မင်္ဂလာပါ......

Monday 31 August 2009

ညီမကို ပြောဖြစ်တဲ့ ညအကြောင်း


(၁)
တိုက်ဆိုင်မှုဆိုတာကို ကြုံဖူးသလား။တစ်ခါ နှစ်ခါ သုံးခါ လောက်ထိပေါ့။အင်း..............ကြုံဖူးတယ်လို့ ပြောကြမှာတွေချည်းပါပဲ။ဘာလို့လဲတော့ မသိဘူး။အဲဒါ ခဏ ခဏ ကြုံရတယ်။ထပ်ခါ ထပ်ခါ ကြုံရတယ်။ ကံကြမ္မာ ရဲ့ ဆန်းကြယ်မှုလို့ ပြောရလောက်အောင်လဲ ကျုပ်တို့က ကံတရာကို အမှီပြုပြီးအသက်မွေး ဝမ်းကျောင်းပြုနေကြတာမဟုတ်။ကံဆိုတာ စေတနာ ပဲဆိုတဲ့ အယူအဆအရ အရာရာကို စေတနာထားပြီး လုပ်နေကြတာလဲ မဟုတ်။ကျုပ်ကိုယ်တိုင် ကြုံခဲ့တဲ့ အဲဒီလမ်းခရီးအသွားက တောင်တန်းညကို တကယ်ကို ရင်ခုန်ခဲ့တာပါ။ဘယ်လောက်ထိ ခုန်ခဲ့တာလဲဆိုရင် လမ်းဘေး ပြုတ်ကျလောက်သည်ထိကို ခုန်ခဲ့တာပါ။ ဘာပြုတ်ကျသလဲတော့ မတွေးနဲ့ မမေးနဲ့။ ည အကြောင်းပြောနေတော့ ညတွေပဲ ပြုတ်ကျမှာပေါ့။ နော့ ကွာ။ ကျုပ်ညီမကို ပဲ ပြောတာပါ။အဲဒီည လေးရဲ့အကြောင်းကို သူငယ်ချင်းတွေ ပဲ သိတယ်။ စခဲ့မိတဲ့ ဇာတ်လမ်း ကခဲ့မိတဲ့ အခမ်း ပြခဲ့မိတဲ့ မေတ္တာတရား စီးဆင်းခဲ့မိတဲ့ လှေငယ်တစ်စင်း လှော်ခပ်မိတဲ့ တက်သွား လွှင့်ခဲ့မိတဲ့ ရွက်များ အော် ငါ့ရဲ့ ညများ ညီမကို ပြောခဲ့တဲ့ ညများ.......။
(၂)
အဲဒီ ညမှာ အင်တာနက်မရှိဘူး။ကွန်ပြူတာ မရှိဘူး။ လျှပ်စစ်မရှိဘူး။ မြို့ပြဆန်မှုတွေ မရှိဘူး။ သံစုံ တီးဝိုင်းတွေ မရှိဘူး။လူတွေ ကြိုက်တက်တဲ့ လူတွေမရှိဘူး။ ရနံ့ဆိုးဆိုး ဝါးဝါးတွေမရှိဘူး။ကောက်ကျစ်တဲ့ မြေခွေးတွေမရှိဘူး။ သိုးမဲတွေ မရှိဘူး။ အမှန်တရားကို ရှာဖွေတဲ့ သူတော်စင်တွေ မရှိဘူး။သမိုင်းကို ထုတ်ဖေါ်တဲ့ သုတေသနသမားတွေ နားခိုမနေဘူး။အနာတွေကို လိုက်ပြီး ကုတ်ဖဲ့တက်တဲ့ လူမိုက်တွေ မရှိဘူး။ဘဝကို အသာလေး ရေစုန်မျှောလိုက်မဲ့သူတွေ ရေသာခိုသမားတွေ မရှိဘူး။ လမ်းဘေးမှာ တောင်းရမ်းစားသောက်နေတဲ့ သူတောင်းစားတွေမရှိဘူး။မှုံဝါးဝါး လေးသာမြင်ရတဲ့ လမင်းလေးကို လိုက်ပြီးခိုကြည့်တက်တဲ့ ကောင်းလေးတွေ ရှိတယ်။ တိမ်ဖုံးမည့်အန္တရာယ်မရှိပဲ လမင်းက ဘာလို့ ကြောက်နေရပါလိမ့်။မိုးကလည်း လုံးဝမရွာနိုင်ဘူး။ အမြဲတမ်း နှင်းကျနေတယ်လေ။တောကြီး မျက်မဲ တကယ်ကို တောကြီးပါပဲ။တိတ်ဆိတ်မှုကို သူကြောက်နေတာ ဖြစ်မယ်။ အစဉ်အလာရဲ့ သားကောင်တွေလို့ ယူဆထားတဲ့ တာဝန်သမားများ တစ်ယောက်ကို တစ်ယောက်မျက်စိ မှိတ်အချက်ပေးကြပြီ။သိပ်ပြီး လှပလွန်းတဲ့ ညကိုမှ သူတို့က ဖျက်ဆီးချင်သတဲ့လေ။ လခမျှာ လမင်းလေးခမျှာ သနားစရာ တကယ်ကို သနားစရာ။ အဲဒီည တုန်းက လမင်းလေးကို ပြောပါတယ်။ကျုပ်နဲ့ တွေ့တုန်းက လမင်းလေးကို ပြောပါတယ်။ တကယ်ဆိုရင် အဲဒီ ညမှာပဲ ကျုပ်မျက်ရည်ကျရမှာ ပါ။ နှင်းတွေကို အားနာလို့ မငိုခဲ့ရဘူး။တကယ့်ကို ဒီဇင်ဘာ လလေးမှာပါ။ အဲဒီ လ နဲ့ အဲဒီ ည တကယ်လိုက်ဖတ်တယ်။အဲဒီ ညကို အခုပြေးပြီးတွေ့လိုက်ချင်တယ်။ သိပ်လှလို့ သိပ်ပြီး လှလွန်းလို့ပါ။
(၃)
လေတစ်ချက် အဝှေ့မှာဆိုရင် ညရဲ့ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလာတယ်။တော တောင် ကြေးငှတ်သာရကာ နန်ပုတ်ချောင်းက ရေစီးသံ တဝေါဝေါ နဲ့ ညထဲမှာ လမင်းလေးရော ကျုပ်တို့ပါ အတွေးကိုယ်စီ နဲ့ ရွက်လွှင့်နေကြတယ်။ကိုယ့်အတွေး နဲ့ ကိုယ့်မို့ပါ။အသာလေး ဖွဖွလေးပဲ လွှင့်နေပါရစေ။ မိုးတိမ်တွေ ငြို့လာလို့ထင်တယ် လမင်းလေး ခိုက်ခိုက်တုန် ချမ်းနေမည်။ အဲဒီညလေး လဲ သွေးခဲမတက်အေးနေမည်။တစ်ယောက်ကို တစ်ယောက် ည နဲ့ လမင်း ကျစ်နေအောင် ဖတ်ထားကြတယ်။ဘာသံမှ မထွက်ဘူး။ကြယ်တာရာတွေ သိရင် ငိုကြွေကြလိမ့်မယ် တဲ့။ကြည့်စမ်း ဘယ်လောက် လှသလဲ။ကြယ်ကြွေ ညကို ကျုပ်မစောင့်ဖြစ်တာ ကြာခဲ့ပါပြီ။အယုံအကြည်မရှိတာလဲ ပါတာပေါ့။ တောကောင်တွေ ဟောက်သံ ဟိန်းသံ တွေကြားမှာ တစ်ယောက်ကို တစ်ယောက်ဖတ်ထားလိုက်ကြတာ ခင်ဗျားတွေ့ရင် လန့်သွားမယ်။မနက်ဖန် နေမထွက်ပါတဲ့။ကြေငြာသံ အပြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ညထဲကို ကျုပ်တို့ ပြေးဝင်လိုက်ကြတယ်။အဲဒီ ညအကြောင်းရယ်ပါ။နောက်ပြီး တစ်စုံတစ်ယောက်က နားထောင်ချင်တယ်ဆိုလို့ ပြန်လည်ပြီး ခံစားကြည့်တာပါ။ မှတ်မှတ် ရရ ညလေးပါပဲ။အဲဒီညတုန်းက သူမက ပြောခဲ့သေးတယ်။တောခြောက်တဲ့ အသံတွေ အရသာတွေက ချစ်စရာကောင်းတယ်တဲ့ အော် တကယ့် ည တကယ့် ည ပါလား။ ည ရဲ့လျှို့ဝှက်ချက်ထဲက ထမင်းသိုး ဟင်းသိုးတွေ အကြောင်း ညီမလေးကို ပြောပြရအုံးမယ်။

Friday 28 August 2009

ကြိုးစားရတာ စွန့်စားရတာကိုမှ ရင်ခုန်တက်သူ


တစ်ကာင်တည်းပါပဲ။သန်းငှတ်တစ်ကောင်ရဲ့ သတ္တိကိုခင်ဗျားတို့ ကျုပ်တို့ရင်ခုန်ခဲ့ဖူးပါသလား။အသိုက်အဝန်းနဲ့ မှနေတက်တဲ့ ပျော်ရွှင်တက်တဲ့ ကျုပ်တို့အတွက်တော့ သူများအားကိုးနဲ့သူများမှီခိုမှုနဲ့ ပျော်ရွှင်မှုတွေ အတုပ တွေနဲ့ ရှိနေအုံးမှာပါ။လူတွေဟာ တိရစ္ဆာန်တွေထက်သာတယ်တဲ့။လူတိုင်းသိနေတာပါပဲ။ဒါက သာမန်အသိပါ။ ထွင်းဖေါက်ပြီး ကြည့်မယ်။အရာရာမှာ သာလို့လား။ (သိပညာ တက်တစ်ပါး နွားထက်ပိုတာ )တဲ့။အရာရာကို သာမယ်လို့မထင်လိုက်ပါနဲ့။အရာရာကို နှိုင်းယှဉ်ကြည့်ပါ။ဟုတ်ကဲ့ ဒီအကြောင်းတွေ ငြင်းခုန်ဆွေးနွေးနေဖို့ အချိန်မရှိပါဘူး။ အရာရာကို မဆုပ်မနစ် စွန့်စားတက်တဲ့ မရရ အောင်အားထုတ်တဲ့နေရာမှာတော့ မမှီနိုင်ပါဘူး။ တကယ်ပြောတာပါ။ ဒီနေ့ထုတ်လွှင့်နေတဲ့ Discovery , Amazing planet လိုင်းတို့မှာ တိရစ္ဆာန်တွေရဲ့ အခန်း ကဏ္ဍကိုကြည့်ရင် သိနိုင်ပါတယ်။ အသက်ရှင် ရပ်တည်နေနိုင်ဖို့ သူတို့ဘယ်လောက်ထိ ကြိုးစားအားထုတ်နေ ရတာလဲဆိုတာ သိနိုင်ပါတယ်။အချင်းချင်း ရဲ့ သင့်မြတ်မှုအတွက် ၊ မျိုးစု တစ်ခု ယှဉ်သန်နေထိုင်ဖို့ရာအတွက် သူတို့တွေ ဘယ်လို စတေးခံကြရတယ်။အလွယ်တကူနဲ့တော့ မရပါဘူး။တကယ်ကို မရကြတာပါ။ဒါဆို ဒီနေ့ ခေတ်သစ်လူ့ဘောင် အဖွဲ့အစည်းမှာရော။သိန်းငှတ်တစ်ကောင်ရဲ့ ဖေါ်ပြတဲ့ ပုံရိပ်ကို သိပ်ပြီးသဘောကျမိပါတယ်။
(၁)
အတော်များများကြားဖူးကြမှာပါ။ကျုပ်တို့ ဗုဒ္ဓဘာသာမှာ အခန်းကဏ္ဍများများမှာတွေနိုင်တဲ့ သိကြားမင်းဆိုတာ ကြားဖူးမှာပါ။တစ်နေ့မှာ သိကြားမင်းက သိပ်ပြီးပျင်းနေတဲ့ သူ့သား သုဝီရ ကိုပြောပါတယ်။ လူတွေ ပျင်းသလို နတ်တွေ လည်းပျင်းမှာပါ။သိကြားမင်းက ဘာပြောလဲ ဆိုတော့ (ဟေ့ကောင် သုဝီရ ဘာမှ မလုပ်ဘဲ ဘာမှအားမထုပ်ပါဘဲ ချမ်းသာတဲ့ နေရာရှိရင် မင်း အဲဒီနေရာကို သွားပါ။သွားပြီးတော့ ငါ့ကိုလည်း အဲဒီ နေရာသို့ ပို့ပါ )တဲ့။ကဲ.............. အဲဒါသာကြည့်တော့ဗျာ။လူတွေထက်သတယ်နော်။နတ်တို့ သိကြားမင်းတို့ ဆိုတာ ကံကြမ္မာ နဲ့ အသက်မွေးဝမ်းကျောင်းပြုရတဲ့ သတ္တဝါတွေရယ်ပါ။ ပြောရရင်တော့ အဟောင်းတွေကို စားနေကြတာပေါ့။အဟောင်းဆိုလို့ တစ်မျိုးမထင်ပါနဲ့။သူတို့ပြုလုပ်ခဲ့တဲ့ ကောင်းမှုကံတွေကို သုံးဆောင်နေကြတာပါ။ မနက်ဖန် အသက်ရှင်သန်ဖို့အတွက် ဒီနေ့ရုန်းကန်လှုပ်ရှားနေကြရတဲ့ ကျုပ်တို့လူသားတွေ ဘယ်လိုပြောကြမှာလဲ။ အလုပ်လုပ်ရမှာပါ။တကယ်ကို အလုပ်နဲ့တူအောင်ကို လုပ်ရမှာပါ။သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖူးပါတယ်။လူပိုများ အလုပ်ပို အပိုလုပ်ကို လုပ်နေကြတဲ့ သူတွေကို မြင်တိုင်း ကျုပ်တို့တိုင်းပြည်ရဲ့ဖခင်ကြီးဗိုလ်ချုပ်တွေ့ရင် ဘယ်လောက်များ ဆဲလိုက်မလဲ လို့ ဆွေးနွေးဖူးပါတယ်။ကြိုးစားမှု စွန့်စားမှုမှာကျုပ်တို့တွေ တကယ်ကို မဖြစ်မနေကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်အပြည့်ထားကြတာ ရှားပါတယ်။ရှိတဲ့ စွမ်းအားတွေထဲက
၂၅ % လောက်ပဲတကယ်ကြိုးစား လုပ်နေကြတာပါ။ဟုတ်လား မဟုတ်လားဆိုတာတော့ ကိုယ့်ဖာသာမေးကြည့်ရမှာပါ။ ခွန်အားဖြည့်စာမျိုးတွေ စိတ်ဓါတ်ခွန်အားဖြစ်စေတဲ့ ပတ်ဝန်းကျင် အရေးကြီးပါတယ်။စိတ်ဓါတ်ကျစေသော စိတ်ဓါတ်ခွန်အား ပျက်စေသောပတ်ဝန်းကျင်မျိုးဆိုရင် ရှောင်ရပါမယ်။ ငယ်ရွယ်စဉ်ခါမှာအရေးမကြီးပေမယ့် အရွယ်ရောက်လာရင် အရေးကြီးပါတယ်။
(၂)
ဟုတ်ကဲ့ ........................။တောထဲမှာ သိန်းငှတ်ကြီးက လိပ်ကို သူ့ရဲ့အစာအဖြစ်နဲ့ ချီမ မလို့ပါ။မြင်လျှင် မြင်ခြင်းတော့ မဖြစ်နိုင်လိုက်တာဆိုတာမျိုးတွေးကောင်းတွေးကြမှာပါ။ဖြစ်နိုင်တာ မဖြစ်နိုင်တာ ကိုယ်နဲ့မဆိုင် ပါဘူး။သိန်းငှတ်ရဲ့ စွန့်စားမှုမျိုး သတ္တိရှိမှုမျိုး ငါ့မှာရှိရဲ့လား။ဘာမှတောင် မလုပ်ရသေးဘူး မဖြစ်နိုင်လောက်ပါ ဘူးဆိုပြီး နောက်ဆုတ်တက်တဲ့ ကျုပ်တို့ရဲ့စိတ်ဓါတ်ကို ဒီသိန်းငှတ်ကြီးကို ကြည့်ပြီး ရှက်မိပါတယ်။လုပ်ပိုင်ခွင့် ကြိုးစားခွင့်ကို သဘာဝတရားက အပြည့်အဝ ပေးပြီးသားပါ။တကယ်အရေးကြီးတာက စိတ်ဓါတ်ပါ။ စိတ်ဓါတ်ခွန်အား စိတ်ဆန္ဒတကယ်ပြင်းပြလာပြီဆိုရင် မဖြစ်နိုင်ဘူးဆိုတာတွေ ကြောက်လန့်ထွက်ပြေးကြတာပါ။ဘာမဟုတ်တဲ့ အရေးမပါတဲ့ သေးငယ်လွန်းတဲ့ ကိစ္စလေးတွေကို လိုက်ကြည့်နေတဲ့သူတွေနဲ့ မဆွေးနွေးလိုပါဘူး။ဟုတ်တယ်ဗျ။ခင်ဗျားတို့လဲ ကြုံဖူးကြမှာပါ။တကယ်စိတ်ပျက်စရာကောင်းပါတယ်။အဲလို လူမျိုးတွေ ခေါင်းဆောင်အဖြစ်နဲ့ မလိုချင်ဘူး။တကယ့် ဘဝတွေအတွက်ကို ကျုပ်ပြောနေတာပါ။သိန်းငှတ်က ပေးတဲ့ စိတ်ဓါတ်ခွန်အား အရင်က မရခဲ့ရင်တောင်မှ ကျုပ်တို့ ခုချိန်က စပြီးကြိုးစားလို့ စွန့်စားလို့ရပြီဆိုတာပါ။
(၃)
ခြင်္သေ့မင်းတို့ရဲ့ စိတ်ဓါတ်မျိုးရှိဖို့လိုအပ်ပါတယ်။သူက သူစားမယ့်သတ္တဝါက သေးငယ်သည်ဖြစ်စေ ကြီးမားသည်ဖြစ်စေ ဘယ်တော့မှ ခွန်အားကို လျှော့ပြီး မလုပ်ဘူး။ဘာလုပ်လုပ် အပြီးထိ တကယ်ကို ကြိုးစား တယ်။ဒါက တကယ့်ကို ကျုပ်တို့ကို ပေးတဲ့ သင်ခန်းစာပါ။ဘာပဲလုပ်လုပ် ဘာပဲပြောပြော ဘာပဲတွေးတွေး တကယ်ကို ခိုင်မာတဲ့ စိတ်ဓါတ် ယုံကြည်တဲ့ စိတ်ဓါတ် တိကျ ပျက်သားတဲ့ စိတ်ဓါတ်နဲ့ လုပ်ဖို့လိုအပ်ပါတယ်။ ကိုယ်အလှည့်ရောက်လို့မှ ဘယ်လိုမျိုးအသက်ရှူရမလဲဆိုတာကို သူများထံမှာ သွားပြီးနည်းခံနေရရင် သိပ်ပြီး မဟန်တော့ပါဘူး။အချိန်ရှိတုန်းလေးမှာ အရိုးသား အခမ်းနားဆုံးအသက်ရှူတက်ဖို့လိုအပ်ပါတယ်။ အရာရာကို သတိရှိရှိ နဲ့ ကြည့်တက် မြင်တက်ဖို့ လိုအပ်ပါတယ်။ကြိုးစားရတာ စွန့်စားရတာကိုမှ ရင်ခုန်တက်တဲ့ ခုအခြေအနေမှာဖြစ်ဖြစ် နောင်သော အချိန်မှာဖြစ်ဖြစ်ပါ ဘယ်အချိန်မှာဖြစ်ဖြစ် ကျုပ်အတွက်တော့ တကယ့်ကို တစ်ခုခု ရမယ်ဆိုတာ ကျုပ်ယုံကြည်တယ်။အားလုံး ကျုပ်နဲ့ သက်ဆိုင်သူတွေ ရော မသက်ဆိုင်သူတွေပါ ကြိုးစားမှု စွန့်စားမှုတွေကို ကိုယ်တိုင် ရင်ခုန်သံမှန်ပါစေလို့ဆန္ဒပြုပါရစေ။

