မင်္ဂလာပါ......

Tuesday 6 April 2010

အော် နွေတဲ့ လား......

သူ့အတွက်လည်း နွေ..
ကိုယ့်အတွက်လည်း နွေ...
အော် နွေရယ် မဖြေသာခဲ့ပါဘူး
ကြိုတင်တွေးထားခဲ့မိတဲ့အတိုင်း တကယ်ပါပဲ
တစ်ခါမှ မကြုံဘူးတဲ့ ဒီနှစ် ဒီနွေအကြောင်း
ဘယ်လို ဘယ်ပုံပျော်ကြောင်း
အမေ့ကို ဘယ်လိုပြန်ဖွင့်ရပါ့။

သော့တစ်ချောင်းတည်း နဲ့ တင်
ဝင်လာခဲ့တာ မဟုတ်တော့
ဘယ်ပုံဘယ်နည်းလေးနဲ့ အဆင်ပြေအောင် လုပ်ကြမလဲ
နေပူထဲလည်း လျှောက်ရဲပါတယ် တဲ့
ခရောင်းလမ်းကိုလည်း ဖျက်ရဲပါတယ် ဆိုတော့
ဒီအတိုင်းကို ဖြစ်နေကြတာ
လူဆိုတဲ့ အရာတွေအတွက် လူတွေက စတေးပေးကြရတယ်။
အားလုံး အေးရာ အေးကြောင်း ကောင်းရာ ကောင်းကြောင်းဆိုပေမယ့်
အခြေအနေ နဲ့ အချိန်အခါ တိုက်ဆိုင်လာရင် အကောင်းဆုံးဖြစ်လာမှာ ပါ
မိုးလေး ရွာယုံနဲ့တင် ကောင်းကင်ကြီးက ပြိုတော့မယောင်
မှောင်တော့ မလို ဝါးတော့မတက်
အဲဒီအတွက် လည်း ဘာမှ မဖြစ်သလို နေကြည့်ကြမယ်။

ဒီနေ့ ရင်မခုန်တက်ခဲ့ရင် သေမှာစိုးလို့
နဲ နဲလေး ရင်ခုန်ကြည့်မိတာ ပါ။
အညာမြေက တမာလေအတွက် ကျုပ်လည်း မပြောပြတက်ဘူး
ချိုသလား ခါးသလား
ပင်လယ်ရေ ငန်သလား စပ်သလား
မိုးပေါ်က နေရောင်ခြည် အေးသလား နွေးသလား
ဘာမှ မစဉ်းစားချင်တော့ပါဘူး။
လူတွေ အတွက် မဖြစ်စလောက်လေးဆိုပေမယ့်
ကိုယ့်အတွက် တော့ အတော်လေးအနေရခက်လာတယ်။
အင်း .............
သူလို ကိုယ်လို သဘောလောက်ပါပဲ
ဒီလိုနဲ့ ပြီးသွားခဲ့တာ တွေ မနဲတော့ပါဘူး။
အဲလို နဲ့ ပဲ ပြီးသွားပါစေ
ခြေရာလေး မချန်ခဲ့ပါရစေ နဲ့။
ကိုယ့် ခြေရာကို ပွန်းပဲ့မှာ စိုးလို့ ပါ။
တကယ်ကို စိုးရိမ်မိပါတယ်။

Thursday 1 April 2010

ငါပြန်လာမယ် ဧပရယ်

ဒီနှစ်ဧပရယ်အတွက်
ဘာလက်ဆောင်မှမလိုချင်ဘူး
ဒီနှစ်ဧပရယ်အတွက်
ဘယ်အင်တာနက် ဘယ်လိုအွန်လိုင်းမှ ရင်မခုန်ဘူး
ဒီနှစ်ဧပရယ်မှာ
ဘယ်သူ့ကိုမှ မမျှော်လင့်ဘူး
ဒီနှစ် ဧပရယ်မှာ ပိတောက်ပန်းအတုတွေကိုကျောခိုင်းမယ်။

တစ်ခမ်းရပ်ပြဇာတ်အတွက်
ကိုယ့်ဖာသာကို ကားလိပ်ချမယ်
လမ်းများပေါ်က လမ်းတစ်ခုကိုစိတ်ကြိုက်ရွေးမယ်
ဧပရယ်ကိုပြန်လာမယ်ဆိုတာ ပြောလိုက်မယ်
ဒီလောက်ပေကျံနေတဲ့ စိတ်ကို
ဧပရယ်ရေအေးအေးနဲ့ စင်အောင်ဆေးမယ်
အမေ့နားမှာ ညီမလေးနားမှာ အနီးကပ်ဆုံးနေမယ်
ငါပြန်လာပြီ ဧပရယ်။

မနှစ်ကလိုမျိုး တစ်ယောက်ကိုတစ်ယောက်
မကြည့်ရဲ ကြည့်ရဲ နဲ့ ကြည့်ဖို့မလိုတော့ဘူး
အတုတွေကို ဝတ်ဆင်ဖို့မလိုတော့ဘူး
အိပ်မက်တွေကို စားဖို့မလိုတော့ဘူး
အတွေးများနဲ့ အချိန်ကုန်ခံဖို့မရှိတော့ဘူး
တစ်ယောက်ကို တစ်ယောက် စိတ်ကောက်စရာမရှိတော့ဘူး
တစ်ယောက်ကိုတစ်ယောက် ထိုင်မျှော်နေစရာမလိုတော့ဘူး
လက်တွေ့မကျတဲ့ ခပ်ပျင်းပျင်းနေ့တွေ မရှိတော့ဘူး
ခါးသီးလွန်းတဲ့ နေ့များ ချဉ်စုပ်စုပ် ညများမလိုအပ်တော့ဘူး
သေချာတာကတော့
ငါ့စိတ်ထဲမှာ လရောင်နဲ့ မဝေးတော့သလို
နေရောင်ခြည်ရဲ့ နွေးထွေးမှုအစစ်ကို
ငါချစ်တဲ့သူတွေ နဲ့ မျှဝေခံစားတော့မယ်
နောက်ဆိုရင် သိပ်ပြီးမသေချာလို့ပါ
အားလုံးကို ခဏတော့နှုတ်ဆက်လိုက်ပါတယ်
ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နေထိုင်နိုင်ကြပါစေ။

Tuesday 23 March 2010

အရသာတစ်ခုရဲ့ အရသာ


(၁)
လျှာနဲ့လျက်ကြည့်မှတဲ့လား
အဲဒီအရသာက
လျှာတစ်ခုရဲ့အလွန်မှာဘာတဲ့လဲ
အဲဒီအရသာက
သွေးကြောထဲမှာ တစ်စိမ့်စိမ့်ဝင်သွားတာတဲ့လား
အမေ့ရဲ့ နို့ရည်ဖြူဖြူများ
ဝေးနေချိန်အတွင်း သားရဲ့သွေးတွေ အေးခဲနေပြီအမေ။
အရောင်အသွေးမျိုးစုံ အရသာအဖုံဖုံ
မြည်းကြည့်ရင်းနဲ့ ရင်းနှီးခဲ့တာပါ။
အရသာတစ်ခုရဲ့ အရသာထဲမှာ
ကြာကြာတော့ နေရအုံးမယ်။

(၂)
ပင်လယ်မှာ အရသာတစ်ခုပဲ ရှိတယ်
သေချာစေဖို့ ရေပဲချိုးခဲ့တယ်
ငါးတော့မမျှားခဲ့ဘူး။
စာရေးခြင်းက ကြာလာတော့စကားဖြစ်
စကားလုံးကိုမြစ်ဖျားခံပြီး ဝေဒနာမြစ်တို့ စီးဆင်း
အနုသယဖောင်လေးပေါ် ကူးလူးပြီးခရီးနှင်
သမုဒယကျွန်းပေါ်က ညတွေမှာ
ဒုက္ခသစ္စာကို သရုပ်ခွဲပြီး
ထပ်တူမှုမရှိတဲ့ ဘဝနှစ်ခုကိုဇွတ်အတင်းမိုးလင်းခိုင်းမိတယ်။
အိပ်မက်ထဲက ဝေဒနာလေးခမျာ
မိုးလင်းမိတိုင်း ရသမဲ့သွားတာ ကြာပေါ့။

(၃)
ညောင်ညိုပင်အိုကြီးမှာ အရင်နှစ်လိုပဲ
ဥသြငှတ်တွေ အော်မြည်နေကြပြန်ပြီ
သူတို့ကို သတိမထားမိခင်ကတည်းက
ကျုပ်ရင်ထဲမှာ နွေရာသီဆိုတာရောက်နှင့်နေပေါ့
စနစ်တကျ မဟုတ်သော်မှ အဆင်အလာကိုကျော်ပြီး
အဲဒီ သမုဒယသစ္စာကို လှပစွာကိုးကွယ်ခဲ့ကြတယ်။
အပြင်အာရုံများရဲ့ လှည့်စားမှုတွေ
လက်ပြချိန်ထိ စောင့်ကြမလား
ဒုက္ခရသ ရဲ့ အရသာကိုဖက်တွယ်ပြီး အိပ်ကြမလား
ဘာပဲဖြစ်ဖြစ် သတိရနေရတာ မျှော်လင့်နေရတာကိုက
ကြာလာတော့ အရသာဖြစ်လာတယ်။
(ဒုက္ခ ရဲ့ အရသာကို စဉ်းစားမိချိန်လေးမှာ တွေးလိုက်တာပါ။သူ သိပါစေ....။)


Sunday 21 March 2010

မျက်လုံးများထဲက စကား

(၁)
အတိတ်ကို အတိတ်နဲ့ ဂလဲ့စားချေရမယ်တဲ့
ဒါဆို ပစ္စုပ္ပန်ကို ပစ္စုပ္ပန်နဲ့ သင်ပုန်းချေမယ်ဗျာ
မရောက်သေးတဲ့ နက်ဖန်အကြောင်း မစဉ်းစားတော့ဘူး
ဘယ်လိုလဲ ။
အရမ်းတော်တဲ့ လူတွေလည်း တွေ့ဖူးပြီ
အရမ်းညံ့တဲ့ လူတွေ လည်း ကြုံဖူးပြီ
သစ်ရွက်ကြွေတိုင်း ရင်ခုန်နေရရင်
နှလုံးရောဂါရလိမ့်မယ်တဲ့
(ဆရာဝန်တစ်ယောက် ပြောဖူးတာပါ)။

(၂)
ည ညဆိုရင် ခွေးတွေအူကြတယ်
နာရီသံက ခဏလေးမှ မနားဘူး
လူတွေက လူတွေနဲ့ပြိုင်ဆိုင်ကြတယ်
လူတွေက လူတွေကို တိုက်ခိုက်ကြတယ်
လူတွေက လူအချင်းချင်း သတ်ကြတယ်
လူတွေက လူတွေအပေါ် မနာလိုဖြစ်ကြသတဲ့
ငရဲရောက်ရင်လည်း ဒီလိုပဲ လိမ်ကြအုံးမယ်ထင်တယ်
နတ်ပြည်ရောက်ရင် လည်း သိပ်တော့ ဟန်မယ်မထင်ဘူး
ဘာမှ မရှိခြင်းက နိဗ္ဗာန်ဆိုရင်
အင်း တော်တော်လေးတော့ စိတ်ကူးယဉ်ကြည့်ဖူးတယ်
ဒါပေမယ့် အဝေးကြီးပါ တကယ့်ကိုဝေးလွန်းပါတယ်
အနီးဆုံး ပစ္စုပ္ပန်နဲ့မှ အဆင်မပြေတဲ့ သူတစ်ယောက်က
နိဗ္ဗာန်အကြောင်းပြောတာဆိုရင်
ကျုပ်တော့ နဲနဲ လန့်လာတယ်ဗျာ။

(၃)
ခင်ဗျားမျက်လုံးထဲက စကားလုံးခင်ဗျားပြန်ပြီးဖတ်တက်ပါစေ
ခင်ဗျား စကားလုံးထဲကမျက်လုံး ခင်ဗျားကို ပြန်မြင်တက်ပါစေ
မျက်လုံး နဲ့ စကားလုံး အံဝင်ခွင်ကျ မဖြစ်သေးသရွေ့
နှလုံးသား နဲ့ ဘဝတစ်ထပ်တည်းမကျသေးသရွေ့
ဘုရားဆုပန်နေရင်လည်း
အဲဒီကမ္ဘာခင်ဗျားဖြစ်တဲ့ ကမ္ဘာက သုညကမ္ဘာပဲဖြစ်လိမ့်မယ်။
စကားလုံးတွေ ကြမ်းနေလိမ့်မယ်
သေချာပါတယ် ကျုပ်လည်း ကျုပ်ရဲ့ မျက်လုံးထဲက စကားလုံးများ
ခုထိ ဘာသာမပြန်တက်သေးဘူး
ဒါပေမယ့် နှလုံးသားနဲ့ မရင်းတဲ့ စကား
ဘယ်တုန်းကမှ မပြောခဲ့ဘူး
မျက်လုံးများထဲက စကားများအစဉ်မြဲ ချိုမြိန်နေပါရစေ။
(အပြင်ထွက်ပြီး တွေးကြည့်မိတာပါ တိုက်ဆိုင်ရင် နားလည်ပေးပေါ့ဗျာ)

Saturday 20 March 2010

တူးဖော်မိတဲ့မသိစိတ်



သမားရိုးကျ မွေးဖွားလာခဲ့တာပါ
သမားရိုးကျ ရှင်သန်လာခဲ့တာပါ
ထူးခြားမှုဆိုတာ ဘာမှမရှိ
အရူးထဲက အရူးတစ်ယောက်
ဘယ်သူ့ထက်မှ ပိုမထူးခဲ့
ဘယ်သူ့ထက်မှ ပိုမရူးခဲ့
အားဆေးမလိုတဲ့ညတွေမှာ
ဒီသောကတွေကိုပဲ အရည်ကျိုသောက်ခဲ့မိတယ်။

အဆာမကြေဖြစ်မယ်တဲ့ အမေကမှာဖူးတယ်
လူတစ်ယောက်အပေါ်မှာပဲ
ဦးတည်ချက်ထားကြတာ ရာသီစာတဲ့လား
အခမ်းကျဉ်းကျဉ်းလေးပေမယ့်
ငါ့စိတ်က ဟင်းလင်းပြင်ထဲမှာပါ
တော်ပါသေးရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖတ်လေးရှိလို့
စိတ်ဖိအားတွေ များလာရင် လူရဲ့ စိတ်ထွက်ပေါက်က ဘာတဲ့လဲ
ကျင်းပနေကျ ညစာပွဲလေးတောင် ခမ်းခြောက်နေပြီပဲ
ဒီညလေးလဲ ငိုရအုံးမယ်ထင်တယ်။

ရယ်ရမလို ငိုရမလို အီလည်လည်ကြီး
ဒီအချိန်ဆို သူအိပ်နေပြီထင်တယ်
အိပ်ပျော်နေပါစေ နှစ်ခြိုက်ပျော်ရွှင်စွာ အိပ်ပျော်နေပါစေ။
ငါအိပ်ပျော်နေစဉ် နံက်ခင်မှာ
ငှတ်ကလေးတွေ တစာစာမြည်ပြီး
အစာရှာထွက်ကြတာ ငါမြင်အောင်ကြည့်မှဖြစ်မယ်။
ညနေက တွေ့လိုက်တယ်
အသံက ဘယ်လိုမှ ထွက်မလာဘူး
အရင်းနှီးဆုံး စိတ်ချင်းကပ် ဖွင့်ချလိုက်တယ်။
နဲ နဲ တော့ ပေါ့သွားသလိုခံစားမိတယ်
ဒါပေမယ့် မပြီးသေးပါဘူး။

အဝေးဆုံးကိုထွက်ပြေးချင်တယ်
ကိုယ့်ကိုကိုယ်ပြန်မမြင်ရတဲ့ နေရာ
မှောင်လွန်းနေမလား လင်းလွန်းနေမလား
သေချာတာ တစ်ခုကတော့
ငါမပိုင်တဲ့ အာရုံငါးပါးကို ငါ့ဟာဆိုတဲ့ စိတ်
မထားချင်တော့တာလေး လက်ဆောင်ပါးပေးပါ။
ဒီည လဲ နာရီသံကိုပဲ တေးသွားလုပ်ပြီး
အိပ်ရအုံးမယ်ထင်တယ်
မိုးရယ်................. မြန်မြန်လင်းပါတော့
ဒီမှာ အမှောင်ကျနေလို့ပါ။
( ဒီနေ့ လာပြီးအားပေးတဲ့ ညီမလေး ပျော်ရွှင် ငြိမ်းချမ်းပါစေ)

