မင်္ဂလာပါ......

Saturday 22 August 2009

ဘာတွေဖြစ်ဖြစ် ချစ်နေမှာပါ


(၁)
ဆန်းကြယ်တယ်ဗျာ။တကယ်ပါ။မွေးတဲ့အချိန်က စပြီး သေသည်ထိ ရှင်သန်နေတာ ဘာလဲ အဲဒီအချစ်နဲ့ အမုန်း။ သံသရာ အစ ကနေ သံသရာဆုံးသည်ထိရှိနေအုံးမှာကလည်း အဲဒီအချစ်နဲ့ အမုန်ပဲဖြစ်လိမ့်မယ်ထင်တယ်။ ကျုပ်ရဲ့ ကိုင်ပိုင်အတွေးပါ။လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။တရားသေ မူသေဝါဒဆုပ်ကိုင်မထား တက်ခဲ့လေတော့ အရာရာပြောင်းလဲချင်တယ်လေ။ ကျုပ်အတွက် မှားရင် မှားမယ်။မှန်ရင် မှန်မယ်။ ဒါပေသိ... ကျုပ်ကြေနပ်နေမိတယ်။အင်း ဒါလဲ ကိုယ့်အတ္တတစ်ခုလို့ ပြောရင် ပြောလို့ ရပါတယ်။ကျုပ်တို့ ဘယ်တုန်းက လူစပြီး ဖြစ်ခဲ့ကြတာလဲ။ အင်း ဒါလဲ ဗုဒ္ဓက မရှင်းပြခဲ့။အစမထင် သံသရာ တဲ့။ဟုတ်ပါတယ်။ကျုပ်ကရော ဘာလို့ဒါတွေတွေးနေရတာလဲ။ကိုယ်လုပ်စရာ ရှိတာ မလုပ်ဘဲနဲ့။သေချာစဉ်းစားကြည့်မိတယ်။ အခြေခံ သင်ယူခဲ့တဲ့ အရာတွေကပဲ မှားနေတာလား။ဒါမှ မဟုတ် နောက်ပိုင်းတွေ ရောက်မှ မှားကုန်တာလား။အပြစ်မြင်ဝါဒ နဲ့ကြည့်မှာလား။အကောင်းမြင်ဝါဒနဲ့ ကြည့်မှာလား။ဒါက အရေးကြီးတယ်။ ချစ်ခြင်းတရား မုန်းခြင်းတရားသိပ်ပြီး အဓိက ကျတယ်ဆိုတာတော့ ကျုပ်လက်ခံတယ်ဗျာ။
(၂)
အဆိုအမိန့်တွေကြားမှာ ကျုပ်ဗျာများခဲ့ဘူးတယ်။ဆရာတွေကြားမှာ ဗျာများခဲ့ဘူးတယ်။လူကြီးတွေကြားမှာ ယောင်ဝါးဝါး လုပ်ခဲ့ဖူးတယ်။အမှားတွေချည်းပဲလို့ ကိုယ့်ကိုကိုယ်ပစ်ပစ်ခါခါ ဝေဘန်ပစ်ခဲ့တယ်။ချစ်ခြင်း မုန်းခြင်းတွေကြားမှာလဲ ဒီလိုပဲ။ဘာမှန်းမသိအောင်ကို ဖြစ်ခဲ့ဖူးတယ်။ဒါပေမယ့် သေချာတာတစ်ခုကတော့ ရှိတယ်။ချစ်ခြင်း မုန်းခြင်း ဒီနှစ်ခုပဲ။ဟုတ်တယ်လေ။လူရယ်လို့ ဖြစ်လာကတည်းက ချစ်တက်အောင် သင်ပေးကြ မုန်းတက်အောင်သင်ပေးကြ။ကိုယ်တိုင်ရှာဖွေကြ ။တစ်ဆင့် ရှာဖွေကြ နဲ့။နောက်ဆုံးတော့ အငိုပွဲ နဲ့ပဲ အဆုံးသတ်ကြ။အင်း ဒါလဲ အမှတ်မရှိ ဘာတက်နိုင်မှာလဲ။ကိုယ့်အပြစ်ကို ဖုံးကွယ်ပြီး ပရိယာယ် နဲ့ လုပ်တက်တဲ့ အဟိတ်တိရစ္ဆာန်လောက် မမိုက်မိတာပဲ ကိုယ့်ကို ကိုယ်လူပီသရမယ်။ဟုတ်တယ် အဲဒါအရေးကြီး တယ်။တစ်ခါတစ်ရံ တရားသလား မတရားဘူးလားဆိုတာကို မတွေးချင်ဘူး။အခြေခံ ဖြစ်တဲ့ ချစ်စိတ် မုန်းစိတ် ပေါ့ဗျာ။ကျုပ်လဲ မတက်နိုင်ပါဘူး။သာမန်လူတစ်ယောက်ထက် ဘာမှမထူးဆန်းခဲ့ပါဘူး။ချစ်တက်တဲ့ စိတ် မုန်းတက်တဲ့ စိတ်ရှိနေအုံးမှာဆိုတော့။