Thursday 27 August 2009

အားလုံးကို တူညီစွာမြင်တက်ဖို့


(၁)
ဟုတ်ကဲ့ တစ်ခါမှ စာသင်ခမ်းက အကြောင်းတွေ မတင်ခဲ့ဖူးပါဘူး။ကိုယ်မြင်သလိုပဲ ပြောမှာပါ။ဦးတည်ချက်တော့ ရှိမှာပါ။အဲဒီ ဦးတည်ချက်ကလည်း ကိုယ်အတွက်ပဲဖြစ်တယ်။နောက်ပြီး ကိုယ်နဲ့သက်ဆိုင်သူအတွက်ပါ။ကြာပါပြီ အတော်ကြာပါပြီ။ ဘာသာစကား ၊ လူမျိုး ၊ နောက်ပြီး နေရာဒေသ ၊ ဓလေ့ထုံးစံ ၊အယူအဆ ၊ စရိုတ် စတဲ့အရာ တွေပေါ်မှာ တက်မက်တဲ့စိတ်နဲ့ပတ်သက်ပြီး ပြောသွားတာပါ။ဒါဟာ ဒီနေ့ လူမျိုးတိုင်းအတွက် လိုအပ်မယ်လို့ ထင်တယ်။ကိုယ်လုပ်တာပဲ အမှန်လို့ ငါတကောကော ကောနေသူတို့အတွက် သိပ်ပြီးတန်းဖိုးရှိပါတယ်။ တကယ်ပါ ငါက ဘာပဲ သူက ဘာပဲ ဆိုတဲ့ အယူသီးမှုတွေဟာ သိပ်ပြီးကျဉ်းမြောင်းလွန်းပါတယ်။ နောက်ပြီး ကိုယ်နဲ့ နီးစပ်ရာသည်သာ အမှန်ဆိုတဲ့ သဘောတရားတွေ တစ်သမတ်သမားတွေအတွက်ရယ်ပါ။ ဟုတ်ကဲ့ ကျုပ်လဲ ပါမှာပါပဲ။အော် .......... ပြောရအုံးမယ်။လူဆိုတာ ကိုယ့်ကိုကိုယ် သက်သာအောင် ဖြေသိမ့်တက်အောင် တွေးတက်တဲ့ သဘောရှိပါတယ်။တစ်ခုခု အပေါ်မှာ တက်မက်တဲ့စိတ်ထားကြည့်ရင် ဒီလိုမျိုးဖြစ်တက်ပါတယ်။ လူတွေ မှားတာ မှန်တာ ကျုပ်နဲ့ မဆိုင်ပါဘူး။ ဆရာကြီး ဦးရွှေအောင် ပြောခဲ့သလို ကာမတဏှာ ထက် ဝါဒတဏှာက ပိုပြီးကြောက်စရာကောင်းပါတယ်။ငါက ဘယ်နိုင်ငံက ဘာလူမျိုး ဘယ်ဒေသ ဒီလိုမျိုးတွေကိုဆိုလိုတာပါ။ ကိုယ့်ကို ကိုယ် အကျဉ်းချပစ်တာပါ။အမှန်တကယ် လောကကို ငြိမ်းချမ်းစေချင်တယ် ဆိုရင် ကိုယ်တိုင် အရင် ငြိမ်းချမ်းအောင်လုပ်ဖို့လိုအပ်ပါတယ်။ဆရာက ဘာသာစကားအခက်အခဲ နဲ့ပတ်သက်လို့ပြောနေတာပါ။ဒါနဲ့ စပ်ပြီး စကားက ပြန့်ထွက်သွားတာပါ။
(၂)
တူညီစွာ မြင်တက်တဲ့ အမြင်ဆိုတာတော့ သိပ်မလွယ်တဲ့အမြင်ပဲ။တကယ်လိုက်နာကြည့်ရင် ခက်ခဲမှုဆိုတာ ဘာမှ မ၇ှိတော့ပါဘူး။ဘယ်အရာကို မှ တက်မက်စိတ်မရှိသူသာ တကယ်ငြိမ်းချမ်းဆုံးသူ ဖြစ်တယ်ဆိုတာပါ။သက်ရှိ သက်မဲ့တွေရဲ့အပေါ်မှာ တက်မက်စိတ်ထားကြည့်ပါလား။တစ်ခုခု အပေါ်မှာပေါ့။ကိုယ်ဟာ ဘယ်လောက်ထိ အချိန်တွေ ပိုင်ဆိုင်မှုတွေ ပေးလိုက်ရတယ်ဆိုတာ သိလာမှာပါ။ ဒါက ဆရာဆွေးနွေးတဲက အပိုင်းကဏ္ဍမှာ မပါဘူး။ကိုယ့်ဖာသာကို တွေးကြည့်တာပါ။အမှန်တကယ်ကို သတိထားကြည့်ဖြစ်ရင် ကိုယ့်ကိုကိုယ်တောင်မှ ယောင်ဝါးဝါး ဖြစ်သွားတယ်။သိပ်ပြီး နုညံ့လွန်းလို့ဖြစ်ပါတယ်။ကိုယ့်မှာ အဲလောက်မြင်နိုင်တဲ့ ထိုးထွင်း သိနိုင်တဲ့ ညာဏ်မရှိသေးလို့ဖြစ်ပါတယ်။ တကယ်ကောင်းတယ်ဆိုတဲ့ အရာတွေက ကိုယ့်ဘေးမှာ တကယ်ရှိပါတယ်။သတိမထားဖြစ်တာပါ။တက်မက်တဲ့ စိတ်ဆိုတာ attachment ကို ဆိုလိုတာပါ။ကိုယ့်ရဲ့ နေ့စဉ် ဘဝမှာကို သေချာကောင်းမွန်စွာ လိုက်နာနိုင်ပါတယ်။အမှန်တရားကို ကိုယ့်ကိုမှာတင် ရှာရင် တွေ့နိုင်တယ်လို့ စာတွေထဲမှာ သေချာစွာ ရှိပါတယ်။ကိုယ်က သတိမပြုဖြစ်လို့ပါ။အမှန်တကယ်ကို တူညီစွာမြင်တက်ရင် လောက ကြီးက တကယ်ကို နေပျော်စရာကြီးပါ။ ဘယ်စစ်ပွဲမှ ကြားဖူးမှာမဟုတ်သလို မြင်ဖူးမှာလဲ မဟုတ်ပါဘူး။
(၃)
ကဲ ကိုယ့်ကို ကိုယ်ပဲ တက်မက်တဲ့စိတ်နဲ့ တစ်နေ့ကို ဘယ်နှစ်ခါလောက် နေဖူးသလဲ ။သူများရဲ့အပေါ်မှာရော နေဖူးသလား။တက်မက်တဲ့ စိတ်ဆိုတာ အမှန်တော့ လိုချင်တာပါပဲ။တစ်ခုခု ကို လိုချင်နေလို့ တစ်ခုခုအပေါ်မှာ တက်မက်နေတာ။အားလုံးကို တန်းတူမြင်တက်ရင် ဘာမှ မဟုတ်တော့ပါဘူး။ဒါက စာပေအရပါ။အတိုင်းအတာ တစ်ခုတော့ ရှိမယ်လို့ထင်ပါတယ်။ဝေါဟာရ စကားလုံးတွေကြားမှာ ဗျာများနေကြတာပါပဲ။တကယ့်တကယ် အလုပ်လုပ်နေတဲ့သူတွေက သိပ်ပြီးစကားမပြောကြပါဘူး။ပြောရင်လဲ လိုရင်း တိုရှင်း ထိရောက်စွာပဲ ပြောတက်ပါတယ်။ကြွားဝါလိုစိတ် အနိုင်ယူလိုစိတ် အထင်ကြီးစေလိုစိတ် သူများထိခိုက်လိုစိတ် လုံးဝကို မရှိကြပါဘူး။အမှန်တကယ်လိုအပ်တဲ့ နေရာမှာဆိုရင် မရှိမဖြစ်အခန်းကဏ္ဍက ကပြတက်ကြပါတယ်။နေရာတိုင်း နိုင်ငံတိုင်း လူမျိုးတိုင်း ဌာနတိုင်းမှာ ရှိတက်ပါတယ်။ဟုတ်ကဲ့ ဒါတွေကို သိထားဖို့ လိုအပ်ပါတယ်။ဆရာပြောတဲက တက်မက်တဲ့စိတ်က ပျောက်သွားပါတယ်။ကျုပ်ဆိုလိုတာကတော့ အားလုံးကို တူညီစွာ မြင်တက်ဖို့ဆိုတာ မလွယ်ပါဘူး။အားလုံးဟာ လုံးဝကို မတူညီနိုင်ပါဘူး။အမြဲ ပြောင်းလဲ နေတယ် ထာဝရတည်မြဲတာ ဘာမှမရှိဘူးဆိုတာပဲ တူညီနေမှာပါ။ကဲ ဒီတော့ ဗျာ ငါ ငါ ငါ ဆိုတဲ့အရာတွေ ခဏလောက် လွှင့်ပစ်ကြည့်ကြရအောင်လား။ ဒါဆိုရင် ခင်ဗျားမရှိတော့ဘူး။ကျုပ်လဲ မရှိတော့ဘူး။ဘယ်သူမှ မရှိတော့ဘူးပေါ့။ဒါဆိုရင် တကယ်ရှိနေတာက ဘာလဲ။အရှိတရား မရှိတရား ၊ သိစိတ် မသိစိတ် အများကြီးပဲ။
ဘာမှ မတည်မြဲခြင်း အမြဲထာဝရ ပြောင်းလဲခြင်းထဲမှာ ကျုပ်တို့တွေ တူညီစွာ ရှုမြင်ကြပါစို့လို့......။

