မင်္ဂလာပါ......

Friday 18 December 2009

သူလို ကိုယ်လို ဒီဇင်ဘာ


ဟုတ်ကဲ့ ။
သက်ဆိုင်သူတွေရော မသက်ဆိုင်သူတွေ ပါ အားလုံးမင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေ။ခင်ရာ ဆွေမျိုး + မိန်ရာဟင်းကောင်း ဆိုတဲ့အဆိုအရ ဆွေမျိုးများ ၊ ဟင်းကောင်းများနဲ့ ဝေးနေချိန်မှာ ခင်မင်ရာ ခင်မင်ကြောင်း မိန်ရာမိန်ကြောင်းလေးတွေ ရှာဖွေမိတာ ကျုပ်အကျင့်လို ဖြစ်နေပါပြီ။ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခြေအနေ နဲ့ အချိန်အခါ အရ မင်းလက်ခံရမယ် ဆိုတဲ့ တရားသေစွဲကိုင်တက်တဲ့ လက်မဲကြီးတွေကို တစ်ခါ တစ်ရံတော့ လည်း အမှတ်ရမိသား။နေ့စဉ်စီးမျောမှုအတိုင်း ညစဉ်ငေးနေမိမှတော့ ကျုပ်အဖြစ်က ဘာထူးမှာလဲ။ အမြင်မှန် ရဖို့ မျက်လုံးစိမ်းလေးတစ်စုံ တက်ကြည့်မိပါရဲ့။မြင်နေကြ အာရုံတွေက မချိုမြိန်တော့ဘူး ဗျာ။
ကြားနေကျ တေးသွားတို့လည်း အပါးမှာ မှုံဝါးဝါး ရပ်တည်နေကြမှတော့ ဒီနှစ် ဒီဇင်ဘာဆိုတာ လည်း သူလို ကိုယ်လို ပါပဲ။ဒီဇင်ဘာမှာ မွေးတဲ့ ကျုပ်ကို ဒီဇင်ဘာအတွက် အသိအမှတ်ပြုတာ တော့ မဆန်းပါဘူး။ဘာလုပ်ရမှန်း မသိလို့ ထ ထ ပြီးလမ်းလျှောက်ပစ်နေရတယ်။တစ်နေ၀င် တစ်နေထွက် အင်း အသက်တွေ သာ ကြီးလာတယ် အသိတွေက ကြီးမလာဘူး။လူတွေ သာ ပြောင်းသွားတယ် မူတွေက မထူးဘူး။
ကိုယ်မှန်တယ် ထင်လို့ ကူးပြီးပါမှ ကမ်းအရောက် လှည့်မပြန်ချင်တော့ဘူး။အတွေးတွေ လည်း ရပ်မရဘူး။ စိတ်ကူးတွေ လဲ တန့်မရဘူး။ဘာမှ လုပ်လို့မရတဲ့ နေရာမှာ ဘာမှမလုပ်ဘဲ နေမှာလား။အကုန်လုပ်လို့ ရတဲ့ နေရာမှာ ရော အကုန်လုပ်ကြမှာလား ဆိုတာ မသေချာဘူး ဒီဇင်ဘာ ရယ်။
ဘာပဲ ဖြစ်ဖြစ် နှစ်သစ်ဆိုတာ လည်း လာတော့မယ် ။ ကျုပ်တို့ အတွေးတွေ စိတ်ကူးတွေ မသစ်နိုင်သေးသရွေ့ တော့ နှစ်တို့ရယ် သစ်ချင်သလောက်သစ် ကျုပ်ရဲ့ ဒီဇင်ဘာအတွက် အသိမှတ်မပြုနိုင်ဘူး။ကြုံရင် ကြုံသလို ပြုံးပြတက်တဲ့ လမ်းစုံက ကောင်မလေး ခုချိန်ဆိုရင် မင်းလည်း နှင်းတွေ ကြားမှာ မင်းရဲ့ ဖော်ရွေမှုနဲ့ အတူ သူလို ကိုယ်လို ယဉ်ကြေးမှုတွေ တစ်သီကြီး ပိုင်ဆိုင်နေမယ် ဆိုတာ ငါတွေးနေမိတယ်။
ဒီဇင်ဘာ အတွက် ကျုပ်ရဲ့ ဒီဇင်ဘာလေး ပျော်ရွှင်ပါစေ။သာယာသော နေ့ည များ ပိုင်ဆိုင်ပါစေ။

0 comments:

Post a Comment