Tuesday 16 March 2010

အချိန် နဲ့ နေရာ

တစ်နာရီစာလေး အတွက်လား
ငိုချပစ်လိုက်ပါ။
တစ်ဘဝစာလုံးအတွက်ဆိုရင်တော့
ရွာချပစ်လိုက်စမ်း။
အိပ်မရလို့ ထ ထကြည့်မိတယ်
သူတို့ရဲ့ကိုယ်ခန္ဓာပေါ်မှအမှိုက်များ
ငါ့စိတ်ပေါ် တဖွဲဖွဲ
နံရံတွေပေါ်မှာ အရုပ်ရေးကြည့်မိတယ်
မထင်ဘူး အချိန် နဲ့ နေရာ မှားခဲ့လို့ထင်ရဲ့။

ခဏတိုင်း အမှတ်ရမိလို့
ခဏ ခဏ ငြီးမိတဲ့ သီချင်းတွေကလည်း
အဲဒီခဏလေးမှာပဲ အရင်လို သိပ်မချိုတော့ဘူး။
ဒီနှစ် ပိတောက်ရာသီနောက်ကျမယ်တဲ့
ညီမလေး ပြောသွားတာ
ပိတောက်ရာသီအမှီ အိမ်ပြန်ရောက်ချင်တယ်။


သင်္ခါရနယ်ပယ်မှာ ပြင်မရတဲ့ အမှားရှိလား
အချိန် နဲ့ နေရာမှားနေသမျှ တန်းဖိုးမဲ့နေမှာပဲ
ဘယ်လောက်သောက်သောက် မဝဘူး
ရေကိုက ချိုနေလို့လား
ဒါမှမဟုတ်.....
ပစ္စုပ္ပန်ကိုယ်တိုင်က ခါးနေလို့လား
နက်ဖန်မှာလည်း အိပ်မက်ချိုချိုလေး မက်ချင်တယ်။
အချိန် မှန် နေရာမှန် ရောက်ဖို့အတွက်
အကိုယ့်ညီမလေး ရေ့.........
ငိုတက်တဲ့ မျက်နှာကို ခေါက်ပြီး သိမ်းထားလိုက်ကြစို့။

(ဒီနေ့ ပြောသွားတဲ့ ညီမလေး အတွက်ပါ)

Sunday 14 March 2010

နွေရာသီမှာ ရွာတဲ့ မိုး

ရောက်နေတာက နွေရာသီစစ်စစ်လေးမှာပါ
မြင်ချင်တာက သူ့ခေါင်းပေါ်မှ ပန်းပွင့်လေးများ
ကြားချင်တာက အသာယာဆုံးစကားသံများ
အပြောချင်ဆုံးက သူ့ကို ဘယ်လောက်ချစ်ကြောင်း
အလိုချင်ဆုံးက မပြောင်းလဲတဲ့ သူ့ရဲ့အချစ်စစ်
ကော်ပီ ပေ့စ် တွေခေတ်စားနေချိန်မှာ
ငါ့ကို ငါ သူ့စိတ်လေးပေါ်မှာ ကော်ပီ ပေ့စ် လုပ်မိနေပြီ လား
မြင်နေရတဲ့ စာပွဲပေါ်က စာအုပ်များ
ရောက်နေတဲ့ နွေရာသီ စစ်လေးမှာ ရွာချလိုက်တဲ့ မိုးကလေး ရယ်
မိုးရေ စစ်စစ်လေးကိုမှ သောက်သုံးချင်တဲ့ ငါ့စိတ်ကို
ဘယ်လို ပြန်ပြောရပါ့။

ငါ့နွေရာသီမှာ ငါ့ယာခင်းလေးအတွက်
ကိုယ်တိုင်ပဲ ထွန်ယက်ရတော့မယ် ထင်တယ်။
မနေ့ည က သူငယ်ချင်းဆိုလဲ ဟုတ် ညီလေးဆိုလဲ ဟုတ်တဲ့
အမေရိကားမှာ ရောက်နေတဲ့ ညီလေးရဲ့အနား
စိတ်ပါဝင်စားစွာ စီးမျောသွားလိုက်တာ ဘာမှကိုထွက်မလာဘူး
ပြောချင်တဲ့ စကားတွေက စွန့်အ လို့သွားတယ်။
တစ်ခါမှ တွေးမထားဘူးတဲ့ ကြမ္မာဆိုးများအတွက်
ငါလည်း မင်းလိုပဲ တစ်နေ့တော့ အားပါးတရ ငိုရအုံးမယ်။

ငါ့စိတ်မှာ .........
ငါ့အသိုက်အဝန်းလေးမှာ..........
ငါ့ရွာငယ်လေးမှာ............................
ငါ့တိုင်းပြည်လေးမှာ........................................
ငါတို့ ကမ္ဘာမြေပေါ်မှာ ............................................
မိုးရေစစ်စစ်များ ရွာဖို့
ငါတို့ရဲ့စိတ်ထွက်ပေါက်များကို
ခဏလောက် ပိတ်ထားလိုက်ကြမယ်ကွာ
သဘောထားချင်း ကွဲလွဲယုံတစ်ခုနဲ့တင်
ဘဝက ဖြစ်ချင်သလို ဖြစ်မယ်ဆိုရင် မင်းဆန္ဒအတိုင်းပါ။

သေချာတာ တစ်ခုတော့ ပြောနိုင်တယ်
နွေရာသီမှာ အေးခဲသွားအောင် ရွာလိုက်တဲ့ မိုးအတွက်
ကျေးဇူးတင်ပါတယ်ဆိုတာ ပြောလိုက်ပါရစေ။

Saturday 13 March 2010

အမြင့်ဆုံးထိ ပျံပါ အဝေးဆုံးထိ ပျံပါ




ကြာတော့ ကြာခဲ့ပါပြီ။ပျံသန်းခဲ့ကြတာ လေဟုန်ထဲမှာ ပါ။အမှန်တရားနဲ့ အဝေးဆုံးနေရာထိ ပျံမယ်ဆိုပြီး အတောင်ပံတွေ ဖြန့်ကားခဲ့ပါတယ်။မြေပြင်မှ ဝေဟင်ကို ပျံမည်ဖြစ်တဲ့ အရာဝတ္ထုမှန်သမျှ မြေပြင်မှာ အရှိန်ဆိုတာ ယူရပါတယ်။ကြာပြီ ပါပြီ မေးလ်ထဲကို ရောက်လာတဲ့ လေယဉ်ပျံတစ်စင်း အရှိန်မယူပါဘဲ တည်မြဲနေရာမှ သူလိုတဲ့ နေရာတိုင်အောင် ချက်ချင်းပဲ ရုတ်တရက်ကြီးထပျံသွားတယ်။ဘာမှတော့ မထူးဆန်းဘူးဆိုပေမယ့်...မလွယ်တဲ့ ကိစ္စတစ်ခုပါ။မြေပြင်ကို တွန်းကန်အားဘယ်လောက်ပြင်းထန်မလဲဆိုတာ
မသိပါဘူး။သိစိတ်ထဲမှာ သိလိုက်တာက အတောင်ပံပါပေမယ့် အရှိန်မယူဘဲ ပျံနေကြပြီဆိုတာ သိလိုက်ရတယ်။ငှတ်များစွာ အုပ်စုဖွဲ့ အသိုက်အမြုံသို့ဖြစ်စေ ကောင်းကင်ယံသို့ဖြစ်စေ ပျံသန်းခဲ့ကြပါတယ်။ ပျံသန်းနေကြဆဲပါ။နောင်လည်း ဆက်လက်ပျံသန်းနေကြပါလိမ့်မည်။ဒါက ကျုပ်သတိထားမိသလောက်ပါ။ ငှတ်ကလေးလို့တင်စားမိတဲ့ သက်ရှိအရာလေးတစ်ခုရှိခဲ့ပါတယ်။သူလည်း ဘယ်စီ ပျံသန်းဖို့ စိတ်ကူးရှိလဲ ဆိုတာမသိရသေးပါဘူး။ကျုပ်ရဲ့ သစ်ပင်လေးမှာ လာမနားတော့တာ နေပူနေလို့လား ဒါမှ မဟုတ် သူ့ကိုပိုင် အသိုက်အမြုံလေးမှာ အေးချမ်းနေလို့ဖြစ်နေမလား ဒီလို မဟုတ်ပြန်ရင်လည်း ဟိုး ...အမြင့်ကြီးကို ပျံသန်းတော့မယ့် အတွက် အရှိန်ယူနေတာလား။ဘာပဲ ဖြစ်ဖြစ် အဝေးကြီးကို ပျံစေချင်တယ်။ဟိုး....အမြင့်ဆုံးကြီးထိ ပျံစေချင်တယ်။နားခိုစရာ အရိပ်ချင်းတူညီကြတဲ့ တစ်နေ့မှာ ပြန်လည် စုံကြမှာ သေချာပါတယ်။ခုချိန်မှာ လွမ်းရေးထက် ဝမ်းရေးက အရေးကြီးလို့ ဖြစ်မယ်ထင်ပါရဲ့။ကိုယ့်အရိပ်ကို ပြန်ပြီးမခိုဖြစ်ခဲ့တာ ကြာခဲ့ပါပြီ။အတောင်ပံများ ငြောင်းတဲ့အခါ ငါ့စီကို ပြန်လာခဲ့ပါ။မောပမ်း နွမ်းနယ်တဲ့ အခါ သဘာဝအရသာများ ခံစားပါ။လူတွေက မကောင်းကြဘူးဆိုတာ ခဏ ခဏ ပြောတက်တဲ့ စကားတွေကို ငါ့နားတွေက ကြောက်နေတယ်။

တကယ်ဆိုရင် ဘယ်သူကမှ ဘယ်သူ့ကို မချုပ်ချယ်ခဲ့ပါဘူး။ကိုယ်တို့တွေ ပျော်သလောက် ပျံသန်းကြဖို့ပါ။စိတ်ဓါတ်တွေ မလွတ်လပ်တော့ရင် အတောင်ပံတွေ ငြောင်းသွားရင် ငါတို့တွေ လေဟုန်စီးတက်ဖို့ လိုမယ်။တစ်ယောက်ကို တစ်ယောက် ကူညီဖေးမဖို့လိုအပ်ချင် လိုမယ်။တစ်ယောက်ကို တစ်ယောက် ဟိုးအဝေးကြီးကနေပြီ အသံပေး ပြီး ခေါ်နိုင်ဖို့လိုတယ်။မြင့်သထက် မြင့်သည်ထိ ဝေးသည်ထက် အဝေးဆုံးကိုပျံနိုင်ဖို့ဆိုတာ တစ်ကိုယ်တည်း ဖြစ်ချင် ဖြစ်မယ်။နှစ်ယောက်တည်း ဖြစ်ချင် ဖြစ်နိုင်သလို အုပ်စုလိုက် အဖွဲ့လိုက် ပျံသန်းဖို့ လိုအပ်တဲ့အခါတွေ ကြုံရမယ် တွေ့ရမယ်။

ကောင်းကင်ကြီးက မြင့်လွန်းပြီး ဟာလာ ဟင်းလင်းကြီးဖြစ်နေတော့ ကိုယ်လို သူလို ငှတ်တွေလည်းတွေ့မှာ ပဲ မိတ်ဆွေရယ် ရန်သူရယ် ခွဲခြားလိုက်ရင် ငါတို့ ပျံသန်းနေတဲ့ ကောင်းကင်ကြီးက သဘာဝအရ ဟင်းလင်းပြင်ကြီးဖြစ်နေပေမယ့် ငါတို့အတွက်ကျဉ်းမြောင်းသွားနိုင်တယ်။အသက်ကိုဝအောင် ရှူရှိုက် လာသမျှမုန်တိုင်း ဂရုမစိုက်ဘဲ တန်းတန်း မက်မက် ပျံသန်းကြမယ်။အမြင်တွေ မှုံဝါးသွားခဲ့ရင် ကိုယ့်တောင်ပံနဲ့ကို သုတ်ခွင့်မရှိတော့ နီးနီးလေးကို မကြည့်ဘဲ ဟိုးအဝေးကြီးကို ကြည့်လိုက်ရင် ပင်လယ်ပြာပြာကြီးရင် နက်ရှိုင်းတဲ့ ရင်ခွင်ကြီးထဲမှာ ငါတို့အမြင်တွေ ကြည်လင်သွားနိုင်တယ်။သူလို ငါလို ပျံနိုင်သလောက် ပျံရင်တော့ ငါတို့ရဲ့ အမြင်သေးသေးလေးက ဘယ်တော့မှ ငါတို့ရဲ့ စိတ်တံခါးက ပွင့်လာမှာမဟုတ်သလို ဟင်းလင်းပြင်ကြီးကလည်း ပျက်ရယ်ပြုနေမယ်ဆိုတာ သေချာတယ်။

ပိတ်ထားလို့ မရတဲ့ အဲဒီနေရာတွေမှာ အနဲဆုံး တစ်ယောက်ကို တစ်ယောက်တော့ အသံပြုလို့ရနေသေးတာ ပဲ။ပျံသန်းရင်း သေသွားတဲ့ ငှတ်တွေရဲ့ ခွန်အားတွေ စွမ်းအားတွေ ငါတို့ရဲ့ တောင်ပံတွေမှာ လာငြိကပ်နေတာဆိုတာ ငါတို့မှာ ကြည့်ချိန်မရလို့ သတိမထားဖြစ်ခဲ့ဘူး။ကိုယ့်ဒုက္ခကိုမှ ဒုက္ခအစစ်လို့ ထင်တက်နေကြတော့ ဒုက္ခပါပဲဆိုတာ မရေရွက်မိတာ ကြာပေါ့။ကိုယ့်မှာ ချမ်းသာနေပြန်တော့ သူများတွေရဲ့ ချမ်းသာမှုတွေက ဟိုးအမြင့်ကြီးမှာပါ။ဒီလိုမျိုး စိတ်ခံစားမှုတွေ နဲ့ နေကြရတော့ ဒဏ်ရာကိုယ်စီတော့ ရှိကြတာပေါ့။ပျံရင်း သန်းရင်း ဘဝအမောတွေဆိုတာ ဒီလိုပဲ ကုစားနေကြရတာပဲ။ဟိုး အဝေးဆုံးက ငှတ်ကလေးရယ် ပျံပါ အမြင့်ဆုံးထိ ရောက်အောင် ပျံပါ။နောက်ပြီး ကမ္ဘာမြေနဲ့ အဝေးဆုံးနေရာထိ ရောက်သည်ထိ ပျံသန်းနိုင်ပါစေ။အတောင်ပံတွေ ငြောင်းတဲ့ အခါမှာ လေဟုန်ခိုစီးလို့ ရတယ်ဆိုတာ မေ့မနေပါနဲ့။

Tuesday 9 March 2010

ကြေမွသွားတဲ့ စိတ်အပိုင်းအစ

(၁)
ရာသီဥတုက ပူတာလား ကိုယ်တိုင်ပူနေတာလား
ဘာမဟုတ်တဲ့ ရာသီကိုရိုးမယ်ဖွဲ့
အဲဒီညက သူမရဲ့တရားကို နာခဲ့ရတယ်။
အဆင်မပြေပါဘူးအမေရယ်
စိတ်ဓါတ်တွေက ဘာလို့ဒီလောက် ပျက်သားလွန်းတာလဲ
သားကိုသား ရှက်လိုက်တာအမေရယ်
နားထောင်ရင်းနဲ့ပဲ အမေ့ရွာလေးကို
အိပ်မက်ပစ်လိုက်တယ်။
နောက်ပြီး သူတို့ကို အားရလိုက်တာ
နောက်ပြီး သားကိုသားအားမရလိုက်တာ
မွေးကတည်းက ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ပါဘူး။
သူတို့က အရှေ့ဆိုရင် လွယ်လွယ်နဲ့ ခေါင်းညိမ့်ခဲ့ပြီး
အနောက်ဆိုရင် လည်း ဘာကိုမှ မစဉ်းစားခဲ့မိဘူး။
ပညတ်တရား နဲ့ ပရမတ်တရား မကွဲသေးသမျှတော့
လည်ကြဖို့ပဲ ရှိတယ်(သံသရာမှာပါ)။

(၂)
တကယ်ကိုထူးခြားတဲ့ခြားတဲ့စိတ်တစ်ခု
ဆန်းလွန်းတဲ့ အတွေးတစ်ခုအလိုလိုဝင်လာတယ်။
ည က ပိုပြီး အဓိပ္ပါယ်ရှိသွားသလို
ပိုပြီးတော့လဲ အသက်ဝင်သွားတယ်။
အသက်မဲ့နေတဲ့ ညတွေအတွက် ကြေနပ်ခဲ့ပါတယ်
ဥပတိဿအရှင်ရဲ့ ဆရာကြီးကိုပဲ
အယူမှားပေမယ့် လေးစားမိတယ်။
သူမေးတာရှင်းရှင်းလေး ပါ လူမိုက်နဲ့ ပညာရှိ ဘယ်သူက များလဲ...တဲ့
တပည့်ဖြစ်တဲ့ ဥပတိဿ က အမှန်တရားကိုရှာဖွေနေလို့ထင်ရဲ့
အမှန်အတိုင်းပြောခဲ့ပါတယ် သူ့ဆရာကို
လူမိုက်က များပြီး ပညာရှိတွေ နည်းနည်းလေးပါ တဲ့။