Wednesday 26 August 2009

ကျုပ် နဲ့ ကျောင်းသင်ခန်းစာတစ်ပုဒ်

ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတာပါ။သိပ်ပြီးမာန်ပါတဲ့ စကားတွေပါ။တစ်ခါ တစ်ရံမှာ စဉ်းစားမိတယ်။ဟိုးအရင် ကဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်များ မကြာသေးသောအခါက ဖြစ်စဉ်များ။ထပ်ခါ ထပ်ခါ ပြန်လည်စဉ်းစားချင်လောက်သည် ထိ တကယ့်အဖြစ်များ။တစ်ခါ တစ်ရံမှာတော့ ချက်ချင်းကို မေ့ပစ်ချင်လောက်အောင် ဖြစ်စဉ်များ လူတိုင်းတော့ ကြုံဖူး စုံဖူးကြလိမ့်မယ်ထင်တယ်။တကယ်တော့ လူတစ်ယောက်ရဲ့စိတ်ဓါတ်အရင်းအမြစ်တွေပေါ့။ဘယ်လိုမှကို လိမ်လို့မရအောင်ကို စဉ်းစားဖို့ကောင်းတယ်။ဖြစ်စဉ်တစ်ခုကို ထပ်ခါ ထပ်ခါ စဉ်းစားချင်လောက်အောင် ဖြစ်ခဲ့ရ။ ကျုပ်ရဲ့ တကယ့်ခရောင်းလမ်းခရီးစဉ်မှာပါ။တကယ့်ဘဝဆန်သော တောင်တန်းခရီးစဉ်ပါ။တစ်ခုတော့ ရှိပါတယ်။ဘယ်နေရာမှာဖြစ်ဖြစ် ရိုးသားတဲ့သူတွေ ရှိသလို မရိုးသာတဲ့လူတွေ ဒု နဲ့ဒေး ဆိုတာပြောဖို့မလိုပါဘူး။ ကိုယ့်အတွက် အသစ်ဆန်း တစ်ခုဖြစ်ရင်တော့ တစ်မျိုးပေါ့။စာပေ မထွန်းကားသော ခေတ်များစီက လူတွေကို တကယ်ရိုးသားတယ်လို့ပြောမလား။တကယ်ဒီနေ့ခေတ်မှာတော့ စာပေတွင်မက နည်းပညာများပါ ထွန်းကားလို့ လာခဲ့ပါပြီ။ဟုတ်တယ်ဗျ။မစဉ်းစားရင်တော့ ဘာမှ မဖြစ်ပါဘူး။စဉ်းစားမိရင် ပြဿနာတွေ ချည်းပဲ။ကြောက်စရာမလိုပါဘူး။ကျုပ် ရဲ့ ကျောင်းသင်ခမ်းစာတစ်ပုဒ်လေးပါ။
(၁)
ယုန် နဲ့ လိပ်တို့ရဲ့အပြေးပြိုင်ပွဲလေးရယ်ပါ။ကလေးတွေကို ကိုယ့်ရဲ့နည်းစနစ်နဲ့ကိုယ်သင်လိုက်တယ်။ဆရာမတစ်ယောက်လာပြောပါတယ်။ဟာ ဒီလိုသင်လို့တော့ မဖြစ် ဘူးတဲ့လေ။ဘာဖြစ်လို့လဲ ပေါ့။အံ့သြသွားတယ်။စာသင်တယ်ဆိုတဲ့ အဓိက ပန်းတိုင်က ဘာလဲလို့ မေးလိုက်တယ်။စာမေးပွဲအောင်ဖို့ ကလေးတွေ အတန်းတင်ပေးဖို့တဲ့။မရဘူး ကျုပ်ဆန္ဒက အဲလိုလုပ်လို့မရဘူး။ကလေး ဆိုရင် ကလေးနဲ့တန်တဲ့အတွေးအခေါ် ဆိုတာရှိမှာပဲ။ကျုပ်သင်တက်သလို သင်ကြည့်မယ်ပေါ့။ နောက်ဆုံးတော့ ပြောလို့ဆိုလို့မရတော့ သူမလဲ ဆရာမလေး လဲသူ့အခမ်းပြန်သွား၏။ အင်း ......... စမ်းကြည့်မယ်ပေါ့။အဲဒီ ပုံပြင်လေးကို အစ အဆုံးကြည့်ပြီးဖတ်ပြတယ်။သူတို့ကို ဖတ်ခိုင်းတယ်။ ကလေးတွေလည်း စိတ်ပါကြပါတယ်။အသစ်တွေ လေ။ဆရာသစ် ကျောင်းသားသစ်ဆိုတော့ ။ပုံပြင်လေးပြီးတော့ သူတို့ကို သရုပ်ဆောင်ခိုင်းတယ်။ရှက်နေကြတယ်။ကိုယ်က ဝင်ပြီးသရုပ်ဆောင်ပြလိုက်တယ်။ဘယ် ရမလဲ ဒီကလဲ သိတယ်မလား။ငါဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ အတွေးတွေကို ခဏလွှင့်ပစ်လိုက်တယ်။တကယ်ဗျာ။ကလေးတွေရဲ့ဖြူစင်ရိုးသားမှုကို ကိုယ်တိုင်ကလေးဘဝ ကမစဉ်းစားမိခဲ့ဘူး။အသက်ကြီးလာမှ ပိုပြီးသတိထားမိတယ်။စိတ်ထဲရှိတဲ့ လုပ်တက်ကြတယ်။အဲဒါကြောင့်ကလေးလို့ ခေါ်တာဖြစ်မယ်။ထားပါတော့။ယုန် နဲ့ လိပ်ပုံပြင်ပြီးသွားပြီ။ ကလေးတစ်ယောက် ရဲ့ စိတ်ထဲမှာ သိပ်ပြီးတော့ ကြေနပ်ဟန်မရှိဘူး။လိပ်အနိုင်ရသွားတာကို ကလေးတစ်ယောက်လုံးဝ မကြေပါနပ်ဘူး။လေ့ကျင့်ခန်း တွေ လုပ်ခိုင်းရင် သူတို့ရဲ့စိတ်တွေ ပေါ်လာမယ်ပေါ့။ ဒါနဲ့ပဲ ......စာတွေ ရေးခိုင်းလိုက်တယ်။လိပ်အနိုင်ရတာကို မကြေနပ်ကြတဲ့ ကလေးတွေ ငါးယောက်လောက် ရှိတယ်။ကျုပ်က လဲ လွတ်လပ်ပေါ့ပါးစွာပါပဲ။ဖတ်ကြည့်တယ်။တစ်ယောက်ချင်းစီကို သေချာစွာဖတ်ကြည့်တယ်။ ဟာ တကယ့်ကလေးတွေ ဗျာ။သူတို့က ယုန်ကို အနိုင်ပေးလိုက်တယ်တဲ့။ အဲဒါဘာဖြစ်သလဲ တဲ့လေ။ဒီကလည်း ဘာပြောမှာလဲ ဘာမှ မဖြစ်ဘူးလို့ပြောလိုက်တယ်။အခြေအနေကို ကြည့်နေရတယ်။ဘာတက်နိုင်မှာလဲ။မယုံရင် ဒီအတန်းထဲမှာ နှေးကွေးသူ နဲ့ မြန်သူ ဘာပြိုင်မလဲ တဲ့။ဟာ တကယ်ကလေးတွေပဲ။အင်း ဟုတ်တာပဲ။သူတို့က ရိုးရိုးလေးတွေးကြတာပါ။ဒီတော့ သူတို့စီက ဘာတွေထွက်လာမလဲလို့ စောင့်ကြည့်လိုက်တယ်။ကိုယ့်ရဲ့ အစမ်းရောင် မြတ်ခင်းများကတော့ မကြာသေးတဲ့ အဝေးမှာ ကျန်ခဲ့ပါပြီ။
(၂)
မနက်ခင်း သင်ခန်းစာ ဒီပုံပြင်။ညနေ ဆို ဘယ်လိုကျောင်းဆင်းရမှာပါလိမ့်။ကလေးတစ်ယောက် ကျောင်းဆင်းသွားတာက ပျော်စရာ အပြစ်ကင်းတယ်။ဆရာ ဆရာမတွေ ကျောင်းဆင်းမယ်။ဆရာ ဆရာမတွေ အတွက် ရလိုက်တဲ့ သင်ခန်းစာက ဘာလဲ။စာသင်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေလိုက်တယ်။ကလေးတစ်ယောက်ရဲ့ အတွေးနဲ့ လူကြီးတစ်ယောက်အတွေးဘာတွေ ကွာခြားသလဲ။ ဘာတွေက လွှမ်းမိုးထားသလဲ ပေါ့။အရိုးရှင်းဆုံးပုံပြင် တစ်ပုဒ်ဟာ အရိုးရှင်းဆုံးအတွေး အရိုးရှင်းဆုံးသင်ခန်းစာ ကိုပေးရမှာပါ။ခုတော့ ငါ့မှာ ဘယ်လိုဖြေရှင်းပေးရပါ့။ဘာမှ အရေးမကြီးဘူးဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်ရင်တော့ ရတာပေါ့။ကိုယ့်တုန်းက ဒါမျိုးတွေ လုပ်ခဲ့ကြပေမယ့် သူတို့လေးတွေ ရဲ့ အလှည့်ရောက်ရင်တော့ ငါ့လိုမျိုး ခံစားချက်ဘယ်တော့မှ မဖြစ်စေရဘူး ဆိုပြီးသန္နဌာန်ချထားတယ်။ ယုန်နိုင်သည်ဖြစ်စေ လိပ်နိုင်သည်ဖြစ်စေ ကျုပ်တို့ နဲ့ဘာဆိုင်လဲ လုပ်ပစ်လို့ရတာပေါ့။ဟုတ်ကဲ့ အဲဒီ ကျောင်းသူ ကျောင်းသားတွေကို နက်ဖန် ငါဘယ်လို ရှင်းပြရပါ့.........။ခဏ တော့ စဉ်းစားခွင့်ပြုပါ။

Tuesday 25 August 2009

တကယ်ဟုတ်ရဲ့လား................


(၁)
စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောပါ။ ပြီး ရင် ပြောတဲ့အတိုင်း စိတ်ထဲမှာ ရှိပါ။ကျုပ်က ကြိုတင်တွေးတက်တဲ့သဘာဝ ရှိ တယ်ဗျ။ကိုယ်ပြောလိုက်တဲ့စကား တကယ်ရော စိတ်ထဲမှာ ရှိရဲ့လားလို့ပါ။တကယ်စိတ်ထဲမှာ ရှိတဲ့အတိုင်းပြော တာရော ဟုတ်ရဲ့လား။အဲဒီလိုမျိုး သံသယစိတ်တွေပေါ့ဗျာ။မသားစုတွေကြား။သူငယ်ချင်းတွေကြာ။ဆရာသမား နဲ့ တပည့်တွေကြား။သား သမီး မိဘတို့အကြား။အများကြီးနဲ့ သက်ဆိုင်ပါတယ်။ငါနဲ့မဆိုင်ပါဘူးလို့ ထင်တဲ့အရာ တွေ က အမှန်တကယ် ငါနဲ့သက်ဆိုင်လာတက်တယ်။လူတွေဟာ တကယ်ဆိုရင် လိမ်တက် ညာတက်တယ်။ဒါက လူတွေ ရဲ့ သဘောပါ။ကမ္ဘာဦး အစ လူသားတွေကို ကြည့်ပေါ့။ အကြင် လင်မယားတွေကြည့်ပေါ့။ အချစ်ဆိုတာ ကို ဆော်ကားသလို ဖြစ်နေမလား မသိဘူး။မတက်နိုင်ဘူး။အချစ်အကြောင်းပြောနေခြင်းမဟုတ်တဲ့အတွက် နားလည်ပေးပါ။လူတွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောကြဖို့ကို ပြောပါတယ်။အားလုံးနဲ့ သက်ဆိုင်တဲ့ အရာတွေ ဆိုရင် တော့ ကိုယ့်အကြောင်းကို အားမနာတမ်းပြောသင့် ရင် ပြောရမှာပဲ။ မဟုတ်ရင် မဟုတ်ဘူးပေါ့။ ဘာဖြစ်လဲ။ကျုပ်တို့ အဆင်ပြေနေဖို့ လိုအပ်တယ်။ဒီထက်ပိုပြီး အဆင်ပြေနေဖို့ လိုအပ်တယ်။
(၂)
စိတ်ကိုယ်တိုင်ကိုက ပြောင်းလဲတက်တော့ ကျန်တဲ့အရာတွေ ကျုပ်တို့ဘာပြောစရာလိုလဲဗျာ။စိတ်ကိုယ်တိုင် ကအရာရာကို ဦးဆောင်နေတာပဲ။သူကိုင်တိုင်ကိုင်က ပြောင်လဲတက်တဲကသဘောရှိတယ်။ကျုပ်စိတ်ထဲမှာ ဖြစ်နေတာကိုပြောတာပါ။ဟုတ်တယ်လေ။ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကျုပ်ရဲ့ တောင်တန်းအတွေ့အကြုံတွေ ကိုရေးချင်ခဲ့တယ်။အဲဒီ တောင်တန်းမှာတွေ့ကြုံခဲ့ရတဲ့ သဘောတရားတွေ အတွေ့အကြုံတွေ ချပြချင်တယ်။
နောက်ပြီး လူတွေရဲ့ သဘောတရား ပြဿနာတစ်ခုရဲ့ သဘောတရား အထူးအားဖြင့် လူတွေရဲ့ စိတ်ထား လူတွေရဲ့ ခံယူချက် လူတွေရဲ့ လက်တစ်လော ဆုံးဖြတ်ချက် အများကြီးပါပဲ။ဒီနေ့ ည တော့ မရေးချင်တော့ပြန်ဘူး။ စိတ်ကိုယ်တိုင်ကိုယ်က ပြောင်းလဲတက်တယ်ဆိုတာ ကို ကျုပ်သဘောပေါက်သွားပြီ။ တကယ်လဲ ဟုတ်တယ်။ကျုပ်စိတ်ကို ကျုပ် တကယ်အစိုးမရဘူး။ဒီနေ့ တွေ့နေကျ လူနဲ့မတွေရဘူး။ ကျုပ်အချစ်ရဆုံးသူ ပေါ့။သူမ ပေါ့။ကောင်မလေး ပေါ့။ညီမလေး ပေါ့။ဟုတ်တယ် ။ဘာလုပ်လုပ် အဆင်မပြေ ဘူး။စာဖတ်ရတာတောင် တစ်ခုခု လိုနေသလိုလို။တကယ်ပါဗျာ။ကိုယ့်ကို ကိုယ် ပြန်လည် ဆန်းစစ်မိတယ်။ ဟာ ငါ တကယ်မှ ဟုတ်ရဲ့လား................လို့။
(၃)
မဟုတ်တာတော့ သေချာတယ်။တကယ်စစ်မှန်တဲ့အရာအတွက်ဆိုရင် အများကြီးအချိန်ပေးရတယ်။ ဟုတ်တယ် ငါ့ကိုငါ ပြန်မေးရမယ်။ ပြန်လည်မေးရမယ်။နောက်ပြီး ညီမလေးကို လည်း သေချာမေးရမယ်။တကယ်ဟုတ်ရဲ့လား............................လို့။ခုစာဖတ်နေတဲ့ ခင်ဗျားတို့ရော.............................လို့ မမေးတော့ပါဘူး။အားလုံးပျော်ရွှင်ပါစေ။ .............ဗျာ။စိတ်မပါဘူး။
စာရေးရတာ တကယ်ကိုပါ။တစ်ယောက်ယောက်ကို တကယ်သတိရနေတာပါ။