(၃)
လုပ်သလို မဖြစ်ရင် ဖြစ်သလိုအကောင်းဆုံးလုပ်ကြည့်မယ်။သံသရာရဲ့သဘောတွေးနေသလား။ရှည်လွန်းပါ့။ မတွေးနဲ့ အချိန်ကုန်တယ်။လူပန်းတယ်။ချစ်ခြင်း မုန်းခြင်းအကြောင်းတွေးမလား အချိန်ကုန်တယ်။စိတ်ရှုတ်ပါ့။ ကဲ ဘာပဲဖြစ်ဖြစ် ပေါ့ ချစ်တက်တဲ့ စိတ်ရှိရင် ချစ်ပေါ့။မုန်းတက်တဲ့ စိတ်ရှိရင် မုန်းပေါ့။ဧဝံ မေ သုတံ လို့တော့ သိခဲ့ဖူးတာပဲ။ဒီဘဝတစ်ခုတည်းမှာတင် တွေ့ရမယ်ဆိုရင် တော့ အင်း ဘယ်သူ့ကို မှ ဘာမှပြောစရာ မရှိပါ။ဒါလောက်နဲ့ မပြီးဘူးလေဗျာ။နောက်ထက် ဘယ်လောက်တောင် သွားရအုံးမယ် လာရအုံးမယ်ဆိုတာ ကိုယ်မှ မမြင်နိုင်တာကြီးကို။ရလာတဲ့ အတိုင်း ရှိလာတဲ့ လက်ခံနိုင်အောင် ကြိုးစားမယ်။ ယနေ့မျက်မှောက်ကမ္ဘာအကြောင်းမပြောချင်ပါဘူး။ကိုယ့်ရွာအကြောင်းပြောသလောက်ကို အရသာမတွေ့။ နောက်ဖြစ်လာမယ့် အရာတွေအကြောင်းလား။ကိုယ်နဲ့ ဘာမှမဆိုင်ဘူး ကိုယ်သော်မှ ကိုယ်ဖြစ်ချင်တာ မဖြစ် သူဖြစ်ချင်သလိုဖြစ်နေတာကြီးကို ဘာအတွက် ငေးစရာလိုလဲ။တွေဝေနေခြင်း ငေးမောနေခြင်းဆိုတာ အလုပ်မရှိသူတွေအတွက်ပဲ။ချစ်ခြင်း မုန်းခြင်းရှိနေသမျှတော့ ချစ်နေကြမယ် မုန်းနေကြမယ်ဆိုတာ သေချာတယ်။ မရှိတော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့။လူတွေက တစ်မျိုးစီ ရူးနေကြတာပဲ။ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်နေကြတာပဲ။ဘယ်သူ့ကို မှ ဘာမှပြောစရာမလိုပါဘူး။ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကတည်းက ထွန်းကားခဲ့တဲ့ အတွေးအခေါ် အယူအဆတွေကို သေချာစွာ လေ့လာရင်း နဲ့ ကိုယ့်ကို ကိုယ်အားမနာတမ်း မညာတမ်း ဘာဖြစ်ဖြစ်ချစ်နေမယ်ဆိုတာပြောကြည့်တာပါ။ အားလုံးချစ်နိုင် မုန်းနိုင်ကြပါစေ။ နေရု (ရေခါး)

0 comments:

Post a Comment