မင်္ဂလာပါ......

Wednesday 26 August 2009

ကျုပ် နဲ့ ကျောင်းသင်ခန်းစာတစ်ပုဒ်

ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတာပါ။သိပ်ပြီးမာန်ပါတဲ့ စကားတွေပါ။တစ်ခါ တစ်ရံမှာ စဉ်းစားမိတယ်။ဟိုးအရင် ကဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်များ မကြာသေးသောအခါက ဖြစ်စဉ်များ။ထပ်ခါ ထပ်ခါ ပြန်လည်စဉ်းစားချင်လောက်သည် ထိ တကယ့်အဖြစ်များ။တစ်ခါ တစ်ရံမှာတော့ ချက်ချင်းကို မေ့ပစ်ချင်လောက်အောင် ဖြစ်စဉ်များ လူတိုင်းတော့ ကြုံဖူး စုံဖူးကြလိမ့်မယ်ထင်တယ်။တကယ်တော့ လူတစ်ယောက်ရဲ့စိတ်ဓါတ်အရင်းအမြစ်တွေပေါ့။ဘယ်လိုမှကို လိမ်လို့မရအောင်ကို စဉ်းစားဖို့ကောင်းတယ်။ဖြစ်စဉ်တစ်ခုကို ထပ်ခါ ထပ်ခါ စဉ်းစားချင်လောက်အောင် ဖြစ်ခဲ့ရ။ ကျုပ်ရဲ့ တကယ့်ခရောင်းလမ်းခရီးစဉ်မှာပါ။တကယ့်ဘဝဆန်သော တောင်တန်းခရီးစဉ်ပါ။တစ်ခုတော့ ရှိပါတယ်။ဘယ်နေရာမှာဖြစ်ဖြစ် ရိုးသားတဲ့သူတွေ ရှိသလို မရိုးသာတဲ့လူတွေ ဒု နဲ့ဒေး ဆိုတာပြောဖို့မလိုပါဘူး။ ကိုယ့်အတွက် အသစ်ဆန်း တစ်ခုဖြစ်ရင်တော့ တစ်မျိုးပေါ့။စာပေ မထွန်းကားသော ခေတ်များစီက လူတွေကို တကယ်ရိုးသားတယ်လို့ပြောမလား။တကယ်ဒီနေ့ခေတ်မှာတော့ စာပေတွင်မက နည်းပညာများပါ ထွန်းကားလို့ လာခဲ့ပါပြီ။ဟုတ်တယ်ဗျ။မစဉ်းစားရင်တော့ ဘာမှ မဖြစ်ပါဘူး။စဉ်းစားမိရင် ပြဿနာတွေ ချည်းပဲ။ကြောက်စရာမလိုပါဘူး။ကျုပ် ရဲ့ ကျောင်းသင်ခမ်းစာတစ်ပုဒ်လေးပါ။
(၁)
ယုန် နဲ့ လိပ်တို့ရဲ့အပြေးပြိုင်ပွဲလေးရယ်ပါ။ကလေးတွေကို ကိုယ့်ရဲ့နည်းစနစ်နဲ့ကိုယ်သင်လိုက်တယ်။ဆရာမတစ်ယောက်လာပြောပါတယ်။ဟာ ဒီလိုသင်လို့တော့ မဖြစ် ဘူးတဲ့လေ။ဘာဖြစ်လို့လဲ ပေါ့။အံ့သြသွားတယ်။စာသင်တယ်ဆိုတဲ့ အဓိက ပန်းတိုင်က ဘာလဲလို့ မေးလိုက်တယ်။စာမေးပွဲအောင်ဖို့ ကလေးတွေ အတန်းတင်ပေးဖို့တဲ့။မရဘူး ကျုပ်ဆန္ဒက အဲလိုလုပ်လို့မရဘူး။ကလေး ဆိုရင် ကလေးနဲ့တန်တဲ့အတွေးအခေါ် ဆိုတာရှိမှာပဲ။ကျုပ်သင်တက်သလို သင်ကြည့်မယ်ပေါ့။ နောက်ဆုံးတော့ ပြောလို့ဆိုလို့မရတော့ သူမလဲ ဆရာမလေး လဲသူ့အခမ်းပြန်သွား၏။ အင်း ......... စမ်းကြည့်မယ်ပေါ့။အဲဒီ ပုံပြင်လေးကို အစ အဆုံးကြည့်ပြီးဖတ်ပြတယ်။သူတို့ကို ဖတ်ခိုင်းတယ်။ ကလေးတွေလည်း စိတ်ပါကြပါတယ်။အသစ်တွေ လေ။ဆရာသစ် ကျောင်းသားသစ်ဆိုတော့ ။ပုံပြင်လေးပြီးတော့ သူတို့ကို သရုပ်ဆောင်ခိုင်းတယ်။ရှက်နေကြတယ်။ကိုယ်က ဝင်ပြီးသရုပ်ဆောင်ပြလိုက်တယ်။ဘယ် ရမလဲ ဒီကလဲ သိတယ်မလား။ငါဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ အတွေးတွေကို ခဏလွှင့်ပစ်လိုက်တယ်။တကယ်ဗျာ။ကလေးတွေရဲ့ဖြူစင်ရိုးသားမှုကို ကိုယ်တိုင်ကလေးဘဝ ကမစဉ်းစားမိခဲ့ဘူး။အသက်ကြီးလာမှ ပိုပြီးသတိထားမိတယ်။စိတ်ထဲရှိတဲ့ လုပ်တက်ကြတယ်။အဲဒါကြောင့်ကလေးလို့ ခေါ်တာဖြစ်မယ်။ထားပါတော့။ယုန် နဲ့ လိပ်ပုံပြင်ပြီးသွားပြီ။ ကလေးတစ်ယောက် ရဲ့ စိတ်ထဲမှာ သိပ်ပြီးတော့ ကြေနပ်ဟန်မရှိဘူး။လိပ်အနိုင်ရသွားတာကို ကလေးတစ်ယောက်လုံးဝ မကြေပါနပ်ဘူး။လေ့ကျင့်ခန်း တွေ လုပ်ခိုင်းရင် သူတို့ရဲ့စိတ်တွေ ပေါ်လာမယ်ပေါ့။ ဒါနဲ့ပဲ ......စာတွေ ရေးခိုင်းလိုက်တယ်။လိပ်အနိုင်ရတာကို မကြေနပ်ကြတဲ့ ကလေးတွေ ငါးယောက်လောက် ရှိတယ်။ကျုပ်က လဲ လွတ်လပ်ပေါ့ပါးစွာပါပဲ။ဖတ်ကြည့်တယ်။တစ်ယောက်ချင်းစီကို သေချာစွာဖတ်ကြည့်တယ်။ ဟာ တကယ့်ကလေးတွေ ဗျာ။သူတို့က ယုန်ကို အနိုင်ပေးလိုက်တယ်တဲ့။ အဲဒါဘာဖြစ်သလဲ တဲ့လေ။ဒီကလည်း ဘာပြောမှာလဲ ဘာမှ မဖြစ်ဘူးလို့ပြောလိုက်တယ်။အခြေအနေကို ကြည့်နေရတယ်။ဘာတက်နိုင်မှာလဲ။မယုံရင် ဒီအတန်းထဲမှာ နှေးကွေးသူ နဲ့ မြန်သူ ဘာပြိုင်မလဲ တဲ့။ဟာ တကယ်ကလေးတွေပဲ။အင်း ဟုတ်တာပဲ။သူတို့က ရိုးရိုးလေးတွေးကြတာပါ။ဒီတော့ သူတို့စီက ဘာတွေထွက်လာမလဲလို့ စောင့်ကြည့်လိုက်တယ်။ကိုယ့်ရဲ့ အစမ်းရောင် မြတ်ခင်းများကတော့ မကြာသေးတဲ့ အဝေးမှာ ကျန်ခဲ့ပါပြီ။
(၂)
မနက်ခင်း သင်ခန်းစာ ဒီပုံပြင်။ညနေ ဆို ဘယ်လိုကျောင်းဆင်းရမှာပါလိမ့်။ကလေးတစ်ယောက် ကျောင်းဆင်းသွားတာက ပျော်စရာ အပြစ်ကင်းတယ်။ဆရာ ဆရာမတွေ ကျောင်းဆင်းမယ်။ဆရာ ဆရာမတွေ အတွက် ရလိုက်တဲ့ သင်ခန်းစာက ဘာလဲ။စာသင်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေလိုက်တယ်။ကလေးတစ်ယောက်ရဲ့ အတွေးနဲ့ လူကြီးတစ်ယောက်အတွေးဘာတွေ ကွာခြားသလဲ။ ဘာတွေက လွှမ်းမိုးထားသလဲ ပေါ့။အရိုးရှင်းဆုံးပုံပြင် တစ်ပုဒ်ဟာ အရိုးရှင်းဆုံးအတွေး အရိုးရှင်းဆုံးသင်ခန်းစာ ကိုပေးရမှာပါ။ခုတော့ ငါ့မှာ ဘယ်လိုဖြေရှင်းပေးရပါ့။ဘာမှ အရေးမကြီးဘူးဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်ရင်တော့ ရတာပေါ့။ကိုယ့်တုန်းက ဒါမျိုးတွေ လုပ်ခဲ့ကြပေမယ့် သူတို့လေးတွေ ရဲ့ အလှည့်ရောက်ရင်တော့ ငါ့လိုမျိုး ခံစားချက်ဘယ်တော့မှ မဖြစ်စေရဘူး ဆိုပြီးသန္နဌာန်ချထားတယ်။ ယုန်နိုင်သည်ဖြစ်စေ လိပ်နိုင်သည်ဖြစ်စေ ကျုပ်တို့ နဲ့ဘာဆိုင်လဲ လုပ်ပစ်လို့ရတာပေါ့။ဟုတ်ကဲ့ အဲဒီ ကျောင်းသူ ကျောင်းသားတွေကို နက်ဖန် ငါဘယ်လို ရှင်းပြရပါ့.........။ခဏ တော့ စဉ်းစားခွင့်ပြုပါ။

0 comments:

Post a Comment