Monday 24 August 2009

တောက်တန်းရဲ့ ပဌမဆုံး ည


(၄)
အား.........................။ချမ်းလိုက်တာ။အမေ...............။ပထမဆုံး ငြီးမိတာက အမေတဲ့။မှတ်မိသေးတယ်။ ထက် ပြီးမစဉ်းစားဘူး။ဒီဘဝမှာ အမေဆိုတာ တစ်ယောက်တည်း။အင်း အိပ်တော့ အိပ်တော့ ကိုယ့်ဖာသာကို နှစ်သိမ့် တေးဆို ချမ်းလိုက်တာ။ဘေးနားက စောင်ကို ဆွဲပြီး ခြုံပစ်လိုက်တယ်။မတက်နိုင်ဘူး။တရား၏ မတရား၏ မတွေး နိုင်။နွေးထွေးသွားဖို့ လိုတယ်။ အော် အိပ်စက်နေချိန်မို့ပါ။ကိုယ်တစ်ယောက်တည်း ချမ်းနေတာလား ရှိသမျှအအေးဓါတ် ငါ့စီကိုပဲ လာနေတာလား။အေးလိုက်တာ။ငယ်ငယ်က သိပ်ချမ်းနေတဲ့အခါ ဘယ်သူက ဘယ်လို လုပ်ပေးပါလိမ့်။ အော် ငါ့အဖြစ်နှယ်နော်။ဖြစ်ရမယ် ဖြစ်ကို ဖြစ်ရမယ်။မိသားစု မိသားစု နဲနဲ သဘောပေါက်လိုက်တယ်။ လူဆိုတာ အသိုက်အဝန်း နဲ့နေရတာ။ခုတော့ ငါ့မှာ တစ်ယောက်တည်း ငါ့မှာ တကယ်တစ်ယောက်တည်း။ ကလေးတွေ ကလေးလေးတွေ ဘယ်လိုအိပ်ကြပါလိမ့်။အင်း သူတို့လဲ အေးကြမှာပဲ။ အော် ....... ချမ်းလိုက်တာ။ အား .................အေးလိုက်တာ။ဒီလို နဲ့တင် ည .............ည ..............ည .........................ချစ်လိုက်ပြီ ။
(၅)
ချမ်းအေးသော ည...................။တိတ်ဆိတ်သော ည......................။ချစ်စရာကောင်းသော ည .............။
တရားသူကြီး ။ဒေါတ်တာ ။ လမ်းဗိုလ် ။သူငယ်ချင်းများ.....................။ဘယ်လိုမှကို မနိုးချင်သော ည........။ ဘယ်နဲ့မှ မလဲနိုင်သော ည...............။ချစ်တက်သူအတွက် ချစ်စရာကောင်းတဲ့ ည...............။ငါ့အတွက် ပဌမ ည။ငါ့အကြောင်း ကောင်းကောင်းသိခဲ့တဲ့ ည............။လုံးဝကို မနိုးထချင်သော ညလေးတစ်ည။ အိပ်ချင်ယောင်ဆောင်လို့ မရသော ည...........။မနက်ရောက်လို့မှ နံနက်ခင်းမှန်း မသိရသော ည.............။ အာရုဏ်ဘယ်အချိန်တက်ပါလိမ့်။ ဟိုး.............ရှေးရှေး အတွေး။ဘာမှ အရေးမကြီးမှန်း မသိခဲ့ဘူး။ တောင်တန်း ည။တကယ့်ကို တောင်တန်းက ည။ရောက်ဖူးသူတိုင်း သိကြပါလိမ့်။ဘာနဲ့မှ တိုင်းတာလို့မရအောင် ချစ်တက်ခဲ့ပါတယ်။သဘာဝ အလှတရားကို ရယ်ပါ။နံနက်ခင်း ၁၀ နာရီထိုးပြီ တဲ့။ နားထဲမှာ ကြားနေရတယ်။စောင်ခြုံကို မဖွင့်ရဲဘူး။ အနွေးဓါတ်လေး ပျောက်သွားမှာစိုးလို့။ကိုယ့်စီက ရတဲ့ အနွေးဓါတ်လေးရယ်ပါ။ ဒါနဲ့တင် မရ မက ထ ပစ်လိုက်တယ်။မျက်လုံးကို တအားဖွင့်လိုက်တယ်။အား.......... အလင်းရောင် .............အလင်းရောင်.........ကြောက်နေတယ်။နားထဲမှာ ကြားလိုက်ရတယ်။
(၆)
ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို အလေးပြုနေကြတယ်။ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ကြီးများကိုအလေးပြုနေကြတယ်။နိုင်ငံတော် သီချင်းကို သံပြိုင်သီဆိုနေကြတယ်။မြန်မာ့ ကျောင်းသား သီချင်းကို ပီပြင်စွာ သီဆိုနေကြတယ်။မထချင်သေးဘူး။နိုးထ သွားမှာကို ကြောက်တယ်။ အဲဒီသီချင်းလေးတွေကို နားထောင်ရတာ အရသာ ရှိလို့။ဘယ်အရာ နဲ့မှ မလဲနိုင်လို့။လူ့ဘဝဆိုတာ မသေချာသလို နောက်ဘဝမှာ ဒီအသံလေးတွေ မကြားရမှာ စိုးရိမ်လို့နေတယ်။အော် ...........ငါ့နှယ်နော်။
ခပ်တည်းတည်ပဲ အဲဒီသီချင်းသံကြားရင် သိတယ်မလား။ကျုပ်စိတ်ကို ပြောပါတယ်။ခပ်တည်တည်ပဲ။ကျောင်းသူ ကျောင်းသားတွေကြား ဆရာမတွေကြား ဖြတ်လျှောက်ပစ်လိုက်တယ်။ခပ်တည်တည်ပဲပေါ့။ဒါနဲ့ပဲ ဆရာမ တစ်ယောက်ရဲ့ နှုတ်ဆက်သံကြားလိုက်ရတယ်။ Good Morning ........ တဲ့။ဟုတ်ပြီပေါ့။ကျုပ်လဲ ဘာပြန်ပြောရမှန်းမသိဘူး။ဒါနဲ့တင် ဘာမှ ပြန်မပြောလိုက်ဘူး။သူက ပဲ စ ပြီး နှုတ်ဆက်စကားပြောပေးပါတယ် သူက ဘယ်သူ ပေါ့ ဘယ်ဝါပေါ့။ကျောင်းသူ ကျောင်းသားတွေရဲ့ မျက်လုံးမှာလဲ သူလို ကိုယ်လို ဘုမသိ ဘမသိ။ ကိုယ်လဲ သူတို့လိုပါပဲ ဘုမသိ ဘမသိ။ရောက်လာမှတော့ မတက်နိုင်ဘူး။အင်း ဘာတွေ ဆက်ဖြစ်မှာလဲ ငါရဲ့တစ်သီး ပုဂ္ဂလ တာဝန်တွေက ဘာတွေလဲ ။ဘယ်အတွက် ငါရောက်လာတာလဲ။ ဘယ်စီကို ငါဆက်သွားရမှာလဲ။ တကယ်ပျော်စရာ ကောင်းတဲ့ နံနက်ခင်းလေးရယ်ပါ။အားလုံးကို ဆရာမ နည်းတူ ပါပဲ။ Good morning ....................လို့မိတ်ဆက်လိုက်ပါတယ်။ဆက်ရေးပါမည် မိတ်ဆက်ခွင့်ပြုပါ။

Sunday 23 August 2009

လွမ်းချင်စဖွယ် တောင်တန်းညများ


(၁)
စမ်းတဝါးဝါး ရှာဖွေရင်းနဲ့ဟောင်းနွမ်းပြီဖြစ်တဲ့နေရာဟောင်းကြီးကို ရောက်ခဲ့တာပါ။အစီစဉ်တကျမဟုတ်ခဲ့ဘူး။ ဘဝလမ်းညွှန်ဆိုတာလဲ အသက်(၂၀)ကျော်ရင် ပြီးဆုံးတဲ့ဓလေ့အတိုင်းယူခဲ့ရ။အများကြီးပါပဲ။တကယ်ကို အများကြီးပါ။ကြုံရင် ကြုံသလိုထည့်ခဲ့ရတဲ့ ဥဏှောက်ကိုပဲခွန်အားဖြည့်စာပေများနဲ့ ကြွေးမွေးပြုစု စောင်မခဲ့ရ။ နေရမည့်သက်တမ်း သေရမည့်နေ့ တကယ်ကိုမသိခဲ့တာ ငယ်ငယ်က ပြောပါတယ်။ထားပါတော့ အချိန်တန်ရင်ကိုယ့်လမ်း ကိုယ်တိုင်ရှောက်ရမှာနော် ဆိုတဲ့ အမေ့စကားစိမ်းကားလွန်းတယ်ထင်ခဲ့တာ။ တကယ်တော့ ဟုတ်တယ် အဲဒီစကားသိပ်မှန်တယ်။ဘဝဆိုတာကို ပေါ့ပေါ့လေးထင်ခဲ့ကြတာ လူငယ်တွေရဲ့ သဘာဝတစ်ခုဆိုတာ ကြီးလာမှ ယုံသွားတယ်။ဒီလိုပဲ ပေါ့ပေါ့လေး နေချင်လို့ ရေကြည်ရာ မျက်နုရာကို အများနည်းတူ ရှာဖွေခဲ့တာပါ။စိတ်ထဲမှာ ကူးပြီး ယဉ်ခဲ့ ရူးခဲ့ဖူးတာတွေ တကယ်ဖြစ်လာတယ်ဗျ။ ဒါကြောင့်ထင်ပါရဲ့ (If there is wish , there is way.) ဆန္ဒသာ ရှိပါ ၊ လမ်းတွေ က ရှိပါတယ်။လျှောက်လှမ်းဖို့ဆိုတာတော့ ကိုယ့်တာဝန်ပေါ့။လျှောက်ခဲ့ပါတယ်။တကယ်ကို အသက်ရှူမှု မရပ်မနားဘဲ။အော် ဒီလိုနဲ့ နေရာဟောင်းကြီး မှာ သူငယ်ချင်း ကျောင်းသား( နယ်စုံပေါ့)တွေနဲ့ တပျော် တပါး။
(၂)
မခွဲချင်ဘဲ ခွဲခဲ့ရ မခွါချင်ဘဲ ခွါခဲ့ရ။အော် လူ့ဘဝရဲ့ဓမ္မတာတစ်ခုထင်ပါရဲ့။သူတို့သတ်မှတ်ချက်အတိုင်း နေထိုင်ပေးရတဲ့အဲဒီကာလ တကယ်မမေ့ခဲ့ပါဘူး။ခေတ်သစ်ပညာရေးစနစ်ရဲ့ စီးမျောမှုအောက်မှာ ဟိုနားစပ် စပ် ဒီနားစပ်စပ် အင်းဒီကာလတွေမှာတော့ ဘာမှ မကျန်သလိုပါပဲ။နောက်မှ ပြန်လည်တွေးကြည့်မိတယ်။ ဟာ အများကြီး ရလိုက်တာပဲလို့။ဒီလိုနဲ့တင် ကျုပ်တို့ဘော်ဒါတစ်သုတ် ဟုတ်ဟုတ်ငြားငြား ငုတ်တုတ်ကြီး လေဟုန်စီးကာ တောင်တန်းမြို့လေးတစ်မြို့ ရောက်ရှိလိုသွားခဲ့တယ်။လမ်းခရီးလွယ်မယ်မထင်နဲ့။ အခုပြန်တွေး အခုမျက်ရည်ကျလောက်တယ်။အော် ဒီလိုပါ ဒုက္ခ ရဲ့သဘောနားမလည်သေးလို့ထင်ပါရဲ့။ မတွေ့ရသေးတဲ့ နယ်စိမ်းပယ်စိမ်း နယ်မြေသစ်မှာ ဘာတွေ တွေ့မလဲဆိုတဲ့ ရင်ခုန်သံကို ကိုယ်စီနားစဉ်ရင် ကားများစွာပေါ်မှာလိုက်ပါခဲ့ကြပေါ့။တကယ်စွန့်စားမှုဆိုတာ အဲဒီတုန်းကမှ ကြုံခဲ့ရတာ။ အရိုးကွဲမတက် အေးတယ်ဆိုတာကိုလည်း ခံစားဖူးခဲ့ပြီ။လမ်းခရီးမှာတင်ကတည်းက ပါ။လမ်းခရီး တက်သမျှ မှတ်သမျှ တစ်လုံးတစ်ပါဒ မကျန်အကုန်ဝါးစား မျိုချ အင်းလှမ်းလို့မြင်နေရပါပြီ။ဟိုး.......အရှေ့ကလှမ်းမြင်နေရတဲ့ မြို့လေးပါပဲတဲ့။ အော် သူမနေရမယ့်အတိုင်း ။ အင်းလေ ဟုတ်ပါတယ်။သူကလည်း သူ ငါကလည်း ငါကိုး။မြေပြန့်မှာ တွေ့ခဲ့ရသမျှ သနားစရာသတ္တဝါ အဖြစ်နဲ့သာ ကြည့်ကြ။သူတို့မျက်လုံးတွေကို ပြောပါတယ်။ကျုပ်အတွက်လား ဝေးသေး ပြန်တောင် သနားမိတယ်။ရောက်ပြီ ရောက်ပြီ။ဆင်းကြတော့ တဲ့။
(၃)
အားပါးပါး .....................။လှ ပ လွန်းလိုက်တဲ့မြို့တော်လေး။ချစ်စရာကောင်းလိုက်တဲ့ လူတွေ ။ ကိုယ်နဲ့မဆိုင်သလိုမျက်လုံးအစုံလိုက်တွေကို ခပ်တည်တည်ပဲ မျက်စောင်းထိုးပစ်လိုက်တယ်။လုပ်စရာ ရှိသည်များ လုပ် ။ဖြည့်စရာ ရှိသည်များဖြည့်။အားလုံးကို သင်ယူ လေ့လာဖို့ ကျုပ်တို့ ရောက်ရှိပါတယ်ပေါ့။ ရောက်ခါစ မလည်မဝယ် ကျောင်းသားလေးများလို..........။ကျောင်းသူ ကျောင်းသားလေးများ ဆရာ ဆရာမများ အပြုံးကိုယ်စီနဲ့ပါ။အော် ငါတို့အဖြစ်က အိပ်မက်လိုပါပဲလား။ သူငယ်ချင်းများနဲ့ စကားဝိုင်းမှာ ညတိုင်းပြောဖြစ်ကြ။သူတို့လည်း သူတို့နေရာသို့ မသွားကြသေး။ကိုယ်လည်း ကိုယ့်နေရာမှာ နေရာတကျ နေသားတကျ မဖြစ်သေး။အော် .............လွမ်းစရာ တေင်တန်းညများ လွမ်းစရာ တောင်တန်းညများ..................................................ဆက်လက်ရေးသားပါမည်။ ခဏတော့ လွမ်းခွင့်ပြုပါ။

Saturday 22 August 2009

ဘာတွေဖြစ်ဖြစ် ချစ်နေမှာပါ


(၁)
ဆန်းကြယ်တယ်ဗျာ။တကယ်ပါ။မွေးတဲ့အချိန်က စပြီး သေသည်ထိ ရှင်သန်နေတာ ဘာလဲ အဲဒီအချစ်နဲ့ အမုန်း။ သံသရာ အစ ကနေ သံသရာဆုံးသည်ထိရှိနေအုံးမှာကလည်း အဲဒီအချစ်နဲ့ အမုန်ပဲဖြစ်လိမ့်မယ်ထင်တယ်။ ကျုပ်ရဲ့ ကိုင်ပိုင်အတွေးပါ။လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။တရားသေ မူသေဝါဒဆုပ်ကိုင်မထား တက်ခဲ့လေတော့ အရာရာပြောင်းလဲချင်တယ်လေ။ ကျုပ်အတွက် မှားရင် မှားမယ်။မှန်ရင် မှန်မယ်။ ဒါပေသိ... ကျုပ်ကြေနပ်နေမိတယ်။အင်း ဒါလဲ ကိုယ့်အတ္တတစ်ခုလို့ ပြောရင် ပြောလို့ ရပါတယ်။ကျုပ်တို့ ဘယ်တုန်းက လူစပြီး ဖြစ်ခဲ့ကြတာလဲ။ အင်း ဒါလဲ ဗုဒ္ဓက မရှင်းပြခဲ့။အစမထင် သံသရာ တဲ့။ဟုတ်ပါတယ်။ကျုပ်ကရော ဘာလို့ဒါတွေတွေးနေရတာလဲ။ကိုယ်လုပ်စရာ ရှိတာ မလုပ်ဘဲနဲ့။သေချာစဉ်းစားကြည့်မိတယ်။ အခြေခံ သင်ယူခဲ့တဲ့ အရာတွေကပဲ မှားနေတာလား။ဒါမှ မဟုတ် နောက်ပိုင်းတွေ ရောက်မှ မှားကုန်တာလား။အပြစ်မြင်ဝါဒ နဲ့ကြည့်မှာလား။အကောင်းမြင်ဝါဒနဲ့ ကြည့်မှာလား။ဒါက အရေးကြီးတယ်။ ချစ်ခြင်းတရား မုန်းခြင်းတရားသိပ်ပြီး အဓိက ကျတယ်ဆိုတာတော့ ကျုပ်လက်ခံတယ်ဗျာ။
(၂)
အဆိုအမိန့်တွေကြားမှာ ကျုပ်ဗျာများခဲ့ဘူးတယ်။ဆရာတွေကြားမှာ ဗျာများခဲ့ဘူးတယ်။လူကြီးတွေကြားမှာ ယောင်ဝါးဝါး လုပ်ခဲ့ဖူးတယ်။အမှားတွေချည်းပဲလို့ ကိုယ့်ကိုကိုယ်ပစ်ပစ်ခါခါ ဝေဘန်ပစ်ခဲ့တယ်။ချစ်ခြင်း မုန်းခြင်းတွေကြားမှာလဲ ဒီလိုပဲ။ဘာမှန်းမသိအောင်ကို ဖြစ်ခဲ့ဖူးတယ်။ဒါပေမယ့် သေချာတာတစ်ခုကတော့ ရှိတယ်။ချစ်ခြင်း မုန်းခြင်း ဒီနှစ်ခုပဲ။ဟုတ်တယ်လေ။လူရယ်လို့ ဖြစ်လာကတည်းက ချစ်တက်အောင် သင်ပေးကြ မုန်းတက်အောင်သင်ပေးကြ။ကိုယ်တိုင်ရှာဖွေကြ ။တစ်ဆင့် ရှာဖွေကြ နဲ့။နောက်ဆုံးတော့ အငိုပွဲ နဲ့ပဲ အဆုံးသတ်ကြ။အင်း ဒါလဲ အမှတ်မရှိ ဘာတက်နိုင်မှာလဲ။ကိုယ့်အပြစ်ကို ဖုံးကွယ်ပြီး ပရိယာယ် နဲ့ လုပ်တက်တဲ့ အဟိတ်တိရစ္ဆာန်လောက် မမိုက်မိတာပဲ ကိုယ့်ကို ကိုယ်လူပီသရမယ်။ဟုတ်တယ် အဲဒါအရေးကြီး တယ်။တစ်ခါတစ်ရံ တရားသလား မတရားဘူးလားဆိုတာကို မတွေးချင်ဘူး။အခြေခံ ဖြစ်တဲ့ ချစ်စိတ် မုန်းစိတ် ပေါ့ဗျာ။ကျုပ်လဲ မတက်နိုင်ပါဘူး။သာမန်လူတစ်ယောက်ထက် ဘာမှမထူးဆန်းခဲ့ပါဘူး။ချစ်တက်တဲ့ စိတ် မုန်းတက်တဲ့ စိတ်ရှိနေအုံးမှာဆိုတော့။
(၃)
လုပ်သလို မဖြစ်ရင် ဖြစ်သလိုအကောင်းဆုံးလုပ်ကြည့်မယ်။သံသရာရဲ့သဘောတွေးနေသလား။ရှည်လွန်းပါ့။ မတွေးနဲ့ အချိန်ကုန်တယ်။လူပန်းတယ်။ချစ်ခြင်း မုန်းခြင်းအကြောင်းတွေးမလား အချိန်ကုန်တယ်။စိတ်ရှုတ်ပါ့။ ကဲ ဘာပဲဖြစ်ဖြစ် ပေါ့ ချစ်တက်တဲ့ စိတ်ရှိရင် ချစ်ပေါ့။မုန်းတက်တဲ့ စိတ်ရှိရင် မုန်းပေါ့။ဧဝံ မေ သုတံ လို့တော့ သိခဲ့ဖူးတာပဲ။ဒီဘဝတစ်ခုတည်းမှာတင် တွေ့ရမယ်ဆိုရင် တော့ အင်း ဘယ်သူ့ကို မှ ဘာမှပြောစရာ မရှိပါ။ဒါလောက်နဲ့ မပြီးဘူးလေဗျာ။နောက်ထက် ဘယ်လောက်တောင် သွားရအုံးမယ် လာရအုံးမယ်ဆိုတာ ကိုယ်မှ မမြင်နိုင်တာကြီးကို။ရလာတဲ့ အတိုင်း ရှိလာတဲ့ လက်ခံနိုင်အောင် ကြိုးစားမယ်။ ယနေ့မျက်မှောက်ကမ္ဘာအကြောင်းမပြောချင်ပါဘူး။ကိုယ့်ရွာအကြောင်းပြောသလောက်ကို အရသာမတွေ့။ နောက်ဖြစ်လာမယ့် အရာတွေအကြောင်းလား။ကိုယ်နဲ့ ဘာမှမဆိုင်ဘူး ကိုယ်သော်မှ ကိုယ်ဖြစ်ချင်တာ မဖြစ် သူဖြစ်ချင်သလိုဖြစ်နေတာကြီးကို ဘာအတွက် ငေးစရာလိုလဲ။တွေဝေနေခြင်း ငေးမောနေခြင်းဆိုတာ အလုပ်မရှိသူတွေအတွက်ပဲ။ချစ်ခြင်း မုန်းခြင်းရှိနေသမျှတော့ ချစ်နေကြမယ် မုန်းနေကြမယ်ဆိုတာ သေချာတယ်။ မရှိတော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့။လူတွေက တစ်မျိုးစီ ရူးနေကြတာပဲ။ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်နေကြတာပဲ။ဘယ်သူ့ကို မှ ဘာမှပြောစရာမလိုပါဘူး။ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်ကတည်းက ထွန်းကားခဲ့တဲ့ အတွေးအခေါ် အယူအဆတွေကို သေချာစွာ လေ့လာရင်း နဲ့ ကိုယ့်ကို ကိုယ်အားမနာတမ်း မညာတမ်း ဘာဖြစ်ဖြစ်ချစ်နေမယ်ဆိုတာပြောကြည့်တာပါ။ အားလုံးချစ်နိုင် မုန်းနိုင်ကြပါစေ။ နေရု (ရေခါး)

