဘာမြေက ခဏလေး နားခိုခွင့်ပေးထားတာပါ။ ပန်းတိုင်ဆိုတာ ရောက်ချင်တဲ့ သူတွေအတွက် ကန့်သက်ထားလို့ပါ။နယ်မြေ တစ်ခုရဲ့ ကန့်သက်ချက်မှာ ချုံးပွဲချ ငိုနေမည့်အစားအနီးအနားက ကလေးတစ်ယောက် ရဲ့ငိုသံတွေ သောကတွေကို ငါဘယ်လိုကုစားပေးရမယ်ဆိုတာ မင်း စဉ်းစားပါ။မင်း မင်း သေချာစွာ စဉ်းစားပါ။ဆက်ပါမည်.........။စဉ်းစားနေပါရစေ အုံး..........။

0 comments:

Post a Comment