(၃)
အဲဒီ နည်းနည်းလေးကို ဆက်ရှာရမလား
ဒါမှ မဟုတ် ဒီလိုပဲ ...................ဆက်ပြီး မှိန်းနေကြမလား။
သေချာတာ တစ်ခုကတော့ ဘယ်နေရာ သွားသွား
ဘာလုပ်လုပ် အခက်အခဲ ဒုက္ခဆိုတာဘဝတစ်ခု ရလာကတည်းက
ကပ်ပြီး ပါခဲ့ကြတာကို မေ့ချင်ဟန်ဆောင်ခဲ့ကြတာပါ။
သိသိကြီးနဲ့ မသိဟန်ဆောင်နေတာအဆိုးဆုံးကြီးရယ်ပါတဲ့။
သူ့ရဲ့ စကားတွေက ရှင်းလွန်းတော့
ကျုပ်ကိုကျုပ် အတော်လေး ရှုပ်သွားတယ်
ဘာလိုလို နဲ့ ကိုယ်အသက်ကို ပြန်ထုဆစ်ကြည့်မိတော့
ဟာ အနှစ် သုံးဆယ်တောင် ကျော်ခဲ့ပါလား။
လုပ်ချင်တာ လေးတွေတော့ လုပ်ဖြစ်အောင်လုပ်မှ ဖြစ်မယ်ဆိုတာ
သိလိုက်တယ်။စိတ်ဓါတ်ကို အမြင့်ကြီးထိ လွှင့်ပစ်လိုက်မိတယ်
အဲဒီ ညလေးမှာ ပါ။
တန်းဖိုး အကြီးဆုံး အချိန်တွေကို
ကြေမွသွားတဲ့ စိတ်အပိုင်းအစလေးများနဲ့ အတူ
ပြန်လည်ပြီး ကျမလာစေဖို့
ကျရာတာဝန်ကိုယ်စီမှာ ကြေပွန်ကြပါစို့။

Sunday 7 March 2010

မပြီးသေးတဲ့ ဖတ်စာအုပ်


(၁)
ပင်လယ်ကိုမြင်ပြီးမှ တွေးလိုက်မိတာက
ဧရာမလှိုင်းလုံးကြီးတွေ ရွာကြီးလောက် ရှိရဲ့။
ရှာဖွေမိတာက မဗေဒါလိုဘဝ
ခိုင်မြဲစေဖို့ ဆုပ်ကိုင်မိကာမှ
လွတ်ထွက်သွားတဲ့ လေပြေညှင်းလိုမျိုးသာယာမှု။
အချိန်က လူကိုမစောင့်ဘူးတဲ့ ကြားဖူးကာမှ
အချိန်ကိုစောင့်နေရသူက ကိုယ့်အဖြစ်
အတုကိုမှ အစစ်ထင် အပြစ်ကိုမှ အချစ်ထင်
အကာကို အနှစ်လိုတွေး ဟောဒီသွေးတွေ ရဲရဲနီနေသေးတယ်။

(၂)
ဘွဲ့ထူး ဂုဏ်ထူးတွေက လူတွေကို အရောင်ဆိုး
လူတွေက ဘွဲ့ထူး ဂုဏ် ထူးတွေအပေါ် ရောင်စုံခြယ်
စိတ်တွေက ထူးနေတာလား ရူးနေတာလားမတွေးမိခဲ့။
လူတွေ သေသွားရင် စက္ကူတွေကို ဘယ်လိုသင်္ဂြိုဟ်သမှုပြုကြပါလိမ့်။
ပျက်စီးချိန်ပဲ တန်ခဲ့တာလား ကမ္ဘာကြီးရယ်....
ဟိုနားလေးက ဒီလိုကပ်ဆိုးတွေ ကြားရ
ဒီနားလေးက ဟိုလိုဘေးဥပါဒ်တွေ မြင်ရ
ပညာရှင်တွေက အကောင်းမြင်ဝါဒ ပြုပြင်ရေးအတွေးများနဲ့
ခင်ဗျားအပေါ်မှာဖြစ်ဖြစ် ဘယ်သူ့အပေါ်မဆို
ဒီအတိုင်းပဲ စိတ်ထားတယ်ဆိုတာ သေချာတယ်။

(၃)
ဖတ်လိုက်ကြတဲ့စာအုပ်တွေ ရေးလိုက်ကြတဲ့စာတွေ
ကိုယ့်ကိုကိုယ် စိတ်ပျက်မိနေပြီလား တွေးကြည့်မိကာမှ
မပြီးသေးတဲ့ ဖတ်စာအုပ်များအကြား
ငါကိုယ်တိုင် စီးဝင်နေမိတယ် မျောနေမိတယ်။
ဟိုး........အဝေးကြီးကမိသားစုကို သတိရမိတယ်
အနီးနားလေးက အခမ်းလေးရှင်းဖို့မေ့နေလိုက်တာ
ည ည ရောက်မှ လာတက်တဲ့ မိသားစုအိပ်မက်လေးကို
ခဏ ခဏ တမ်းတ တက်မက်နေမိတယ်။
ဒီည ကြယ်တွေ လဲ မလင်းဘူး။လမင်းဆိုရင် မြင်တောင်မမြင်ရတော့ဘူး။
အဆိပ်မပါပေမယ်လို့ စိတ်ထဲမှာဆူးဝင်နေတဲ့အရာကို
ဘယ်အရာနဲ့ဖြေသိမ့်လိုက်ရရင် ကောင်းမလဲ.........
မပြီးသေးတဲ့ ဖတ်စာအုပ်ကို ခဏလေးဘေးနားမှာထားရင်း
မှေးခနဲ အိပ်ပျော်သွားလိုက်တာ ညဆိုတာကြီးက
ပြန်ပြန်ရောက်လာတယ်။
ဒီည ရယ် .........ကြယ်မလင်း လ မသာပေမယ့်
ဖတ်လက်စ စာအုပ်နဲ့ ပွေ့ဖက်ကာ အိပ်လိုက်တော့မယ်။
သေချာတယ် အဲဒီစာအုပ်က ကျုပ်တို့မရှိတော့လည်း
ဆက်လက်ရှင်သန်နေလိမ့်မယ်။
ဘယ်တုန်းကတည်းက ဘာကြောင့်ဆိုတာတော့
ခုချိန်ထိ သုတေသနမပြုမိသေးဘူး။
သေချာတာ တစ်ခုကတော့
အဲဒီဖတ်စာအုပ်လေးကို ကျုပ်ဖက်တွယ်ထားမိနေဆဲဆိုတာပါ။

Friday 5 March 2010

ပန်ကလေးကို မနွမ်းစေချင်သူ



တကယ်ဆိုရင် ရာသီဥတုက ပူပျင်းနေမှန်းသိပါတယ်။တဖြေးဖြေးနဲ့ အချိန်တွေလည်း တစ်ရွေ့ရွေ့ ခရီးနှင်နေလိုက်ကြတာ။တစ်နာရီ ကို ဘယ်နှစ်မိုင်ဆိုတာတောင် မတွက်ခဲ့ကြဘူး။ဒီနေ့ ကမ္ဘာကြီးကတိုးတက်နေတယ် တဲ့။ဒါဆိုရင် ကျုပ်တို့ကရော ကိုယ့်အပူနဲ့ကို ပြန်လှုံမိနေကြတယ်။ ကိုယ့်မှာ အအေးဓါတ်လေး တော့ ရှိပါရဲ့ ဟိုလူက ဖဲ့ယူလိုက် ဒီလူက ဖဲ့ယူလိုက်နဲ့ ကုန်ခမ်းလု နီးပါး။မသေယုံတမယ် နေရရင် တော်ပါပြီတဲ့။လူတစ်ချို့ကတော့ ကိုယ့်ကို ကို နာမည်ကြီးဖို့အတွက် လုပ်ချင်တာတွေ လုပ်နေကြ။ ဘာကိုမှ လွယ်လွယ်နဲ့ အားမကျတက်တာ ကျုပ်မှားသလား။နိုင်ငံတကာ ပတ်စ်ပို့ရုံးကို ရောက်သွားတယ်။ လူတွေ သွားလိုက်ကြတာ။အိမ်ယာမြေ မရှိကြသလိုပဲ။ကိုယ်နဲ့ အနီးစပ်ဆုံးတွေးမိတာပါ။အခမ်းပြင်ထွက်ကြည့် တော့လဲ ပူတာပါပဲ။အခမ်းထဲ နေမိပြန်တော့လည်း အင်း မထူးပါဘူး ပူတယ်။ကိုယ့်အကြောင်းက ပူလွန်းလို့ သူတို့အကြောင်းတွေးကြည့်မိတယ်။အား.............ပူလိုက်တာ။မီးချောင်းက ဖြာကျလာတဲ့ အလင်းရောင်က မှုံနေသလား လို့ နေရောင်ခြည်ကို ယူကြည့်မိတယ်။ကိုယ့်ကို ကိုယ် ခံနိုင်ရည် မရှိသေးမှန်းသိလိုက်ရတယ်။ ဒါနဲ့များ ကိုယ့်ကိုကိုယ် လရောင် အောက် ဇွတ်စွဲသွင်းကြည့်နေမိတယ်။အားနာဖို့ ကောင်းလိုက်တာ စွမ်းအားရှိသလောက် လင်းလက်နေတဲ့ ကြယ်လေးတွေ။ကိုယ့်အလင်းရောင် ကိုယ်ပြန်ပြီး မြင်နိုင်တဲ့ တစ်နေ့ဆိုတာ မဝေးတော့ပါဘူး။ကိုယ့်အမှောင် နဲ့ ကို ပိတ်မိနေတော့ ကိုယ်ကဘယ်ကပြန်ထွက်ရမှန်းမသိ ဖြစ်နေတာ။လိုချင်တာတွေ ပိုများလာတယ်။ပိုင်ဆိုင်ချင်တာတွေ ပိုပိုများလာတယ်။မပိုင်ဆိုင်သေးတာက ကိုယ့်စိတ်။ကိုယ့်မှာရှိတာလေးနဲ့ ဘယ်လိုကြေနပ်အောင်နေရပါ့။အဲဒီ လိုချင်မှုတွေ များနေလို့ မင်းဆင်းရဲနေတာ တဲ့။ဖြစ်နိုင်ပါတယ်။ဘာမှ မလိုချင်တဲ့ စိတ်လေးကို လိုချင်တာကလည်း တကယ်ဆိုရင် လိုချင်တာပါပဲ။မနှစ်က ပရော်ဖတ်ဆာကြီးပြောတဲ့ စာသင်ခမ်းထဲတုန်းက အတွေးတွေလည်း ဘယ်စီကို အတောင်ပေါက်ပြီး ပျံသန်းကုန်ကြပါလိမ့်။နေပျော်တဲ့ စိတ်နဲ့ နေကြည့်တယ်။အဆင်ပြေတဲ့ အခါ ရှိသလို အဆင်မပြေတာတွေ လည်း ဒု နဲ့ ဒေး။ခပ်ပါးပါးလေးပဲ ကိုယ့်စိတ်ကို ဖြေသိမ့်လိုက်ရတယ်။ဘယ်သူ့စီမှာမှ ဦးမညွတ်ခဲ့ဘူးသလို ဘယ်သူ့ကိုမှ လဲ ဦးမော့စရာမလိုပါဘူး။ဒီလို ပဲ အချိန်တန်ရင်ပြီးသွားမှာဆိုတာ သိနေတော့ ဘာကို ဘယ်လို ခံစားရမှန်းမသိဘူးဖြစ်နေတယ်။ကိုယ့်ပတ်ဝန်းကျင် နဲ့ နေသာထိုင်သာရှိနေကြတာပဲ။လူတွေက စာအုပ်တွေထဲက စာတွေ အတော်လေးပြောတက်လာကြတော့။စာတက် ပေတက် တဲ့။ကိုယ့်အပူကို ဘယ်လို ခွါချကြမလဲ။စိတ်ထဲမှာ အမှိုက်တွေ ကပ်နေမှန်းသိရင် စိတ်နဲ့ပဲ ခွါချရမယ်ဆိုတာ သိပါလျက် နဲ့ မသိသလို နေနေတာတော့ မကောင်းပါဘူး။ပန်းကလေး ရယ် အမြဲတမ်းလန်းဆန်းနေစေချင်ပါတယ်။ဘာကိုမှ မတွေးကြဘဲ စိတ်ထဲရှိတဲ့အတိုင်း နေထိုင်ကြတာပဲ ကောင်းပါတယ်။အများနဲ့ဆိုင်တယ်ဆိုတာ သိသားနဲ့ ငါက တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာ အချစ်တဲ့လား။အပြင်မှာပူတယ် ပန်းကလေးရယ် တစ်နေရာရာမှာ တစ်စုံတစ်ရာအတွက် မင်းပွင့်လန်းနေမယ်ဆိုတာ ငါသိနေပါတယ်။ဒီလိုပဲ ငါတို့တွေ အောင်မြင်မှုတွေနဲ့ အလှဆင်ကြမယ်။အစွမ်းကုန်ပွင့်လန်းကြမယ်။စွမ်းအားရှိသလောက်အလှဆင်နိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်။

Saturday 20 February 2010

ပြည့်နှံ့နေတဲ့ ပုံရိပ်

ကျုပ်ရဲ့ ကိုယ်ပေါ်မှာ သူ့ပုံရိပ်များနဲ့ ခြုံလွှမ်း
ကျုပ်နားထဲမှာ သူ့အသံများနဲ့ ပြည့်လျှံ
ကျုပ်ပါးစပ်ဖျားမှာ သူ့နာမည်များကို
ခဏ ခဏရွက်ဆိုနေမိ။
ကျုပ်သွေးထဲမှာ သူကအမြဲလွှမ်းမိုး
ကျုပ် စိတ်ထဲမှာတော့ သူ့စီမှာပဲတစ်ချိန်လုံး
ကျုပ်လက်ဖျားမှာ သူ့အနုအလှတွေနဲ့သွယ်လျှ
ကျုပ်ခြေထောက်မှာ သူ့စီဦးလှည့်
ဘာဖြစ်ဖြစ် သူဖြစ်ချင်တာ ဖြစ်နေတဲ့ ဘဝ
ဘာအတွက်နဲ့ ကျုပ်တို့ငိုကြွေးနေရမှာတဲ့လဲ။
တစ်ချို့လူတွေ အတွက် ရင်ကော့ ခေါင်းမော့ပြီး
ခပ်တင်းတင်း ကြည့်ပစ်မိတယ်။
ဘာဖြစ်သွားမယ်ဆိုတာမှ မသိတာ
နှစ်ဦးသဘောတူ ကြေနပ်မှုယူပြီးသာပဲ
ဘာကို စိတ်ထဲမှာ ထားရမှာလဲ
သူများအပေါ် မကောက်ကျစ်ဘူး
သူ့အပေါ် ပျက်စီးရာ ပျက်စီးကြောင်း မကြံစည်ဖူးဘူး။

ဒီလောက်နဲ့ ပြည့်စုံလုံလောက်ပြီလို့
မထင်ခဲ့ပါဘူး တကယ်လို့များသာပေါ့...
အမေ့ရွာလေးကို ပြန်ချင်တဲ့ စိတ်တောင်မေ့မေ့နေတယ်။
မနက်ဖန်တွေ ရှိနေသေးတယ်
အိပ်မက်တွေ ယှဉ်သန်ဖို့ နိုးထဖို့ဆိုတာ
အားလုံးကိုယ့်အပေါ်မှာ တည်မှီနေတယ်ဆိုတာ
သူ့အရိပ် ကျုပ်အပေါ်က မခွါသေးခင်ထိ သေချာတယ်။

နေရောင်ခြည်ရယ် သိပ်ပြီးနုညံ့လွန်းတော့
ခံယူ ထိတွေ့ရမှာ မဝံ့မရဲဖြစ်နေတယ်။
အားလုံးပုံအောပြီး လောင်ကြေးထပ်ခဲ့တာ မဟုတ်တော့
အနိုင် ၊ အရှုံးဆိုတာ ကျုပ်နဲ့ သူ့ကြား ပါးပါးလေးပါ။
တစ်ခမ်းလုံး သူ့ပုံရိပ်တွေနဲ့ ပြည့်နေတယ်
ညတိုင်း နေ့တိုင်း မျှော်နေရတာကိုက
ပျော်စရာ ကောင်းလာတယ်။
အဲဒီ ပုံရိပ်တွေမှာ ဘယ်လို အရိပ်မှ မထင်ကျန်စေချင်ဘူး။
အလင်းရောင်က မှုံပြပြ ဖြစ်နေတော့
တစ်ယောက်စိတ်ကို တစ်ယောက်သိဖတ်ကြည့်မိတယ်
ဘယ်သူနဲ့မှ ဖြစ်စဉ်ခြင်း မတူမှတော့
သူ့ပုံရိပ်တွေကို ဘယ်တော့မှ မမေ့တော့ဘူးဆိုတာလေးပါပဲ။

Thursday 18 February 2010

ခရီးတစ်ကွေ့...

