မင်္ဂလာပါ......

Sunday 23 August 2009

လွမ်းချင်စဖွယ် တောင်တန်းညများ


(၁)
စမ်းတဝါးဝါး ရှာဖွေရင်းနဲ့ဟောင်းနွမ်းပြီဖြစ်တဲ့နေရာဟောင်းကြီးကို ရောက်ခဲ့တာပါ။အစီစဉ်တကျမဟုတ်ခဲ့ဘူး။ ဘဝလမ်းညွှန်ဆိုတာလဲ အသက်(၂၀)ကျော်ရင် ပြီးဆုံးတဲ့ဓလေ့အတိုင်းယူခဲ့ရ။အများကြီးပါပဲ။တကယ်ကို အများကြီးပါ။ကြုံရင် ကြုံသလိုထည့်ခဲ့ရတဲ့ ဥဏှောက်ကိုပဲခွန်အားဖြည့်စာပေများနဲ့ ကြွေးမွေးပြုစု စောင်မခဲ့ရ။ နေရမည့်သက်တမ်း သေရမည့်နေ့ တကယ်ကိုမသိခဲ့တာ ငယ်ငယ်က ပြောပါတယ်။ထားပါတော့ အချိန်တန်ရင်ကိုယ့်လမ်း ကိုယ်တိုင်ရှောက်ရမှာနော် ဆိုတဲ့ အမေ့စကားစိမ်းကားလွန်းတယ်ထင်ခဲ့တာ။ တကယ်တော့ ဟုတ်တယ် အဲဒီစကားသိပ်မှန်တယ်။ဘဝဆိုတာကို ပေါ့ပေါ့လေးထင်ခဲ့ကြတာ လူငယ်တွေရဲ့ သဘာဝတစ်ခုဆိုတာ ကြီးလာမှ ယုံသွားတယ်။ဒီလိုပဲ ပေါ့ပေါ့လေး နေချင်လို့ ရေကြည်ရာ မျက်နုရာကို အများနည်းတူ ရှာဖွေခဲ့တာပါ။စိတ်ထဲမှာ ကူးပြီး ယဉ်ခဲ့ ရူးခဲ့ဖူးတာတွေ တကယ်ဖြစ်လာတယ်ဗျ။ ဒါကြောင့်ထင်ပါရဲ့ (If there is wish , there is way.) ဆန္ဒသာ ရှိပါ ၊ လမ်းတွေ က ရှိပါတယ်။လျှောက်လှမ်းဖို့ဆိုတာတော့ ကိုယ့်တာဝန်ပေါ့။လျှောက်ခဲ့ပါတယ်။တကယ်ကို အသက်ရှူမှု မရပ်မနားဘဲ။အော် ဒီလိုနဲ့ နေရာဟောင်းကြီး မှာ သူငယ်ချင်း ကျောင်းသား( နယ်စုံပေါ့)တွေနဲ့ တပျော် တပါး။
(၂)
မခွဲချင်ဘဲ ခွဲခဲ့ရ မခွါချင်ဘဲ ခွါခဲ့ရ။အော် လူ့ဘဝရဲ့ဓမ္မတာတစ်ခုထင်ပါရဲ့။သူတို့သတ်မှတ်ချက်အတိုင်း နေထိုင်ပေးရတဲ့အဲဒီကာလ တကယ်မမေ့ခဲ့ပါဘူး။ခေတ်သစ်ပညာရေးစနစ်ရဲ့ စီးမျောမှုအောက်မှာ ဟိုနားစပ် စပ် ဒီနားစပ်စပ် အင်းဒီကာလတွေမှာတော့ ဘာမှ မကျန်သလိုပါပဲ။နောက်မှ ပြန်လည်တွေးကြည့်မိတယ်။ ဟာ အများကြီး ရလိုက်တာပဲလို့။ဒီလိုနဲ့တင် ကျုပ်တို့ဘော်ဒါတစ်သုတ် ဟုတ်ဟုတ်ငြားငြား ငုတ်တုတ်ကြီး လေဟုန်စီးကာ တောင်တန်းမြို့လေးတစ်မြို့ ရောက်ရှိလိုသွားခဲ့တယ်။လမ်းခရီးလွယ်မယ်မထင်နဲ့။ အခုပြန်တွေး အခုမျက်ရည်ကျလောက်တယ်။အော် ဒီလိုပါ ဒုက္ခ ရဲ့သဘောနားမလည်သေးလို့ထင်ပါရဲ့။ မတွေ့ရသေးတဲ့ နယ်စိမ်းပယ်စိမ်း နယ်မြေသစ်မှာ ဘာတွေ တွေ့မလဲဆိုတဲ့ ရင်ခုန်သံကို ကိုယ်စီနားစဉ်ရင် ကားများစွာပေါ်မှာလိုက်ပါခဲ့ကြပေါ့။တကယ်စွန့်စားမှုဆိုတာ အဲဒီတုန်းကမှ ကြုံခဲ့ရတာ။ အရိုးကွဲမတက် အေးတယ်ဆိုတာကိုလည်း ခံစားဖူးခဲ့ပြီ။လမ်းခရီးမှာတင်ကတည်းက ပါ။လမ်းခရီး တက်သမျှ မှတ်သမျှ တစ်လုံးတစ်ပါဒ မကျန်အကုန်ဝါးစား မျိုချ အင်းလှမ်းလို့မြင်နေရပါပြီ။ဟိုး.......အရှေ့ကလှမ်းမြင်နေရတဲ့ မြို့လေးပါပဲတဲ့။ အော် သူမနေရမယ့်အတိုင်း ။ အင်းလေ ဟုတ်ပါတယ်။သူကလည်း သူ ငါကလည်း ငါကိုး။မြေပြန့်မှာ တွေ့ခဲ့ရသမျှ သနားစရာသတ္တဝါ အဖြစ်နဲ့သာ ကြည့်ကြ။သူတို့မျက်လုံးတွေကို ပြောပါတယ်။ကျုပ်အတွက်လား ဝေးသေး ပြန်တောင် သနားမိတယ်။ရောက်ပြီ ရောက်ပြီ။ဆင်းကြတော့ တဲ့။
(၃)
အားပါးပါး .....................။လှ ပ လွန်းလိုက်တဲ့မြို့တော်လေး။ချစ်စရာကောင်းလိုက်တဲ့ လူတွေ ။ ကိုယ်နဲ့မဆိုင်သလိုမျက်လုံးအစုံလိုက်တွေကို ခပ်တည်တည်ပဲ မျက်စောင်းထိုးပစ်လိုက်တယ်။လုပ်စရာ ရှိသည်များ လုပ် ။ဖြည့်စရာ ရှိသည်များဖြည့်။အားလုံးကို သင်ယူ လေ့လာဖို့ ကျုပ်တို့ ရောက်ရှိပါတယ်ပေါ့။ ရောက်ခါစ မလည်မဝယ် ကျောင်းသားလေးများလို..........။ကျောင်းသူ ကျောင်းသားလေးများ ဆရာ ဆရာမများ အပြုံးကိုယ်စီနဲ့ပါ။အော် ငါတို့အဖြစ်က အိပ်မက်လိုပါပဲလား။ သူငယ်ချင်းများနဲ့ စကားဝိုင်းမှာ ညတိုင်းပြောဖြစ်ကြ။သူတို့လည်း သူတို့နေရာသို့ မသွားကြသေး။ကိုယ်လည်း ကိုယ့်နေရာမှာ နေရာတကျ နေသားတကျ မဖြစ်သေး။အော် .............လွမ်းစရာ တေင်တန်းညများ လွမ်းစရာ တောင်တန်းညများ..................................................ဆက်လက်ရေးသားပါမည်။ ခဏတော့ လွမ်းခွင့်ပြုပါ။

0 comments:

Post a Comment