မင်္ဂလာပါ......

Monday 19 October 2009

လှပခြင်း နှင့် ပညာရေး


အရာရာမှာ ညီတူ ညီမျှဖြစ်ဖို့လိုအပ်ပါတယ်။
တစ်ခု သာလွန်ယုံမျှနှင့်တော့ အရာရာမှာ ပြည့်စုံသူတစ်ယောက်ဟု မဆိုနိုင်ပါ။ဥပမာ - ကျုပ်တို့ကိုးကွယ် အားထားတဲ့ မြတ်စွာဘုရားကိုကြည့်ပါ။သူသည် တစ်ခုတည်းတော်သူ မဟုတ်။ပါရမီပြည့်စုံသည်ထားပါအုံး။
ပတ်ဝန်းကျင် စေ့ဆော်မှုမပါဘဲ ဗုဒ္ဓသည် ဘုရားမဖြစ်နိုင်ပါ။နောက်ပြီး သူသည် အစွမ်းကုန်တော်ပါသည်။ သူ့ထက်တော်သူ မရှိသလောက် ရှားပါး၏။သူ့ခေတ်အခါက သူသည် တကယ့်ကို ဧကရာဇ်ဘုရင် တစ်ဆူပင် ဖြစ်သည်။သို့ပင် ဖြစ်လင့်ကစား သူသည် သူ့ကိုသူ လူတော်တစ်ယောက်ဟု သတ်မှတ်ဟန်မထင်။ အဘယ့်ကြောင့်ဆိုသော သူ့မှာ ပညာ နှင့် ကရုဏာ ညီမျှနေပါ၏။သူတော်သလို သူများကိုယ်လည်း တော်စေချင်သည့်ဆန္ဒသူ့မှာရှိသည်။နောက်ပြီး သူ့မှာ ဆင်းရဲမှုကို တွေးပြီး သူများကိုလည်း ဒုက္ခမှ လွတ်စေချင်သည့် ဆန္ဒ သူ့မှာပြင်းပြစွာ ရှိနေမည်ဆိုတာ ငြင်းလို့မရနိုင်ပါ။အဘယ်ကြောင့်ဆိုသော် နိမိတ်ကြီးလေးပါးကို မြင်သည့်အချိန်မှ စပြီး သူသည် မအို ၊ မနာ ၊ မသေရာကိုရှာဖွေချင်ခဲ့သည်။ ဒါသည်ပင် ဘယ်သူနှင့်မှ မတူညီသည့် သူ၏အရည်အသွေးတစ်ခုပင်ဖြစ်သည်။သူ့သတ်မှတ်ချက်နှင့် သူတော့ ရှိရမည်။ဒီလိုမျိုးဆိုပြန်တော့ ဗုဒ္ဓသည် သီးခြားလူသားတစ်ဦးဆန်သွားပြန်သည်။ဒီလိုလည်း မဟုတ်ပြန်။ သူသည် သာမန်လူသားတစ်ယောက်ထက်ဘာမှ မပိုခဲ့ပါ။သာမန်လူသားများခံစားသည့် နည်းစနစ်
အတိုင်းပင် သူသည် ခံစားခဲ့သည်။သဘာဝ မကျသော ဖြစ်စဉ်သူ့မှာ ဘာမှ မရှိပါ။ဒါသည်ပင် သူ၏ရိုးသားမှုပင် ဖြစ်၏။ဗုဒ္ဓ သည် သူ၏ အယူအဆရေးရာနှင့် ပတ်သက်လာလျှင် အရာရာမှာ ညီတူ မျှတူ ဖြစ်ရေး သမာသမတ်ဖြစ်ရေး တစ်ဖတ်သက်ဆန်လွန်းသော အယူအဆတို့အတွက်အားမပေးပါ။ သူ၏ အယူအဆ ရေးရာနှင့်ပတ်သတ်ပြီး သိပ်ပြီး ကောင်းတာပဲ လာဖြစ်အောင် လာခဲ့ပါ။ဝင်ဖြစ်အောင် ဝင်ခဲ့ပါဟု ဘယ်သောအခါမှာ အောက်ကျ နောက်ကျခံပြီး ခေါ်ရိုးထုံးစံမရှိပါ။ကြိုက်ရင် ယူပါ။မကြိုက်ရင် နေပါ။ဇွတ်အတင်းကြီး အတင်း အကြပ်လုံးဝမလုပ်ပါ။လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ပေးထားပါ၏။