အချိန်မှန်တွန်နေကျ ဥသြသံတွေ
နားမထောင်မိတာ ကြာပေါ့
အော် ဘာလိုလို နဲ့ တစ်နှစ်သားလေးအဖြစ်
ရောက်မှန်းမသိ ရောက်လာခဲ့တယ်။
အသက်က မကြီးသေးတော့
ရင့်ကျက်မှုဆိုတာ ကျုပ်နဲ့ အဝေးကြီးမှာပါ
လူပြောသူပြောများလွန်းတဲ့
အရာတွေကို ဘာလို့လိုက်ပြီးအားကျနေပါလိမ့်။
မလိုချင်လည်း ရောက်လာမယ့်မနက်ဖန်
ပုံမှန်အတိုင်းရင်ဆိုင်လိုက်ရုံမှတစ်ပါး
ဘာမှ မရှိပါဘူး။

အပူသည်ချင်း အတူတူ
ဟန်လုပ်ပြီး ပြုံးမပြတက်ဘူး။
ဟန်ဆောင်ရတာ ပင်ပန်းပြီး ကြာရှည်မခံခဲ့တော့
မျက်နှာကြောတွေက တင်းလာတယ်။
နောက်ဆုံးတော့ ပင်လယ်ထဲကိုစီးဝင်ခဲ့ကြတယ်လို့ဆိုကြတယ်
စီးမျောလာခဲ့တဲ့ အနှစ်သုံးဆယ်
ခုမှ အထင်ကြီးစိတ်ကို မုန်းတီးခဲ့တာ
တစ်နှစ်ပဲ ရှိသေးတယ်။

ရိုးသားမှုဆိုတာ ခဏလောက်ငှါးယူလို့မရဘူးဗျ။
သူငယ်ချင်းတစ်ယောက်ပြောဘူးတယ်
လူဆိုတာ ကြော်ငြာပစ္စည်းတစ်မျိုးပဲ တဲ့
ကျုပ်လို လူညံ့တစ်ယောက်ကို
ဘယ်လို ကြောငြာရပါ့။
မဟုတ်တာကြီးကို ဆက်ပြီး မလုပ်ချင်တော့ဘူး။
ကြီးလာရင် ပြင်သွားလိမ့်မယ်ဆိုပဲ
ကိုယ်ပေါ်မှာ အစာအိမ်အတွက် သွေးစုပ်တဲ့
ခြင်တစ်ကောင်ကို စာနာကြည့်မိတယ်။
လူတွေက မကောင်းကြဘူး အကိုယ်ရယ် တဲ့
ဒါဆိုရင် အကိုယ်တို့ကောင်းရမယ်ပေါ့
ညီမရဲ့ စကားကို လူပိန်းတစ်ယောက်ထက်ပိုပြီး
ကျုပ် ဘာသာမပြန်တက်ခဲ့ဘူး။

ညတိုင်းလည်း ပူတယ်
နေ့ဆိုရင် ပိုပူတယ် အဲဒါထက် ကျုပ်ပိုပြီးပူတယ်
ဘယ်စီကို ဆက်ပြီးရွက်လွှင့်ရအုံးမယ် မသိ
အားလုံးကို ကြောင့်ကြမဲ့ နေချင်လို့ထွက်ခဲ့တာမဟုတ်ဘူး။
နယ်ပယ်သစ်မှာ အတွေးသစ် စိတ်ကူးသစ်အတွက်
နေ့တိုင်းလိုလို တော်လှန်ချင်ခဲ့တာ။
ဒါပေမယ့်....ကိုယ့်ကို ကိုယ်မတော်လှန်နိုင်သေးဘူး
စကားလုံးအကြီးတွေ မသုံးဖြစ်တော့ဘူး
အခွင့်အရေးပေးတာ များလွန်းနေပြီ
ဒီလောက်ခံသာတဲ့ ကိုယ့်ကိုကိုယ်ပဲ ကြေနပ်တယ်။
ဘာကိုမှ မျှော်လင့်ပြီး မငိုကြွေးတော့ပါဘူးမိချော ရယ်။
ခရီးတစ်ကွေ့မှာ ငါတို့တွေ
လက်တွဲတွေ မဖြုတ်သေးဘူးဆိုတာ သေချာနေပြီ ပဲ။
အားနဲ ချိနဲ့သူကို အလစ်ချောင်းသုတ်တဲ့ထဲမှာ
မပါသေးတော့ သေချာတယ် ဒီလောက်နဲ့တော့ မပြီးသေးဘူး။
ငါအများကြီး ကြိုးစားရမယ်ဆိုတာသေချာတယ်။
ခရီးတစ်ကွေ့လေးမှာ
မင်းတစ်ယောက်ကိုတော့ မမေ့သေးဘူးဆိုတာပါ။
ငါလည်း စာမရေးဖြစ်တာ ကြာပြီ။
အားပေးဖော်ရတာ ကျေးဇူးပါလို့.............။

Friday 12 February 2010

ပျက်သားတယ်ဆိုတဲ့ စိတ်


(၁)
ကိုယ့်အရေခွံကို ညအိပ်ရာဝင်မှကြည့်မိတယ်
အတော်လေးထူနေတာ တွေ့ရတယ်။
ဒါနဲ့ အိပ်မရလို့ဆိုပြီး
အခမ်းပြင်ထွက်လမ်းလျှောက်ပြန်တော့
ဆိုးထားတဲ့ အရောင်တွေက မှောင်နေတယ်။
ကိုယ့်မျက်စိကို ပြန်ပွတ်ကြည့်မိတယ်
အမြင်မှားနေတာလားဆိုပြန်တော့
မဟုတ်ပြန်ဘူး။
(၂)
တကယ်ဆိုရင် အရသာမရှိတဲ့အချိန်တွေစားသုံးနေမိ
တစ်ထွာလောက်ရှိတဲ့ လျှာကိုအလိုလိုက်ပြီး
ပြောတာမဟုတ်ဘူး။
စိတ်မြန်လွန်းတဲ့ ကျုပ်တို့အမျိုးကို
ပြောတယ်ဆိုတာ မလွန်ဘူး။
ကိုယ့်ကိုကိုယ်လည်း အားမရဘူး ပြီးတော့..
ကိုယ့်ကိုကိုယ် အားမရဘူး။
(၃)
သိပ်ပြီးလူမှုရေးခေါင်းပါတဲ့ ကျုပ်က
ဘာလို့ စိတ်တွေတင်းနေရတာလဲ။
အဲဒီလိုပဲ ဖြစ်မှာပါ
ကျုပ်ရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်
ကျုပ်လေးစားခဲ့တဲ့ လူတော်တွေ
ကျုပ်ကို အားပေခဲ့တဲ့ မိတ်ကောင်းဆွေကောင်းတွေ
ကျုပ်နဲ့ ကောင်းတူဆိုးဖတ် ဘော်ဒါတွေ
ခေါင်းပါးတဲ့ လူမှုရေးကို တင်းနေတဲ့ စိတ်နဲ့
တက်နိုင်သမျှ မှောင်သထက် မှောင်သည်ထိ
ဆေးဆိုးကြည့်မယ်။
(၄)
ဘာမှ မမြင်ရတော့ရင်တော့
အလင်းရောင်လာမယ့်စီကို မျှော်ကြတာပေါ့။
လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်းကို
ကျုပ်တို့တွေ လက်ချိုးရေတွက်နေဖို့လိုမယ်ထင်လား။
ကျုပ်ကိုကျုပ် ဘာဆိုတာ မသိဘူး
ဘယ်သူ ကောင်းသလဲ ဘယ်သူ မကောင်းဘူးလဲဆိုတာ
ကျုပ်သိဖို့မလိုဘူး။
မသေချာတာတွေနဲ့ တည်ဆောက်ထားတဲ့ ကျုပ်ကိုယ်မှာ
ကျုပ်လည်း မသေချာတာတွေ ပြောတက်လာပြီ။
မရေရာတဲ့ အရာတွေ စိတ်ကူးယဉ်တက်လာပြီ။
ကောင်မလေးတစ်ယောက်ပြောသလိုမျိုး
ဗေဒင်ဆရာရဲ့ စကားကိုယုံလိုက်ရင် ကောင်းမလား။
(၅)
အဲလိုမျိုး မပျက်သားတဲ့စိတ်တွေကြောင့်
အချိန်ကုန်ခံပြီး ထင်ရာမြင်ရာ ပြောတက်တဲ့လူတွေရဲ့ ပါးစပ်များ
အမျိုးမျိုး ဖြစ်နေတာထင်ရဲ့။
မပျက်သားတဲ့ စိတ်ကို နာနာပွတ်ပေးမှတော်ကာကျမယ်။
စိတ်ကိုလာဆွပေးတက်တဲ့ အာရုံမရှိဘူး။
အဆိပ်မရှိတဲ့ သတ္တဝါလိုမျိုး
အားလုံးကို သဘောကောင်းလိုက်တာပဲ ကောင်းပါတယ်။
နောက် အနှစ် ၅၀ ဆိုရင် ကျုပ်တို့ရဲ့ ပျက်သားတဲ့ စိတ်တွေ
မပျက်သားတဲ့ စိတ်တွေ ဘယ်ရောက်နေမယ်ဆိုတာသိချင်လိုက်တာ။

Saturday 6 February 2010

ဆန်းဒေးစကူးအိပ်မက်


အိပ်မက်တဲ့.........တဲ့။တစ်ချို့ကြပြန်တော့..............စိတ်ကူးဆိုပဲ။အခြားသူတို့က..........ရောက်မလာသေးတဲ့ အနာဂတ်လို့ပြောကြပြန်တယ်။အိပ်မက်ပဲ ဆိုဆို ၊စိတ်ကူးလို့ ပြောပြော ၊အနာဂတ်ဟု မိန့်မိန့် ဒီနေ့မနက် အိပ်မက်ကတော့ လှပလွန်းတယ်။နယ်စပ်မြို့လေးက မြို့လယ်ခေါင်တစ်နေရာရဲ့ အခမ်းကျဉ်းလေးထဲမှာပါ လူတစ်ယောက် အိပ်နေချိန်အတွင်းကျောင်းသူ ၊ ကျောင်းသားများရဲ့ နိုင်ငံတော်သီချင်းဆိုပြီး နှိုးနေကြတဲ့ သီချင်းသံ ၊ ယဉ်ကျေးမှုမင်္ဂလာကဗျာများ သီဆိုပြီး မင်္ဂလာယူနေကြသော မင်္ဂလာမောင်မယ် ကျောင်းသူ ၊ကျောင်းသားတို့ရဲ့ မာန်ပါသော တက်ကြွသော တေးဂီတကို နားသောတဆင်ရင်း နိုးထခဲ့ရပါသော ကြိုးစားခဲ့ရပါသော မနက်ခင်းများစီသို့ အခမ်းကျဉ်းလေးထဲမှ အပြေးကလေးရောက်သွားမိတယ်။ဒီမှာတော့ ဆန်းဒေးစကူးဆိုတဲ့ အရေးပါ အရာရောက်တဲ့ ပညာရေးကဏ္ဍမှာ ကျောင်းများစီသို့ရောက်လာကြသော မင်္ဂလာမောင်မယ် ကျောင်းသူ ၊ ကျောင်းသားများ သူတို့လည်း သူတို့ယဉ်ကျေးမှု နိုင်ငံတော်သီချင်းဆိုနေချိန် ကျုပ်လည်း ကျုပ်နိုင်ငံက ဟိုအဝေးကြီးတောင်ပေါ်နယ်စပ်မြို့လေးကို အိပ်မက်ထဲမှာရောက်သွားမိတယ်။ အိပ်မက်ထဲမှာတော့ သူတို့ကခပ်စိမ်းစိမ်းကြီး စိုက်ကြည့်နေကြတယ်။မသိသလိုပုံစံမျိုးနဲ့ပါ။စိတ်ထဲမှာ နဲနဲတော့ နင့်ကနဲဖြစ်သွားတယ်။ဟိုမှာတုန်းစီက အေးချမ်းမှုနံနက်ခင်းများ နွေးထွေးမှု နံနက်ခင်းများ ညင်သာမှုနံနက်ခင်းများ ၊ စိမ်းလန်းမှုနံနက်ခင်းများ ၊ အပြစ်ကင်းမှုနံနက်ခင်းများ ၊ သင်ယူမှုနံနက်ခင်းများ ၊ အော်.......ဘာလိုလိုနဲ့ သူတို့နဲ့ခွဲခဲ့တာ ၂ နှစ်ကြီးများတောင်ရှိသွားပါလား။ရောက်သွားတဲ့ နံနက်ခင်းက သာယာပြီး အေးချမ်းလွန်းတော့ကိုယ့်ကိုကိုယ်အနွေးထည် သုံးထပ်လောက်ဝတ်ထားရတယ်။ခြုံထားတဲ့ စောင်တွေ တစ်လွှာခြင်းစီခွါချ ကိုယ့်နံနက်ကို အသာယာဆုံးကြိုဆိုပစ်လိုက်တယ်။လွမ်းမောဖွယ်ရာ နိုင်ငံတော်သီချင်းကိုမာန်အပြည့်နှင့် သီဆိုပြသွားသောစင်္ကာပူနိုင်ငံမှ ဆရာနေဝင်းမြင့်သီဆိုပြသွားသော နိုင်ငံတော်သီချင်းကိုပြန်လည် ကြားမိပါသည်။ဒီနေ့ကျုပ်ရဲ့နံနက်ခင်းလေးက သိပ်ပြီးလှတယ်ဆိုတာ ညီမလေးကိုပြောပြရအုံးမယ်။ကျုပ်အိပ်မက်တွေ သိပ်ပြီးလှနေတယ်ဆိုရင်ကျုပ်ညီမလေးလည်းပျော်နေမှာပါ။ နေရောင်ခြည်က ပူပေမယ့် ရင်ထဲမှာအေးနေတယ်။စိတ်ဓါတ်တွေ ကျုပ်ရဲ့စိတ်ဓါတ် ကျုပ်တို့စိတ်ဓါတ်တွေ ခင်ဗျားတို့စိတ်ဓါတ်တွေ အများကြီးလိုနေသေးတယ်ဆိုတာ အများကြီးပြောင်းလဲရမယ်ဆိုတာ ဘယ်ဗေဒင်ဆရာကိုမှ မေးစရာမလိုဘူး။သီချင်းလေးတစ်ပုဒ်ပါ အမှန်တရားဘက်သို့ လိုက်ဖို့ မျှတစွာလုပ်ဖို့ ဆိုထားတယ်။ကိုယ့်စိတ်ဓါတ်ကို ပြုပြင်ဖို့သီဆိုထားတာပါ။အကြိုက်ဆုံးစာသားလေးတွေပါတယ်။ ငါ့ရဲ့စိတ်ဓါတ် ညံ့ဖျင်းခဲ့ရင်........တိုင်းလည်းညံ့မယ် ပြည်လည်းညံ့မယ် အမျိုးလည်းညံ့မယ် သွေးလည်းညံ့မယ် အကြောက်တရားတွေကိုပြန်ပြင်ပြောင်းလိုက် ငါ့သမိုင်းမှ ငါ့အမျိုးခိုင်မာမယ်။..........တဲ့။
မနေ့ည က ညီမလေးပြောလို့ အကယ်ဒမီရှိုးပွဲ အင်တာနက်မှာ ရှာဖွေပြီးကြည့်လိုက်မိတယ်။ကော်နရှင်က သိပ်ကောင်းတော့ အဆင်ပြေပါတယ်။သတိရမှ ကြည့်လိုက်တော့ အတော်လေး နောက်ကျနေပြီ။ ပြည်ပရောက် ရွှေမြန်မာအားလုံးနီးပါကြည့်နေကြမှာသေချာပါတယ်။ကြည့်နေတုန်း ဘာတွေ့ရလဲဆိုတော့ C box မှာရေးကြတဲ့ စာတွေပါ။အတော်စိတ်ပျက်စရာကောင်းပါတယ်။ကျုပ်တို့လူမျိုးဒေါသကြီးတာ အငြိုးကြီးတာလဲမပြောနဲ့။လုပ်ပုံတွေကမှ မဟုတ်တာ။ငါ နိုင်ငံခြားရောက်နေပြီ။လုပ်ချင်တာ လုပ်လို့ရတယ် ဆိုပြီး ထင်နေကြရင်တော့လည်း ကျုပ်ဘာမှ မပြောလိုပါဘူး။ဒါပေသိ....ကိုယ့်အခြေအနေကိုသိဖို့လိုပါတယ်၊
ငါဘာလုပ်ရမယ်ဆိုတာ မေ့နေပြီး ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့စိတ်ဓါတ်ရှိရင်တော့သွားပြီ။ခင်ဗျား အခြေအနေ နဲ့ အချိန်အခါအရ ချမ်းသားကောင်းချမ်းသာနိုင်ပါတယ်။စိတ်ဓါတ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာမှာတော့ ခင်ဗျားရဲ့ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ခင်ဗျားပုံတူပန်းချီ ခင်ဗျားကိုယ်တိုင် ဆွဲလို့မရတော့ဘူး။အဲဒီအခါမှ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအတွက် ခင်ဗျုားလိမ်ရတော့မယ်။ငြာရတော့မယ်။ ခင်ဗျားကိုယ်တိုင်လုပ်ခဲ့တဲ့ အရာတွေကို မသိကျေးကျွန်ပြုရတော့မယ်။ကိုယ့်ကိုကိုယ် သိပ်ပြီးလျှော့တွက် ကြပါတယ်။ဒီအချိန်လေးတင် ကိုယ့်စိတ်ကြေနပ်မှုရဖို့လောက် စိတ်ချမ်းသာဖို့လောက် တွေးပြီး သူများစိတ် မချမ်းသာတာ စိတ်ဒုက္ခရောက်တာကိုမေ့ထားတက်ရင်တော့တစ်မျိုးပေါ့။တစ်ချို့ကြပြန်တော့လည်း အလွန်မှပင်လိုက်မမှီနိုင်လောက်အောင်ကိုကိုယ်ချင်းစာတရားရှိကြတယ်။ရှု့ထောင့်မျိုးစုံကမျှဝေခံစားတက်ကြတယ်။တကယ်ကို လေးစားစရာကောင်းတာတွေရှိပါတယ်။ဘယ်အရာကို မဆိုဟာသလုပ်ပစ်တာ မကောင်းဘူးထင်တယ်။
ပေါ့ပေါ့ ပါးပါးလေးတွေးတက်တာနဲ့ ဟာသလုပ်တာနဲ့က ဘာမှမဆိုင်ပါဘူး။ဟုတ်ကဲ့ ကျုပ်ရဲ့ဆန်းဒေစကူး အိပ်မက်လေးအတွက်ပြန်လည်မက်ခွင့်ပြုပါ။အိပ်မက်လေးကလှလွန်းတောတစ်နေရာမှာကျုပ်ရဲ့ကိုယ်ခန္ဓာတစ်ခုလုံးထဲမှာ သိမ်းထားစမ်းပါရစေ။နေ့လည်ခင်းတွေမှာ ပူပြီး ညချမ်းတွေ နံနက်ခင်းတွေမှာ အေးချမ်းမှုပေးတဲ့ ရာသီဥတုကိုပဲ ကျေးဇူးစကားဆိုပါရစေ။ဆန်းဒေးစကူး အိပ်မက်လေးအတွက် ကျေးဇူးတင်ပါတယ်.....လို့။