Friday 21 August 2009

သိမ်းငှက်တစ်ကောင်ရဲ့ Decision ချမှုနှင့်အကြိုးဆက်များ


သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။
အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့ Feather တွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို အပြစ်ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိခံစားနိုင်ကြမှာပါ။

ဒီဘ၀သစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။

တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။

အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။

ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး
"Secrets of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။
"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."
သိမ်းငှက်တစ်ကောင်ဟာ သက်တမ်းအမြင့်ဆုံး (၇၈)နှစ်အထိ အကြာကြီးနေနိုင်ဖို့အတွက် ၄င်းရဲ့သက်တမ်း တစ်ဝက်ကျော်ဖြစ်တဲ့ (၄၈)နှစ်ရောက်တဲ့အခါ ခက်ခဲတဲ့ Decision တစ်ခုကိုချရပါတော့တယ်။ သူ့ကိုယ်သူ ပြန်သုံးသပ်ကြည့်တဲ့အခါမှာတော့ လက်သည်းများဟာ ရှည်လွန်းလာလို့ သားကောင်ကို ဖမ်းကုပ်တဲ့အခါ ခဲယဉ်းလာပါတယ်။ ထိုးဆိတ်ဖို့ နှုတ်သီးဟာလည်း ရှည်လာတာနှင့်အမျှ ကွေးကောက်လာတာမို့ ရင်ဝကိုထိုးစိုက်လို့ လာပါတော့တယ်။
အတောင်တွေဟာလည်း လေးလံလောက်အောင် သားမွှေးတွေ ထူထပ်လာတာကြောင့် ပျံသန်းဖို့ ခက်ခဲလာပါတယ်။
ဒီသိမ်းငှက်ဟာ ဒါကိုပဲ စိတ်ပျက်နေရင် သက်တမ်း (၄၈)နှစ်နဲ့တင် ဘ၀ကိုနိဂုံးချုပ်လည်း ရတာပါပဲ။
ဒါပေမယ့် ထိုင်ပြီးစိတ်ပျက် နေမယ့်အစား ခက်ခဲတဲ့စွန့်စားမှုကို စွန့်စားလိုက်ရတာကမှ ဒီတိုင်း အသေခံတာထက် မြတ်တယ်လို့ ခံစားလာရတယ်။
ဒီတော့ ပထမ စွန့်စားခန်းလေး စဖို့အတွက် အမြင့်ဆုံး ကျောက်တောင်တစ်ခုမှာ အသိုက်ကို ဆောက်ပါတယ်။

အသိုက်ထဲမှာ နှုတ်သီးကို ကျွတ်မထွက်မချင်း ကျောက်တောင်နံရံနဲ့ ဆောင့်ပြီး ရက်ပေါင်း (၁၅၀)ကြာအောင် နှုတ်သီးအသစ် ပြန်ပေါက်ဖို့အတွက် သည်းခံစောင့်ဆိုင်း နေပါတယ်။ အသစ်ပြန်ပေါက်လာတဲ့ နှုတ်သီးနဲ့ ဒုတိယ စွန့်စားခန်းအတွက် နှုတ်သီးသစ်နဲ့ ၄င်းရဲ့လက်သည်းရှည်တွေကို တစ်ချောင်းချင်း ဆွဲနှုတ်ပြန်ပါတယ်။

တစ်ဖန် လက်သည်းအသစ်တွေ ထွက်လာတဲ့အခါမှာတော့ အတောင်မှာရှိတဲ့ လေးလံလှတဲ့ Feather တွေကို တစ်ချောင်းချင်း ဆွဲနှုတ်လိုက်ပါတယ်။

(၅)လကြာပြီးချိန်မှာတော့ Feather အသစ်တွေ အစုံထွက်လာတဲ့ အခါမှာတော့ ပေါ့ပါးသစ်လွင်လှတဲ့ နှုတ်သီး၊ လက်သည်း နဲ့ သားမွှေးတွေက သိမ်းငှက်တစ်ကောင်ကို နောင်အနှစ် (၃၀)အထိ ထပ်ပြီးနေသွားနိုင်အောင် ဘ၀သစ်ကို ခေါ်ဆောင် သွားပါတော့တယ်။

ဒီလိုပါပဲ ကျွန်တော်တို့ အသက်ရှင်နေထိုင်နေတဲ့ လောကကြီးထဲမှာ နှုတ်သီး၊ လက်သည်း၊ အမွှေးအတောင်တွေနဲ့တူတဲ့ မိမိကိုယ်ကို ပြန်စိန်ခေါ်မှုတွေနဲ့ တွေ့ကြုံလာရတဲ့ အခါမှာတော့ ဒီအတိုင်း စိတ်ပျက်လက်မှိုင်ပြီး သူများကို အပြစ်ထိုင်တင်နေမယ့်အစား Painful Process ကိုရအောင်ဖြတ်ပြီး ကိုယ်တိုင်ပြောင်းလဲနိုင်မှ ဘ၀သစ်ကို ရရှိခံစားနိုင်ကြမှာပါ။

ဒီဘ၀သစ်တစ်ခု စဖို့အတွက် ခက်ခဲတဲ့ပြောင်းလဲမှုတွေကို ကိုယ်တိုင်ရင်ဆိုင် ပြောင်းလဲနိုင်မှ၊ ကျွန်တော်တို့ရဲ့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျင့်ဆိုး၊ စရိုက်ဆိုး (Old habit, Old tradition)တွေကို စွန့်ပစ်နိုင်မှ ဘ၀သစ်ကို ပြန်သွားနိုင်မှာပါ။

နောက်ထပ် သက်တမ်းကြာကြာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် Idea အသစ်တွေကို လက်ခံပြောင်းလဲနိုင်ရပါမယ်။
အကျင့်ဆိုးဆိုတဲ့ စိတ်အမှိုက်တွေကို လွှင့်မပစ်ဘဲ ဆက်လက် သိမ်းဆည်းထားရင်တော့ မိမိကိုယ်မိမိ ညှဉ်းဆဲပြီး အသေခံတာနဲ့ အတူတူပါပဲ။
လူတိုင်းမှာ ကိုယ်တိုင်မသိနိုင်တဲ့ အတွင်းစိတ်အား Inner Potential တွေ ရှိကြပါတယ်။ မသိကြတာက ခက်တာပါ။

တစ်ကယ် ဒီစိတ်ကို ဆွဲထုတ်အသုံးချ နိုင်တဲ့သူကလည်း မိမိကိုယ်တိုင်သာ ဖြစ်ပါတယ်။
Today is for Tomorrow. Yesterday for Today.
ကိုယ့် Habit ကို ကိုယ် Change နိုင်ရင် ကိုယ့်အတွက် Result ပါပဲ။ ကိုယ့်ကိုယ်ကို အရင် ပြောင်းလဲကြည့်ပြီး သူများတွေကလည်း မိမိပြောင်းလဲလာကြောင်း အသိအမှတ်ပြုလာကြရင် သင့်ရဲ့ဘ၀လည်း ပြောင်းလဲသွားမှာပါ။

အဟောင်းထဲမှာပဲ ၀ဲလည်နေကြမယ့်အစား ပြောင်းလဲတာပဲ ကောင်းပါတယ်။
စိတ်ကိုဖွင့်လိုက်ပါ။ အတိတ်ကိုမေ့လိုက်ပါ။
ရင်ထဲမှာ အစိုင်အခဲမထားပဲ ချေဖျက်ဖို့အတွက် တောင်းပန်သင့်တာကို တောင်းပန်လိုက်ပါ၊ ၀န်ခံစရာ ရှိတာကို ရဲရဲဝန်ခံလိုက်စမ်းပါ။

ပြောင်းလဲစရာ ရှိတာကိုလည်း နောက်လှည့်မကြည့်စတမ်း ပြောင်းလဲပစ်စမ်းပါ။
သိမ်းငှက်လို နှုတ်သီးသစ်၊ လက်သည်းသစ်၊ အတောင်ပံသစ်တွေနဲ့ ပေါ့ပါးလွတ်လပ်စွာ ဟိုးအမြင့် စိတ်ရှိရာကို ပျံသန်းလိုက်ကြပါ။ ကျွန်တော်အကြိုက်ဆုံး
"Secrets of the Millionaire Mind"
စာအုပ်ထဲက စာသားလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

ဒီစာကို ဖတ်ကြတဲ့ သူငယ်ချင်းအပေါင်း စိတ်ဓာတ်ခွန်အားတွေ ရရှိနိုင်ကြပါစေခင်ဗျာ...။
"If you want to change the fruits,
You will first have to change the roots."
"If you want to change the visible,
You must first change the invisible."
မှတ်ချက်။ ။HYDEGROUP မှကူးယူဖေါ်ပြသည်။သူငယ်ချင်းများဖတ်စေချင်လို့ပါ။ နေရု ( ရေခါး)

Thursday 20 August 2009

ပင်လယ်ကို မှ ချစ်တက်ခဲ့လေသော


(၁)
မတွေ့ခင်ကတည်းက မြင်ချင်ခဲ့တာပါ။မပြောခင်ကတည်းက သိခဲ့တာပါ။မမှောင်ခင်ကတည်းက လင်းခဲ့တာပါ။ မသွားခင်ကတည်းက ရောက်ခဲ့တာပါ။အဖြူမှန်း အမဲမှန်း မသိခင်ကတည်းက အဖြူရောင်ဆိုတာ သိချင်တာပါ။ မမုန်းကြေး မမေ့ကြေး အကိုယ်တို့ကြား အမြင့်ဆုံးကြေးရယ်ပါ။နက်ရှိုင်းမှန်းလဲ သိခဲ့ပါတယ်။ကျယ်ပြောမှန်းလဲ သိခဲ့ပါတယ်။မာယာများမယ်ဆိုတာလဲ သိတက်ခဲ့ပါတယ်။ကိုယ်တို့ ရောက်နေတဲ့နေရာရဲ့ အတိမ်အနက်ကို ငါမစဉ်းစားမိဘူး။ဝေါဟာရတွေရဲ့ နောက်ကိုမလိုက်ကြဘဲ ပညတ်တွေရဲ့သယ်ဆောင်ရာမှာ ခိုနားစရာ မရှိမှန်း သိပါရက် မမောနိုင် မပမ်းနိုင် ရင်းနှီးခဲ့ကြတယ်။ ပင်လယ်ကို ချစ်တာချင်းတူတူ ဘာလို့ငါတို့တွေ ချစ်ချင်းပြိုင်နေ ကြပါလိမ့်။ အော် ငါဆိုတာ ပင်လယ် ပင်လယ်ဆိုတာ ငါပါလားလို့ မတွေးမိခဲ့။ပင်လယ်ကိုမှ ငါချစ်တက်ခဲ့ပြီ။
(၂)
ဘယ်ကမှန်း မသိသော ဘယ်လိုမှန်းမသိသော ဘာမှန်းမသိသော ပင်လယ်ပျော် စင်ရော်မလေးရယ်....... ဘာအကြောင်းပြချက်မှ မလိုပါဘူး။သစ္စာတရားကို နေ့မနား ညမနားရှာဖွေသူမဟုတ်ခဲ့လေတော့ တစ်ခုခုနဲ့ တွေ့မယ်ဆိုတာ ငါကြိုတွေးမိတယ်။မုန်တိုင်းဖြစ်စေ လှိုင်းဖြစ်စေ ဘာမှ မမှုတက်ခဲ့ဘူး။တစ်နေရာဆိုတာ ရောက်မယ်မှန်းသိခဲ့တာကိုးဗျ။လူတွေအကြောင်းမစဉ်းစားဖြစ်ခဲ့တာ ကြာပေါ့။ပန်းတစ်ပွင့် ရယ် ပင်လယ်ကမ်းခြေ ရယ်ရှိရင် ကောင်မလေးတစ်ယောက်ဆိုတာ ငါရဲ့ မျှော်လင့်ခြင်းကမ်းလေးပေါ့။ ဘယ်လိုမျိုး
ဂုဏ်တွေ ငွေတွေကိုမှ တက်မက်မှုမရှိခဲ့ဘူး။ဘယ်လို အခက်ခဲမျိုးကိုမှ မမှုတက်ခဲ့တဲ့ အဲဒီစိတ်ဓါတ်လှိုင်းလေး ကိုချစ်တယ်။အတက်နိုင်ဆုံး ရိုးသားပွင့်လင်းခဲ့ကြတယ်ဆိုရင် အခြားပင်ဇင်ယော် တွေ လှိုင်းတွေ ရယ်မောကြမယ်။မတက်ဘူးကွာ သူတို့ အိပ်ပျော်နေချိန်မှာ ကမ်းတစ်ခုကို ရောက်အောင် ခရီးနှင်ကြမယ် ။ပင်လယ်ကို ချစ်တက်ခဲ့ပြီ။မုန်းလို့မရအောင် ချစ်ခဲ့တာ။ ဘယ်သူမှမမြင်အောင် ကွယ်ဝှက်ထားကြမယ့် အဲဒီလှိုင်းလေး ရဲ့ အောက်မှာ ညီမလေး နဲ့ အကိုယ်တို့ပုန်းနေကြမယ်။သူတို့ အိပ်ပျော်နေမှ ခရီးဆက်မယ်။
(၃)
အားလုံးငြိမ်သက်သွားရင် လှိုင်းလေးတွေကို ခိုစီးပြီး အပြီးတိုင်အောင် သွားမယ်။ငါတို့အမက်မောဆုံး လသာမည့်ည ငါတို့အယဉ်ကျေးဆုံးကူးခဲ့ကြတဲ့စိတ်တွေ မောပမ်းဆုံးတက်ခဲ့ကြတဲ့ တောင်တန်းတွေ မှာ ကိုယ်တို့တွေ ရွက်လွင့်ကြမယ်။မျှော်လင်ထားတာတွေ ဖြစ်မလာရင် ဖြစ်လာတဲ့အတိုင်းမျှော်လင့်ကြမယ်။ ဘာဖြစ်လဲ ။လေဆန် ရေဆန်တွေမှာတောင် ငါတို့လွင်ခဲ့ကြတာပဲ။အကောင်းဆုံးဖြစ်ဖြစ် အဆိုးဆုံးဖြစ်ဖြစ်
ပင်လယ်ကိုတောင် ချစ်တက်ခဲ့ကြပြီပဲ။ဒီလောကဓံလောက်တော့ လက်ခမောင်းခက်စရာမလိုပါဘူး။အလိုလို ပျောက်သွားမယ့် မြူမှုံသေးသေးလေးတွေပါ။ကဲ ကျုပ်တို့တော့ ပင်လယ်ဆက်လက်ချစ်ရင် အားလုံးကို ရွက်တက်ပြီး လွှင့်ကာ ခရီးနှင်ကြမယ်။အားလုံးလဲ ကျုပ်လို ပင်လယ်ကို ချစ်တက်ကြပါစေ။နေရု (ရေခါး)