အကျင့်ကို လုံးဝပဓာနထားပါသည်။ကျင့်ပြီးမှ သာလျှင် ယုံကြည်မှုအပြည့်အဝ ရသွားကြသည်သာများ၏။
ဗုဒ္ဓ၏ ကရုဏာ နှင့် ပညာ ညီမျှမှုသည် လောကမှာ စံအဖြစ်ကျန်ခဲ့ပါသည်။အတ္တလောက ယနေ့ အတ္တကမ္ဘာ မှာ သိပ်ပြီး အတုယူဖို့ကောင်းပါသည်။ငါအတွက် ကောင်းစားရေး ငါ့မိသားစုကောင်းစားရေး ငါ့ရွာ ငါ့မြို့ ငါ့တိုင်းပြည် ငါ့လူမျိုး ကောင်းစားရေးဆိုတဲ့ ငါတွေ ရှိနေသမျှ မည်မျှပင်တော်နေပါစေ။လှပလွန်းသော စံပြဖြစ်နိုင်သော လှပသည့် ပညာရေး မဖြစ်နိုင်ပါ။အတ္တဆန်သော အတ္တကြီးမားသော ပညာရေးဖြစ်ပါလိမ့်။
အမှန်တကယ် ကျယ်ပြန့်သော နက်ရှိုင်းသော ပညာရေးသမားတစ်ယောက်သည် ဘယ်သောအခါမှ သူ့ကို ရှေ့တန်းတင်ပြီး စဉ်းစားလေ့မရှိပါ။သူ့မှာရှိသည့်အရာကို သူများအတွက်ဘယ်သို့ပေးရမည်ဆိုတာကိုသာ စဉ်းစားပါသည်။ဒါသည်ပင် အတုယူစရာတစ်ခုဖြစ်ပါသည်။မိမိမနိုင်နင်းသည့်အရာကို ကိုင်မိရင်တော့ဖြင့် မိမိလည်းဒုက္ခရောက်မည်မှာမလွဲပါ။လူအချင်းချင်း ဒုက္ခရောက်စေချင်သည့်ဆန္ဒရှိသည်များ ယနေ့ခေတ်မှာ များပြားစွာတွေ့နိုင်ပါသည်။မိမိကိုယ် မိမိပေါ်လွင်စေချင်သော ဆန္ဒဖြင့် ကြော်ငြာနေသည့် ယနေ့ခေတ်ဝယ် ဘယ်မှာလျှင် စစ်မှန်သည့် အမှန်တရားရှိလိမ့်မည်နည်း။ဘယ်မှာလျှင် စစ်မှန်သော ရိုးသားခြင်းရှိချိန့်မည်နည်း။အရာရာကို စံပြုထိုက်သည့် ပုဂ္ဂိုလ်ကိုပြပါဆိုလျှင် မြတ်စွာဘုရားကိုပြသရပါလိမ့်မည်။အယူအဆပိုင်းဆိုင်ရာမှာ အမြဲတည်မြဲနေသည်ဆိုတာတော့ဖြင့်မရှိနိုင်။ ယနေ့မှန်သော်လည်း နက်ဖန်မှားလျှင်မှားသွားနိုင်သည်။ယနေ့ မှားနေသော်လည်း နက်ဖန်မှန်လျှင်မှန်သွား
နိုင်၏။လူတို့၏ အတ္တပြဌာန်းသော စိတ်သည်လည်း တစ်စထက်တစ်စ ပိုမိုပြီး ကြီးမားလာခဲ့လေသည်။ တန်ဖိုး စံနှုံးတို့သည်လည်း အချိန်နှင့်အမျှပြောင်းလဲနေသည်။ခေတ်နောက်ကို လိုက်လျှင် ရူးသွားနိုင်သည်။
အရာရာမှာ ဆင်ခြင်တုံတရားသည်အရေးကြီးပါသည်။အရာရာမှာ ဘက်မလိုက်ရေး တစ်ဖက်သက်တွေးတော စဉ်းစားခြင်း မပြုခြင်းသည်ဒီနေ့ခေတ်မှာ သိပ်ပြီးအရေးကြီးပါသည်။လှပခြင်း နှင့် ပညာရေးခေတ်ဝယ် လိုက်လျောညီထွေ စဉ်းစားခြင်းသည် အရေးကြီးကြောင်းကျုပ်သဘောပေါက်လာမိပါသည်။

0 comments:

Post a Comment