Friday 5 February 2010

စက္ကန့်သံ ရဲ့ စိန်ခေါ်မှု

(၁)
ဘာအတွက်နဲ့ရောက်လာတာပါလိမ့်
သမရိုးကျ လိမ်ဖို့ ငြာဖို့လား
လူဆိုတဲ့အရေခွံက ထူလွန်းတော့
ပါးလွှာနေတဲ့စိတ်က လုံးပါး ပါးနေပြီ။
နံရံတွေက မလုံတော့ဘူး
လျှာဖျားမှာရှိတဲ့ စိတ်ကူးလေးလား
သနားပါရဲ့......။
အားနာလို့ သိမ်းထားလိုက်တယ်။
(၂)
ဘာမှ ခေါင်းစဉ်တက်စရာမလိုတဲ့ စာပိုဒ်
အကြောင်းအရာတွေက ပြည့်စုံနေပြီပဲ။
အိပ်မရတာနဲ့ မြန်မာဇာတ်ကားတစ်ကားပြီးသည်ထိ
ဘော်ဒါတွေနဲ့ ဘော်ဒါသစ်တွေ နဲ့ ကြည့်ပစ်လိုက်တယ်။
အချစ်က လန်းတယ် .... တဲ့။
ဟာသ သက်သက်ပါ အော်ရယ်ပစ်လိုက်တယ်။
သံသရာစက်ဝန်းထဲမှာ ရောက်သွားတယ်
လက်ရှိ.......ဆိုတဲ့စာတန်းရှည်တစ်ခု
အနားက ပါးပါးလေးဖျက်လျှောက်သွားလိုက်သလိုမျိုး။
(၃)
ဒီည လ ရောင်ပျောက်နေတယ်။
ကြားနေကျ စက္ကန့်သံက ပိုကျယ်သလိုပဲ။
ဟိုဟို ဒီဒီ လျှောက်တွေးမိတယ်
ကောင်းကောင်း အိပ်ပျော်နေလောက်ပြီထင်တယ်။
ဘာကို ရိုးမယ်ဖွဲ့ပြီး ငိုကြမှာလဲကွာ။
ဘယ်သူ့ကိုမှ စိန်ခေါ်စရာမရှိရင်
တအားအော်နေတဲ့ စက္ကန့်သံကို စိန်ခေါ်လိုက်မယ်။
ငါ့ရဲ့ အနီးဆုံး ရန်သူဆိုတာ လက်ရှိ.....သွားနေတဲ့ အချိန်
ငါနဲ့ ပိုပြီးနီးတဲ့ ချစ်သူဆိုတာလည်း လက်ရှိ........လှုပ်ရှားနေတဲ့အချိန်ပဲဟေ့လို့.....။

Monday 1 February 2010

သက်ဆိုင်သူ သိပါစေ

ဘဝက တိုတိုလေးတဲ့။ဟုတ်လား မဟုတ်လား ကျုပ်ဖြင့် မစဉ်းစားဖြစ်သေးဘူး။ပျော်ရွှင်ခြင်း ၊ မပျော်ရွှင်ခြင်း ။ညီမျှခြင်း ၊ မညီမျှခြင်း ။ တူညီခြင်း ၊ မတူညီခြင်း ။ ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ။နောက်ဆုံးတော့ လောကထဲမှာ နေတဲ့ ကျုပ်တို့ဟာ လောကဓံ ရှစ်ပါးထဲမှာ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ စီးမျောကြ ရတာ ပါပဲ။ရှုထောင့်မျိုးစုံက အာရုံဆာလောင်မွက်သိပ်နေတဲ့ စိတ်အလိုကို လိုက်ပြီးလုပ်ချင်တာ လုပ်ကြ။မလုပ်ချင်တာတွေ လုပ်ကြ။လိုချင်တာတွေ လည်း ရတက်သလို ။မလိုချင်တာတွေဆိုလည်း ဒလဟော ဆိုသလိုပါပဲ။လူကြီးတွေက ကောင်းစေချင်လို့ ပြောဆို ဆုံးမကြ။လူငယ်တွေက လုပ်ချင်တာကို လုပ်ကြ။အပေး နဲ့ အယူ က မမျှခဲ့လေတော့ကိုယ့်ကောင်းကျိုး အများကောင်းကျိုးဆိုတာတွေ ထွက်သွားလိုက်ကြတာ။
မမြင်ရက် မရှုရက်စရာပါပဲ။သိခဲ့တဲက အသိတွေလည်း နှစ်များစွာကြာတော့ ဘယ်ကစပြီးဘာလုပ်ရမှန်းမသိ
ဖြစ်ကုန်ကြရ။ကိုယ်ခေတ်နဲ့ကိုယ်တော့ ကိုယ်မှာရှိသလောက်လက်ခံနေကြရတာပါပဲ။ရေသောက်မြစ်တွေက ဆက်စပ်နေကြတော့ ချိုတဲ့ အာရုံတွေလည်း တစ်ခါ တစ်ရံမှာ ခါးသက်။ခါးတဲ့ အရသာတွေဆိုလည်း ရံဖန် ရံခါ ချိုမြိန်ကြနဲ့။လိုက်လေ ဝေးလေဆိုတာ သိလာတော့ ဘယ်ကိုမှ မလိုက်ချင်တော့ဘူး။မြင်ရသမျှ ကြားရသမျှ ဘာမှ ကောင်းတာမရှိဘူး။အခြေအနေကို ရွေးချယ်ရင်းနဲ့ အခြေအနေက ကိုယ့်ကိုပြန်ပြီးရွေးချယ်
ရွေးချယ်သွားတယ်။ဘယ်သူမှားတယ် ၊ ဘယ်သူမှန်တယ်ဆိုတာ ဘယ်အတွက်ကြောင့်မှ ရွေးချယ်စရာမလို အပ်တော့ ဘာမှ မရှိတော့သလိုနေပစ်လိုက်ချင်တယ်။အသိနောက်ကို စိတ်က မလိုက်နိုင်တော့ အာရုံတွေနောက်ကိုပဲ လိုက်နေရတဲ့ ကျုပ်စိတ်လေးသနားဖို့ကောင်းပါရဲ့။နောက်အနှစ် ၅၀ ကျုပ်တို့ဘာဖြစ်နေကြမလဲ သိချင်လိုက်တာ။ဒီလို မဖြစ်နိုင်တာတွေ လျှောက်လျှောက်ပြီး ပြောတက် တွေးတက်လွန်းတဲ့ ကျုပ်စိတ်ကပဲ ပုံမှန်မဟုတ်တာလား။ကျုပ်ကို ကျုပ်လည်းမစဉ်းစားဖြစ်ဘူး။လူတွေတက်
မက်တဲ့ အာရုံတွေမှာ ကျုပ်လဲ သာမန်လူသားတစ်ယောက်ထက်တော့မပိုတာ အမှန်ပါ။ရင်ဘက်ထဲမှာ သူခံစားနေသလို ကျုပ်က ဘာလို့ခံစားနေရတာလဲဗျာ။ဒီထက်ပိုဆိုးမယ့် အခြေအနေကိုမလိုချင်ကြဆုံးပါပဲ။
ထက်တူခံစားချက်တွေ ဘာလို့တူနေရတာလဲ။ဇွတ်အတင်းကြီး ဘာလို့မေ့ဖို့ကြိုးစားတာလဲ။စိတ်ကို စိတ်အတိုင်းထားလိုက်ကြစို့ဗျာ။နယ်ပယ်တွေ မတူညီလို့မချစ်ရဘူးဆိုတဲ့နိယာမရှိတယ်ဆိုရင်လည်း ဖြေးဖြေးလေးပြောကြည့်ပေးပါ။ကျုပ်တို့အကြား ပါးပါးလေးဖြတ်လျှောက်မသွားသေးတဲ့ အဆိုးလောကဓံ မကြုံသေးခင် သူ့ကို အားရပါးရ မြင်ပါရစေ။မနာလိုမှု ဝန်တိုမှုတွေဆိုတာ အပိုအလုပ်တွေဆိုတာ သိပါတယ်။ ချစ်လို့ ဝန်တိုတယ်ဆိုတာ ချစ်လို့မနာလိုတယ်ဆိုရင် အဲဒီ ချစ်ခြင်းတရား မတရားဘူးလို့သက်မှတ်လိုက်ရင်
သိပ်ပြီးတော့ အရုပ်ဆိုးသွားမှာကိုလည်းမလိုလားပြန်ဘူး။ကျုပ်ရဲ့ အိပ်မက်လေး ရင်ဘက်နာသွားတာ နှစ်ခါရှိပြီ။သုံးခါမြောက်ဆိုရင် မကောင်းတော့ဘူး။သူက မုန်းချင်တာ မေ့ချင်တာဆိုရင်တော့လည်း။မသိစိတ်
ရဲ့ လေဟာနယ်မှာ ကျုပ်တို့နှစ်ယောက်ဘယ်လိုပျံသန်းကြမလဲ။ကျုပ်တို့နှစ်ယောက်ကိုမှ ဘာလို့လာပြီး ဒီလိုမျိုးအဖြစ်က ဝင်လာရတာလဲ။ရူးရူးမိုက်မိုက်ချစ်ရမယ့် အချိန်လေးကိုမှ မျှော်လင့်နေတဲ့ ကျုပ်ကို လေးနက်မှုတွေဘာလို့ လက်ဆောင်အဖြစ်ပေးတာလဲ။အိပ်မက်ထဲမှာ လှသလောက် အပြင်မှာဘာလို့ အဖြစ်ဆိုးရတာလဲ။ဘာသာပြန်လို့မရတဲ့ ဝါကျတွေနဲ့ မခြောက်လှန့်ပါနဲ့။ငါလည်းတစ်ယောက်တည်း မနေတက်လို့ပါ။သက်ဆိုင်သူ ပျော်ရွှင်ချမ်းမြေ့ပါစေ။သူ့ရဲ့ပျော်ရွှင်မှုတွေကိုပဲ လက်ခံကြိုဆိုနိုင်သူဖြစ်ချင် တယ်။