Tuesday 18 August 2009

ရှိတဲ့အတိုင်း ရှိကြမယ်


ရွေးချယ်စရာ မရှိတော့ရင် သင်ဘာလုပ်မလဲ။သိပ်ကောင်းတဲ့မေးခွန်းလေးတစ်ခုပါ။ချစ်တက်တဲ့ အရွယ်မှာ ကောင်းကောင်းမချစ်ခဲ့။မုန်းတက်တဲ့ အရွယ်မှာ အမုန်းဆိုတာဘာမှန်းမသိခဲ့။မြင်မြင်သမျှ သခါင်္ရဆိုတဲ့ အတွေးထင်ပါရဲ့။ကောင်းလား မကောင်းလားဆိုတဲ့အတွေးလဲ မသိခဲ့။သစ်ရွက်ကြွေတိုင်း ရင်မခုန်တက်ခဲ့တော့ အတော်များများ လွဲချော်ခဲ့ရတယ်။အမှားအမှန်ဆိုတဲ့ ဝေါဟာရနှစ်ခုကြား ဗျာများခဲ့သူက ငါရယ်ပါ။အော်..... ဒီလိုမှန်း အစက မသိခဲ့လို့ပါ။လူပဲဗျာ မှားရင် မှားမယ်။မှန်ရင် မှန်မယ်။ဒါကို လိုက်ပြီးသေချာစွာ မကြည့်ခဲ့တော့ ကျုပ်ရဲ့ ဒီ ဒုတိယအရွယ်မှာ ကျုပ်တို့ ဘာတွေတက်နိုင်မှာတဲ့လဲ။အရိုးသားဆုံးချစ်မယ်လို့ တွေးမိတိုင်း မရိုးသားမှု တွေနဲ့နပမ်းလုံးခဲ့ရ။မရိုးမသား ချစ်မယ်လို့ တွေးမိတိုင်း အရိုးသားဆုံးများက ငါ့ကိုပစ်ပယ်သွားကြ။အော်... ဘဝရယ် ဘာလို အကိုယ်တို့နှစ်ယောက်ကိုမှ ဒါမျိုးလာပြီးကြုံရ စုံရပါလိမ့်။ဘယ်အရာက ဘာဖြစ်လို့ အားလုံးကို မတရားဘူးလို့ ပြောကြမှာလဲ။သူ့သဘော နဲ့ သူ ဖြစ်နေကြတာကို သူ့အတိုင်းလက်ခံကြဖို့ ကြိုးစားကြမယ်။ ဘာမှမဖြစ်သလို နေကြည့်ကြမလား။လွယ်မယ်တော့ မထင်ဘူး။ဘာမှ မဟုတ်သလို ခံစားကြမယ်။မရ ပြန်ဘူး။အိပ်မက်လို့ သဘောထားကြမယ်။ ဝေးပါသေး ရဲ့။စိတ်ထဲမှာ ရှိတဲ့အတိုင်းအရိုးသားဆုံး ပြောခဲ့ကြတာပဲ။ ကျုပ်ဘက်က အဆင်သင့်ပဲ။ ပြောင်းလဲခြင်း သဘောတရားကို ကျုပ်တို့ အရှိအတိုင်းလက်ခံမယ်။ခက်ခဲ တဲ့ အရာကိုမှ ရင်ခုန်တက်တဲ့ ကျုပ်က ရင်ခုန်ကြည့်တယ်။ အမှန်တကယ် ရင်းနှီးကျွမ်းဝင်မှုဆိုတာ အချိန်အများကြီးပေးရတယ်ဆိုတာ သိခဲ့ပါတယ်။
သဘာဝတရားဆိုတာကို ကျုပ်မတော်လှန်နိုင်ခဲ့ဘူး။လိမ်ညာလို့မရတာကို ဇွတ်အတင်းကြီး မလိမ်ချင်ဘူး။ တကယ်ချစ်နေတာကို ဘာလို့ မုန်းသွားမှာ ကြောက်နေရပါလိမ့်။ဘယ်လို မထင်မှတ်ထားတဲ့ အရာတွေ ဖြစ်တက်တယ်ဆိုတာ ကျုပ်သိတယ်။လေထဲမှာ တိုက်ဆောက်ချင်ခဲ့တာလား တဲ့။မဟုတ်ဘူး။စိတ်ကူးမယဉ်ခဲ့ ဘူးသလို စိတ်ကူးမရိုင်းခဲ့ဖူးဘူး။စိတ်ထဲမှာ တကယ်ကို ရှိခဲ့တာ။အိပ်မက်စိုက်ခင်းမှာ ကျုပ်တို့နေနေကြတာလား။အော်..... ညီမ ရယ် လို့ပဲ။အခါခါ ငြီးတွားရင်းနဲ့ ချစ်မိသွားတာကြီးကို ကျုပ်တို့ဘယ်လိုလုပ် ဝေးကြမှာလဲ။အနီးဆုံးနေရာမှာ နေကြဖို့ ဘယ်တော့မှ ဝေးဖို့ မတွေးရဲဘူး။သမရိုးကျ ဇာတ်လမ်းတွေထဲမှာ ကျုပ်တို့မနေခဲ့ကြဘူး။တစ်ယောက်ကို တစ်ယောက် ခွဲဖို့ ဝေးဖို့ တစ်ခါမှ မတွေဘူး။ ဝေးမှာစိုးလို့ တစ်ယောက်ကို တစ်ယောက်ဖတ်ထားကြတာဆိုရင် ခဏ ခဏ ပဲ။ဘယ်သူ့ကိုမှလဲ အပြစ်ရယ်လို့ မပြောရဲခဲ့ကြဘူး။ဒါမျိုးကို အချစ်မဟုတ်ဘူးလို့ ပြောချင်သေးလား။ကံဇာတ်ဆရာရဲ့အလိုကျ ရိုးရိုးလေး တွေခဲ့ကြပြီး အရိုးသားဆုံးဖြူစင်ခဲ့ကြတယ်။သာမန် လူသားတစ်ယောက်ထက်ပိုပြီး ကျုပ်တို့ဘာမှ မကြီးကျယ်ဘူး။အရင်က ကိုယ့်ကိုကိုယ်သူရဲကောင်းထင်ခဲ့တဲ့ အဖြစ်က ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီ။ ခဏ ခဏ ဝမ်းနဲတက်လို့ စိတ်ကို တအားတင်းထားတယ်။ဖြစ်ချင်တာ ဖြစ်ဆိုပြီးလုပ်တက်လို့ သတိအမြဲထားခဲ့တယ်။ ဒီတစ်ခါတော့ ကျုပ်လဲ မတက်နိုင်ဘူး။သစ်ရွက်မလုပ်တာကိုဘဲ လေကိုအပြစ်တင်နေတက်ပြီ။ ဆန်းကျယ်မှုတွေ အများကြီးနဲ့ အရိုးသားဆုံးဆက်လျှောက်ကြည့်မယ်။လူမသေသေးသရွေ့ ဖြစ်ချင်တာ အကုန်ဖြစ်ခွင့်ရှိတယ်။ဘာကိုမှ အရှုံးမပေးခဲ့ဖူးဘူး။စိတ်ထဲရှိတဲ့အတိုင်း ရှိကြမယ်။

Tuesday 11 August 2009

မှန်တစ်ချပ်နဲ့ ရန်ဖြစ်နေသူ

(၁)
တစ်ခမ်းလုံးမှောင်နေတယ်။တံခါးအားလုံးလဲ ဖွင့်လို့မရဘူး။လှေကားတွေလဲ ဖြုတ်ထားတယ်။အောက်ထပ်တစ်ခု လုံးဘယ်ပျောက်နေပါလိမ့် မျက်စိလည် လမ်းမှားရောက်လာရအောင်လဲငါစိတ်တိုင်းကျ လာခဲ့ရတာမဟုတ်။ နေ့တိုင်းလာနေကြ ငါ့ဘော်ဒါတွေလဲ ဘာကိုလန့်နေကြပါလိမ့်။စိမ်းလမ်းနေကြ သစ်ပင်များ ဘာလို့အရောင်ပြောင်းနေကြတာလဲ။မြည်တွန်နေကြ ကျေးငှတ်သာရကာများ ငါ့အခမ်းပြူတင်းတံခါးများပေါ် ဘာလို့လာရောက်မသီဆိုကြတော့တာပါလိမ့်။ငါနဲ့ လေပေး လေယူဖြောင့်ခဲ့တဲ့ ငါ့ဘကြီး ဘာလို့များ ငါ့ကို စူးစိုက်ပြီးကြည့်နေပါလိမ့်။အိမ်က ခွေးက ငါ့ကို ဘာလို့ပြန်ကိုက်နေတာလဲ။ဧရာဝတီမြစ်ကြီးရဲ့ စီးဆင်းနေတဲ့ ရေအလျဉ်ကို ဘယ်သူက ပြောင်းပြန်လုပ်နိုင်မှတဲ့လဲ။ငါ့စိတ်နဲ့ ငါ့ကိုယ် အရင်က တူတူဖြစ်ရက်နဲ့ ခုဘာလို့ သူတို့ကိုယ်နဲ့ ငါ့စိတ်ဖြစ်နေရတာလဲ။ငယ်ငယ်က ဖတ်စာအုပ်တွေ ငါကောင်းကောင်းဖတ်ခဲ့ပါတယ်။ဘာလို့ အလွတ်ရအောင် မကျက်ခဲ့တာလဲ။ခုမှ ကျောင်းသူတစ်ယောက်ရဲ့ လွတ်လပ်အတွေးနဲ့အတူ ယုန် နဲ့ လိပ် အပြေးပြိုင်ပွဲမှာယုန်က နိုင်သင့်တယ် ဆိုတဲ့ ကလေးတစ်ယောက်ရဲ့အတွေးကို ငါလက်ခံမိပါလိမ့်။အော် လိပ်ကလေးရယ် လူ့စွမ်းအား နဲ့ လူ့အရင်းအမြစ်ကို ဖော်ထုပ်ခဲ့တဲ့ မင်းရဲ့ဝီရိယကို ငါတို့တွေလေးစားမိပါတယ်။တကယ်တော်တဲ့ ကလေးတစ်ယောက်အတွက် ယုန်ကလေးဘာလို့ရှုံးတာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့တင် ငါလဲ ကျောင်းစာကို ကောင်းကောင်းမသင်ပေးခဲ့ရဘူး။အော် တကယ်ထက်မြတ်တဲ့ ကလေးတွေကို ကလေးတို့ရယ် ဒါက ပုံပြင်ကွယ့်လို့ နှစ်သိမ့်ရင်း အဲဒီမှန်တစ်ချပ် နဲ့ ရန်ဖြစ်ပစ်လိုက်တယ်။
(၂)

နေ့တိုင်း ညတိုင်းကျုပ်တို့ဘာလုပ်နေကြတာလဲ။တစ်ရက် တစ်ရက်ကုန်သွားရင် ၊တစ်လ တစ်လ ကုန်သွားရင် ၊တစ်နှစ် တစ်နှစ်ကုန်သွားရင် အင်းဘာတွေဖြစ်ခဲ့ကြလဲ။တစ်စက္ကန့်လောက်တောင် အချိန်ကိုအလကားမဖြစ် စေရဘူးတဲ့။အော် ငါတို့တွေ သူတို့တွေဘာတွေကွာခြားနေလို့လဲ။ကမ္ဘာမြေပေါ်မှာ ကောင်းကင်အောက်မှာ တူတူ အသက်ရှင်နေကြတာပဲ။အသက် (၂၀) လောက်ရောက်လို့မှ ငါဘာဖြစ်ချင်တယ်ဆိုတာ မသိရင် သွားပြီ။ အနှစ်ဆယ်လုံးလုံး ခင်ဗျားသင်ယူခဲ့တဲ့ ပညာတွေ ခင်ဗျားဖတ်ခဲ့တဲ့ စာအုပ်တွေ အင်း တစ်ခုခုတော့ လွဲနေပြီ လို့ကြားဖူးတယ်။ကိုယ့်ဖာသာကို ရှာဖွေလို့ ရပါလျှက်နဲ့ သူများကို အားကိုးချင်တဲ့စိတ်ဓါတ် အခြေခံလူ့စိတ်ဓါတ် ဘယ်လိုဘာသာပြန်ရမှန်းကို မသိဘူး။စိတ်တွေရှုပ်တာ စိတ်ကြောင့်ပဲ ဆိုတာကျုပ်လက်ခံပါတယ်။စိတ်တံခါးကို ဖွင့်ကြည့်တိုင်း စိတ်တွေ မတွေ့ရတာဘာကြောင့်လဲ။ဖြူစင် မြင့်မြတ်တဲ့ စိတ်ဓါတ်နဲ့ ညစ်ပတ်နေတဲ့ စိတ်ဓါတ်ကို ကြည့်လို့ရတယ်ဆိုတာ ကျုပ်လက်ခံပါတယ်။မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးဆိုတာကို ကြောက်တယ်ဆိုတဲ့အရာကို အရင်လုပ်ကြည့်ပါ တဲ့။ အကောင်းဆုံးသော အဆိုအမိန့်တွေပါပဲ။ခက်တာက အဲဒီမှန်တစ်ချပ်က နေရာတိုင်း လိုက်လိုက်နေတယ်။
(၃)

