မင်္ဂလာပါ......

Tuesday 30 June 2009

မိုးရွာတဲ့....တစ်ညမှာ.............


အပြင်လောက ကြီးကမှောင်နေတယ်
အခမ်းထဲမှာလဲ ငါတစ်ယောက်တည်း
တောစဉ်းစား တောင်စဉ်းစားနဲ့
မိုးလင်းခဲ့ရတဲ့ ညတွေ မနဲတော့ပါလား......။
သင်ကောင်းရင် ကျနုပ်မဆိုးပါတဲ့ ဒါဆိုရင်...
သင်ဆိုးရင် ရော လို့ ကိုယ့်ကိုကိုယ် အားမနာတမ်းမေးပစ်တယ်။
သူများနဲ့ ကိုယ့်ကိုကိုယ် ရောသမမွှေကြည့်တယ်
အားကျလို့ပါ။
ဆန်းသစ်မှုတော့ဖြစ်ပါရဲ့ဗျာ။
မျက်စိတ်မြင်ပြီး နားမကြားရသလိုကြီး။
ကိုယ်သာလျှင် ပဓာနပါဆိုပြီး
ကောင်းကင်ကို တက်ပြီး ဒူးနဲ့ တိုက်ရမလား။
နေရာမှားလို့ အစားခံရတာလား...........
အစားခံချင်လို့ နေရာမှားခဲ့တာလား ဆိုတာ
မသေချာသေးတော့
ကြယ်စင်မလေး ရယ် ဒီညတော့ မိုးမလင်းခင်အိပ်တော့မယ်။
နေရု (စစ်ကိုင်း)

Sunday 28 June 2009

တစ်ကြောင်းစာ အလွမ်း.....


+ မှတ်မိလား .....................
ဟိုနေ့ကဆိုလား ရွာမှာမိုးတွေခေါင်တာ။
ကလေးတွေ ကျန်းမာရေးထိခိုက်တယ်။
မျိုးဆက်သစ်လူငယ်တွေ စိတ်ဓာတ်ပျက်ပြားတယ်။
သမိုင်းကြောင်း အကြောင်းမလှဘူး။
ဘယ်တုန်းကမှ မကြားဘူးတဲ့ အရာတွေ ကြားနေရတယ်။
+ ဘာလဲဗျ..............
သူုတို့ပြောပြောနေတဲ့ အတိတ်ကံဆိုတာကို ခင်ဗျားပြောချင်သေးလို့လား။
ကျုပ်ကိုလာပြီးနားမချနဲ့။
ကျုပ်က ခင်ဗျားတို့ ထင်ထားတဲ့ လွယ်လွယ်နဲ့ယုံလွယ်တဲ့လူသားမဟုတ်ဘူး။
+ ပြောပါအုံး......................
အဲဒီဓါတ်ပြားဟောင်းကြီးကို
ထပ်မကြားချင်တော့တာတွေကိုမှ လာလာပြောနေကြတယ်။
အသစ်တွေ ကုန်သွားပြီလား။
အဟောင်တွေ အကြွေစောနေတဲ့ဒီခေတ်မှာ လူဖြစ်ရတာကိုက အရသာ မရှိဘူး။
တော်ပြီ ဗျာ လူဖြစ်ခဲ့ရင် လူဖြစ်ရှုံးသလို
ဘာဖြစ်ဖြစ် အဖြစ်ရှုံးတယ်။
လူကဲခပ်မညံ့ခဲ့တဲ့ ကျုပ် ခုတော့ ကိုယ့်ကိုကိုယ် ဘယ်လို...
စာတစ်ကြောင်းလောက်နဲ့ လွမ်းပြရပါ့။

Wednesday 24 June 2009

ခရီးသယ်


သွားတော့မယ် တဲ့...........
သူမက ပြောတယ်။
နေပါအုံးဆိုပြီ.........
ဘယ်သူမှ မပြောဘူး။
လူတွေက ဗျာ တကယ်ကိုမတရားတာပါ။
ကံဆိုးမိုးမှောင်ပြီ လူ့ဘ၀ ရောက်လာတာလား။
ဒါမှ မဟုတ် လူဘ၀ ကပဲ ကံဆိုးမိုးမှောင် ကျနေတာလား ဆိုတာ...
ကျုပ်လဲ စဉ်းစားရင် ခုဆို အသက် ၃၀ ကျော်လာပြီ။
သူတော်ကောင်းဖြစ်ချင်တာလား.......
သူယုတ်မာဖြစ်ချင်တာလား ဆိုတာ
လုံးဝ ဖြေလို့ မရသေးတဲ့ မေးခွန်းတစ်စုံပဲ။
သံသရာ ဆိုတာကို ကျုပ်တို့ ဘယ်လိုမြင်နေကြတာလဲ...............
ခု တွေ့နေရတဲ့ ဘ၀ဆိုတာကိုရော ကျုပ်တို့ ဘယ်လို ဘယ်ပုံ ဘယ်နည်းနဲ့...
အသုံးချနေကြတာပါလဲ။
တစ်ခုခု မှားနေတာ သေချာရင် ပြင်လိုက်ပေါ့ဗျာ။
အို ဘယ့် ဘယ် အိုဘယ့် ခရီးသယ်..............
အို..................................ခရီးသယ် အားလုံးတို့ ရေ........................။

အခြေအနေ နဲ့ အချိန်အခါအရ လိုအပ်လာရင် အဆင်သင့်..

အကောင်းဆုံးကတော့ ကိုယ့်ကိုကိုယ် ငါဘာလဲဆိုတာ သိဖို့ပါပဲ။ကိုယ့်ကိုကိုယ် ငါဘာလဲဆိုတာမှ မသိခဲ့ရင်
သိပ်ပြီး မဟုတ်သေးဘူး။ကျုပ်တို့တွေ နေရလှ နောင်အနှစ်၄၀ ၅၀ ပေါ့။ဒါကိုယ့်ကိုကိုယ် ရှော့တွက်ထားတာ။
ဒီလောက်တောင် နေချင်မှ နေရမှာပါ။သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားမှ ဗျာများစရာ မလိုပါဘူး။
သိပ်ပြီးလဲ ခံစားစရာ မလိုပါဘူး။အဓိက လိုအပ်တာက ငါမသေခင် ဘာလုပ်သွားမယ်ဆိုတာသာ အရေးကြီးတာပါ။လူဆိုတာတော့ တစ်နေ့ဒီလမ်းက သွားရမှာ သေချာပေါက်ပါ။လူကြီးတွေကို လေ့လာကြည့်တယ်။
ကြီးလာလေ သေရမှာ ကြောက်လေပါပဲ။မတက်နိုင်ဘူး။ကြောက်လေလေ မြန်မြန်လာလေပဲ။
သဘာဝ က ပြောပါတယ်။ဘာကြောက်စရာ ရှိလဲ။သေပေါ့။မသေခင် လုပ်သင့်တာ လုပ်ထားပေါ့။
ဘယ်သားသမီး ဘယ်တပည့်မှ အားကိုးနေစရာ မလိုပါဘူး။အရေးကြီးတာက နေရဲခဲ့ရင် သေရဲရမယ်။
အခြေအနေ နဲ့ အချိန်အခါအရ လိုအပ်လာရင် အဆင်သင့်ရှိနေဖို့ လိုတယ် ဆိုတာလေးပါပဲ။