Saturday 30 January 2010

ခုတစ်လော ခဏ ခဏ ရောက်လာတဲ့ သီချင်း




ရေတစ်ဗွက်မျှ ဘဝ တဲ့
သီချင်းနာမည်လေးက တော်တော်လေး လှတယ်ဗျာ။ဘာဖြစ်လို့လဲ မသိဘူးမေးထဲကိုမေးလ်ထဲကိုရောက်လာ
တဲ့ စာတမ်းရှည်တစ်ခုကိုဖတ်လိုက်ရတယ်။ခေါင်းစဉ်လေးက သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလား တဲ့။အော် ကျုပ်စဉ်းစားကြည့်မိတယ်။ဟုတ်တာပေါ့ ကျုပ်တို့ ယူနေတဲ့ ဗုဒ္ဓဘာသာမှာ ကိုယ်ချင်းစာတရား ဆိုတာရှိတယ်။ဗြဟ္မစိုရ်တရားရှု့ထောင့်ဆိုတာရှိပါတယ်။စာဖတ်ရင်းနဲ့ စိတ်ထဲမှာအတော်လေး ထိတယ်။ ဒါနဲ့ပဲ အဲဒီမေးလ်ကိုမိတ်ဆွေတွေ တစ်ဆင့်ဖြန့်လိုက်တယ်။နောက်ပြီး ဝက်ဆိုဒ်ပါ ပါလာတယ်။S T A တဲ့။
Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ကူညီရေးအသင်း တဲ့။ning.com ဝက်ဆိုဒ်တစ်ခု
ရယ်ပါ။ဝင်ခဲ့ဖူးသမျှ ဝက်ဆိုဒ်တွေမှာတော့ ဒီဆိုဒ်က အတော်လေးထူးခြားနေပါတယ်။ဘာဖြစ်လို့ လဲ ဆိုတော့ လူတိုင်းမထားနိုင်တဲ့ စိတ်ထားမျိုးပါ။သူများမျက်ရည် ကိုယ့်မျက်ဝန်းမှာ ကျဖူးလားဆိုပဲ။အတိတ် ဘဝသံသရာတွေမှာတော့ ကျဖူးတာသေချာတယ်။ဒါက ကျုပ်ရဲ့ကိုယ်ပိုင်အယူအဆပါ။ဒီအတွက်လည်း ဘာမှငြင်းခုန်နေစရာမလိုအပ်ဘူး။အချိန်လည်း မပေးနိုင်ဘူး။ဒီဘဝက တော့ ကိုယ့်မျက်ဝန်းမှာကျဖူးသူတွေ ရှိသလို မကျဖူးသူတွေလဲ ဒု နဲ့ ဒေး ရှိနေမှာပါ။အရှင်အနုရုဒ္ဓါ မထေရ်တို့လိုမျိုး သူဌေးသားများကျပြန်တော့
မရှိဘူးဆိုတာ မကြားဖူးလို့ မရှိဘူးဆိုတဲ့ စကားကို မုန့်ထင်ပြီး အဲဒီမရှိမုန့် ယူခဲ့ပါဆိုပဲ။ဒါပေသိ ပါရမီရှင်တို့
စိတ်ဆိုတာ အာရုံလှည့်စားမှုများကို ညာဏ်မျက်စိနှင့် ကောင်းကောင်းမြင်ကြတယ်။ကျုပ်တို့နဲ့ ကတော့ မိုး နဲ့ မြေ ဆိုတဲ့ အတိုင်းတာက နီးနေပါလိမ့်မယ်။
ကိုယ့်ရဲ့နေ့စဉ်ဘဝ ဘယ်လို ယှဉ်သန်နေကြတယ်။ဘာတွေ စိတ်ကူးနေကြတယ်။ဘာတွေ လုပ်နေကြတယ် ဆိုတာ မစဉ်းစားဖြစ်တာ ကြာပါပြီ။တွေ့တိုင်းခဏ မြင်တိုင်းခဏ အရာရာ မတည်မြဲဘူးဆိုတာ ကိုယ်တိုင်တွေ့နေပါရက်နဲ့ စိတ်ဆိုတာလဲခက်တော့ ခပ်သားလား။ဆင်းရဲ ရင်လည်း အနှစ်တစ်ရာ မမြဲ ၊
ချမ်းသာရင်လည်း အနှစ်တစ်ရာ မမြဲတဲ့။အဆိုတော် ပိုးအိစံ ကလည်း တကယ်ကို တရားဓမ္မ ရလောက်စေ၏။
ပိုင်နိုင်စွာ ပီပြင်သည်ထက်ပီပြင်အောင်ဆိုသွားနိုင်တယ်။ကိုယ့်မှာ နေခဲ့ရသမျှ တစ်ခါ တစ်ခါတော့ ဒီလိုမျိုး တွေးမိပါရဲ့။လူ့ဘဝရောက်တုန်းအခိုက် တွေ့သမျှ မြင်သမျှ ကြားရသမျှ အားလုံးကိုယ်တိုင်ကြေနပ်အောင် ဘယ်လိုလုပ်မလဲ။ကိုယ့်ဖာသာကို အကြိမ်ကြိမ်မေး။ဒီလိုနဲ့ အသက်တွေ ကြီးလာလိုက်တာ။ကြည့်စမ်း .......
မှန်မကြည့်ဖြစ်တာ ကြာပြီ။အော်သံတွေ ခေါ်သံတွေနဲ့ ဆူညံနေတဲ့ဒီနေ့ တိုးတက်တယ်ဆိုတဲ့ကမ္ဘာ သူများ
ကြည့်မနေနဲ့ ကိုယ့်ကိုကိုယ်ကြည့်ကြစို့။ဟုတ်ရဲ့လား။ငါက အရမ်းနောက်ကျနေတာလား။ဒါမှ မဟုတ် ငါ့လောက် မရောက်သေးတဲ့သူတွေ မရှိတော့ဘူးလား။ကောင်းတဲ့ အလုပ်တွေကြောင့် ဒီလောက်ခံသာနေ
တာ ဒီလိုမှမဟုတ်ရင် ဒီထက်ဆိုးသွားနိုင်တယ်ဆိုပဲ သူငယ်ချင်းက မနက်စောစောပဲပြောသွားတယ်။ကောင်း တဲ့ အလုပ်မှာ ပျော်နေဖို့ ရရာဘဝ ကျရာနေရာမှာ ကြေနပ်နေဖို့ဒီလိုမျိုးမစဉ်းစားဖြစ်တာကြာပြီ။စာတွေ အကြွေးတင်နေတယ်။လုပ်မယ်ဆိုပြီး စိတ်ကူးသမျှအကုန်လွဲချော် လုပ်ချင်ခဲ့သမျှအကုန်မှားယွင်း အနဲဆုံး ကိုယ့်ကိုကိုယ်အားနာတက်ခဲ့တာ သူများကိုအားနာတာထက်ဆိုးတယ်လို့ဆိုလိုက်ချင်ရဲ့။
သူ့အတွက်လား သူပျော်ရွှင်နေပါစေ။သူ အမြဲပဲ ရယ်ရွှင်နိုင်ပါစေ။မနက်ဖန်အတွက်အိပ်မက်တွေ လှပနေစေ။
သူ့ရဲ့အပျော်ရွှင်ဆုံးနေ့ရက်တွေမှာ တစ်စိတ်တစ်ပိုင်းပါဝင်ဆင်နွဲခွင့်ရရင် အဲဒီနေ့က နှစ်ယောက်လုံးရဲ့
စိတ်ကူးတွေ တောင်ပံတက်ပေးစရာမလိုပဲလွင့်နေပါလိမ့်။တိမ်ယံတွေပေါ်မှာသစ်ပင်တွေအထက်မှာ ကောင်း ကင်ပြာပြာရဲ့အောက်မှာ ကြယ်တာရာများငိုကြွေးသည်ထိ လမင်းရဲ့အနားမှာကျုပ်တို့နှစ်ယောက် တမေ့ တမော နာကြင်နေသူတွေကို နှစ်သိမ့်ပေးရင်း ကိုယ့်ရင်ဘက်ကိုအလုံခြုံဆုံးကာကွယ်နေကြလိမ့်မယ်။
ဘယ်နေ့ဆိုတာ ရောက်လာမည့် တစ်နေ့ပေါ့။
အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
နေရု (ရေခါး)

Thursday 28 January 2010

မပြီးနိုင်တဲ့ နေ့တွေ ညတွေ


ဟုတ်ကဲ့။
ဟုတ်ကဲ့ဆိုလို့ ကိုယ့်ကိုကိုယ် သိပ်ပြီး ဟုတ်လှပြီမထင်နဲ့။လူတိုင်းပြောနိုင်တယ်။အသက်ရှင်နေသေးရင် ပြောတာပါ။သေသွားတဲ့ သူက တော့ ဘယ်လိုလုပ်ပြီး ပြောနိုင်မှာတဲ့လဲ။ခုတစ်လော ကျုပ်စိတ်ထဲမှာ မခံချင်စိတ်တွေ များနေတယ်ဗျာ။စိတ်ဆိုးတယ် စိတ်တိုတယ် ဆိုတာ ကျုပ်ကြားဖူးတာပါ။ကိုယ်တိုင်က အဆိပ်ခွပ်ကို သောက်ပြီး သူများကိုသေပါစေလို့ ဆုတောင်းနေသူနဲ့ တူတယ်တဲ့။ကြိုက်တယ်.... အဲဒီဥပမာကို ပြောတာပါ။အင်တာနက်ဆိုတာ ပေါ်လာမှ အဲဒီပြဿနာတွေက ဖြစ်ပေါ်လာရသလားဗျာ။လွန်ခဲ့တဲ့ အနှစ်၆၀ ကျော်လောက်က ဘာလို့ မပေါ်တာလဲ။ကိုယ့်ကို ကိုယ် သူရဲကောင်းလုပ်ချင်တာလား။ဝေးပါသေး။ခင်ဗျား သိပ်ပြီး စိတ်ကူးတွေ မယဉ်ချင်နဲ့။ဘာသာရေးဆိုတာ ဘာလဲ တဲ့။မေးလိုက်ကြတဲ့ မေးခွန်းတွေ။ကိုယ့်ကိုကိုယ်တောင်မှ ဘယ်လို မေးရမှန်းမသိဘူး။ခင်ဗျားအတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာ အရင်စဉ်းစားပါ။ဒါက ကျုပ်လဲ ခုချိန်မှာမို့လို့ ဒီလိုမေးတာပါ။နောက်နှစ်ဆိုရင် ကျုပ်ဒီလိုမေးမှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ဘာမှမဖြစ်သေးလို့ပဲ။
ကိုယ်တိုင်က ဘာမှမဖြစ်သေးသမျှတော့ ဒီလိုပဲ ဖြစ်နေအုံးမယ်။ကိုယ်တိုင်က တစ်ခုခု ဖြစ်ခဲ့ရင်ကော ဘာထူးမှာလဲ ဒီမြေပေါ်မှာကြီး ဒီဆန်ကို စား ဒီရေသောက် ဒီသွေးအသားနဲ့ အသက်ဆက်ရှင်သန် ဟုတ်သလား မဟုတ်သလား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်။အဖြေဆိုတာ မဝေးဘူး။ကိုယ့်ကိုကိုယ်သိပ်ပြီး ငဲ့နေရင်တော့ ဘယ်လိုလုပ်ပြီး အဖြေဆိုတာရှိမှာလဲ။လူတွေပေါ့ဗျာ ကိုယ့်ကိုကိုယ်လျှော့တွက်နေကြတယ်။ကိုယ်က သူများထက်စာရင် အများကြီးသာတယ်ပေါ့။ဒါဟာလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကို ငှါးပြောရရင် တော့ ကျွန်ဖြစ်ခဲ့ရတဲ့အတွက် ဒီလိုမျိုးစိတ်တွေဖြစ်နေတာ။
ဘာလုပ်လုပ် ဘာဖြစ်ဖြစ် ငါ့ကြောင့်မဟုတ်ဘူး သူ့ကြောင့်ဆိုတဲ့ စိတ်တွေ။ဘယ်တော့မှ အသုံးဝင်မှာ မဟုတ်တဲ့စိတ်တွေ။ဘာလို့လဲ ဆိုတော့ ကိုယ်ဟာ သိပ်ပြီးလူရာဝင်ချင်နေတာကိုးဗျ။သူများတွေ နာမည်ကြီး သလို ကိုယ်ကလည်း သိပ်ပြီးကြီးချင်နေတယ် နာမည်။ကိုယ့်ရဲ့ နာမည် ဘယ်ထဲမှာပါပါ ငါ့နာမည်ပါရင် ပြီးရောဆိုတဲ့ မြန်မာတွေ ရှိနေသမျှ ခင်ဗျား ကြီုက်သလောက်ကြိုးစား။ခင်ဗျားကြိုက်သလောက်လုပ်။ခင်ဗျားကို်ယ်တိုင် အဲဒီထဲမှာ ပါနေလိမ့်မယ်။ဒဲ့ကြီး ဘယ်တော့မှ မပြောနဲ့တဲ့။ကျုပ်အမေက ပြောဖူးတယ်။ဘယ်သူက ဘယ်လိုဆိုတာ ကျုပ်ပြောရင် ကျုပ်လဲ အဲဒီတိုင်းဖြစ်နေမယ်။ကျုပ်အဲလို မပြောချင်ဘူး။ဘာပဲဖြစ်ဖြစ်ကိုယ့်ကိုကိုယ် ဗဟိုရ်ပြုပြီး စဉ်းစားတက်လာတယ်။ကိုယ့်ကိုကိုယ်ဗဟိုရ်ပြုပြီးစဉ်းစားတက်လာတယ်။ကိုယ့်ပတ်ဝန်းကျင်က သိပ်ပြီး မဟုတ်လေတော့ ဒီတိုင်းပဲ ဖြစ်မှာပါ။သူရဲကောင်းတွေက များလွန်းနေတော့ ဘယ်သူက သူရဲကောင်းပါဆိုတာ ဘယ်လိုမှ ပြောလို့မထွက်ဘူး။ကိုယ့်ကိုကိုယ်လဲ သူရဲကောင်းလား သူမရဲကောင်းလား ဆိုတာမစဉ်းစားဖြစ်ဘူး။ဟုတ်ကဲ့ မပြီးနိုင်တဲ့ နေ့တွေ ညတွေမှာ ခင်ဗျားလဲ နဲနဲတော့ ဗျာများနေလိမ့်မယ်။ ခင်ဗျားရဲ့ ခင်ဗျားကို ခင်ဗျားကြော်ငြာကိစ္စအတွက်ပါ။မှန်နဲ့ ကြည့်ပြီး ရန်ဖြစ်နေမယ့် အစား ကိုယ့်ကိုကိုယ် မဟုတ်ဘူးထင်ရင် ရေချိုးလိုက်။မျက်နှာသစ်လိုက်ပါ။ဒါမှ မဟုတ် လမ်းလျှောက်ပစ်လိုက်။ငါဘာလဲဆိုတာတော့ စဉ်းစားဖြစ်ပါစေပေါ့ဗျာ။
အားလုံးကိုချစ်တဲ့ နေရု