တစ်နေ့တော့ ပြီးဆုံးမှာဆိုတာ ကျုပ်ပါသိတယ်။အိမ်တိုင်းမှာ မှန်မထားရဆိုတဲ့ ဥပဒေထားဖို့တော့ကောင်းပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ နေ့တိုင်းရန်ဖြစ်မိမှာစိုးလို့ပါ။တကယ်ဆိုရင် တစ်ချက်တည်းဝင်ရမယ့် ဂေါက်သီးကို အရင်ကတည်းက ထက်ခါ ထက်ခါရိုက်နေကြတာလဲ။လုပ်ထားခဲ့ကြတာက တကယ်ခိုင်မာပါတယ်။ကြာလေ ကောင်းလေ ဖြစ်ရမှာ ခုတော့ဗျာ သဘာဝတရားကတောင် ရက်စက်ကြမ်းကြုတ်နေပြီ။ကူးစက်ရောဂါဆိုတာ ဘယ်က စ ဖြစ်တာလဲသိလား။သက်ရှိနဲ့ သက်မဲ့ဆက်သွယ်မှုရှိတယ်ဆိုတာမယုံမရှိနဲ့။ကိုယ့်ခန္ဓာကိုယ်ကို ဆန်းစစ်ကြည့်ရင် သိနိုင်တယ်။ ကံ ၊ စိတ် ၊ ဥတု ၊ အာဟာရ ဆိုတဲ့အရာသုံးမျိုး နဲ့တည်ဆောက်ထားတာကိုးဗျ။ နောက်ပြီး - မြေ ၊ ရေ ၊ လေ ၊ မီး ဆိုတဲ့အင်အားကြီးအရာလေးမျိုးနေ့စဉ်ထိတွေ့ ထိတွေ့နေကြတယ်လေ။ နောက်ပြီး သဘာဝမြေကြီးမှ ထွက်လာတဲ့ အစာ အာဟာရ များစားသောက်နေကြပြီး မဟာပထဝီမြေကြီးကို ကျေးဇူးတင်စကားလေး တစ်လုံးလောက်မပြောနိုင်ပေမယ့် သူက ရော့သွားတယ်လို့မရှိပါဘူး။ဘာမှမပြောပ လောက်တဲ့ အရာလေးတွေမှာ ဇီဇာ ကြောင်လိုက်တာမထင်ပါနဲ့ ။ ကျုပ်လေ မှန်တစ်ချပ် နဲ့ ရန်ဖြစ်ကြည့်နေလို့ပါ ။ နေ့တိုင်း မှန်မကြည့်ဖြစ်အောင် နေကြည့်မယ်ဗျာ။အားလုံးနဲ့ သင့်မြတ်အောင် မှန်တစ်ချပ်ကို အမြဲဆောင်ထားရမယ်ဆိုတဲ့ ဦးကြီးရဲ့စကားကို နားထောင်ပါ့မယ်။အပြစ်ရှိသူကို ကိုယ့်ကို စော်ကားလာသူကို မိတ်ဆွေလို့ သားတစ်ယောက်လို့ မြင်နိုင်တဲ့ဘုရားရှင်ကို ကျုပ်အမြဲတမ်းသတိရနေပြီး ညတိုင်း ဘုရားရှင်ရဲ့ အလောင်းတော် ဘဝများကို အားရအောင် သတိရပြီးမှ အိပ်ပါတော့မယ်။ အားလုံးမှန်တစ်ချပ်နဲ့ ရန်နေသူ များ မဖြစ်ကြပါစေ နဲ့ လို့။အားလုံးအတွက် သင့်ရဲ့....... နေရု (ရေခါး)

Sunday 9 August 2009

မီးအိမ်ရှင် သို့..


(၁)
လူမှန်းသူမှန်းမသိတက်သေးခင် ဟိုရောက် သည်ရောက် ဟိုကွေ့ သည်ကွေ့နဲ့တင် နေ့တွေ ညတွေကုန်ဆုံးလို့ သာသွားခဲ့ရပေါ့။အမေ ရယ် အသက်ကြီးလာတွေ အမေ့နို့ရည်တွေက ဘာလို့အရောင်မပြောင်းသေးတာလဲ။ တောရွာကို မှချစ်တက်တဲ့အမေ့ကို ရွာထက်ဘာလို့ချစ်နေရတာလဲ။တကယ်ဆိုရင် အဲဒီညက အမေကျုပ်ကိုဘာ လို့ခိုးပြီးနမ်းခဲ့တာလဲ။တကယ်ဆိုရင် .....အဲဒီညက ကျုပ်အိမ်ချင်ဟန်ဆောင်ခဲ့တာ အမေမှမသိတာ။မဟုတ်ပါဘူး အမေ သိသိကြီးနဲ့နမ်းခဲ့တာပါ။ခုထိ ကျုပ်သိမ်းထားတယ်။အဲဒီလိုပဲ သိမ်းထားချင်စရာကောင်းလောက်အောင် လှပလွန်းတဲ့ ညတွေကို ကျုပ်သတိရရနေမိတယ်။အလင်းရောင်လျှပ်စစ်မရှိတဲ့ ရွာလေးမှာ ကျုပ်တို့တွေ အမေတို့တွေအတွက် စာဖတ်တက်အောင်ဆိုပြီးမီးအိမ်လေးတစ်ခု ထွန်းငြှိပေးခဲ့ကြတယ်လေ။အဲဒီ မီအိမ်လေးက ကျုပ်တို့ ကျုပ်တို့တွေ မရှိတော့ရင်လဲ သူ့ရဲ့ပင်ကိုယ်စွမ်းအားနဲ့ ထာဝရလင်းလက်နေမယ်ဆိုတာယုံကြည်တယ်။
(၂)
မှောင်မှောင် မဲမဲထဲမှာ သဲကြီး မဲကြီးစာဖတ်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို အလင်းရောင်ပေးချင်လိုက်တာ။ရေဆာနေကြတဲ့ အမယ်အိုတွေကို ရေကြည်ရေအေးတစ်ခွပ်လောက် သောက်သုံးစေချင်လိုက်တာ။အော်....ကျုပ်တို့ညီအကိုတစ်တွေကို ပညာတက်ဖြစ်စေချင်လို့တဲ့ ပညာရေးမှာအောက်တန်းမကျစေချင်တဲ့ အမေ့ရဲ့ဆန္ဒ ခုတော့ ကျုပ်ကောင်းကောင်းနားလည်ပြီဗျာ။ ကြောက်စရာကောင်းတဲ့ ချစ်စိတ် နဲ့ ချစ်စရာကောင်းတဲ့ ကြောက်စိတ်ကို ကျုပ်ကောင်းကောင်းမြင်နိုင်ဖို့ အဲဒီအလင်းရောင်လိုတယ်ဗျာ။မီးအိမ်ရှင်လေးရေ နည်းပညာတွေ မထွန်းကားသေးပေမယ့် ချစ်စရာကောင်းတဲ့ လူတွေရဲ့စိတ်ဓါတ်နဲ့ ဓလေ့ရိုးရာကိုမင်းကောင်းကောင်းမြင်နေလောက်ပါပြီ။တာဝန်မဲ့စိတ်နဲ့ ငါ ပစ်ထားခဲ့တာမဟုတ်ပါဘူး။တကယ်ဆိုရင် အဲဒီအလင်းရောင်လေးနဲ့တင်ကို ငါတို့ကမ္ဘာမြေထဲက ရွာလေးတစ်ရွာလောက်တော့ တည်ထောင်လို့ရပြီလေ။သာယာတဲ့ လေပြေညှင်းလေးတွေ မလာရင် မင်းငိုနေမလားပဲ ငါတစ်ယောက်ထဲစိုးရိမ်နေမိသေးတယ်။ဘာမှ မရှိပေမယ့် အဲဒီလူတွေနဲ့ မင်းအဆင်ပြေအောင်နေတက်တယ်ဆိုတာငါကောင်းကောင်းသဘောပေါက်တယ်။နေ့ရော ညပါ အလင်းရောင်တွေ မင်းပေးနေမယ်ဆိုတာ ငါမြင်ယောင်နေမိတယ်။
(၃)
ဘဝက ဘဝပီသဖို့ပဲလိုအပ်တာပါ။မီးအိမ်ရှင်လေးရဲ့ အရိပ်မှာခိုပြီး လေချွန်လို့မရ ဒူးနှံ့လို့မရနဲ့။လမ်းသွား လမ်းလာတွေ ရေဝင်သောက်မယ်။ခဏလေး အရိပ်ဝင်ခိုမယ်။နောက်ပြီး နဲနဲ အပြစ်ပြောမယ်။ဒါတောင်မှ သင့်ရဲ့အရိပ်က ပိုမိုပြီးကြီးထွားလာပါလား။သင့်ရဲ့အလင်းရောင်က ပိုမိုတောက်ပ လာပါလား။ပန်းမန်ဥယျာဉ်မရှိပေမယ့် ကျုပ်တို့မီးအိမ်ရှင်လေးနားရောက်သွားရင် အလိုလိုအေးမြတယ်လို့ ကျုပ်ဘကြီးတွေ ပြောဖူးတယ်။ရေဖြည့်စရာမလိုပဲ အမြဲပြည့်နေတဲ့ ပင်လယ်ကြီးကို ကျုပ်သက်သေပြု ဆိုရဲတယ်။ခင်ဗျားလိုပဲ လို့ ကျုပ်တို့ရဲ့မီးအိမ်ရှင်လေးက ထာဝရတည်ငြိမ်နေပြီး သဘာဝတရားနဲ့ လိုက်လျောညီထွေ ရှိတယ်ဆိုတာကိုပါ။မီးအိမ်ရှင်လေး ရယ် လူတွေရှိတဲ့အရပ်ဒေသမှာ မင်းထာဝရလင်းလက်တောက်ပနိုင်ပါစေ။လူတွေနဲ့အတူ မင်းထာဝရ ရယ်မောနိုင်ပါစေ။ကျုပ်တို့ရွာက မီးအိမ်ရှင် စာကြည့်တိုက်လေးနဲ့ တူသော မီးအိမ်ရှင်များသို့ အမြဲဂုဏ်ပြု အမှတ်ရ အောင့်မေ့နေပါသည်။
ပညာရောင်လင်း အမြဲထွန်းလင်းတောက်ပနေပါစေ။နေရု (ရေခါး)

Wednesday 5 August 2009

နောင်တော်ကြီးအသင်္ခယာသျှင်ထွေးရဲ့ သတိပေးစကားများ


လိုအပ်မယ်ထင်လို့မှာလိုက်တဲ့မှာတမ်းပဲလား။အမှတ်တရပြောချင်တဲ့စကားများကိုနှုတ်အားဖြင့်မပြောချင်လို့ လား ဒါမှမဟုတ် နှုတ်တစ်ရာ စာတစ်လုံးဆိုရင် ကျုပ်အတွက်အထိရောက်ဆုံး ဘဝမှာအရေးအပါဆုံးသော စကားလုံးလေးများ ရတနာများအဖြစ်ကျုပ်သတ်မှတ်ပါသည်။ကျုပ် နဲ့ နောင်တော်ကြီးရဲ့ နှစ်ဦးကြားစက်ဆံရေး သည် တစ်ခါတစ်ရံ ပြေပြစ်ချောမွေ့မှုရှိသလို တစ်ခါတစ်ရံတွင်မူ အဖုအထစ်လေးများ ကိလေသာအပြည့်ရှိသည် အားလျော်စွာ ရှိခဲ့ဖူးပါသည်။သို့သော် စိတ်ထဲတွင်မှာတော့ ဘယ်သောအခါမှ စွန်းထင်းပေကျံမှုမရှိခဲ့ပါ။နားလည်မှုဆိုသောစကားလုံးသည်နိဗ္ဗာန်သို့အမှန်တကယ်ရောက်ကြောင်းနည်းလမ်းကောင်း မဟုတ်သော်မှ ကျုပ် နှင်နောင်တော်တို့အကြား ငြိမ်းချမ်းရေး ပန်းခင်းတံတားတစ်စင်းမူကားဖြစ်ခဲ့ပါ၏။မိဘ နှင့် သားသမီးတို့အကြား ဆရာ နှင့် တပည့်တို့အကြား မိတ်ဆွေ သူငယ်ချင်းတို့အကြား လင်နှင့် မယားတို့အကြား စသည် စသည့်အကြားများစွာတို့တွင် နားလည်မှုဆိုသောစကားလုံးသည် အရေးပါသော အကြောင်းတရားတစ်ခု ဖြစ်ပါ၏။ဒါက ကျုပ်ရဲ့ သီးခြား အမြင်တစ် ခုရယ်ပါ။ ဒါပေသည့် ကိုယ့်ရဲ့ သီးခြားအတ္တဆန်သော အတွေး အကြုံသည် အများနှင့်တိုက်ရိုက်ကြီးမသက်ဆိုင်သော်မှအများသဘောအားဖြင့်တော့သက်ဆိုင်မည်ထင်ခဲ့မိပါ၏။ဒါကြောင့် နောင်တော် အသင်္ခယာသျှင်ထွေး ပေးလိုက်သော တစ်ဘဝစာ စားသုံးမကုန်သည့် A -4 စာရွက်ကလေးကို ကျုပ်အမြဲသတိ ပြုမိပါသည်။နောင်သော အခါများတွင် နောင်တော် ပေးလိုက်သော ညီမောင်ရဲ့ ပညာသင်ခရီးလက်ဆောင်အဖြစ် ကူးယူပေးလိုက်သော အမှတ်စဉ် (၂၅) တို့ကို ကျုပ် မြင်မိ ၊ ခံစားမိ ၊ နားလည်မိ ၊ သဘောပေါက်မိ ၊ သဘောထားမိသော ကျုပ်ရဲ့ သီးခြားအမြင်တို့ကို တစ်ခုချင်းစီ ရေးသားဦးမည်ဟု မျှော်လင့်မိပါသည်။အားလျှင် အားသလို ရေးသားနေချင်သော ကျုပ်ရဲ့ စိတ်အစဉ်ကို အမှန်နှိုးဆွ နေမည် နှိုးလှုပ်နေဦးမည်ဆိုတာတော့ သေချာပါ၏။အခုတော့ဖြင့် နောင်တော် ရဲ့ ပညာရေးခရီး လက်ဆောင်အဖြစ် ကူးယူပေးလိုက်သည့်အတိုင်း ဖေါ်ပြလိုက်ပါသည်။စာဖတ်သူ မိတ်ဆွေတို့အတွက်တော့ တစ်ထောင့် တစ်နေရာ တစ်ချိန်ချိန်မှာ တစ်စုံတစ်ခုအတွက် အသုံးဝင်လိမ့်မည်ဆိုတာကို ကျုပ် တင်ကြိုပြီး သိနေတယ်ဆိုတာတော့ ဖတ်သာကြည့်ပေတော့ ကိုယ့်လူ.................
၁။ ဦးဏှောက်တွေဟာ အသည်းနှလုံးတွေလိုပဲ သူတို့ကို တန်ဖိုးထားတဲ့ဆီကို သွားကြတယ်။
၂။ အောင်မြင်မှုကို အောင်မြင်မှုဖြစ်စေခဲ့တဲ့လူတွေနဲ့ မျှဝေခံစားပါ။
၃။ အမှားလုပ်မိတဲ့အခါ ကောင်းကွက်ကို ရှာကြည့်ပါ။အမှားကပေးတဲ့သင်ခန်းစာကိုလေ့လာပါ။ အဲဒီသင်ခန်းစာကို တန်ဖိုးထားပါ။
၎။ ဘဝကို လှုံ့ဆော်ပေးတဲ့အရာ ၂-ခုရှိတယ်။တစ်ခုက ကြောက်စိတ်၊ တစ်ခုက ချစ်စိတ်။
၅။ သင့်အလုပ်ကို သင်အရေးကြီးသလို သူတို့လည်း သူတို့အလုပ်က အရေးကြီးမယ်လို့ သိထားပါ။
၆။ ရည်မှန်းချက်ပန်းတိုင်ဆိုတာ အချိန်သတ်မှတ်ချက်ရှိတဲ့ အိပ်မက်တစ်ခုဖြစ်တယ်။
၇။ အလုပ်ငယ်လေးတွေအဖြစ် ခွဲလိုက်ရင် ထူးထူးခြားခြားခက်ခဲတဲ့အလုပ်ရယ်လို့မရှိနိုင်။
၈။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချချင်စိတ်ရှိပါ။ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူပြီး ကိုယ့်ဆုံးဖြတ်ချက်အတိုင်း
အခိုင်အမာရပ်တည်ပါ။
၉။ ရည်ရွယ်ချက်တိကျပျက်သားမှုဟာ အောင်မြင်မှုအားလုံးရဲ့ အစကနဦးဖြစ်တယ်။
၁၀။ လိုအပ်နေတဲ့အချိန်မှာ သူတို့အတွက်အချိန်ပေးခြင်းဖြင့် လူတွေကို ဂရုစိုက်ကြောင်းပြပါ။
၁၁။ ဘယ်လိုမြှောက်ပင့်ရမယ်ဆိုတာ သိတဲ့လူကများပြီး ဘယ်လိုချီးကျူးစကားပြောရမယ်ဆိုတာ သိတဲ့လူက
နည်းတယ်။
၁၂။ စိတ်ထဲမှာ ရှိတဲ့အတိုင်းပြောပါ။ ပြောတဲ့အတိုင်း စိတ်ထဲမှာ ရှိပါ။
၁၃။ အရှိကို အရှိအတိုင်း ရင်ဆိုင်ပါ။ ဖြစ်ခဲ့တာ , ဖြစ်စေချင်တာကို မကြည့်ပါနဲ့။
၁၄။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပါ။ ကိုယ်မဖန်တီးရင် သူများက ဖန်တီးသွားလိမ့်မယ်။
၁၅။ ဖြေးဖြေးသွားရင် ပိုပြီး မြန်မြန်ရောက်တယ်။
၁၆။ မက်လုံးပေးမှုတစ်ခုကို ထပ်ကာထပ်ကာလုပ်နေရင် ထိရောက်မှုမရှိတော့ဘူး။
၁၇။ အမြင်ရှင်းလေ မြန်မြန်သွားနိုင်လေ။
၁၈။ အမြင့်ဆုံးတွေးခေါ်နိုင်သူတွေကို ဆွဲဆောင်နိုင်ရင် အမြင့်ဆုံးရလဒ်ကို ရလိမ့်မယ်။
၁၉။ အောင်မြင်ဖို့အတွက် ပထမဦးဆုံးလိုအပ်တာက အောင်မြင်နိုင်တယ်လို့ ယုံကြည်နေဖို့ပဲဖြစ်တယ်။
၂၀။ လူတစ်ဖက်သားကို ပေးနိုင်တဲ့ အကြီးကျယ်ဆုံးလက်ဆောင်ကတော့ သင့်ဂရုစိုက်ခြင်းရဲ့ သန့်ရှင်းစင်ကြ
ယ်မှုပဲဖြစ်တယ်။
၂၁။ လူဟာ သူ့ဒုက္ခတွေကိုသာ ရေတွက်ချင်တယ်။ သူ့ သုခတွေကိုတော့ မရေတွက်ချင်ဘူး။
၂၂။ ကိုယ် ဘာလိုချင်တယ်ဆိုတာမသိခဲ့ရင် ကိုယ်မရောက်ချင်တဲ့ နေရာကိုရောက်သွားတက်တယ်။
၂၃။ အကွာအဝေးဆိုတာ ဘာမှအကြောင်းမဟုတ်။ခက်ခဲသည်မှာ ပထမခြေလှမ်းသာ ဖြစ်တယ်။
၂၄။ မိမိက အမိန့်ပေးဖို့ မကြိုးစားခင် သူတစ်ပါး၏အမိန့်ကို နာခံတက်အောင်လေ့ကျင့်သင့်။
၂၅။ လျော်ကြေးဆိုတာ ရပိုင်ခွင့်ဖြစ်တယ်။ အသိအမှတ်ပြုခြင်းဆိုတာ လက်ဆောင်ဖြစ်တယ်။
အထက်ပါ (၂၅)ချက်သော အကျဉ်းချုပ် အကြောင်းအရာတို့ကို နောင်တောင်အသင်္ခယာသျှင်ထွေးမှ ညတွင်းချင်း ကွန်ပြူတာမှ ကူးယူပြီး မနက်ပိုင်းစစ်ကိုင်းသို့ အသွားဦးတိုက်စဉ်တွင်ပေးလိုက်ပါသည်။ ထိုအချိန်က နောင်တော်၏ မျက်နှာအမူအယာကိုမူကား ကျုပ်မှတစ်ပါး အခြားသူုတို့မမြင်ဖူးသလို ဘာသာလဲ ပြန်နိုင်မည်မဟုတ်ပါ။လေးနက်မှုသည်ကား ရှိခဲ့ပါ၏။ကျုပ်ရဲ့ ဘဝတစ်သက်စာအတွက် လိုအပ်လို့ဖြည့်ဆည်း ပေးလိုက်ပါ၏။လေးနက်မှုသည်ကားထို့ထက်ပိုရှိခဲ့ပါ၏။နောင်တော် နေ့ရော ည ပါ ပျော်ရွှင်နေပါစေ။နောင်တော် ရဲ့နှလုံးသားမှ ပြောချင်သောစကားများကို ကောင်းမွန်စွာ ဘာသာပြန်နိုင်ပါရစေ။
နေရု (ရေခါး)


