မင်္ဂလာပါ......

Thursday 29 January 2009

ဖွင့်ဆိုခြင်းနိဒါန်း


ဘလောက်စတင်ဖွင့်သောနေ့သည် မိမိအတွက်ရော တစ်ပါးသူတို့အတွက်ပါ အမှန်တကယ်ကို အဆင်ပြေစေချင်
သော အာသာဖြစ်ခဲ့ပါ၏။အဆင်ပြေခြင်း အဆင်မပြေခြင်းသည် အားလုံးဘ၀ကိုမှာအရေးအပါဆုံးသောအရာဟု ထင်၏။ဘယ်သူကိုမဆိုကား အဆင်ပြေစေချင်တဲ့အတွက် ကိုယ်တိုင်လည်း အဆင်ပြေချင်ပါသည်။အသီးသီးတို့မှာ တော့ အဆင်ပြေခြင်း အဆင်မပြေခြင်းကို ကျုပ်အတိုင်းအတာထိ အသာငန်းငန်း ရှိချင်မှ ရှိကြပါလိမ့်။ဒါပေသည့် အမှန်တကယ်အလုပ်လုပ်သောအခါမှာကား အရေးအပါဆုံး အရာဖြစ်သည်ကိုတော့ သတိရကြပါစေ။

3 comments:

neruyekha.blogspot.com said...

ငါဟာ လူတစ်ယောက်ပါ။အဲဒီထက်မပိုဘူး။
နောက်ပြီး အဲဒီအောက်လည်း မလိုဘူး။
လူမှန်ရင် လူလိုပဲ လေ.................
ငိုချင် ငိုမယ်။ ရီချင် ရီမယ်။
ချစ်မယ်။ မုန်းမယ်။
ပဲဟင်း နဲ့ စားရသလို ၀က်သားဟင်း နဲ့ လဲ စားရမှာပဲ။
ထားပါလေ ဒါတွေက အရေးမပါလှပါဘူး။
ဒီနေ့ သူငယ်ချင်း ကိုနေသစ်မှူး အမေရိကန်သို့ ထွက်သွားတယ်။
ဂျီထောလ် ကနေ ငါ့ကို လှမ်းနှုတ်ဆက်တယ်။
ငါ့စိတ်ထဲမှာ တစ်မျိုးကြီးပဲ။
သူငယ်ချင်းပါ။
သူက ပြောတယ်လေ...............။
တစ်ချို့ ပြောတယ် တဲ့.....................။
အမေရိကန် အလန်တော်ကို ခင်တာလား............။
နေသစ်မှူးကို ခင်တာလား .......................တဲ့။
ငါကတော့ ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ မခင်ဘူး။ငါ့တိုင်းပြည် .....
ငါ့နိုင်ငံ ငါ့လူမျိုး အဲဒီငါတွေကိုပဲ ခင်နေတယ်။
အဲဒါကြောင့် ငါဆိုတဲ့ ကောင် ဒုက္ခ ရောက်နေတာ။
သူငယ်ချင်း မင်း ပျော်ရွှင်ပါစေ။
အောင်မြင်ပါစေ။
မင်းလိုချင်တဲ့ ပန်းတိုင် ရောက်ရှိပါစေ (အဆင်ပြေ ချောမွေ့စွာ)။
နောက်ပြီး................................
ငါတို့မက်ခဲ့တဲ့ အိပ်မက်တွေ ........
ငါတို့ ပြောခဲ့တဲ့ စကားတွေ ..................
ငါတို့ မိုက်ခဲ့တဲ့ အရာတွေ......................
ငါတို့ အပေါ် ကောင်းခဲ့တဲ့ သူငယ်ချင်းတွေ.............
ငါတို့ ရင်ခုန်ခဲ့တဲ့ သူရဲကောင်းတွေ ...............
ဘယ်တော့မှ မမေ့ကြေး နော်။

Anonymous said...

တစ်နေ့ တစ်ချိန်
အချိန်ဆိုတာ ကြိုက်သလိုသတ်မှတ် ရတယ်။
လွမ်းစရာ ဆွေးစရာများ ခဏထား။
သေထိထားလိုက်တော့။
ဘာမှ မဟုတ်ဘူး။ဘာမှကို မဟုတ်ဘူး။
ကိုယ့်လူတို့ .............
ကလေးတွေမဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာသိကြပေါ့။
တရားဟောရမယ်အရွယ်မဟုတ် ။ စာသင်ရမယ့် အရွယ်မဟုတ်။
လူကို လူလိုနားလည်မှုပေးပါ။
တိရစ္ဆာန်ကို လူနဲ့တွဲမကြည့်နဲ့။
အွန်လိုင်းက ကောင်မလေးက တကယ်လား တဲ့....
ဘာရယ်ညာရယ် မသိတဲ့ အဲဒီကောင်မလေး
ကျုပ် စိတ်မ၀င်စားဖြစ်ခဲ့ဘူး။ဒီနေ့ ......
၎ ၊ ၅ ၊ ၂၀၀၉ အဲဒီနေ့ပေါ့.....
ကျုပ်တို့ သူငယ်ချင်းတွေနဲ့ ပင်လယ်ကမ်းခြေ သွားကြတယ်။
သတိမရဘူး။မလွမ်းဘူး။မဆွေဘူး။
သေသွားတဲ့ သူတွေကို နှမျှောတယ်။
သဘာဝတရား တကယ့်အလှတရားပါ။
ပင်လယ်ကြီးနဲ့ နှိုင်းယှဉ်ကြည့်တော့.......
ကျုပ်စိတ်က သေး သေး လေးရယ်။ပင်လယ်ဆိုတာကို
တစ်ခါမှ မခံစားဘူးသေးရင် ခင်ဗျားရဲ့ ရင်ဘက်ကြီး ဘာလုပ်ရမယ်ဆိုတာ သိလိမ့်မယ် ထင်တယ်။
အဲဒီ ပင်လယ်ထဲမှာ အကုန်ရှိတယ်။
နောက်ပြီး အဲဒီပင်လယ်ထဲမှာ အကုန်ရှိတယ်။
လှိုင်းဒဏ် လေဒဏ် တကယ်အများကြီး။
အမှန်တကယ် ငြိမ်းချမ်းမှုဆိုတာ လဲ အဲဒီမှာအကုန်ရှိတယ်။

neruyekha.blogspot.com said...

Yes...
Will we follow to techanology .It may be difficult for them Who does not know very well.
The person who declare to all very it is the rare chance for all.I really wish for it .
Whatever we do it is our shadow follow us for along time.It is quite right.

Post a Comment