Monday 25 January 2010

ဘဝဆိုသော အရာ


လူ့ဘဝ အမျိုးမျိုးသောဘဝ။မွေးလာကတည်းက မတူတာ ဘာလို့ ကျုပ်က လိုက်ပြီးတန်းညှိနေတာလဲ။လူချင်း တူတာသော်မှ အသက်ရှူပုံချင်းကွာတယ် တဲ့။အကိုကြီးပြောခဲ့ဘူးတယ်။ဒါပေမယ့် ကျုပ်စိတ်ထဲမှာ ယုံကြည် ထားတဲ့အရာတစ်ခုရှိတယ်။ရေရှည်မှာ ရိုးသားမှုဆိုတာကိုပါ။ကျုပ်မရိုးသားရင် ကျုပ်ခံရမှာပဲ။ခင်ဗျား မရိုးသား ရင်ခင်ဗျားခံ။ခုတစ်လော ကျုပ်စိတ်ထဲမှာ စိတ်ခုနေတာ ရှိတယ်။သူငယ်ချင်းဆိုတာရယ် ချစ်သူဆိုတာရယ် မိတ်ဆွေဆိုတာရယ်အများကြီးပါပဲ။ကျုပ်က ကျုပ်ရဲ့မွေးရပ်မြေကို မချစ်လို့ ဘယ်မြေကို ချစ်ရမှာလဲ။ကိုယ့်ကို ကိုယ်လူစွမ်းကောင်းလုပ်ချင်တဲ့သူတွေနဲ့ပဲ တွေ့နေရတယ်။အတော်စိတ်ပျက်စရာကောင်းတယ်။တကယ်ပါ အဟုတ်ပြောတာ ခင်ဗျားတို့လဲ တစ်နေ့မဟုတ် တစ်နေ့တော့ တွေ့ရအုံးမှာပါ။ဒီလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ တကယ်စိတ်ပျက်စရာကောင်းတယ်။သူငယ်ချင်းကို မေးခဲ့ဖူးတယ်။အားနာတယ် ဆိုတာ နေရာတိုင်းမှာ ကောင်းလာလို့။ဟာ ကိုယ့်လူ တဲ့ နေရာတိုင်းတော့မကောင်းဘူးတဲ့။သူက ဖြေတယ်။ကျုပ်က လွန်ကုန်ပြီ။ ဘာတက်နိုင်မှာလဲ ပြီးပြီးမှတော့ ကိုယ်လဲ ဘာမှ မတက်နိုင်ဘူး။ကျုပ်လဲ တစ်ခြားသူဆိုရင် ဘာရမလဲ။ဟုတ်ကဲ့ ကျုပ်စိတ်ထဲမှာ ရှိတာတွေ ပြောခဲ့တာပါ။ကျုပ်ကို ချစ်တဲ့သူတွေက ပြောတဲ့စကားတွေ နားမထောင်ခဲ့ဘူး။ဘာမှ မဟုတ်တဲ့ စိတ်ခံစားမှုနောက်ကို လိုက်ခဲ့မိတာ။ခုတော့ ဖြစ်နေပုံက ကျုပ်က ခုမှ သင်ခန်းစာ ရသတဲ့လေ။နောက်မျိုးဆက်သစ်တွေ ဘယ်လိုပြောရပါ့။စကားလုံးတောင် ရှာလို့မတွေ့ဘူး။
(၁)
ဘယ်အချိန်မဆို ကိုယ့်ကိုကိုယ်အောက်က နေ နေရတာကောင်းတယ်ဆိုတဲ့ ပုံစံကြီး ဟုတ်တဲ့ အခါ ဟုတ်ပေမယ့် မဟုတ်တဲ့အခါ မဟုတ်ဘူးဆိုတာ သိလာတယ်။ကိုယ်က ငဲ့သလို သူတို့က ငဲ့ချင်မှ ငဲ့ကြတာ။ဒါကို ဟိုအကောင်သိချင်မှ သိမှာ။မြန်မာတွေရဲ့ စိတ်ထဲမှာ မြန်မာ မြန်မာချင်းချမယ် ။မြန်မာကို မြန်မာက အနိုင်ယူမယ် ဒါကိုပဲ အဟုတ်ကြီးထင်နေကြမှာသေချာတယ်။သူရဲကောင်းပေါ့လေး သူတို့စိတ်ထဲမှာတော့ ထင်နေကြမှာအသေချာပဲတစ်ချို့ပါ ။ ကျုပ်ကတော့ မြန်မာချင်းချဖို့ လား ဝေးပါသေး။စိတ်ကူးထဲတောင် မယဉ်ဖူးဘူး။ ကိုယ်က ဘယ်နေရာကနေ ကူညီရမလဲ ဘယ်လိုနေရာမှာ နေရမလဲ။အချိန်မရွေးဘဲ။ဒါက ကျုပ်အတွက် အမှန်တရားပဲ။သေချင်လဲ သေပေါ့။လူမှန်ရင် တစ်နေ့ သေရမှာပဲ။မွေးလာမှတော့ မသေမည့်သူ ဘယ်သူရှိလဲ။လိုချင်တဲ့ လောဘတွေ မလိုချင်တဲ့လောဘတွေ ဘာတွေလဲ။ဟုတ်ကဲ့ ကျုပ်ရဲ့ စာတွေက မပြီးသေးဘူး။ကျုပ်ကို ကျုပ်ကြေနပ်သည်ထိ ဆက်ရေးနေမယ်။ပျံသန်းခြင်းအတက်ပညာ ဘယ်သူမှ သင်ခဲ့သည်မဟုတ်။ဟုတ်တယ် ကျုပ်တို့က ငှတ်တွေ မဟုတ်ဘူး ဒါပေမယ့် ငှတ်တွေလို ဖြစ်နေတယ်။တကယ်တမ်းငှတ်တွေလို မကျင့်နိုင်ဘူး။ငှတ်တွေမှာ သူတို့ရဲ့ တောင်ပံသာလျင် ဝန်ရှိတယ် တဲ့။ကျုပ်တို့ကရော တောင်ပံတွေထက်လေးလံတဲ့ဝန်တွေကို သယ်ဖို့ကြံဆောင်နေကြတယ်။ဒီဘဝထဲမှာရယ်မှာ ပါ။အတိတ်ဆိုတာ သံသရာဆိုတာ ထားပါအုံးဒီဘဝမှာတင်ကိုပဲ ခင်ဗျားတို့ ကျုပ်တို့ ဟုတ်လို့လား သူများကို မကြည့်ပါနဲ့ ကိုယ့်ကိုကိုယ်ပဲ ကြည့်ပြောမယ်။ဒီလိုမျိုး ပြောလိုက်တော့ အချင်းချင်း ထိုးနှပ်ကြရုံက လွဲပြီးဘာဖြစ်လာမှာလဲ။ဒါပဲ ရွှေမြန်မာတွေရဲ့ စိတ်ထဲမယ် ဒီလိုမျိုး ရှိမယ်။ခင်ဗျားတို့ ကျုပ်တို့ ပြောနေတဲ့ နောင်လာ နောက်သား မျိုးဆက်သစ် ဂျနရေးရှင်း ဆိုလား ဘာဆိုလား ကိုယ်တိုင်ကမှ မဟုတ်ရင် သူများကို ဟုတ်လိမ့်မယ်ဆိုတာ မတွေးနဲ့ အဝေးကြီး။ပေးဆပ်တဲ့သူတွေက ပေးဆပ်လို့ ယူတဲ့ သူတွေက ယူလိုက်ကြတာ မြင်မကောင်း ရှုမကောင်း ကြည့်တက်ရင် မြင်ပါလိမ့်မယ်။
(၂)
တစ်ခါ တစ်ရံ စဉ်းစားမိတယ်။ဘုရားလောင်း တေမိမင်းသားကိုအားကျမိတယ်။ဘာမှ မပြောရင် အကောင်းဆုံးဆိုတာ သေချာတယ်။အဲလို မပြောပြန်ရင်လဲ သိပ်ပြီး မဟုတ်ချင်ပြန်ဘူး ပတ်ဝန်းကျင်က ဒီပတ်ဝန်းကျင်ကြောင့်ပဲ အမျိုးမျိုး ဒုက္ခတွေ ကြုံရမယ်။မွေးလာတုန်းကတော့ တစ်ယောက်ထဲပါပဲ။သေရင်လဲ တစ်ယောက်တည်း သေရမှာဆိုတာ သိပါရက်နဲ့ ဘာလို့အဖေါ်ကို တောင့်တ မက်မောနေရတာလဲ။ကိုယ်ဟာ ပါရမှ မပြည့်သေးလို့ ဒါပဲ ရှိတယ်။ညီမလေး က ပြောတယ် လူမှုဒုက္ခတွေ ဘယ်လောက်များတယ် ဘယ်လိုရှုပ်တယ် သိပါတယ်။ကိုယ်တိုင်တောင်ဒုက္ခတွေ ဒါလောက်များနေမှတော့ လူမှုဆင်းရဲ မိသားစုဆင်းရဲ များဘယ်လောက်များမယ်ဆိုတာတွေးမိပါတယ်။
ဘဝဆိုသောအရာမှာ ဘယ်လိုအရာမှ သက်သက်သာသာမရှိဘူးဆိုတာ ကျုပ်ကောင်းကောင်းသိပါတယ်။ ဒီနေ့ရောက်မှ ကျုပ်ညီမ ဘာတွေ ရေးထားတယ်ဆိုတာ ဖတ်ကြည့်မိတယ်။ကိုယ့်ကို ချစ်တဲ့သူက ကိုယ်ဆင်းရဲမှာကို မလိုလားဘူး။မိသားစု ဆွေမျိုး အသိုင်းအဝိုင်း အားလုံးပေါ့။မလိုလားတဲ့သူတွေက ဆန့်ကျင်ဘက်ပေါ့ ဆင်းရဲလေ စိတ်မချမ်းသာလေ သူတို့ပျော်လေ။ဒါက လူ့ရဲ့သဘာဝပါ။တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားတိုင်းတော့ မဟုတ်ဘူး။မခံချင်စိတ်တွေများလွန်းတောက ဘယ်က စပြီး လုပ်ရမှန်းမသိဘူး။
ဒီနေ့ခေတ်မှာ လူဖြစ်တာကိုက ပုံစံမဟုတ်ခဲ့တာ ဒီတော့ အကောင်းဆုံးဖြစ်အောင်နေယုံမှ တစ်ပါး အခြားမရှိ။မနေနိုင်ရင် အပြင်ထွက်နေယုံပဲ ရှိတယ်။ဘယ်သူ့ကိုမှ အနှောက်ယှက်ပေးစရာမလိုဘူး။အရာရာ ငါပါမှ ဆိုတာ မရှိတော့ဘူး။ငါ့ကြောင့် အားလုံးရှုပ်နေတယ်ဆိုတာ ဘယ်သူမှ မတွေးဖြစ်ဘူး။ဘာလို့လဲ ဆိုတော့ သူတို့ ပြောပြောနေတဲ့ မာန အတ္တဆိုတဲ့ စိတ်တွေကြောင့်ပေါ့။ဘာဖြစ်ဖြစ် သူများကိုပဲ အပြစ်ပုံချတက်တဲ့ ကျုပ်တို့ရဲ့စိတ်တွေ လွှင့်ပစ်လိုက်။သိပ်ပြီးတော့ အသုံးမဝင်ဘူး။ဘာမှကို သုံးမရတာ။
ကိုယ်တိုင်အရာရာမှာ ကောင်းမယ်ဆိုတာ မရှိသေးသရွေ့ သူများတွေ စိတ်ကောင်းရှိမယ်ဆိုတာ မမျှော်လင့်နဲ့ ကျုပ်လဲ အဲလို တွေးခဲ့တာ ပဲ ။မဟုတ်ဘူးဗျ ။တကယ်ကို မဟုတ်တာ။ကျေးဇူးတင်ပါတယ်။ဒီထိအောင်ဖတ်ပေးတဲ့အတွက်။ဒါက ကျုပ်ရဲ့ ဒီနေ့အကြောင်းပါ။ နောက်လည်း ဒီနေ့အကြောင်းတွေ ရေးရအုံးမယ်။


Saturday 9 January 2010

မိုးရွာတဲ့ ဆောင်းရာသီ


ဝင်လာတဲ့ဆောင်းလေက နွေးထွေးလွန်းတယ်။အေးစက်စက် အပြုံးနဲ့ ပြုံးပြနေတဲ့သူမက သိမ်မွေ့ငြင်သာမှုတော့ရှိပါရဲ့။ကိုယ်တိုင်က ပူလောင်နေခဲ့လေတော့ ဆောင်းလေရဲ့ အအေးဓါတ်က တိုက်ရိုက်မထိမှန်ဘူး။အခါတိုင်းဆိုရင် နံရံကိုထွင်းဖောက်လာတဲ့ဆောင်းက ကြမ်းလွန်းတော့ နံရံတွေ ပြိုကွဲ ခြုံလွှမ်းထားတဲ့ စောင်တွေက အထပ်လိုက်ကွာကျ။ဆောင်းရဲ့ အရသာကို ဘယ်လိုခံစားရပါ့။ကောင်မလေးရေ မင်းနေကောင်းအောင်နေပါ။ဘာမှမဖြစ်ပေမယ့် ငါစိုးရိမ်တက်နေပြီ။ငါ့ကိုယ်ငါ ဘယ်လိုစိုးရိမ်ရမှန်းမသိဘူး။ ငါ့ရဲ့ တောင်တန်းမြို့လေးလည်း အရမ်းခိုက်ခိုက်တုန်နေမှာ သေချာတယ်။ငါ့ရဲ့ နားခိုရာ အိမ်လေးလည်း တုန်ခါနေမှာ အသေချာပေါ့။သတိရလိုက်တာ အဲဒီမလိုချင်ခဲ့တဲ့ ည တာရှည်ဆောင်းညလေး....။အဲဒီရင်ခွင်လေးမှာ ငါ့အတွက် လိုအပ်နေရင် ခုညမှာပဲ အပြေးသွားလိုက်ချင်တယ်။ငါပိုင်တဲ့ ဆောင်းရသီလေးမှာ မိုးရွာတာ လှလိုက်တာ။ညီမလေးကို ပြောပြရအုံးမယ် ဒီညလည်း ဘယ်လို အိပ်ပျော်ရပါ့။အိပ်တိုင်းမပျော်တဲ့ ည ပျော်တိုင်း မအိပ်တဲ့ ညတွေမှာ ဟောဒီဆောင်းညတွေက ကျုပ်ရဲ့ မဟေသီလေးပေါ့။နာတာရှည် ခံစားနေရတဲ့ ဝေဒနာအပိုင်းအစလေးများနဲ့ ခရီးထွက်ခဲ့မိတာ ကျုပ်ရဲ့ ဆောင်းမင်းသမီးလေးသိမှာပါ။
မိုး......................။မိုး.........ဆိုတဲ့ ကောင်မလေးရယ် ငါရဲ့ဆောင်းညလေးမှာ မင်းအလည်လာတာမဟုတ်ဘူး ငါအသေချာ သိနေတယ်။နှင်းမကျပေမယ့် မင်းက သိပ်လှနေတယ်။ငါတို့ရဲ့ဆောင်းည မှာမင်းလည်း ပျော်နေစေချင်တယ်။ဆောင်းပီသဖို့ထက် ငါရဲ့ဆောင်းညလေးမှာ မင်းရှိနေရင် ကြေနပ်တယ်။အမေရိကား ရောက်နေတဲ့ သူငယ်ချင်းက ပြောတယ်။ဒီမှာ အပူပေးစက်နဲ့ နေရတယ်တဲ့။အင်း.........ငါ့ရဲ့ဆောင်းညလေးအတွက် သူငယ်ချင်းကို ဘယ်လိုပြောရပါ့။ငါတစ်ယောက်တည်း ဘာသာမပြန်တက်တာသေချာတယ်။ဟိုနေ့က ကိုရီးယားက ကောင်မလေးက သူတို့ရဲ့ဆောင်းရာသီကိုပြောပြရင်းဓါတ်ပုံတွေ ပို့ပေးနေတယ်။ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျုပ်ရဲ့ ဆောင်းညလေးက လှလွန်းနေတော့ သူတို့ဆောင်းညတွေကို အရောင်ခြယ်ကြည့်မိတယ်။ဖြူဖြူဖွေးနေတဲ့ အဲဒီကောင်မလေးနဲ့အတူ ကျုပ်ရဲ့ အိပ်မက်ထဲက ဆောင်းရာသီမှာ အပြေးကလေးထွက်ပြေးမိတယ်။ဘယ်သူမှ မပါဘဲ ပြေးနေသလားလို့ လှည့်ကြည့်မိပြန်တော့ ညီမလေးက နောက်က မောလို့တဲ့။ဒီဆောင်းမှာ မှ ရွာရက်လိုက်တာ မိုးရယ်။ မနိုးချင်သေးဘူး။ဒီဆောင်းညလေးကို သာသာလေး ကြည့်နေချင်မိတယ်။ပြီးရင် မိုးရွာတဲ့ ဆောင်းနဲ့ လက်ထက်တော့မယ်။မလင်းလိုက်ပါနဲ့မိုးရယ်။ငါဟာ မနက်မိုးမလင်းသေးပေမယ့် ငါဟာအိပ်မက်က မကြာခင်နိုးထတော့မှာပါ။
အိပ်မက်က ကြာရှည်လွန်းတယ်။ငါ့နံရံတွေ ပြိုကွဲနေပါစေ။ငါ့တံခါးတွေ ပွင့်ထွက်သွားပါစေ။ငါ့ တောင်ပံတွေ ငြောင်းနေပါစေ။ငါ့ရဲ့ မျက်လုံးတွေ နီရဲနေပါစေ။ငါ့ရဲ့ အိပ်ယာလေး တွန့်လိတ်နေပါစေ။အဲဒီကောင်မလေးစီကို အရောက်ပြန်မယ်။မိုးရွာတဲ့ ဆောင်းရာသီမှာ ငါဟာအိပ်မက်က နိုးထတော့မယ်။
ဓါတ်ပုံပို့ပေးတဲ့ ကိုရီးယားက ကောင်မလေး ကျေးဇူးတင်ပါတယ်။
အိပ်မက်ထဲက နေရု

Sunday 3 January 2010

ငှက်ကလေးများအားကယ်တင်သူ

?ui=2&view=att&th=1259c48f088fcbe3&attid=0.1&disp=attd&realattid=ii_1259c48f088fcbe3&zw

ဆောင်းဦးရာသီရဲ့ သာယာလှတဲ့မနက်ခင်းလေးမှာ လူလေးယောက်ဟာ
မြင်းကိုယ်စီနဲ့တောလမ်းလေးတလျှောက်စီးလာခဲ့တယ်။ သူတို့အားလုံးဟာ
ဆောင်းဦးရာသီရဲ့ သာယာလှတဲ့မနက်ခင်းလေးမှာ လူလေးယောက်ဟာ
မြင်းကိုယ်စီနဲ့တောလမ်းလေးတလျှောက်စီးလာခဲ့တယ်။ သူတို့အားလုံးဟာ
ရှေ့နေတွေဖြစ်ကြပြီးတော့ သူတို့ဦးတည်သွားနေတာကတော့ ဒီတောလမ်းလေး
ကျော်ရင်ရောက်တော့မယ့် မြို့ကလေးရဲ့ တရားရုံးတစ်ခုမှာအမှုကြားနာဘို့အတွက်ပေါ့။


မိုးရွာထားလို့ တောလမ်းလေးတလျှောက်မှာ ဗွက်တွေ ရွှံ့တွေနဲ့ စိုစိုစိစိနဲ့ပေါ့။
သစ်ရွက်လေးတွေမှာစီရရီတွဲလွဲခိုနေတဲ့ လက်ကျန်မိုးပေါက်လေးတွေကလည်း
သစ်ပင်ပေါ်ကနေ တစက်စက်နဲ့ကျနေတော့ မြက်ပင်လေးတွေကလည်း စိုစွတ်

နေတော့တာပေါ့။

ရှေ့နေလေးယောက်လုံးဟာ ရွှံ့တွေနဲ့ပေကျံစိုစွတ်နေတဲ့လမ်းကျဉ်းလေးတစ်လျှောက်
ရှေ့ဆင့်နောက်ဆင့်မြင်းကိုယ်စီ
စီးနင်း လို့ပေါ့။ သူတို့အားလုံးဟာရယ်မောစရာတွေ
ရှာကြံပြောရင်း လမ်းတလျှောက်တဖြေးဖြေးစီးနင်းလိုက်ပါလာကြတယ်။


သစ်ပင်လေးတွေအစီအရီပေါက်နေတဲ့တောအုပ်လေးတစ်ခုကိုဖြတ်သန်းလာချိန်မှာတော့
သူတို့ရဲ့ဦးခေါင်းပေါ်က ငှက်တစ်ကောင်ရဲ့တောင်ပံတဖြတ်ဖြတ်ရိုက်ခတ်သံနဲ့အတူ
လမ်းတဖက် မြက်ပင်တွေကြားက တခြားငှက်ငယ်လေးတွေရဲ့ တိုးညှင်းစွာညည်းတွား
နေသံကို ကြားလိုက်ရတယ်။


ကျလိ...ကျလိ...ကျလိ..ဆိုတဲ့ စီစီညံနေတဲ့အသံစူးစူးလေးတစ်သံက သစ်ရွက်တွေ
အုံ့ဆိုင်းနေတဲ့အပင်ပေါ်ကနေပေါ်ထွက်လာတယ်။


တချိန်ထဲမှာပဲ...