Monday 3 August 2009

အချိန်နှင့်အမျှ ပြောင်းလဲခြင်း


ဟုတ်ကဲ့။လူရယ်လို့ဖြစ်လာခဲ့ပြီးပြီပဲ။ပြောင်းလဲခြင်းကို ကျုပ်တို့လက်သင့်ခံရမှာပေါ့။အသက် (၂၀)လောက်က နောင်တော် အသင်္ခယာသျှင်ထွေး မိန့်ကြားဘူးတယ်။အသက် ၁၀ နှစ်လောက်က တွေးခဲ့ ရေးခဲ့တဲ့ အရာများ အသက် (၂၀) လောက်ရောက်ရင် ဘာမှမဟုတ်သလို ရီစရာကောင်းတယ်တဲ့။အသက် (၂၀) လောက်က ရေးခဲ့ တွေးခဲ့တဲ့ သဘောတရား အသက် (၃၀)လောက်ပြန်ရင်လဲ မဟုတ်တက်ပြန်သလို ဘယ်လိုမှန်းမသိဘူးတဲ့ ။နေ့စဉ်စာရေးခဲ့ဘူးတဲ့အကျင့် နေ့စဉ်မှတ်တမ်းရေးခဲ့တဲ့အကျင့်ကို ပိုပြီး တန်ဖိုးထားတက်လာတယ်။ဘယ်နေ ရာရောက်ရောက် အများအားဖြင့်တော့ ရေးခဲ့တာပါပဲ။ဟုတ်တယ်။နောင်တော်ကြီးပြောတာ မှန်တယ်။ကျုပ်ငယ် ငယ်ကရေးခဲ့တဲ့ စာတို စာစ တစ်ချို့ ပြန်လည်ဖတ်ကြည့်တော့ ကိုယ်နဲ့ ဘာမှမဆိုင်သလိုပဲ နောက်ပြီး ရီချင်စရာ သဘောသက်ရောက်လာတယ်။လူတွေ ဟာ အတိတ်က ဆင်းရဲခံခဲ့ရတာတွေကို အသက်အရွယ်ကြီးလာတော့ ရီစရာအဖြစ်နဲ့ ပြန်လည်ပြောပြတက်ပါတယ်။ကျုပ်တို့ အရွယ်ရောက်လို့ စစ်ကိုင်းတောင်ပေါ်မှာ ည ည ဘုရား စောင့်ကြတော့အမေရဲ့ အကိုတော်စပ်သူ ဦးကြီးဘညွန့် က ပြောပြဘူးတယ်။သူတို့ ဂျပန်အုပ်ချုပ်စဉ်က တွေ ကြုံခဲ့တဲ့ အတွေ့အကြုံများပေါ့။ပြောလဲ ပြောတယ်။နောက်ပြောပြီးရင် ပြောသေးတယ် အောင်မလေး အဲဒီတုန်းကများ ရီစရာကြီး ဆိုတဲ့ စကားအမြဲပါတယ်။ကျုပ်က သူပြောတာ နားထောင်ရင် စဉ်းစားမိတာပါ။ အော် သူတို့တကယ်ဆင်းရဲဒုက္ခ ရောက်နေတဲ့အချိန် ဘယ်ကလာရီနိုင်မလဲ။ကိုယ့်အသက်ကို မသေအောင် မနဲလုပြေးလွှားနေရတာ။တကယ်လဲ လွန်မြောက်လာရော ဆင်းရဲဒုက္ခ ရောက်တဲ့ အချိန်တုန်းက အဖြစ်ပျက်တွေက ရီစရာဖြစ်ကုန်ရော။ကျုပ်တို့လို ဘုမသိ ဘမသိ ကလေးတွေအတွက် ရီးစရာပုံပြင်တစ်ပုဒ်လို့ သူစိတ်ထဲမယ် ထင်လို့လားမသိပါ။ဦးကြီးရဲ့ စိတ်သဘောကိုတော့ ဦးကြီးပဲ သိပါလိမ့်။မိမိကိုယ့်မိမိလဲ ပြန်လည်တွေးကြည့်မိပါတယ်။ငယ်ငယ် အခက်ခဲကြုံလာခဲ့တဲ့ အကြောင်းအရာများစွာပြန်လည်စဉ်းစားကြည့် ပြန်တော့ ဟုတ်တယ်။ဦးကြီးပြောသလိုပါပဲ။အခု အဆင်ပြေနေလို့လား ဆိုတော့ မပြေလည်ပါ။ဒါကြောင့် နောင်တော်ကြီးပြောခဲ့ဘူးတဲ့ စာရေးခြင်း မိမိအတွေးများကို မှတ်တမ်းတင်ခြင်းဆိုသောအလုပ်ကို တန်ဖိုးထား ခဲ့မိပါတယ်။ယနေ့ထိပါပဲ။ဆရာမြသန်းတင့် ရဲ့ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ ဘာသာပြန်စာအုပ် ဖတ်ခဲ့စဉ်က လဲ အဲဒီအတွေးမျိုးဝင်ခဲ့ပါတယ်။အရာရာ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ ကျုပ်တို့အတွေးတွေ အယူအဆတွေ ငယ်ငယ်တုန်းက တွေးခဲ့တဲ့ အတိုင်းပဲ ဆိုရင်တော့ သိပ်မဟုတ်သေးတာ သေချာတယ်။အချိန်နှင့် တပြေးညီ ပြောင်းလဲ ပြီး တိုးတက်နေရမယ်။အသက်သာ ကြီးသွားတယ် ကိုယ်ပိုင်အတွေးအခေါ်အယူအဆတွေက ဒီအတိုင်းပဲဆိုရင် တော့ အသက်ကြီးလာခြင်းဟာ ဘာမှမဟုတ်နိုင်။ ကျုပ်တို့တွေ ရဲ့ကိုယ်ပိုင်ဘဝ အတွေ့မကြုံများကို ကျုပ်တို့သိတဲ့အသိနဲ့မျှတ အောင်အသုံးချနိုင်မယ်ဆိုရင် အသက်ကြီးလာလေလေ အဓိပါယ် ရှိလာလေလေဖြစ်မယ်ဆိုတာ ပြောရင် အချိန်နှင့်အမျှပြောင်းလဲခြင်းကို ကျုပ် ဖွင့်အန်လိုက်ပါတယ်။အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးပါ ။ နေရု (ရေခါး)

Saturday 1 August 2009

လ မသာတဲ့ည


ညတော့ ညပါ။တကယ် ညပီသတဲ့ ညပါ။
လပြည့်ည တဲ့။
နေရောင်ခြည်နဲ့ မတွေ့ရ၊လမင်းရဲ့ ဝန်းဝိုင်းတဲ့ပုံရိပ်ကိုမတွေ့ရ။
အဆိုးဆုံးလို့ ထင်ခဲ့ဘူးတဲ့အရာတွေက အကောင်းဆုံးဖြစ်တက်တယ်တဲ့။
ကျုပ်ရင်ထဲမှာ လမသာပဲ နေမထွက်ဘဲ နေတာ အတော်ကြာပြီ။
သဘာဝ အရသာကိုတောင် ဖန်တီးပြီး စားသုံးနေရတာ ကောင်းသတဲ့လား။
အဲဒီ နေ့တွေ ညတွေကို ရွှေချထားချင်တယ်ဆိုတဲ့ စကားမှန်တယ်။
လွမ်းစရာကောင်းလောက်အောင်ဖြစ်ခဲ့ရင် လွမ်းမှာပဲ
နာကျင်စရာ ဖြစ်ခဲ့ရင် နာကျင်မှာပဲ။
ဘယ်သူမှ တားလို့မရနိုင်ပါဘူး။
သူများစကားသွားပြီးနာယောင်မိခဲ့တာလား။
ကိုယ့်စိတ်နဲ့ကို ကူးခဲ့တာလား။
ဘာ နဲ့ စ ခဲ့လို့ ဘာနဲ့ဆုံးရမှာလဲ
ငါ ......... ဘာအတွက်ရှင်သန်နေတာလဲ။
ည ပေါ့ ။အဲဒီ ညကျုပ်အတွက်အလှဆုံး ညပေါ့။
ဘယ်သူမှ မလာလဲ နေပေါ့။ကျုပ်စိတ်ကူနဲ့ ကျုပ်ရူးသွပ်နေရတာပဲ
ကျုပ်ဘာကို ခံစားနေရမှာလဲ။
နေရောင်ခြည်ရယ် .......... နေခြည်နုနုလေးရယ်...
မင်းအမြန်လာပါတော့။
လရောင်လေးရယ် မှုံဝါးနေရင် နေပါစေ။
ငါ့ရင်ထဲကို ခဏဖြစ်ဖြစ်အရောက်သာလာခဲ့ပါ။
ငါလေ လ မသာရင်မနေတက်လို့ပါ။
နေရောင်ခြည် အနွေးဓါတ်လိုအပ်တယ်
အေးမြတဲ့ ညရဲ့ အလင်း လ ရောင် ကြယ်ရောင်ရောပေါ့
အော်........... သဘာဝတရားနဲ့ ကင်းကွာနေရင် ရေရှည်မှာ
မလွယ်ဘူး ဆိုတာ ငါသိတယ်။
ငါအမြန်ဆုံး အိမ်ပြန်ချင်တယ်။
ငါ့ကို မျှော်လင့်နေကြမယ့် ဆာလောင်မှုတွေကို
ငါ အတက်နိုင်ဆုံး အကုန်ပေးမယ်။
ငါကိုယ်တိုင် အလင်းရောင်ဖြစ်ချင်တယ်။
ငါကိုယ်တိုင် အလင်းဓါတ်ပေးချင်တယ်။
သေးသေးလေး ဖြစ်ပါစေ။ပေးစပ်သူသာဖြစ်ပါရစေ။
ငါ့အပေါ်မှာ ပုံရိပ်တွေထင်ကျန်ခဲ့တဲ့ စွန်းထင်းမှုတို့ကို
ပြန်လည်ပေးစပ်ရင်း ခွါချပါရစေ။
ဘာစွန်းထင်းမှုမှ မရှိချင်ဘူး။
ကိုယ်ပိုင်ဆိုင်တဲ့အရာနဲ့ပဲ ပြန်လည်ပေးစပ်ချင်တယ်။
အော်
ဒီည ငါရင်ထဲမှာ လ သာပါစေ။
လ တစ်စင်းတည်းပဲ သာပါစေ။
မှောင်နေတဲ့ ငါ့အတွက် မမိုက်သေးခင် လင်းပေးပါ။
ငါ့ ရင်ထဲမှာ တောင့်တနေလို့ရယ်ပါ။
လ မသာတဲ့ည ဘယ်သူမှ မကြုံတွေ့ပါစေနဲ့။
အလင်းရောင် ကိုယ်စီဖြင့် အချင်းချင်း အကျိုးဖြစ်ထွန်းပါစေ။
ပင်လယ်ကြီးလိုမျိုး လပြည့်ည လိုမျိုး
စိတ်ကူးတွေနဲ့ ငါရွက်လွှင့်နေပါရစေ။
ငါ့ရင်ထဲမှာ တစ်ခုခု လုပ်ချင်နေသလိုမျိုး ဖြစ်နေတယ်။
လ မသာတဲ့ ညမှာ ကျုပ်အတွေးတွေက လ ရောင်ဖြစ်ပါစေ။
နေရု (ရေခါး)