Tuesday 18 August 2009
ရှိတဲ့အတိုင်း ရှိကြမယ်
ရွေးချယ်စရာ မရှိတော့ရင် သင်ဘာလုပ်မလဲ။သိပ်ကောင်းတဲ့မေးခွန်းလေးတစ်ခုပါ။ချစ်တက်တဲ့ အရွယ်မှာ ကောင်းကောင်းမချစ်ခဲ့။မုန်းတက်တဲ့ အရွယ်မှာ အမုန်းဆိုတာဘာမှန်းမသိခဲ့။မြင်မြင်သမျှ သခါင်္ရဆိုတဲ့ အတွေးထင်ပါရဲ့။ကောင်းလား မကောင်းလားဆိုတဲ့အတွေးလဲ မသိခဲ့။သစ်ရွက်ကြွေတိုင်း ရင်မခုန်တက်ခဲ့တော့ အတော်များများ လွဲချော်ခဲ့ရတယ်။အမှားအမှန်ဆိုတဲ့ ဝေါဟာရနှစ်ခုကြား ဗျာများခဲ့သူက ငါရယ်ပါ။အော်..... ဒီလိုမှန်း အစက မသိခဲ့လို့ပါ။လူပဲဗျာ မှားရင် မှားမယ်။မှန်ရင် မှန်မယ်။ဒါကို လိုက်ပြီးသေချာစွာ မကြည့်ခဲ့တော့ ကျုပ်ရဲ့ ဒီ ဒုတိယအရွယ်မှာ ကျုပ်တို့ ဘာတွေတက်နိုင်မှာတဲ့လဲ။အရိုးသားဆုံးချစ်မယ်လို့ တွေးမိတိုင်း မရိုးသားမှု တွေနဲ့နပမ်းလုံးခဲ့ရ။မရိုးမသား ချစ်မယ်လို့ တွေးမိတိုင်း အရိုးသားဆုံးများက ငါ့ကိုပစ်ပယ်သွားကြ။အော်... ဘဝရယ် ဘာလို အကိုယ်တို့နှစ်ယောက်ကိုမှ ဒါမျိုးလာပြီးကြုံရ စုံရပါလိမ့်။ဘယ်အရာက ဘာဖြစ်လို့ အားလုံးကို မတရားဘူးလို့ ပြောကြမှာလဲ။သူ့သဘော နဲ့ သူ ဖြစ်နေကြတာကို သူ့အတိုင်းလက်ခံကြဖို့ ကြိုးစားကြမယ်။ ဘာမှမဖြစ်သလို နေကြည့်ကြမလား။လွယ်မယ်တော့ မထင်ဘူး။ဘာမှ မဟုတ်သလို ခံစားကြမယ်။မရ ပြန်ဘူး။အိပ်မက်လို့ သဘောထားကြမယ်။ ဝေးပါသေး ရဲ့။စိတ်ထဲမှာ ရှိတဲ့အတိုင်းအရိုးသားဆုံး ပြောခဲ့ကြတာပဲ။ ကျုပ်ဘက်က အဆင်သင့်ပဲ။ ပြောင်းလဲခြင်း သဘောတရားကို ကျုပ်တို့ အရှိအတိုင်းလက်ခံမယ်။ခက်ခဲ တဲ့ အရာကိုမှ ရင်ခုန်တက်တဲ့ ကျုပ်က ရင်ခုန်ကြည့်တယ်။ အမှန်တကယ် ရင်းနှီးကျွမ်းဝင်မှုဆိုတာ အချိန်အများကြီးပေးရတယ်ဆိုတာ သိခဲ့ပါတယ်။
သဘာဝတရားဆိုတာကို ကျုပ်မတော်လှန်နိုင်ခဲ့ဘူး။လိမ်ညာလို့မရတာကို ဇွတ်အတင်းကြီး မလိမ်ချင်ဘူး။ တကယ်ချစ်နေတာကို ဘာလို့ မုန်းသွားမှာ ကြောက်နေရပါလိမ့်။ဘယ်လို မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်တက်တယ်ဆိုတာ ကျုပ်သိတယ်။လေထဲမှာ တိုက်ဆောက်ချင်ခဲ့တာလား တဲ့။မဟုတ်ဘူး။စိတ်ကူးမယဉ်ခဲ့ ဘူးသလို စိတ်ကူးမရိုင်းခဲ့ဖူးဘူး။စိတ်ထဲမှာ တကယ်ကို ရှိခဲ့တာ။အိပ်မက်စိုက်ခင်းမှာ ကျုပ်တို့နေနေကြတာလား။အော်..... ညီမ ရယ် လို့ပဲ။အခါခါ ငြီးတွားရင်းနဲ့ ချစ်မိသွားတာကြီးကို ကျုပ်တို့ဘယ်လိုလုပ် ဝေးကြမှာလဲ။အနီးဆုံးနေရာမှာ နေကြဖို့ ဘယ်တော့မှ ဝေးဖို့ မတွေးရဲဘူး။သမရိုးကျ ဇာတ်လမ်းတွေထဲမှာ ကျုပ်တို့မနေခဲ့ကြဘူး။တစ်ယောက်ကို တစ်ယောက် ခွဲဖို့ ဝေးဖို့ တစ်ခါမှ မတွေဘူး။ ဝေးမှာစိုးလို့ တစ်ယောက်ကို တစ်ယောက်ဖတ်ထားကြတာဆိုရင် ခဏ ခဏ ပဲ။ဘယ်သူ့ကိုမှလဲ အပြစ်ရယ်လို့ မပြောရဲခဲ့ကြဘူး။ဒါမျိုးကို အချစ်မဟုတ်ဘူးလို့ ပြောချင်သေးလား။ကံဇာတ်ဆရာရဲ့အလိုကျ ရိုးရိုးလေး တွေခဲ့ကြပြီး အရိုးသားဆုံးဖြူစင်ခဲ့ကြတယ်။သာမန် လူသားတစ်ယောက်ထက်ပိုပြီး ကျုပ်တို့ဘာမှ မကြီးကျယ်ဘူး။အရင်က ကိုယ့်ကိုကိုယ်သူရဲကောင်းထင်ခဲ့တဲ့ အဖြစ်က ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီ။ ခဏ ခဏ ဝမ်းနဲတက်လို့ စိတ်ကို တအားတင်းထားတယ်။ဖြစ်ချင်တာ ဖြစ်ဆိုပြီးလုပ်တက်လို့ သတိအမြဲထားခဲ့တယ်။ ဒီတစ်ခါတော့ ကျုပ်လဲ မတက်နိုင်ဘူး။သစ်ရွက်မလုပ်တာကိုဘဲ လေကိုအပြစ်တင်နေတက်ပြီ။ ဆန်းကျယ်မှုတွေ အများကြီးနဲ့ အရိုးသားဆုံးဆက်လျှောက်ကြည့်မယ်။လူမသေသေးသရွေ့ ဖြစ်ချင်တာ အကုန်ဖြစ်ခွင့်ရှိတယ်။ဘာကိုမှ အရှုံးမပေးခဲ့ဖူးဘူး။စိတ်ထဲရှိတဲ့အတိုင်း ရှိကြမယ်။
0 comments:
Post a Comment