ကျလိ...ကျလိ..ကျလိ...ဆိုတဲ့ သနားစဖွယ်အသံတိုးတိုးလေးတွေကလည်း စိုစွတ်နေတဲ့
မြက်ပင်တွေကြားကဟိုတစ်စ ဒီတစ်စ ပေါ်ထွက်လာတယ်။


"ဟေ့..သနားစရာလေးပါလားကွ " ....စပိဒ် လိုအမည်ရတဲ့ ရှေ့ဆုံးကရှေ့နေက
မြင်းပေါ်ကနေလှမ်းပြောလိုက်တယ်။ ဟာဒင်လို့အမည်ရတဲ့ ဒုတိယရှေ့နေက .
." သပိတ်လွယ်ငှက်တွေ နေမှာပေါ့ကွာ ..ကြည့်ရတာ မုန်တိုင်းစာမိပြီး အသိုက်ထဲကနေ
လွှင့်ကြလာပုံရတယ်..မွေးကာစ အတောင်မစုံသေးတဲ့အရွယ်တွေဆိုတော
မပျံနိုင်ဖြစ်နေတော့တာပေါ့..ကြည့်ပါလား အမေငှက်မကြီးက စိတ်ပူပြီးပျာယာခတ်နေတာ.."
လို့ ပြောလိုက်တယ်။


အမည်မဖော်ပြနိုင်တော့တဲ့ တတိယရှေ့နေက..
." သနားစရာကွာ...ဒီအတိုင်းဆို မြက်ခင်းစိုစိုထဲမှာ အားလုံးသေကုန်ကြတော့မှာဘဲ "...လို့ပြောပြန်တယ်။


ဒီအခါ ရှေ့နေဟာဒင်က..
" ထားလိုက်ပါကွာ..ငှက်တွေဘဲဟာ.. အရေးမကြီးလှပါဘူး.. ဒုက္ခရှာမနေပါနဲ့တော့.." ..လို့ ပြောတယ်။

"အေးလေ..ဟုတ်သားဘဲ.."..လို့ ရှေ့နေ စပိဒ်ကလည်းထောက်ခံလိုက်တယ်။

သူတို့ သုံးယောက်သား ငှက်အမေကြီး ပူဆွေးစွာနဲ့ယောက်ယက်ခတ်အော်မြည်နေသံကိုရော
အတောင်တဖျတ်ဖျတ်ရိုက်ပြီး အော်မြည်နေတဲ့ မြက်တောစိုစိုထဲကငှက်ပေါက်စလေးတွေကိုပါ
ကျောခိုင်းပြီးခရီးဆက်လက်ထွက်ခဲ့ကြတယ်.။


သိပ်မကြာခင်မိနစ်ပိုင်းအတွင်းမှာဘဲ သူတို့၃ယောက်သားဟာ ခုနကလိုဘဲ
ရယ်မောပျော်ရွှင်စရာတွေကိုပြောလာကြတယ်။ အချိန်ပိုင်းအတွင်းမှာ
ငှက်ကလေးတွေကိုသူတို့လုံးဝမေ့လျှော့သွားကြပြီပေါ့။


ဒါပေမယ့် စတုထ္ထမြောက် ရှေ့နေ..သူကတော့ မြင်းကိုရုတ်ချည်းတုန့်ကနဲရပ်လိုက်တယ်။
မြင်းပေါ်ကချက်ခြင်းဆိုသလို ဆင်းလာပြီးနောက် သူ့ရဲ့ကြီးမားတဲ့လက်အစုံနဲ့မြက်ခင်းထဲက
ငှက်ငယ်လေးတွေကိုတယုတယယူငင်လိုက်တယ်။


ငှက်ကလေးတွေက ခုနကမြက်ခင်းထဲမှာလိုကြောက်လန့်ပုံမပြတော့ပါဘူး။
သူတို့လုံခြုံမှုရသွားပြီဆိုတာသိတဲ့ပုံနဲ့ ချစ်စဖွယ်ကျလိ..ကျလိနဲ့ တိုးတိုးလေးသာအော်မြည်နေတော့တယ်..။


"ငှက်ကလေးတို့ရေ..စိတ်မပူပါနဲ့တော့...မင်းတို့ရဲ့ အသိုက်လေးထဲကို..ငါအရောက်ပို့ပေးပါ့မယ်.."
..လို့ သူက ပြောလိုက်တယ်။


အဲ့ဒီနောက်..သူက ငှက်ကလေးတွေ..အသိုက်ရဲ့ဘယ်နေရာကများပြုတ်ကျလာနိုင်သလည်း
ဆိုတာရှာဖွေကြည့်မိတယ်။ ငှက်ကလေးတွေရဲ့ အသိုက်က လက်လှမ်းမမှီနိုင်လောက်အောင်
မြင့်လွန်းနေတာမျိုးလည်းဖြစ်နိုင်တယ်လေ။ ဒါပေမယ့် သူက စိတ်မပျက်ပါဘူး.။
သူသစ်ပင်ကောင်းကောင်းတက်တတ်တာပေါ့။ သူကလေးဘ၀တုန်းက သစ်ပင်တော်တော်များများကိုတက်ခဲ့ သူလေ။
သူကငှက်ကလေးတွေတစ်ကောင်စီကိုစိတ်ရှည်လက်ရှည်နဲ့ သူတို့ရဲ့သစ်ပင်ပေါ်က အသိုက်အိမ်လေးထဲကို အသာအယာ
ထည့်ပေးလိုက်တယ်။ တစ်ကြိမ်မှာ အဆော့သန်တဲ့ ငှက်ကလေးနှစ်ကောင်ကြောင့် သူရော ငှက်ကလေးတွေပါ
သစ်ပင်ပေါ်က ထပ်ပြုတ်ကျရသေးတယ်..။ ငှက်ကလေးတွေပျော်နေတယ်လို့ သူထင်နေမိတယ်။
သူလည်း ငှက်ကလေးတွေနဲ့အတူပျော်ရွှင် နေမိတော့တယ်။ သူ ပြန်လူးလဲထပြီး ငှက်ကလေးကို အသိုက်ထဲထည့်ပေးပြန်တယ်။


အရှေ့ကထွက်သွားနှင့်တဲ့ ရှေ့နေ သုံးယောက် တစ်နေရာအရောက်မှာ သူတို့မြင်းတွေကိုအနားပေးရေသောက်စေတယ်။
သူတို့လည်းအနားယူရင်းပေါ့။ ဒီတော့မှ စတုထ္ထရှေ့နေဟာ သူတို့နဲ့အတူပါမလာတာတွေ့ရတယ်။
သူတို့သုံးယောက်လုံး အံ့သြသွားတယ်။ ဒီလူဘယ်မှာကျန်ခဲ့ပါလိမ့်ပေါ့။


အဲ့ဒီမှာ ရှေ့နေ စပိဒ် ကပြောတယ်.." ခင်ဗျားတို့ ငှက်တွေကိုမှတ်မိတယ်မဟုတ်လား ..
.သေခြာတာကတော့ ဒီလူတော့ အဲ့ဒီငှက်တွေကို ကူညီဘို့ကျန်ခဲ့ပုံဘဲ"...


မိနစ်အနည်းငယ်အကြာမှာတော့ စတုထ္ထရှေ့နေဟာသူတို့ဆီကိုမှီလာတယ်။
သူ့ရူးဖိနပ်အစုံမှာလည်းရွှံ့တွေပေလူးလို့ပေါ့။ ဆူးခြုံပင်က ဆူးတွေကလည်း သူ့ ကုတ်အိကျီ င်္မှာညိတွယ်လို့။
"ဟေး..ခင်ဗျားဘယ်မှာကျန်ခဲ့တာလည်း"..လို့ ရှေ့နေဟာဒင်က သူ့ကိုမေးလိုက်တယ်။


" ကျွန်တော်ငှက်ငယ်လေးတွေကိုသူတို့ရဲ့မိခင်စီအရောက်ပို့ပေးနေလို့ပါခင်ဗျာ.." လို့
စတုထ္ထရှေ့နေကပြုံးရွှင်စွာပြောတယ်။


"ကောင်းပါ့ဗျာ..ဒါကြောင့်ကျုပ်တို့အားလုံးအမြဲတွေးနေမိတယ်..ခင်ဗျားဟာ ဘာလို့စံပြပုဂ္ဂိုလ်တစ်ယောက်
ဖြစ်နေသလဲ ဆိုတာကို..ခုတော့သိပါပြီ..."..လို့ ရှေ့နေ စပိဒ်က..ခနဲ့တဲ့တဲ့ပြောတယ်။


အဲ့ဒီနောက် သူတို့ သုံးယောက်သား အူလှိုက်သဲလှိုက်ရယ်မောကြတယ်။ ဒီလူတော်တော်မိုက်မဲတာဘဲ..
ဘာမှမဟုတ်တဲ့ ဒီငှက်ကလေးတွေအတွက် သူလို လူသန်သန်မာမာကြီးက ခုလိုမျိုး ဒုက္ခ္ခခံခဲ့ရတယ်လို့။


အဲ့ဒီအခါမှာ စတုထ္ထရှေ့နေကခုလိုပြောလိုက်တယ်..

"အစ်ကိုတို့ ခင်ဗျား.. ဒီသနားစဖွယ်သပိတ်လွယ်ငှက်ငယ်လေးတွေကိုမကူညီဘဲထားခဲ့ရလို့ .
သူတို့သာဒီမြက်ပင်စိုစို တွေကြား ထဲမှာသေဆုံးသွားခဲ့ကြမယ်ဆိုရင်..
ကျွန်တော်တော့ဘယ်လိုမှအိပ်ပျော်နိုင်တော့မယ် မထင်ပါဘူးခင်ဗျာ"


အဲ့ဒီ သပိတ်လွယ်ငှက်ကလေးတွေကို ကြင်နာစွာနဲ့ကယ်တင်ခဲ့တဲ့ စတုထ္ထမြောက်ရှေ့နေက သိပ်မကြာခင်ကာလမှာဘဲ အမေရိကန်နိုင်ငံရဲ့အလွန်ကြော်ကြားတဲ့ရှေ့နေတစ်ဦးဖြစ်ယုံသာမကဘဲ အောင်မြင်တဲ့အမတ်တစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။
အဲ့ဒီနောက် သူဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ အဖြစ်ရွေးချယ်ခံခဲ့ရတယ်။
အမေရိကန်ရဲ့ သမိုင်းမှာတော့ သူဟာ အောင်မြင်ထင်ရှားတဲ့ သမ္မတတစ်ဦးအဖြစ်ရပ်တည်ခွင့်ရခဲ့ပါတယ်။
သူကတော့ " သမ္မတ အေဗရာဟမ်လင်ကွန်း " ပါဘဲ။

?ui=2&view=att&th=1259c496bbb26371&attid=0.1&disp=attd&realattid=ii_1259c496bbb26371&zw
မေးလ်ထဲမှာ ရောက်လာသော ကော်ပီကို နှစ်သစ်မှာ ဖတ်စေချင်လို့ ကော်ပီကူး တင်လိုက်ပါသည်။

Saturday 2 January 2010

ခင်ဗျားတို့တော့ ဘယ်လိုရယ်မသိ

ဟုတ်ကဲ့။ သိပ်ပြီးမျှော်လင့်နေသူအတွက် နှစ်သုည တစ်သုည ဆိုတဲ့ (၂၀၁၀) ရောက်လာပါပြီ။ကြားဖူးတဲ့ သီချင်းတစ်ပုဒ်ထဲက လို ဘာလုပ်ကြမှာလဲ ............။.......ကဲ ...............ဘာလုပ်ကြမှာလဲ။..........ပြော.......။ ဆိုတော့ ဘယ်သူက ဘာလုပ်မှာတဲ့လဲ။ဝေးပါသေးတယ် ဘာလုပ်မယ်ဆိုတဲ့ အခြေအနေအတွက် ဘယ်လို စဉ်းစားမှာလဲ။ဟုတ်ကဲ့ ကျုပ်ကြားဖူးတဲ့ နောင်တော်ရဲ့ စာအုပ်ထဲက စာတစ်ပိုဒ်ကို သတိရမိတယ်။

ဘာလဲဆိုတော့.......မြေပျော့လျှင် ခြေရာထင်လွယ်၏ ။စိတ်ထားမပြည့်ဝသူသည် အမှတ်သညာ
ကြီးတက်သည်။........တဲ့။ကျုပ်စိတ်ထဲမှာ အမှတ်သညာကြီးခဲ့ရင် ကျုပ်ဟာ စိတ်ထားမပြည့်ဝသူ လို့သာ မှတ်လိုက်တော့။
ဘယ်သူ့ကို ဘယ်လို အပြစ်ဖွဲ့ရမှန်းမသိဘူး။ဘာလို့လဲဆိုတော့ စိတ်ထဲမှာ နာအောင်ဘယ်သူမှ မလုပ်ခဲ့ပါဘူး။ ဘယ်သူမှ မလုပ်ခဲ့ပါဘူး။သာသာလေးပဲ ကျုပ်အနေနဲ့ ရှောင်ထွက်ခဲ့တာပါ။ယှဉ်ပြီးဘယ်တော့မှ မကိုက်ခဲ့ပါဘူး။ဘာလို့လဲ ဆိုတော့ သွားတော့ကျုပ်မှာ ပါတယ်။ ဒါပေမယ့် သွေးထွက်အောင် မကိုက်တက်လို့။ဘယ်သူု့ကိုမှ ဒဏ်ရာရအောင် မလုပ်ခဲ့တော့ ကျုပ်လဲ ဘယ်တော့မှ ဒဏ်ရာဆိုတာ မရခဲ့ဘူး။ဒါတောင်မှ လူတွေက သိပ်ပြီးအနိုင်ယူတက်တဲ့ အကျင့်အရ ငယ်ငယ်က ရှုံးခဲ့လေတော့ အရာရာမှာ နိုင်တယ်ဆိုတဲ့ စဉ်ခြင်နိုင်စွမ်းမရှိခဲ့လေတော့ သူ့တို့ကို သူတို့ နိုင်တယ်ဆိုတဲ့ အမာရွက်သေးသေးလေးရှိခဲ့ကြတော့ အရှုံ သူတို့ဘဝမှာ အမြဲရှုံးခဲ့တဲ့ အရှုံးကို ဒီလို သေးသေးလေး နဲ့ အစားထိုးခဲ့ကြတယ်။
သိပ်ပြီး စကားလုံးကြီးကြီးတွေကို ကျုပ်လည်း ငယ်ငယ်ကတော့ ပြောခဲ့ဘူးတယ်။ကျုပ်ကိုယ်တိုင် ဘာဖြစ်ခဲ့လဲဆိုရင် ခုချိန်ထိ သာမန်လူတစ်ယောက်ထက် မပိုခဲ့ပါဘူး။သူရဲကောင်းလို့ ခေါ်ရလောက်အောင် လည်း ကျုပ်မှာ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့။ကိုယ့်မှာ အားငယ်တက်တဲ့ စိတ်ကမရှိခဲ့လေတော့ ဘယ်လိုပုံစံမျိုးနဲ့ သူများကိုအနိုင်ယူရမှန်းတောင်မသိဘူး။
အမေက ကျုပ်အမေက ခပ် အ အ နေခိုင်းထားခဲ့လို့ နေခဲ့တယ်ဆိုတာ သူတို့မသိကြဘူး။ဘယ်သူတွေ ကိုယ့်အပေါ်မှာ ဘယ်လိုမြင်မြင် ကိုယ်တိုင်စိတ်ရှင်းဖို့လိုတယ်.......တဲ့။ပစ္စုပ္ပန်တိုင်းမှာ စိတ်ကောင်းရှိဖို့လိုတယ် တဲ့။လုပ်မိတဲ့ အရာတစ်ခုဟာ တွေးမိရင် နောင်တရတက်တယ်ဆိုရင် အဲဒီအလုပ်ကို ဘယ်တော့မှ မလုပ်နဲ့တဲ့။ပြီးခဲ့တဲ့အရာတွေအတွက်စဉ်းစားဖို့လိုသေးလား။ခင်ဗျားတို့ ကျုပ်တို့ ဘာလို့ ဆင်းဆင်းရဲရဲ ခုချိန်ထိယှဉ်သန်နေကြတာလဲ။ဒါကို.........ခင်ဗျားစဉ်းစားမိရင် ကိုယ့်ကိုကိုယ်သတ်သေမိမှာသေချာတယ်။ဒါပေမယ့် ကျုပ်တို့မှာ ဆင်ခြင်တုံတရား ထိမ်းချုပ်နိုင်စွမ်းရှိရမယ်လေ။လုပ်ချင်တာတွေ အကုန်လုပ်ကြမယ်ဆိုရင် တိရစ္ဆာန်နဲ့တူကုန်မှာပေါ့။
ကျုပ်ကိုယ်ကျုပ် စဉ်းစားကြည့်တာပါ။ခင်ဗျားတို့ကော ဘယ်လိုရယ်မသိ....................။